Mirror ကဖော်ပြလာတဲ့ အသင်းကြီးတွေ အလွတ်ခေါ်လို့ရမယ့် ကစားသမား ၅ဦး

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ကစားရတော့မှာ ဖြစ်တာကြောင့် လူအင်အားကို အလုံးအရင်းနဲ့ ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘန်ဝိုက်၊ အော်ဒီဂတ်၊ ရမ်စဒေးတို့ကို သန်းတစ်ရာသုံးပြီး ခေါ်ယူခဲ့သလိုမျိုး လာမယ့်အပြောင်းအရွှေ့မှာလည်း လုပ်ပြဖို့လိုနေပါပြီ။ ထို့အတူ မန်ချက်စတာယူနိုက်တက်ကလည်းပဲ ပြန်လည်တည်ဆောက်ရေးကာလအတွက် ကစားသမားတွေကို အများကြီးခေါ်ယူမယ့်ပုံပါပဲ။ ဘာစီလိုနာအသင်းကလည်း  အပြောင်းအရွှေ့စျေးကွက်မှာ  သေချာပေါက်ပွဲကြမ်းဦးမှာပါ။ ဒါ့ကြောင့်လည်း အဆိုပါအသင်းတွေဟာ ခုကတည်းက ကစားသမားအတော်များများနဲ့ ချိတ်ဆက်နေပြီဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေခဲ့ပါတယ်။ Mirror သတင်းဌာနကတော့  အလွတ်ခေါ်ယူလို့ရတဲ့ ကစားသမား ၅ယောက်စာရင်းကို ခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။ ဆမ်ဂျွန်စတုန်း ရမ်းစဒေးကို မခေါ်ခင်ကတည်းက အာဆင်နယ်ဟာ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့ စဥ်းစားခဲ့ဖူးပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာတော့ အဆိုပါ အင်္ဂလန်လက်ရွေးစင်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို အာဆင်နယ်အသင်းကလည်း... Continue Reading →

“တစ်စိတ်တစ်၀မ်းတည်းရှိခြင်းဆိုတာ ကျွန်တော်တို့ အသင်းကို အခြေခံတည်ဆောက်ထားတဲ့ ဘိလပ်မြေပါပဲ” – အာတီတာ

ခရစ္စတယ်ပဲ့လေ့စ်နဲ့ ပွဲစဉ်မတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာတော့ အာတီတာက ကစားသမားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ တစ်စိတ်တစ်၀မ်းတည်းရှိခြင်းကဘယ်လောက်အရေးကြီးလဲဆိုတာ ပြောပြလာခဲ့ပါတယ်။  “ဒါဟာ ကျွန်တော့်အတွက် အရမ်းကို အရေးကြီးပါတယ် ဘာလို့လဲဆိုတော့ ဒါဟာ အသင်းကို တည်ဆောက်ဖို့ ပလက်ဖောင်းတစ်ခုဖြစ်သလို ဘိလပ်မြေဆိုလည်း မှန်ပါတယ်”  “နောက်ထပ်လိုအပ်တာကတော့ အသိသာဆုံးက ကစားသမားတွေပေါ့။ အရည်အသွေးတွေ၊ နားလည်မှုတွေလည်း လိုအပ်တယ်။ အသင်းနဲ့ ပရိသတ်တွေက ကျွန်တော်တို့ လုပ်နေတဲ့ အရာတွေအပေါ် ရပ်တည်ဖို့၊‌ထောက်ခံဖို့၊ အားပေးဖို့တွေ လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ကြိုးစားနေတဲ့ အရာတွေပါ”  လက်ရှိလက်ရှိမှာ ပြိုင်ပွဲဟာ အရှိန်အမြင့်ဆုံး အချိန်ကို ရောက်နေတာ ဖြစ်တာကြောင့် အာတီတာက နိုင်ငံတကာပွဲစဉ်တွေကနေ ပြန်လာခဲ့တဲ့ ကစားသမားတွေကို ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ် ပြန်ပြီး အာရုံစိုက်ထားဖို့ စိန်ခေါ်ခဲ့ပါတယ်။  “ဒီနေ့မှာ သူတို့အားလုံးကို ကျွန်တော်ပြောခဲ့ပါတယ်... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ(4Apr)

