Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (6Apr)

မက်ဆီမန်ကို ခေါ်ယူချင်ရင် အာတီတာမှာ အခွင့်အရေးရှိနေ နယူးကာဆယ်အသင်းဟာ သူတို့ရဲ့ ကစားသမား စိန့်မက်ဆီမန်ကို သန်း ၅၀ ခန့်ရရှိပါကရောင်းချနိုင်တယ်လို့  Daily Mail က ဖော်ပြလာပြီးတဲ့နောက်  ၊  အာတီတာအနေနဲ့ လီနိုကို အသုံးချပြီးခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း Football London ကဖော်ပြလာပါတယ်။  နယူးကာဆယ်ဟာ အာဆင်နယ်ကို ထွက်ခွာဖို့သေချာသလောက်ရှိနေပြီဖြစ်တဲ့  လီနိုကို   လိုချင်နေတာဖြစ်လို့   ဒီနှစ်သင်းကြား  Business Deal တစ်ခုဖြစ်ပေါ်လာပါက   တောင်ပံကစားသမားကိုလည်း  အမ်းမရိတ်ဆီကို ခေါ်ယူဖို့အခွင့်အလမ်းရှိနေတာဖြစ်ပါတယ်။ အေဘရာဟမ်ကို အာဆင်နယ်ခေါ်ယူသင့်ကြောင်း ဆောင်းပါးရှင် ​ရေးသား လက်ရှိရိုးမားအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကစားသမား တမ်မီအေဘရာဟမ် က သူဟာ လန်ဒန်သားဖြစ်ကြောင်း ၊ တချိန်မှ အဂ်လန်ပြန်လာနိုင်ကြောင်းပြောဆိုအပြီးမှာ   Express UK ရဲ့ဆောင်းပါးရှင်  Sam Smith က ... Continue Reading →

နောက်ဆုံးရဘောလုံးသတင်းများ (16Feb)

အီတလီစီးရီးအေမှာနည်းပြဖို့ စိတ်ပျက်လျှက်ရှိနေတဲ့ ပီယာလို ဂျူဗင်တပ်ကစားသမားဟောင်းတဖြစ်လဲနည်းပြဟောင်း ပီယာလိုဟာ လက်ရှိမှာအသင်းလက်မဲ့အ ဖြစ်ရှိနေသေးပြီး အခုလောလောဆယ်မှာ သင့်တော်တဲ့ကမ်းလှမ်းမူမရသေးတာကြောင်း နည်းပြလောကကိုပြန်ဝင်လာဖို့နှောင့်နည်းနေတာလို့သိရပါတယ်။ ပီယာလိုကိုနည်းပြသစ်အဖြစ် စီးရီးအေကလပ် ဆာလန်နီတနာအသင်းကကမ်းလှမ်းခဲ့တယ်လို့သိရပါ တယ်။ ဒါပေမယ့် ပီယာလိုကိုယ်တိုင်က ဥရောပအ သင်းကြီးတသင်းမှာနည်းပြလုပ်လိုတာကတကြောင်း၊ စီးရီးအေမှာပြန်ပြီးအခြေချဖို့သူ့အနေနဲ့ စိတ်ပျက်နေတာကတကြောင်း ယင်းကမ်းလှမ်းမူကို ချက်ချင်းပယ်ချခဲ့တယ်လို့သိရပါတယ်။ ယင်းအသင်းကလဲ နည်းပြပီယာလိုကိုခေါ်ယူဖို့မဖြစ်နိုင်တဲ့အဆုံးမှာ တိုရီနိုနည်းပြဟောင်း နီကိုလာကို ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ယခုလက်ရှိမှာ ဆာလန်နီတနာအသင်းက စီးရီးအေရဲ့ဇယားအောက်ဆုံးမှာရောက်ရှိနေတဲ့အသင်းတသင်းလဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ချန်ပီယံလိဂ်စံချိန်သစ်များ မန်စီးတီးအသင်းဟာ စပို့တင်းအသင်းကို အဝေးကွင်းမှာဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ သွင်းဂိုး (၂၀၀)ပြည့်တဲ့ (၁၄) သင်းမြောက်ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါ တယ်။ ယင်းသွင်းဂိုး(၂၀၀)ရရှိဖို့အတွက် မန်စီးတီးအသင်းဟာ ပွဲပေါင်း(၉၇)ပွဲဖြင့် အနည်းဆုံးကစားကစားထားတဲ့အသင်းတွေထဲကတသင်းအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်ပွဲစဥ် ပထမပိုင်းမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ လီယာအိုကို... Continue Reading →

