Mirror ကဖော်ပြလာတဲ့ အသင်းကြီးတွေ အလွတ်ခေါ်လို့ရမယ့် ကစားသမား ၅ဦး

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ကစားရတော့မှာ ဖြစ်တာကြောင့် လူအင်အားကို အလုံးအရင်းနဲ့ ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘန်ဝိုက်၊ အော်ဒီဂတ်၊ ရမ်စဒေးတို့ကို သန်းတစ်ရာသုံးပြီး ခေါ်ယူခဲ့သလိုမျိုး လာမယ့်အပြောင်းအရွှေ့မှာလည်း လုပ်ပြဖို့လိုနေပါပြီ။ ထို့အတူ မန်ချက်စတာယူနိုက်တက်ကလည်းပဲ ပြန်လည်တည်ဆောက်ရေးကာလအတွက် ကစားသမားတွေကို အများကြီးခေါ်ယူမယ့်ပုံပါပဲ။ ဘာစီလိုနာအသင်းကလည်း  အပြောင်းအရွှေ့စျေးကွက်မှာ  သေချာပေါက်ပွဲကြမ်းဦးမှာပါ။ ဒါ့ကြောင့်လည်း အဆိုပါအသင်းတွေဟာ ခုကတည်းက ကစားသမားအတော်များများနဲ့ ချိတ်ဆက်နေပြီဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေခဲ့ပါတယ်။ Mirror သတင်းဌာနကတော့  အလွတ်ခေါ်ယူလို့ရတဲ့ ကစားသမား ၅ယောက်စာရင်းကို ခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။ ဆမ်ဂျွန်စတုန်း ရမ်းစဒေးကို မခေါ်ခင်ကတည်းက အာဆင်နယ်ဟာ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့ စဥ်းစားခဲ့ဖူးပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာတော့ အဆိုပါ အင်္ဂလန်လက်ရွေးစင်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို အာဆင်နယ်အသင်းကလည်း... Continue Reading →

ပေါင် ၈၄သန်းတန် ဗစ်တာအိုဆီမှန်ကို ခေါ်ယူဖို့ ကြံရွယ်လာတဲ့ မန်ယူနိုက်တက်

၂၈ပွဲမှာ ၁၆ဂိုး သွင်းယူထားတဲ့ အသက် ၂၃နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှုး ဗစ်တာအိုဆီမှန် ကို မန်ယူနိုက်တက်က အာဆင်နယ်နဲ့ နယူးကာဆယ်တို့ထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ သရဲနီတွေက နာပိုလီအသင်းတောင်းဆိုတဲ့ စျေးနှုန်းပမာဏကို ပေးချေနိုင်စွမ်းရှိနေတဲ့အပြင် အသင်းရဲ့ပုံရိပ်ကြီးမားမှုကို အသုံးချကာ ကစားသမားကို ဆွဲဆောင်နေတာပါ။ မန်ယူနိုက်တက်ဟာ ဘင်ဖီကာတိုက်စစ်မှုး ဒါဝင်နူနက်ဇ်ကိုလည်း စိတ်ဝင်စားနေပြီး နည်းပြသစ် အဲရစ်တန်ဟက်က တိုက်စစ်မှုးကာဗာနီရဲ့ နေရာမှာ အစားထိုးလိုနေတာပါ။ နည်းပြသစ်လက်ထက်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှုး စီရော်နယ်ဒိုကိုလည်း ကစားပုံမကိုက်ညီမှုတွေ ရှိနေမှာဖြစ်တာကြောင့် လူစာရင်းကနေ ပယ်ထုတ်ဖို့ ကြံရွယ်နေပုံ ရပြီး အာဆင်နယ်နဲ့အပြိုင် တိုက်စစ်မှုးတွေ ရှာဖွေတော့မှာလည်း ဖြစ်ပါတယ်။ တဖက်မှာလည်းပဲ  ရိုနယ်ဒိုက အသင်းရဲ့ပြသနာမဟုတ်တာကြောင့် ထုတ်ပစ်ရမှာ  သူမဟုတ်ဘူးဆိုတဲ့အငြင်းပွားမှုတွေလဲရှိနေပါတယ်။ အိုဆီမန်နဲ့ပတ်သတ်ပြီး  အသင်းဖက်က ပေါင် ၈၄... Continue Reading →