အာဆင်နယ်နဲ့ အတိတ်ကိုပြန်ပြောပြလာတဲ့ တချိန်က ထွန်းတောက်လူငယ် လက်ရှိ ဘယ်လက်ဆာဖီးအသင်းမှာကစားနေတဲ့  တချိန်ကအတောက်ပဆုံးလူငယ်တွေထဲကတစ်ဦးဖြစ်တဲ့  ရစ်ကီအယ်ဗာရက်စ်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတုန်းက အာဆင်နယ်နဲ့ နီးစပ်ခဲ့ကြောင်း  FC Inter News သတင်းဌာနသို့ ပြန်ပြောင်းပြောပြလာပါတယ်။ အခုအချိန်မှာ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှုးဟာ  ၂၀၁၁ ခုနှစ်တုန်းကအခြေအနေကို အခုလိုပြန်ပြောပြပါတယ်။ “  ကျွန်တော်ဥရောပကိုပြောင်းကစားတော့မယ့်အချိန်မှာ  အသင်းတော်တော်များများကလည်း လိုချင်ခဲ့ကြပါတယ်။ အာဆင်နယ်နဲ့ကတော့ တကယ်ပြောင်းဖြစ်လုလုပါပဲ။ ဒါပေမယ့် အင်တာမီလန်က လိုချင်တယ်ဆိုတဲ့အချိန်မှာ ကျွန်တော်အီတလီကိုရွေးချယ်ဖြစ်ခဲ့ပါတယ် “  လို့ ပြန်ပြောပြခဲ့တာပါ။ အဆိုပါကွင်းလယ်တိုက်စစ်ကစားသမားဟာ နောက်ပိုင်းမှာထင်သလောက်ဖြစ်မလာခဲ့ပဲ အလယ်အလတ်အသင်းတွေမှာသာ အချိန်ကုန်ခဲ့ရသူဖြစ်ပါတယ်။ လာကာဇက်ကို စိတ်မလျှော့သေးတဲ့ ဘာကာ Fichajes သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှုးလာကာဇက်ကို ခေါ်ယူဖို့စိတ်ဝင်စားနေဆဲဖြစ်ကြောင်းသိရပါတယ်။  ဘာကာတို့အနေနဲ့ အူဘာမီယန်နဲ့ လာကာဇက်အတွဲကို ပြန်လည်အသက်သွင်းချင်နေတယ်လို့ လည်း အဆိုပါစပိန်သတင်းစာက... Continue Reading →

ယာအိုဖီးလစ်ကို ခေါ်ယူဖို့ ခြေတစ်လှမ်းထပ်တိုးလာပြီဖြစ်တဲ့ လီဗာပူးလ်

အက်သလက်တီကို မက်ဒရစ်ရဲ့ လူ တိုက်စစ်ကစားသမား  ဖီးလစ်ကို သူရဲ့လူငယ်ကစားသမားဘ၀မကုန်ဆုံးခင်မှာ လီဗာပူးလ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ အသက်၂၂နှစ်အရွယ်ကစားသမားကို အက်သလက်တီကို မက်ဒရစ်က ၂၀၁၉ခုနစ်မှာ ဘင်ဖီကာကနေ ပေါင် ၁၁၃သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့စတုတ္ထမြောက် ဈေးအကြီးဆုံးကစားသမား မှတ်တမ်းတင်ထားတဲ့ ယာအို ဖီးလစ်ဟာ အက်တလက်တီကို မက်ဒရစ်နဲ့ ခုနစ်နှစ် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး လက်ရှိမှာ စာချုပ်သက်တမ်းလေးနှစ် ကျန်ရှိနေသေးပါတယ်။  အက်သလက်တီကိုကနေ ဂရစ်ဇ်မန်းထွက်ခွာသွားပြီးတဲ့နောက်မှာ ဆင်မြူနီဟာ အသင်းအတွက် အားကိုးရာအဖြစ် ယာအိုဖီးလစ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိအချိန်အထိတော့ ကစားသမားဟာ သူ့ရဲ့မန်နေဂျာနဲ့ ပရိသတ်တွေ မျှော်လင့်ထားသလောက် မလုပ်ပြနိုင်သေးပဲ စပိန်မြေမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။  လက်ရှိရာသီမှာ ဖီးလစ်ဟာ သူပွဲထွက်ခွင့်ရထားခဲ့တဲ့ ၂၁ပွဲမှာ လူစား၀င်ကစားသမားအဖြစ် ၁၀ပွဲ ပါ၀င်ကစားခဲ့ရတာ ဖြစ်ပါတယ်။ကစားခွင့်ရထားတဲ့ပွဲစဉ်အများစုက... Continue Reading →