ပေါ်တူဂီသားတွေဟာ ပရီးမီးယားလိဂ်မှာ ပိုအောင်မြင်တတ်ကြပါတယ်။

ဇန်နဝါရီအပြောင်းအရွေ့ကနီးလာပြီဆိုတော့ ထုံးစံအတိုင်းအဂ်လန်အသင်းတွေနဲ့ အဂ်လန် မီဒီယာတွေက အသံတွေထွက်လာကြပါပြီ။ အမှန်တကယ်ဟုတ်သည် မဟုတ်သည် ဆိုတာထက် ၊ ခေါင်းစဥ်ဆန်းဆန်းတွေနဲ့ သတင်းတွေဖတ်ရတာဟာ အဂ်လန်လိဂ်က ဘောလုံးပရိတ်သတ်တွေအတွက် ထုံးစံတစ်ခုတောင်ဖြစ်နေပါပြီ။ တချို့အသင်းတွေဆို မဟုတ်ဘဲနဲ့ သတင်းထွက်ပြီးအပြောင်းအရွှေ့လဲ ဖြစ်ခဲ့ကြတာကြောင့်ချိန်ပါဆိုပြီး အမည်ပြောင်တွေရတတ် ကြပါတယ်။ ဥပမာပေးရရင် တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်အသင်းအတွက် မီဒီယာတွေဖော်ပြတဲ့ တိုက်စစ်မှုးအရေအတွက်ဟာ ၁၀ ဦးကျော်နေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားအကုန်လုံးကို အာဆင်နယ်ချိတ်ဆက်နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ သတင်းဆာလောင်မှုကို မီဒီယာတို့အသုံးချခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီရက်ပိုင်းမှာ ယာအိုဖိလစ်ကို  ပရီးမီးယားလိဂ်အသင်း ၄ သင်းက စောင့်ကြည့်နေတယ်လို့ သတင်းတွေကဖော်ပြလာပြန်ပါတယ်။ တဖက်မှာလည်း ကစားသမားလေးဟာ လက်ရှိအသင်းနဲ့ အဆင်မပြေတဲ့အခါ တကယ်ဖြစ်လာမှာလားလို့ ထင်စရာပါ။ ဒါကြောင့်လဲ အခုလိုသတင်းထွက်တာနေပါလိမ့်မယ်။  အကောင်းဆုံးပုံစံရရှိနေခြင်းမရှိပေမယ့် ထိပ်တန်းကစားသမားဖြစ်တာကြောင့် သတင်းက ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ ဒီတော့... Continue Reading →

