၁၄နှစ်သားတုန်းက ငြင်းခဲ့တဲ့ ကစားသမားကို အသက်၂၀ရောက်မှ ပြန်လိုချင်လာခဲ့တဲ့ ချဲလ်ဆီး 

အင်္ဂလန်ကလာတဲ့ သတင်းတွေအရ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကစားသမား မိုက်ကယ်အိုလစ်ကို စိတ်၀င်စားနေတယ်လို့သိရပါတယ်။ မိုက်ကယ်အိုလစ်ကို အာဆင်နယ်၊ အဲဗာတန်၊ ဘိုင်ယန်မြူးနစ်အစရှိတဲ့ အသင်းတွေကလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ နွေရာသီကတည်းက ချဲလ်ဆီးဟာ မိုက်ကယ်အိုလစ်ကို စိတ်၀င်စားနေခဲ့တယ်လို့လည်း ဆိုပါတယ်။ တကယ်ခေါ်ယူခဲ့တာကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းပဲ ဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ရီဒင်းကနေ ခေါ်ယူခဲ့တဖြစ်ပါတယ်။  အသက် ၂၀ရှိပြီဖြစ်တဲ့ မိုက်ကယ်အိုလစ်ကို သူ့အသက်၁၄နှစ်ကတည်းက ချဲလ်ဆီးအနေနဲ့ ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းကသူ့ရဲ့ခြေစွမ်းကို သဘောကျနှစ်သက်ခြင်းမရှိခဲ့တာကြောင့် မခေါ်ယူခဲ့ဟန်တူပါတယ်။ မိုက်ကယ်အိုလစ်ဟာ လက်ရှိမှာတော့ မန်နေဂျာ ပက်ထရစ်ဗီအဲရာရဲ့လက်အောက်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး လက်ရှိရာသီ ပြိုင်ပွဲစုံ ပွဲ၂၀မှာ လေးဂိုးသွင်း၊ခြောက်ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။  Right Winger‌ Position မှာ ကစားတဲ့ သူ့ရဲ့ခြေစွမ်းတွေအပေါ်‌ စောင့်ကြည့်ချီးကျုးနေတဲ့သူတွေအများကြီးရှိပြီး... Continue Reading →

လူကာကူ နဲ့ ဟာဗက်ဇ်ကို တွဲချင်တယ်ဆိုရင် …

သောမတ်စ်တူချယ်ဟာ လူကာကူ ၊ ကိုင်ဟာဗက်ဇ် တို့နှစ်ဦးအတွဲအဖက်နဲ့ အသင်းကို တည်ဆောက်ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဒါပေမယ့် မနေ့က ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲအပြီးမှာတော့ မေးခွန်းပေါင်းများစွာက ထပ်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဟာဗက်ဇ်ရော ၊ လူကာကူပါခြေမပေါ်ခဲ့ကြတဲ့အပြင် လူကာကူဟာ တော်တော်လေးဆိုးရွားတဲ့ပုံစံကိုပြသသွားခဲ့ပါတယ်။ ပွဲမစခင်ကတည်းက အသင်းရဲ့ ပရိသတ်တွေအကြားမှာ ချဲလ်ဆီးရဲ့တိုက်စစ်ကို လူကာကူက ဦးဆောင်သင့်လား၊ ဟာဗက်ဇ်က ဦးဆောင်သင့်လားဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်မှုတွေ ရှိနေခဲ့ပါတယ်။  အသင်းရဲ့စံချိန်ရှင် ကစားသမားနှစ်ဦးလုံးကို တူချယ်ဟာ အပြည့်အ၀သုံးချလာဖို့ ကြံစည်နေတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ လုပ်အားနှုန်းကို  ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့အတွဲအဖက်လုပ်အားကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် တူချယ်ဟာ ဟာဗက်ဇ်နဲ့ လူကာကူတို့ရဲ့ တွဲဖက် လုပ်အားနှုန်းကို အသုံးချနိုင်ဖို့အတွက် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို တိုးတက်လာအောင်ကြိုးစားနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ... Continue Reading →

နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (19Feb)

အသင်းရဲ့လူငယ်လေးနဲ့စာချုပ်သက်တမ်းတိုးလိုက်တဲ့ ချဲလ်ဆီး ချဲလ်ဆီးအသင်းဟာ အသက် ၁၉နှစ်အရွယ် လူငယ်ကစားသမားလေး ဘန်အီးလီးရော့ဒ် ကို ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုက်ကနေ တရားဝင်ကြေငြာသွားခဲ့ပါတယ်။ အသက် ၈ နှစ်ကတဲက ချဲလ်ဆီးကိုရောက်ရှိနေတဲ့ကွင်းလယ်ကစားသမားလေးကို မကြာခင်မှာ အသင်းတစ်သင်းထံအငှားချသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ချူမန်နီကို အနီးကပ်စောင်ကြည့်ဖို့ ကင်းထောက်အဖွဲ့ထွက်ခွာ ချဲလ်ဆီးအသင်းဟာ  ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူချင်နေပေမယ့်  မိုနာကိုကစားသမားချူမန်နီ အပေါ်ကို အနဲငယ် အလေးသာနေတယ်လို့ Evening Standard ကဖော်ပြလာပါတယ်။ ရိုက်စ်ကို ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်သလို နောက်ဆုံးရသတင်းများအရ မန်ချက်စတာယူနိုက်တက်ကလဲ ခေါ်ယူဖို့ကြိုးပမ်းဖွယ်ရှိတယ်လို့သိရပါတယ်။  ဒါပေမယ့် ဝက်စ်ဟမ်းနည်းပြမိုရက်စ်ကလည်း ရိုက်စ်အနေနဲ့အသင်းကိုစွန့်ခွာမှမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ပြင်သစ်သားလေးကိုစောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့ကိုစေလွှတ်ထားတယ်လို့လည်းသိရပါတယ်။ ချဲလ်ဆီးဂိုးပြတ်နိုင်မယ်လို့  လော်ရိုးခန့်မှန်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲအတွက် မာ့လော်ရန်ဆင် (လော်ရိုး) ကအခုလိုပဲသုံးသပ်ပြောကြားသွားခဲ့ပါတယ်။ “ ရလဒ်တွေကိုပဲပြောမယ်ဆိုရင်တော့ ပဲလေ့်စ်အသင်းရဲ့အခြေအနေက... Continue Reading →

အဆိုးအကောင်းတွေ ရောနေတဲ့ တောင်ပံကစားသမားတစ်ယောက်

ဇီယက်ချ်အကြောင်းပြောရင်  အချက်အလက်တွေ ခံစားချက်တွေက အကောင်းဖက်ရော အဆိုးဖက်မှာပါ ရောပြွမ်းနေပါတယ်။  စွမ်းဆောင်ရည်ကောင်း တွေသူ့မှာရှိတယ်။ တချိန်ထဲမှာလည်း  ဒီလောက်ပဲလားကွာဆိုတဲ့ အားမလို အားမရကိစ္စတွေကလဲရှိနေပြန်ပါတယ်။ ပြီးခဲ့ရက်တုန်းက ကန်သွင်းမှုအများဆုံးပြုလုပ်တဲ့ ကစားသမားစာရင်းမှာ သူပါဝင်လာပါတယ်။ ဒါပေမယ့် ဂိုးရရှိမှုကတော့  ကန်သွင်းမှုစာရင်းရဲ့  နံပါတ် ၁၅ ကစားသမားထက်တောင်နဲနေခဲ့တာပါ။  ဒီနေရာမှာ လီဗာပူးလက်ထောက်နည်းပြဖြစ်သူ  လင်ဒါရဲ့ စကားကို ပြန်ကိုးကားချင်ပါတယ် “  ဘောလုံးအားကစားမှာ အမြဲတမ်းပြိုင်ပွဲနှစ်ရပ်ရှိပါတယ်။ ပထမပြိုင်ပွဲကရလဒ် အပေါ်မှာဖြစ်ပြီး ၊ ဒုတိယပြိုင်ပွဲကတော့ အသင်းရဲ့ကစားပုံမှာဖြစ်ပါတယ်။ ဂိုးရလဒ်မှာတော့ ခင်ဗျားဟာ ရှုံးနိုင်တယ် ၊ သရေကျနိုင်တယ်။ ဒါပေမယ့် ကစားပုံမှာတော့ ခင်ဗျားဟာ ကိုယ့်အစွမ်းအစကို ပြသနိုင်ပါတယ် “ ဒီတော့ဇီယက်ချ်ဟာ ချဲလ်ဆီးအတွက် ဘယ်လိုကစားသမားမျိုးဖြစ်ခဲ့ပါသလဲ။ စတမ်းဖို့ဒ်ဘရစ်ချ်ကို လမ်းပတ်လက်ထက်မှာ ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့  မုန်တိုင်းကာလမှာ ပါဝင်အသုံးတော်ခံခဲ့တဲ့သူ့ကို... Continue Reading →