သတင်းမှားတွေအပေါ် အလွန်၀မ်းနည်းရတယ်လို့ ဆိုလာတဲ့ ဘရာဇီးလ်နည်းပြ 

ပြီးခဲ့တဲ့ ရက်တွေက သတင်းအချို့မှာ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးက အာတီတာအသင်းကနေထွက်ခွာသွားရင် အစားထိုးဖို့ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်တီနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းတွေကို သိပ်အယုံအကြည်မရှိခဲ့တာကြောင့် ‌စာရေးသူကတော့ ရေးဖို့ လက်ရှောင်ခဲ့ပါတယ်။  ပရိသတ်အချို့အတွက်တော့ ဒီသတင်းဟာ ဟုတ်နိုးနိုး၊ မှန်နိုးနိုးလားဆိုပြီး ဇဝေဇရာ ဖြစ်စရာပါ။ အီဒူးနဲ့ ဘရာဇီးလ်ဘောလုံးလောကရဲ့ ဆက်နွယ်မှုကလည်း ကြီးမားတာကြောင့် ဒီသတင်းဟာ လုံး၀မဖြစ်နိုင်ဘူးလို့လည်း ငြင်းရခက်နေပြန်ပါတယ်။  တစ်တီဟာ တောင်အမေရိကရဲ့ အကောင်းဆုံးမန်နေဂျာတွေထဲက တစ်ယောက်ဆို မမှားပါဘူး။ အရည်အချင်းပြည့်၀တဲ့ နည်းပြတစ်ယောက်ဆိုတာ ငြင်းစရာမရှိသလို လက်ရှိ သူကိုင်တွယ်နေတဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ တောင်အမေရိကဇုန်ရဲ့ အုပ်စုနံပါတ်တစ်နေရာက ဦးဆောင်နေသလို ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းဆိုလည်း မမှားပါဘူး။  တစ်တီဟာ မန်နေဂျာကောင်း တစ်ယောက်ဖြစ်ပေမယ့် အာတီတာကို အပြည့်အ၀ယုံကြည်ပြီး ထောက်ခံအားပေးနေတဲ့... Continue Reading →

ပရီးမီးယားလိဂ်အသင်းတစ်သင်းနဲ့ သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းကို ကဲဗက်လီဝင်ရဲ့ အေးဂျင့်ငြင်းဆို

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်လီ၀င်ဟာ အမည်မသိရတဲ့ ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုတွေရသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  အာဆင်နယ်ဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်၊ အန်ကက်တီးယားတို့ကို လာမယ့် နွေရာသီမှာ ဆုံးရှုံးရဖို့ ရှိနေပြီး တိုက်စစ်မှူးသစ်အဖြစ် ကဲလ်ဘတ်လီ၀င်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။  ဒီသီတင်းပတ် အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အဲဗာတန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး အဲ့ဒီအသင်းကလည်း အာဆင်နယ်ဖြစ်မယ်လို့ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။  ဒီသတင်းတွေကို ငြင်းဆန်ခဲ့သူကတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူပဲ ဖြစ်ပါတယ်။ လီ၀င်ဟာ အဲဗာတန်ကို ပရီးမီးယားလိဂ်မှာ ဆက်ထိန်းသိမ်းထားနိုင်ဖို့ပဲ အခုချိန်မှာ အာရုံစိုက်နေတယ်လို့ အေးဂျင့်က ဆိုပါတယ်။  “ဒွန်မနစ်(ကဲဘတ်လီ၀င်း)ဟာ ခုချိန်ထိ ဘယ်အသင်းနဲ့မှ သဘောတူညီမှု... Continue Reading →