အက်ဒီဟောင်းဝီးရဲ့ ပထမဆုံးနေ့စွဲများကိုကြည့်ရှုခြင်း

နည်းပြသစ်ဖြစ်လာတဲ့ အက်ဒီဟောင်းဝီးက  နယူးကာဆယ်အသင်းရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့လုပ်ရှားမှုဟာ စိတ်ဝင်စားစရာကောင်းပေမယ့် သူ့ရဲ့ ဦးစားပေးပစ်မှတ်ကတော့ လက်ရှိကစားသမားတွေနဲ့အကောင်းဆုံးရလဒ်ကို ဖော်ဆောင်ဖို့သာဖြစ်တယ်လို့ဆိုပါတယ်။ နာမည်ကျော်ကစားသမားများစွာနဲ့ နာမည်ထွက်နေတဲ့အသင်းဟာ သေချာပေါက်တော့အပြောင်းအလဲတွေဖြစ်လာမှာဆိုပေမယ့် လက်ရှိကစားသမားတွေရဲ့အရေးပါမှုကို ထုတ်ပြောလိုက်တဲ့သဘောပါ။ ပွဲဦးထက် ၆ ပွဲမှာ  ၂ ဂိုးသွင်း  ၃ ကြိမ်ထောက်ပံ့ထားတဲ့  အဓိက ကစားသမား စိန့်မက်ဆီမန်ကတော့ ဂိုးပေါက်ပျောက်နေတာ ၅ ပွဲရှိနေပါပြီ။   ဟောင်းဝီးရဲ့  စိန့်ဂျန်းပတ် ပထမဆုံးရက်သတ္တပတ်ဟာ လုပ်စရာတွေတပုံတပင်ပါပဲ။ ဇန်နဝါရီအကြောင်းမတွေးသေးဘူးဗျ .. ကျွန်တော့်ရဲ့လက်ရှိလူစာရင်းဟာ အားကြိုးမန်တက်ကစားနေကြတဲ့သူတွေချည်းပါပဲ  .. ဒီလူတွေနဲ့အတူချီတက်မယ်ဗျာ ။ စိန့်မက်ဆီမန်ကလည်းသိပ်ကောင်းတဲ့ကစားသမားပါ .. သူက အမြဲအနိုင်လိုချင်နေတဲ့သူပဲ။ တကယ့်ကိုခြားနားတဲ့ကစားသမားပါ။ သူ့ရဲ့အကောင်းဆုံးတွေကိုလည်းထုတ်ယူရပါမယ်  .. လို့ ဆိုပါတယ်။ လက်ရှိနီးနီးစပ်စပ်နာမည်ထွက်နေတာကတော့   ဂျူဗင်တပ်စ်က ရမ်ဆေး နဲ့ ရာဘီယော ၊ ယူနိုက်တက်က... Continue Reading →

ယူနိုက်တက်ရဲ့တနေ့တာသတင်းများ (15Oct-7pm)

(1) လက်စတာနဲ့ပွဲမတိုင်ခင်မှာတော့ကစားသမား ၅ ယောက်လောက်က ပါဝင်ကစားဖို့  မသေမချာမရေမရာ ဖြစ်နေပါတယ်။ ဟယ်ရီမက်ဂွိုင်းယားတစ်ယောက်ကတော့ အသင်းနဲ့ပြန်ပေါင်းပြီးတဲ့နောက် လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်ချေ ရှိနေပါတယ်။ ဗာရန်း အနေနဲ့လည်း ရက်သတ္တပတ်အနည်းငယ် စောင့်ကြည့်ရမှာဖြစ်ပြီး ဖရက်ဒ်နဲ့ ကာဗာနီတို့ ကလည်း နိုင်ငံပွဲတွေကြောင့် ပါနိုင်ဖွယ်မရှိသေးပါဘူး။ ဒါကြောင့်နောက်တန်းမှာ လင်ဒီလော့ဒ်နဲ့ ဘိုင်လီ အတွဲပွဲထွက်လာဖို့ရှိပြီး ရက်ရှ်ဖိုဒ့်လဲ ပြန်ပါလာနိုင်ဖွယ်ရှိပါတယ်။ နည်းပြအိုလီကတော့နိုင်ငံတကာပွဲတွေကြောင့် အသင်းသားတွေဒဏ်ရာရတဲ့ အခြေအနေတွေပေါ်မှာ ငြီးညူလျှက်ရှိပါတယ်။ (2) ကစားသမားဟောင်း ဂယ်ရီနဗီးကတော့ အိုလီတစ်ယောက်အသင်းမှာဆက်ရှိနေခြင်းရဲ့ အကြောင်းကို ခုလိုပဲ ပြောပြခဲ့ပါတယ်။ “ အသင်းမှာက နည်းပြတွေခနခနလဲတာနဲ့ပတ်သတ်ပြီး အတွေ့အကြုံဆိုးတွေရှိထားတယ်ဗျ၊ နည်းပြ တစ်ယောက်ကို ၁ ရာသီ  ၂ ရာသီ စသည်ဖြင့်ထုတ်လိုက်လို့ ပိုကောင်းလာတာမျိုးမကြုံဖူးသေးပါဘူး။ နောက်ပြီး ငွေကုန်ကြေးကျလဲများတယ်ဗျ။ အိုလီနဲ့အတူခရီးဆက်တာကအသင့်တော်ဆုံးပါပဲ” “ နောက်ပြီး... Continue Reading →