Transfer Round Up – အပြောင်းအရွေ့အနှစ်ချုပ် (28Jan)

ဒီဘားလားကို စိတ်ဝင်စားနေတဲ့ လီဗာပူးလ် ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တော့မယ့်  ဂျူဗီတိုက်စစ်မှုးဒီဘာလားကို   လီဗာပူးလ်အသင်းကလဲ စိတ်ဝင်စားနေတယ်လို့ Tutto Mercato Web ကဖော်ပြလာပါတယ်။  အဆိုပါတိုက်စစ်မှုးကို  မန်စီးတီးအသင်းနဲ့  အင်တာတို့ကလဲ စောင့်ကြည့်နေတယ်လို့ သတင်းများကဆိုပါတယ်။  ဂျူဗီနဲ့  ဒီဘားလားတို့ဟာ စာချုပ်သစ်အတွက်ဆွေးနွေးဆဲဖြစ်ပြီး သဘောတူညီမှုရခဲ့ပြီဆိုတဲ့သတင်းတွေထွက်လာခဲ့ပေမယ့် လက်တွေ့မှာတော့ ညိုနှိုင်းလို့မရသေးတာလဲဖြစ်ပါတယ်။ ကူလူဆက်စကီကို ပြန်ကြိုးစားနေတဲ့ အာဆင်နယ် အာဆင်နယ်အသင်းဟာ  ဂျူဗင်တပ်အသင်းရဲ့တောင်ပံကစားသမား ကူလက်ဆက်စကီး အတွက် အခုရက်ပိုင်းမှာပဲ ဆက်သွယ်မှုတွေထပ်မံပြုလုပ်ထားတယ်လို့ Football Italia က ဖော်ပြလာပါတယ်။ ဒီကစားသမားနဲ့  အာဆင်နယ်အကြားပြီးတဲ့နှစ် အောက်တိုဘာလလောက်တုန်းက သတင်းကြီးခဲ့ပေမယ့်  ပြန်လည်ငြိမ်သက်သွားခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာရော ဂျူဗင်တပ်စ်တို့မျှော်လင့်ထားတဲ့ အနေအထားတွေနဲ့ ချဥ်းကပ်ခဲ့ရဲ့လား ဆိုတာ အတိအကျမသိရကြောင်း အဆိုပါသတင်းများက ဖော်ပြထားပါတယ်။ အပြောင်းအရွေ့မဖြစ်မှာစိုးရိမ်နေတဲ့ လင်ဂတ် နယူးကာဆယ်အသင်းက လင်ဂတ်ကို ရာသီကုန်ထိအငှားကြေး ပေါင်... Continue Reading →