အဲရစ်တန်ဟက်ရဲ့လက်အောက်မှာ မန်ယူနိုက်တက်ကို ဘယ်လိုပြန်လည်တည်ဆောက်ရမလဲ

ပြီးခဲ့တဲ့အပတ်တုန်းက  အာဆင်နယ်အသင်းနဲ့ပွဲမကစားခင် သတင်းစာရှင်းလင်းပွဲမှာ ရက်ဂ်နစ်က ''သူတို့တွေ(အာဆင်နယ်)က  မနှစ်က အတွေ့အကြုံတွေအပေါ် အခြေ ခံပြီး လမ်းကြောင်းမှန်ကို သွားနေကြပါတယ်။ အသင်းမှာ ခြေစွမ်းကောင်းတဲ့လူငယ်တွေ ထပ်ပေါင်းတယ်။ ဥပမာ အော်ဒီဂတ်ပေါ့။ ပြီးတော့ သူတို့ရဲ့ ကစားပုံနဲ့ မကိုက်တဲ့သူတွေကို အသင်းကနေ ထုတ်ပစ်ခဲ့တာကလည်း ကောင်းတဲ့အချက်ပါပဲ'' ဆိုပြီး အာဆင်နယ်အပေါ် သုံးသပ်ခဲ့ပါတယ်။ မန်ယူနိုက်တက်နဲ့ ပက်သက်ပြီးတော့လည်း ''အဲရစ်တန်ဟက်နဲ့ ကျွန်တော် လူချင်းတွေ့ပြီး စကားမပြောရသေးပါဘူး။ ကျွန်တော့်အကြံဥာဏ်တွေ သူတောင်းလာခဲ့ရင်လည်း ပေးသွားဖို့ အသင့်ပါပဲ။ ဒါပေမယ့်လည်း သူ့မှာ သူ့ကိုယ်ပိုင်အိုင်ဒီယာတွေ ရှိနေမှာပါ'' လို့ ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ နည်းပြအာတေတာကို အချိန်ပေးပြီး အသင်းကို စိတ်ရှည်ရှည်နဲ့ တည်ဆောက်နေတာကို တွေ့ရပါတယ်။ မန်ယူနိုက်တက်ဖန်တွေ ကိုယ်တိုင်က မန်ယူနဲ့ အာဆင်နယ်ကို နှိုင်းယှဥ်တာမျိုး... Continue Reading →

သရဲနီတွေကို အနိုင်ရခဲ့တဲ့ အမ်းမရိတ်တိုက်ပွဲရဲ့ ဟီးရိုးသို့မဟုတ် ဂရန်းနစ်ရှာကာ  

(၂-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့တဲ့ မန်ချက်စတာသားတွေဟာ ဒုတိယပိုင်းအစကတည်းက အာဆင်နယ်ကို တောက်လျှောက်ကို ဖိအားပေးနေခဲ့ပါတယ်။ ပထမပိုင်းမှာ စီဒရစ်ကို အားမရခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တွေဟာ ဒုတိယပိုင်း အရောက်မှာတော့ အဖွင့်ဂိုးရှင် တာဗာရက်စ်ကို မေတ္တာပို့နေရပါတယ်။ အားလုံးဟာ ရင်တထိတ်ထိတ်နဲ့ ပွဲကို ဆက်စောင့်ကြည့်နေရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲသွားချိန်မှာ ရင်ထဲမှာ အပူလုံးကြီးတစ်ခုကျခဲ့ရပါတယ်။  အဲ့ဒီအချိန်မှာ ကျွန်တော်တွေးနေမိတာကတော့ အာဆင်နယ် နောက်ထပ်သွင်းဂိုးတစ်ဂိုးရဖို့ လိုနေပါပြီ။မဟုတ်ရင်တော့ မလွယ်တော့ပါဘူး။ကျွန်တော်တို့ရဲ့ အနိုင်ရလဒ်ကို စိတ်ချရဖို့ နောက်ထပ်သွင်းဂိုး တစ်ဂိုးနဲ့အတူ မန်ချက်စတာသားတွေရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးဖို့ လိုနေပါပြီ။  ပွဲချိန် ၆၇မိနစ်မှာတော့ ကျွန်တော်တို့ရဲ့ ကဒ်မင်းသားကြီး ရှာကာဟာ အဝါကဒ်ထိခဲ့ပြန်ပါတယ်။ ဘောလုံးဖျက်ထုတ်ပုံ ကြမ်းလို့တော့ မဟုတ်ပါဘူး။ မန်ယူကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးလိုက်ချိန်မှာ ရှာကာက မကျေမနပ်နဲ့ ဘောလုံးကို လေပေါ်... Continue Reading →