အာဆင်နယ်စောင့်ကြည့်နေတဲ့ ကျောနံပါတ် ၇

အာဆင်နယ်အသင်းနဲ့စပါးအသင်းတို့ဟာ   ဂါလာတာစာရေးအသင်းရဲ့ တောင်ပံကစားသမား ကာရင်းအက်တာကိုဂလူကို အပြိုင်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။  အဆိုပါတိုက်စစ်ကစားသမားဟာ  စီနီယာအဆင့်ကိုမရောက်ခင်  သက်တမ်းအလိုက်ဂျာစီအစုံနဲ့ တဆင့်ပြီးတဆင့်ပွဲထွက်ခဲ့ဖူးပါတယ်။ ကစားသမားဟာ  ဂါလာတာစာရေးအသင်းအတွက် စီနီယာအဆင့်မှာ ၇၃ ပွဲကစားပြီးချိန်မှာ  ၁၇ ဂိုးသွင်းပြီး ၁၂ ကြိမ်ဖန်တီးထားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။  ယခုရာသီအတွက်တော့  ၄၄ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ၉ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။  အာဆင်နယ်နဲ့စပါးတို့ဟာ ထိပ်ဆုံးလေးသင်းအတွက်အပြိုင်ကျဲနေရင်း  အသင်းကိုပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဥ်တွေကိုလဲ တပြိုင်ထဲလုပ်ဆောင်နေကြပါတယ်။  လန်ဒန်ပြိုင်ဖက်တွေဟာ  တူရကီသားလေးရဲ့  အရည်အသွေးကိုတော့ သတိပြုမိကြပြီး နွေရာသီမှာ ခေါ်ယူဖို့လဲ အပြိုင်ကြိုးစားမယ့်ပုံရှိပါတယ်။ အာတီတာတို့အဖွဲ့အနေနဲ့  ကတော့ ကစားသမားအရေအတွက်အရပါနဲပါးနေစဥ်မှာ အိုင်ဗရိကို့စ်သားပေပေရဲ့ စွမ်းဆောင်ရည်အားနဲမှုကြောင့် လူငယ် ၃ ဦးဖြစ်တဲ့  မာတင်နယ်လီ ၊ စမစ်ရိုးနဲ့  ဆာကာတို့အပေါ်မှာ အလုံးစုံမှီခိုနေရဖို့ဖြစ်လာပါတယ်။ ဒီတော့ တိုက်စစ်မှာအပြောင်းအလဲတစ်ရပ်ရှိဖို့ဆိုရင်တော့ ကစားသမားသစ်တွေလိုအပ်နေပါပြီ။ Aksam  သတင်းဌာနရဲ့အဆိုအရတော့ ... Continue Reading →

Gunners’ Side – နောက်ဆုံးရအာဆင်နယ် သတင်းများ (25Mar)

ရှာခါအကြောင်းကို ပြောပြလာတဲ့ လီနို ဟားစီးတီးဖက်ကိုသွင်းယူခဲ့တဲ့ ရှာခါ်ရဲ့ အာဆင်နယ်အတွက်ပထမဆုံးသွင်းဂိုးကို  သူသာဆိုရင် ကာကွယ်နိုင်မလားဆိုတဲ့မေးခွန်းကို လီနိုက အခုလိုဖြေသွားခဲ့ပါတယ်။ “  ဟားဟား ရတာပေါ့ဗျာ  “ လို့ရီရီမောမောနဲ့ဖြေခဲ့ပါတယ်။ ဆက်လက်ပြီးလီနိုက အသေးစိတ်ရှင်းပြပါတယ်။  “  ကျွန်တော်ကတော့ မထင်ဘူးဗျ .. သူကန်တာသိပ်ကောင်းတယ်။ ဂိုးသမားတစ်ယောက်အတွက်ကာကွယ်နိုင်ဖို့ သိပ်ကိုခက်ခဲပါတယ်။  ဘောလုံးကရွေ့လာနေတယ် .. ဂိုးသမားဆီတည့်တည့်ကနေ မထင်မှတ်ပဲ ညာဖက်ကိုရွေ့သွားတယ်။  ဂရန်းနစ်ရဲ့ ကန်ချက်တွေက ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်  “  ဆိုပြီးကစားဖော်ကို ချီးကျူးပြောကြားသွားခဲ့ပါတယ်။ နူးနက်စ်ကိုခေါယူရေးမှာ  အာဆင်နယ်အသာရနေ အာဆင်နယ်အသင်းဟာ ဒါဝင်နူးနက်စ်ကိုခေါ်ယူရေးအတွက် ပြိုင်ဖက်များထက် ခြေလှမ်းအနဲငယ်သာနေကြောင်း ပေါ်တူဂီသတင်းရင်းမြစ်များက ဖော်ပြလာကြပါတယ်။  ဆက်တိုက်ခြေစွမ်းပြနေတဲ့ပေါ်တူဂီတိုက်စစ်မှုးကို ဝက်စ်ဟမ်းနဲ့  နယူးကာဆယ်တို့ကလဲ ခေါ်ယူချင်နေတာဖြစ်တယ်လို့သိရပြီး  တန်ကြေးကတော့ ပေါင် ၆၇ သန်းခန့်ရှိတယ်လို့ဖော်ပြနေကြပါတယ်။ နော်တွန်ကတ်ဖီဟာ သေချာပေါက် အသင်းကြီးကစားသမားဖြစ်လာမယ်လို့ ... Continue Reading →