“ကျွန်တော်ကစားချင်တဲ့ နေရာတွေမှာ ကစားခွင့်မရခဲ့ပါဘူး” – ပူလီဆစ်

ခရစ္စတီယန် ပူလီဆစ်ဟာ အသင်းမှာ သူရဲ့ ရုန်းကန်နေရမှုတွေနဲ့ ပတ်သက်ပြီး “ခက်ခဲကြမ်းတမ်းခဲ့ပါတယ်” လို့ ဖွင့်ဟလာခဲ့ပါတယ်။  ၂၀၁၉ နွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပူလီဆစ်ဟာ သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး အမေရိကန် ကစားသမားဖြစ်လာခဲ့ပါတယ်။  ဒေါ့မွန်တောင်ပံကစားသမားဟောင်းဟာ ပထမရာသီမှာ ချဲလ်ဆီးအတွက် ၁၁ဂိုးသွင်း၊၁၀ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးရာသီနှစ်ခုမှာတော့ ပူလီဆစ်ဟာ ဒီကိန်းဂဏန်းတွေကို မှီအောင်မလုပ်ပြနိုင်ခဲ့ပါဘူး။  ဂျာမနီမြေကနေ ပြောင်းရွှေ့လာခဲ့ပြီနောက် ဒဏ်ရာ ပြဿနာ အချို့ကို ရင်ဆိုင်ခဲ့ရတာကြောင့်လည်း ပူလီဆစ်ဟာ ရုန်းကန်ခဲ့ရပါတယ်။ တစ်ချိန်က ကမ္ဘာပေါ်မှာ အမြန်ဆုံး ကစားသမားတွေထဲ တစ်ဦးဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုအပေါ် ရိုက်ခတ်မှုရှိခဲ့တာကြောင့် အရင်လို မြန်နှုန်းမြင့်ကစားသမားတစ်ယောက်အနေနဲ့ ပြန်လည် မတွေ့မြင်ရသေးပါဘူး။ ပူလီဆစ်ကို အဓိက... Continue Reading →

နည်းပြတူချယ်ရဲ့ ချီးကျူးစကားတွေကြောင့် ရုပ်လုံးပေါ်လာတဲ့ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့သတင်း

ဘာစီလိုနာအသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းတော့မယ့် ပြင်သစ်လက်ရွေးစင်ကစားသမား ဒမ်ဘီလီကိုခေါ်ယူဖို့ PSG အသင်းနဲ့ချဲလ်ဆီးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြလျှက်ရှိပါတယ်။ ပထမဆုံးအနေနဲ့ PSG အသင်းနဲ့ အပြောင်းအရွေ့သတင်းထွက်ပေါ်လာပြီးနောက် နည်း​ပြတူချယ်ရဲ့တ ပည့်ဟောင်းအပေါ် ချီးကျူးထောက်ခံမူတွေကြောင့် ချဲလ်ဆီးအသင်းနဲ့အပြောင်းအရွေ့ဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့သုံးသပ်ပြောဆိုလာကြတာဖြစ်ပါတယ်။ ဒေါ့မန်အသင်းမှာတုန်းက နည်းပြတူချယ်အနေနဲ့ ဒမ်ဘီလီရဲ့ တိုးတက်မူအခန်းကဏ္ဍမှာ တစ်တောင့်တစ်နေရာကကူညီပံ့ပိုးနိုင်ခဲ့ပြီး ရင်းနီးတဲ့ဆက်ဆံရေးတွေရှိတယ်လို့လဲ သိရပါတယ်။ ယင်းသတင်းများနှင့်ဆက်စပ်ပြီးမေးမြန်းမူအပေါ် တူချယ်က '' သူကကောင်းမွန်တဲ့ကစားသမားတယောက်ပါ။ သူ့ကိုနည်းပြခွင့်ရခဲ့တဲ့အတွက်လဲ ဝမ်းသာမိပါတယ်။ တကယ်တမ်းက လူငယ်ကစားသမားတယောက် အောင်မြင်မူနဲ့အသားကျဖို့အတွက် သူ့ကိုကျနော် နောက်ထပ်တနှစ်လောက်ဒေါ့မန်မှာဆက်နေဖို့အကြံပေးခဲ့ပါသေးတယ်။ သူ့အနေနဲ့ ထွက်ခွာဖို့လိုတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် အခုလိုမျိုးဖြစ်သွားခဲ့ကြတာပါ။ အခုလောလောဆယ်တော့သူနဲ့ကျနော် ရင်းနီးတဲ့ဆက်ဆံရေးမျိုးတော့မရှိပါဘူး။ ကျနော် ပြင်သစ်မှာတုန်းကတော့ သူနဲ့အမြဲပြောဖြစ်ကြပါတယ်။ သူကနိုင်ငံအသင်းတွက် ပြင်သစ်ကိုရောက်နေတဲ့အခါမျိုးတွေမှာပေါ့။ အခုသူနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ ကျွန်တော့်အနေနဲ့မသင့်တော်ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့သူက တခြားအသင်းကကစားသမားတယောက်ဖြစ်နေတုန်းပါပဲ '' လို့ပြောဆိုထားပါတယ်။ ဒမ်ဘီလီဟာဘာစီလိုနာအသင်းနဲ့ ဒီရာသီမှာစာချုပ် သက်တမ်းကုန်ဆုံးမယ့်ကစားသမား... Continue Reading →