ရေပန်းမစားသော ဆန္ဒများ

ဘောလုံးလောကထဲမှာ လိုသုံးနည်းပြကြီးတွေရှိတယ်။ စတိဗ်ဘရုစ်စ်တို့  ရွိင်း‌ဟော့ဆန်တို့ ၊ ရာနီယေးနီတို့ ၊  Big Sam လို့ခေါ်တဲ့  အလာဒိုက်စ်တို့ပေါ့။ အသင်းတွေရုန်းကန်ရရင်သူတို့ကိုခေါ်ကြတယ်။ သူတို့ကလဲ ခေတ်မမှီကြတော့ပေမယ့် အတိုင်းအတာတစ်ခုထိစွမ်းဆောင်ပေးနိုင်ဆဲဆိုတော့ တန်းဆင်းဇုန်က ကယ်တင် ပေးတာတို့ ၊ ညှစ်အားလေးနဲ့တန်းတက်အောင်လုပ်ပေးတာတို့မှာ စွမ်းကြတယ်။ ဒါပေမယ့် များသောအားဖြင့် အချိန်တစ်ခုပြီးရင် စွန့်ခွာကြရတာပါပဲ။ အထူးသဖြင့် ခုနောက်ပိုင်းနှစ်တွေမှာပေါ့။ ဒီရက်ပိုင်း နယူးကာဆယ်ရဲ့သတင်းက ထိပ်တိန်းပဲ။ အမ်ဘာပေလာမယ် ၊ နေမာတို့လာမယ်၊ လာမယ့်နှစ်အသင်း  ကဘယ်လို ဘယ်ပုံဆိုပြီး   ဟာသတွေတက်ကြတယ်။ အဲ့ဒီမှာ သွားပြီးသတိရတာ စတိဘရုစ်  .. နောက်ပြီး သူပြော စကားက ပေါ်ပြူလာမဖြစ်လှ .. “ အသင်းပိုင်ရှင်သစ်တွေက မန်နေဂျာသစ်တွေနဲ့ပဲ အလုပ်လုပ်ချင်ကြတာနားလည်ပါတယ်။  အခွင့်အရေးရရင်တော့  ကျွန်တော်စွမ်းသမျှလုပ်သွားချင်တယ် “  တဲ့။ ပျော်ရွင်နေတဲ့လူအုပ်ကြီးကြားမှာ... Continue Reading →

Evening Corner (ညနေခင်းဘောလုံးသတင်းများ 7 Oct)

(1) တိုရီနိုအသင်းရဲ့ ဗဟိုနောက်ခံလူ ဂလီဆင်ဘရီမာ ကို လီဗာပူး ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကအပြိုင်စိတ်ဝင်စားနေကြတယ်လို့  Calciomercato  ကဖော်ပြပါတယ်။ အသက် ၂၄ နှစ်အရွယ်နောက်ခံလူကို အသင်းဖက်ကစာချုပ်သစ်ကမ်းလှမ်းမှာဖြစ်ပေမယ့် အသင်းကြီးတွေအနေနဲ့ဝင်ရောက်ကမ်းလှမ်းပါကအခြေအနေပြောင်းနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ (2) ဆော်ဒီလုပ်ငန်းရှင်တွေရဲ့ပါဝင်ပတ်သတ်မှုအတည်ဖြစ်သွားတဲ့နောက်မှာ လက်ရှိနည်းပြ ဘရုစ်အနေနဲ့ ထွက်ခွာရဖွယ်ရှိတယ်လို့  The Mirror ကဖော်ပြပါတယ်။ (3) လိုက်ပ်ဇစ် ရဲ့ကစားသမား အန်ကူကူ ကို မန်စီးတီး ၊ ချယ်လ်ဆီးနဲ့ အတူ ရီးရဲမက်ဒရစ်အသင်းကလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမားကိုယ်တိုင်ကလည်းအသင်းကြီးတွေဆီပြောင်းရွှေ့နေလိုတယ်လို့ ဆိုပါတယ်။ (4) ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့နောက်ခံလူဆူလီကို ဘိုင်ယန်အသင်းကလည်းစိတ်ဝင်စားနေပြီး ကစားသမားအနေနဲ့လည်းရာသီကုန်မှာပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့  90 Mins ကဖော်ပြပါတယ်။ ရာသီကုန်မှာထွက်ခွာမယ့် ရူဒီဂါနေရာမှာအစားထိုးဖို့ ချဲလ်ဆီးအသင်းဟာ အသက်၂၆နှစ်အရွယ်ကွင်းလယ်ကစားသမားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Website Powered by WordPress.com.

Up ↑