ဆီးမန်းသဘောကျနေတဲ့ တိုင်လီမန်းစ်

လက်စတာအသင်းကနေထွက်ခွာတော့မယ်ဆိုပြီးသတင်းတွေထွက်နေတဲ့တိုင်လိမန်းစ်နဲ့ပတ်သတ်ပြီး  အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဆီးမန်းက Sky Sports ရဲ့အစီအစဥ်ကနေတဆင့် အခုလိုပဲ မှတ်ချက်ပေးလားခဲ့ပါတယ်။ “ သူကဘယ်အသင်းကိုပြောင်းချင်တာလဲ .. ပိုကြီးတဲ့အသင်းကိုပြောင်းချင်တာလဲ .. ဒါမှမဟုတ် လက်စတာအသင်းမှာပဲပျော်နေလားဆိုတာကတော့ သူပဲသိမယ့် ကိစ္စပါ။  မြင်နေရသလောက်တော့ ရော်ဂျာနဲ့သူက အဆင်ပြေကြပါတယ်။  သူ့ရဲ့စာချုပ်ကတော့ ၂၀၂၃ မှာကုန်မှာထင်တယ်။ ကျွန်တော်ကတော့ သူ့ကို အာဆင်နယ်ခေါ်ချင်တယ်ဗျာ  “  လို့ပြောခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက မိုနာကိုကနေ သန်း ၄၀ နဲ့ခေါ်ယူခဲ့တဲ့  ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ လက်စတာအသင်းအတွက် အမှတ်တံဆိပ်တစ်ခုဖြစ်လာတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဒါပေမယ့်  အာတီတာရဲ့ကစားပုံမှာတော့ တိုင်လီမန်းစ်က ကွက်တိအံဝင်ဖို့ခက်ပါတယ်။ အထူးသဖြင့် Off the ball Movement တွေမှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်ဆင်နေချိန်တွေမှာတော့  တိုင်လီမန်းစ်က ကွက်တိအသုံးတည့်သူတစ်ယောက်ဖြစ်သွားပါပြီ။ အထူးသဖြင့် Transition တွေမှာဖြစ်ပါတယ်။... Continue Reading →

နူးနက်စ်က အပြောင်းအရွှေ့ဇာတ်ကောင်သစ်လား

ဆွာရက်စ်လက်သစ်လို့ နာမည်ထွက်နေတဲ့  ဒါဝင်နူနက်စ်ကတော့  ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ဆင့်တက်စေခဲ့တဲ့ဂိုးအပြီးမှာ သူ့ရဲကလပ်အသင်းအတွက်ဂိုးပေါင် ၃၄ ဂိုး မြောက်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းများအရ မန်ချက်စတာယူနိုက်တက် ၊​ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့က သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်မှာ ပရိုဖက်ရှင်နယ်ဘဝစခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာဗွေဆော်ဦးဂိုးကို ရရှိခဲ့တဲ့ နူနက်စ်ဟာ အခုတော့ ဥရောပဘောလုံးဇာတ်ခုံပေါ်က Icon တစ်ခုဖြစ်လာခဲ့ပါပြီ။ အီတလီသတင်းဌာန Calciomercato ရဲ့  ပြီးခဲ့တဲ့အပတ်ကဖော်ပြချက်အရတော့ ကစားသမားကိုခေါ်ယူချင်ရင်ပေါင်သန်း ၅၀ ကျော်လောက်သုံးရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင် ၄၅ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကိုတော့ ဘင်ဖီကာဖက်ကပယ်ချခဲ့တယ်လို့သိရပါတယ်။ ကာဗာနီတစ်ယောက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားဖို့သေချာနေတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း နူနက်စ်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နူနက်စ်နဲ့တွဲပြီးနာမည်အထွက်ဆုံးကတော့  တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်အသင်းဖြစ်ပါတယ်။ အမှတ်ပေးရာသီတိုင်းမှာ ... Continue Reading →

Website Powered by WordPress.com.

Up ↑