နံနက်ခင်း ချဲလ်ဆီးသတင်းမှတ်စု (26Jan)

ရိုမန်နဲ့တွေ့ရမှာမို့  ပါတီမှာ ထွေနေတဲ့ တူချယ်တစ်ယောက်  ကိုလာပြောင်းသောက်လိုက်ရ အသင်းကိုရောက်ရှိလာတာ တစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်အဖြစ်ပါတီပွဲကျင်းပနေတုန်းမှာ  အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်က  တွေ့ဆုံချင်တယ်လို့ ဆိုလာခဲ့တဲ့အတွက်  တူချယ်အနေနဲ့  ရုတ်တရက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။  တူချယ်ဟာ  ဇန်နဝါရီလ  ၂၆ ရက်နေ့တုန်းက အသင်းကိုရောက်တာ တစ်နှစ်ပြည့်ခဲ့တာဖြစ်ပြီး   ကစားသမားများနဲ့အတူ ပေါ်တိုမြို့မှာ  ပါတီကျင်းပနေစဥ်  မာရီယာကတစ်ဆင့်   အဆိုပါသတင်းကိုရရှိခဲ့ပြီးနောက် ပါတီကို  Gin & Tonic အစား ကိုလာပြောင်းသောက်ခဲ့ရပြီး  သူ့ကိုယ်သူလဲ အနဲငယ် အမူးပြေအောင်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဘရိုဂျာအတွက်ကမ်းလှမ်းမှုများစွာရရှိထား စိန့်အသင်းမှာ အငှားသွားကစားနေတဲ့ ဘရိုဂျာအတွက် ကမ်းလှမ်းမှုတွေအများအပြားရှိနေပြီလို့ Express UK က ဖော်ပြလာပါတယ်။ အဆိုပါ လူငယ်တိုက်စစ်မှုးလေးဟာ အထူးခြေစွမ်းပြနေတာဖြစ်ပြီး  ပရိတ်သတ်တွေကလည်း ရာသီကုန်ရင် ချဲလ်ဆီးကိုပြန်ခေါ်ဖို့သာတိုက်တွန်းနေကြပါတယ်။  ဆောက်သမ်တမ်တို့ကလဲ  ကမ်းလှမ်းသွားဖွယ်ရှိကြောင်းအရိပ်အမြွက်ထုတ်ပြောထားပါတယ်။ ဘာကာနဲ့ချဲလ်ဆီးကြားအပြောင်းအရွေ့အနေအထားကို ရိုမာနိုပြော ဖေဘရီဇီယို... Continue Reading →