စပါးအသင်းက အရမ်းကောင်းနေတာမဟုတ်ပါဘူး – နဗီးလ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင်နဗီးလ်ကတော့  စပါးအသင်းအနေနဲ့ အခုလို ချန်ပီယံလိဂ်ဝင်ခွင့်မှာ ဦးဆောင်နေတာက အသင်းအနေနဲ့သိပ်ကောင်းလို့ မဟုတ်ပဲ  ပြိုင်ဖက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ ခြေချော်နေလို့သာဖြစ်ကြောင်း ပြောဆိုလာပါတယ်။ ဒါ့အပြင်  စပါးတိုက်စစ်မှာ ကစားသမားကောင်းတွေပေါများနေတာကလည်း (ကိန်း ၊ ဆွန် ၊ ကူလူဆက်စကီ ) အားသာချက်တစ်ခုဖြစ်ကြောင်းပြောဆိုလာပါတယ်။ “ စပါးအသင်းက သိပ်ပြီးကောင်းတယ်လို့လည်း ကျွန်တော်မထင်ပါဘူး။  ဒါပေမယ့်  နဲနဲချင်းတော့တိုးတက်နေတာကတော့အမှန်ပါ။ အာဆင်နယ်အသင်းတောက်လျှောက်ကောင်းနေတာကိုဖယ်လိုက်ရင် သူတို့က အရှိန်အမြန်ဆုံးပါပဲ .. အခု အာဆင်နယ်အသင်းလဲအမှတ်တွေစပြီးဆုံးရှုံးနေပြီ .. ယူနိုက်တက်ကလဲ သိတဲ့အတိုင်းပဲမဟုတ်လား ..  ဒီတော့ သူတို့ပိုရှေ့ရောက်လာတာပေါ့ .  ကျွန်တော်ကတော့ သူတို့အရမ်းကောင်းနေတယ်လို့ မထင်ပါဘူး .. ပြီးခဲ့တဲ့ရက်အနဲငယ်လောက်ကပဲ ကွန်တီက ပြောခဲ့တာမဟုတ်လား  .. သူ လာမယ့်နွေရာသီမှာ အင်အားဖြည့်ဖို့လိုတယ်ဆိုပြီး .. ... Continue Reading →

နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့် အာဆင်နယ်နဲ့ယူနိုက်တက်တို့ရဲ့ပွဲကောင်းတစ်ပွဲ

ဧပြီလ ၁၆ရက်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့်  အမှတ်တရပွဲကောင်းတစ်ပွဲကို ဒီဆောင်းပါးကနေဆင့် ပြန်လည်ပြောပြချင်ပါတယ်။ ၂၀၀၂- ၂၀၀၃ ခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့  မန်ချက်စတာယူနိုက်တက်အသင်းတို့ ဟိုက်ဘူရီမှာ  ၂ - ၂  စီသရေကျခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။  ပွဲကောင်းများစွာရှိတဲ့အထဲကမှ ဘာကြောင့်အခုပွဲကို အမှတ်တရပြန်ပြောရသလဲဆိုရင်တော့  လက်ရှိအချိန် ၊ အခြေအနေ နဲ့အနဲငယ်ဆင်တူနေတဲ့အခြေအနေအချို့ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ အသင်းတွေရဲ့ရပ်တည်မှုတွေကတော့ ထိုစဥ်ကနဲ့ ကွာခြားနေခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အမှတ်ဖြတ်ပြီးဦးဆောင်နေချိန်ဖြစ်ပြီး ယူနိုက်တက်တို့က နောက်ကနေဆက်တိုက်ဖိအားပေးနေတာဖြစ်ပါတယ်။ ရာသီကုန်မှာလည်း  ယူနိုက်တက်တို့ချန်ပီယံဖြစ်ခဲ့ကြပါတယ်။  ခြေစွမ်းနဲ့အနေအထားကွာခြားပေမယ့် လက်ရှိအချိန်မှာ (ဆောင်းပါးရေးနေချိန်) အာဆင်နယ်အသင်းက နှာတဖျားအသာနဲ့ ကိုယ့်ရဲ့ရပ်တည်မှုကို ထိမ်းသိမ်းနေရပါတယ်။ ထိုအချိန်များတုန်းက အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဥ်တွေဆိုရင်  တစက္ကန့်တောင် အလွတ်ပေးလို့မရတဲ့ အခိုက်အတန့်တွေများစွာပါဝင်လေ့ရှိတာဖြစ်ပါတယ်။ ယခုပွဲမှာလည်း အလွန်ပြန်ပြောပြစရာအချက်တွေရှိပါတယ်။ ပွဲဆီပြန်သွားကြရအောင်။ နှစ်သင်းစလုံးဟာ ပွဲစကတည်းကလျှင်မြန်စွာပဲ... Continue Reading →

စမစ်ရိုးကို ခေါ်ယူဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ် – ရူနီ

ယခုအချိန်မှာ အာဆင်နယ်အသင်းရဲ့   ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ပြီး ပရိတ်သတ်တွေရဲ့ အသဲနှလုံးဖြစ်နေတဲ့ စမစ်ရိုးဟာ  အစောပိုင်းကာလများမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဟက်ဒါစဖီးအသင်းကိုလည်းအငှားထွက်ကစားခဲ့ရသေးသလို  ခေါ်ယူလိုတဲ့အသင်းတွေလဲရှိခဲ့တာမို့  အမ်းမရိတ်နဲ့ဝေးရမလိုဖြစ်ခဲ့ပါသေးတယ်။ ဒီအထဲမှာ ချန်ပီယံရှစ်အသင်း ဒါဘီကောင်တီရဲ့ နည်းပြ ဝိန်းရူနီလဲပါဝင်ခဲ့ပါတယ်။  ရူနီက စမစ်ရိုးကို အငှားခေါ်ယူဖို့ ကြိုးစား‌ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ဖက် အက်စ်တွန်ဗီလာကလည်း အာဆင်နယ်ဆီကနေ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။  သူသဘောကျတဲ့ကစားသမားကို ခေါ်ယူရန် ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပေမယ့် ရူနီက အာဆင်နယ်ကစားသမားလေးကို ဘယ်လောက်ထိ ‌သဘောကျလဲဆိုတာ ဖွင့်ဟလာခဲ့ပါတယ်။  “ ဒါဘီအသင်းကို  စကိုင်တွယ်ခဲ့တုန်းက ပထမဆုံးခေါ်ယူချင်ခဲ့တဲ့ ကစားသမားက စမစ်ရိုး ဖြစ်ပါတယ်။ သူ့ကို အငှားခေါ်ယူနိုင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ သူက ဘယ်ညာခြေမရွေးပဲ ဘောလုံးဆွဲပြေးနိုင်တယ်၊  ဂိုးသွင်းနိုင်တယ်၊ အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်တယ်။ ကျွန်တော် သူ့ကို တကယ်ပဲ... Continue Reading →

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုပါ သက်ရောက်လာနိုင်တဲ့ ပဲလေ့စ်နဲ့ပွဲ

ပွဲစဥ်တိုင်းက ဗိုလ်လုပွဲဖြစ်ကြောင်း  အာတီတာဟာ မကြာခနပြောဆိုခဲ့ပြီးဖြစ်ပါတယ်။  သို့သော်အမှတ်ပေးဇယားကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အခြေအနေကလည်း သပ်သပ်ဖြစ်ပါတယ်။ ဒီအပတ်ပွဲစဥ်တွေကစားအပြီးမှာ  ချန်ပီယံလိဂ်တိုက်ပွဲကို အားပျော့စေတဲ့အချက်ရော ၊ အားကောင်းစေတဲ့အချက်ရောက တူတူဖြစ်လာခဲ့ပါတယ်။ အားကောင်းစေတာကတော့  ချဲလ်ဆီးရဲ့ မထင်မှတ်ထားတဲ့ရှုံးပွဲဖြစ်ပြီး  အားလျော့သွားစေတာကတော့  ယူနိုက်တက်အသင်းရဲ့  သရေပွဲဖြစ်ပါတယ်။ ပွဲစဥ်ကွာဟချက်အချို့ရှိနေပေမယ့် လက်ရှိအမှတ်ပေးဇယားအရ  အဆင့် ၃ က ချဲလ်ဆီးနဲ့ အဆင့် ၇ က မန်ချက်စတာယူနိုက်တက်တို့ဟာ ၈ မှတ်သာကွာဟနေတာတွေ့ရပါတယ်။ တကယ်လို့  လက်စတာနဲ့ပွဲမှာသာယူနိုက်တက်တို့အနိုင်ရခဲ့ရင်   ၆ မှတ်သာကွာဟမှာဖြစ်ပြီး  ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပိုပြီးအကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။ ဒီတစ်ပတ် မှာ စပါးအသင်းအနိုင်ရပြီးတဲ့နောက် ပဲလေ့စ်ကွင်းမှာကစားရမယ့်  ပဲလေ့စ်နဲ့ အာဆင်နယ်တို့ပွဲဟာ အလွန်အရေးပါလာပြီဖြစ်ပါတယ်။ အာဆင်နယ်သာ အနိုင်ရမယ်ဆိုရင် စပါးအသင်းကို ပြန်ပြီးကျော်တက်နိုင်မှာဖြစ်သလို  တတိယနေရာက ချဲလ်ဆီးနဲ့လည်း  ၂ မှတ်သာကွာမယ့် အနေအထားကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ပဲလေ့်စ်သာနိုင်သွားခဲ့ရင်... Continue Reading →