ရှီးယားရားရဲ့  အကောင်းဆုံးအသင်းထဲက  ချဲလ်ဆီးကစားသမား ၂ ဦး

အလန်းရှီယားရားက သူ့ရဲ့တစ်ပတ်တာအကောင်းဆုံး ပရီးမီးယားလိဂ်လူစာရင်းထဲမှာ ချဲလ်ဆီး ကစားသမားနှစ်ဦးဖြစ်တဲ့ ဇီယက်ခ်ျနဲ့သီယာဂိုဆေးလ်ဗားတို့ကို ထည့်သွင်းခဲ့ပါတယ်။  စပါးနဲ့ပွဲစဉ်မှာ ဇီယက်ခ်ျဟာ ချဲလ်ဆီးကစားသမားဘ၀ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဇီယက်ချ်ဟာ ပွဲချိန်အတွင်း အခွင့်အရေးနှစ်ကြိမ် ဖန်တီးပေးခဲ့သလို ဂိုးပေါက်တည့်မတ်မှု လေးကြိမ်အထိရှိခဲ့တာ ဖြစ်ပါတယ်။  အလန်ရှီးယားရားက ဇီယက်ခ်ျရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး  “ချဲလ်ဆီးဟာ အရည်အသွေးပြသနိုင်တဲ့ အခိုက်အတန့်တစ်ခုကို လိုအပ်နေခဲ့တာ ဖြစ်ပြီး ဒီအတွက်တော့ ဇီယက်ခ်ျရဲ့ သွင်းဂိုးထက် ကောင်းတာ မရှိတော့ပါဘူး”   လို့ထုတ်ဖော်ချီးကျူးသွားပါတယ်။ ဇီယက်ခ်ျရဲ့ စွမ်းဆောင်ရည်ဟာ တကယ်ကို ချီးကျုးစရာ ကေင်းခဲ့သလို ဝါရင့်နောက်ခံလူကြီး ဆေးလ်ဗားရဲ့ အရေးပါမှုကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ဆေးလ်ဗားဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအတွက် တည်ငြိမ်တဲ့ ခြေစွမ်းတစ်ခုကို ပြသထားနိုင်ပါတယ်။  အသက်၃၇နှစ်ရှိပြီဖြစ်ပေမယ့် ဆေးလ်ဗားဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်ဆိုတာကို မကြာသေးမီက... Continue Reading →

ကိုယ်ဘယ်သူလဲဆိုတာ သက်သေပြ‌ခြင်းဟာ ချဲလ်ဆီးအသင်းရဲ့ တာ၀န်ဖြစ်ပါတယ် – တူချယ်

စပါးကိုနှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးနောက်မှာတော့ တူချယ်ဟာ သူ့ရဲ့ ကစားသမားတွေရဲ့ ‌စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။  ဒီပွဲစဉ်ကို ချဲလ်ဆီးအနေနဲ့ မဖြစ်မနေ အနိုင်ရခဲ့ဖို့ လိုနေတာဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေမတည်မငြိမ်ဖြစ်နေခဲ့တဲ့ ချဲလ်ဆီးဟာ စပါးကို အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံးပရီးမီးယားလိဂ် ၈ပွဲမှာ နှစ်ကြိမ်မြောက်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။  ပွဲအစကတည်းက ချဲလ်ဆီးရဲ့ ခြေစွမ်းဟာ ကောင်းမွန်ခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ ဦးဆောင်ဂိုးကြောင့် ရင်ခုန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် VARနဲ့ ပြန်ကြည့်ခဲ့ရမှာတော့ ဟယ်ရီကိန်းဟာ သီယာဂိုဆေးလ်ဗားကို ပြစ်မှုကျူးလွန်ခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။  ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ဇီယက်ခ်ျရဲ့ လှပတဲ့သွင်းဂိုးနဲ့အတူ ဦးဆောင်ခွင့်ရခဲ့ပြီး မေဆင်မောင့်ရဲ့ ပြစ်ဒဏ်ဘောကနေ ဆေးလ်ဗားရဲ့ ခေါင်းတိုက်သွင်းယူပြီး လန်ဒန်ဒါဘီမှာ ချဲလ်ဆီးအတွက်အနိုင်သုံးမှတ်ကို သေချာစေခဲ့ပါတယ်။ စပါးကတော့ ချဲလ်ဆီးနဲ့တွေ့ဆုံတိုင်း ရလဒ်မကောင်းဖြစ်နေတဲ့ မှတ်တမ်းကို... Continue Reading →

Website Powered by WordPress.com.

Up ↑