ဟာလန်းထက် ဂိုးပိုသွင်းထားနိုင်တဲ့  ဥရောပရဲ့အစောင့်ကြည့်ခံတိုက်စစ်မှုး

လက်ရှိရာသီ ဘွန်ဒက်စ်လီဂါဟာ ပွဲ၂၀ကစား ဂိုး၂၀သွင်းယူပြီး နာမည်ကြီး ဟာလန်းထက်ကို ဂိုးပိုသွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးရှိပါတယ်။ သူ့ရဲ့ နာမည်ကတော့ ပက်ထရစ်ရှစ်ခ်ပဲ ဖြစ်ပါတယ်။ဘွန်ဒက်စ်လီဂါမှာ ပက်ထရစ်ထက် ဂိုးပိုသွင်းယူထားနိုင်တဲ့သူဆိုလို့ ဘိုင်ယန်ဂိုးမုဆိုး လီ၀န်ဒေါစကီးပဲ ရှိပါတော့တယ်။  လာမယ့် နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူး ရှာပုံတော်ဖွင့်ရမယ့် အာဆင်နယ်ဟာ တစ်ပွဲကို တစ်ဂိုးနှုန်းသွင်းယူထားနိုင်တဲ့၊ အသက်အရွယ်နဲ့ အတွေ့အကြုံအားဖြင့် အကောင်းဆုံးအချိန်မှာ ရှိနေတဲ့ အသက်၂၆နှစ်အရွယ် ကစားသမားတစ်ဦးကို စိတ်၀င်စားနေတယ်ဆိုတာ မဖြစ်နိုင်စရာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က သိပ်တော့ လွယ်ကူလှမှာ မဟုတ်ပါဘူး။  ပက်ထရစ်ရဲ့ အသင်းဖော်ဖြစ်သူ ဖာနန်ဒိုကာရိုကတော့ ပက်ထရစ်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုလာခဲ့ပါတယ်။ ချက်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းက ဂျာမနီမြေမှာ သုံးနှစ်ကျန်နေပါသေးတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေက... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ (27Mar)

ရှာခါကို အာဆင်နယ်ရောင်းချနိုင်ဖွယ်ရှိကြောင်း  အီတလီသတင်းစာက လမ်းကြောင်းပေးရေးသား အာဆင်နယ်အသင်းဟာ  ရိုးမားအသင်းက စိတ်ဝင်စားနေတဲ့ ဂရန်းနစ်ရှာခါအတွက် ပေါင် ၁၅ သန်းဝန်းကျင်ခန့်အလိုရှိနေကြောင်း အီတလီသတင်းစာ Gazetto Dello Sports ကဖော်ပြလာပါတယ်။ ရှာခါဟာ မော်ရင်ဟိုရဲ့ပစ်မှတ်ဖြစ်နေဆဲဖြစ်ပြီး ၊ ရာသီအစတုန်းကလဲ ရိုးမားဒါရိုက်တာကိုယ်တိုင် သူတို့အနေနဲ့ရှာခါကို ကြိုးစားခဲ့ကြောင်းထုတ်ဖော်ဝန်ခံထားတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွစ်ဇာလန်သားကြီဟာ ဂန်းနားလူငယ်များနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ဆက်တိုက်ပြသထားနိုင်ပါတယ်။ ပေပေကို စကားလုံးလှလှနဲ့ ချီးကျူးလာတဲ့ပြင်သစ်သတင်းစာ ပြင်သစ်အသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာပြသခဲ့တဲ  ပေပေရဲ့ခြေစွမ်းကို အားကစားမီဒီယာအများစုမှာ ချီးကျူးရေးသားနေကြပါတယ်။ နောက်တန်းကစာသမားတွေကိုကျော်ဖြတ်ပြီး  ဂိုးသမားလိုရစ်ရဲ့  ပိတ်ထားတဲ့ထောင့်ကျဥ်းထဲကို ကန်နေကျပုံစံအတိုင်းအပြင်းကန်သွင်းနိုင်ခဲ့တဲ့ပေပေကို  Footmercato က Rating သတ်မှတ်ချက် 7.5 အထိပေးထားပြီး  “  ပြင်သစ်ကစားကွင်း ဗယ်လိုဒရုန်းမှာတောက်ပခဲ့တဲ့  ဂန်းနား “ ဆိုပြီးတင်စားရေးသားထားခဲ့ပါတယ်။   အာဆင်နယ်နဲ့အတူ... Continue Reading →

Website Powered by WordPress.com.

Up ↑