အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး တကျော့ပြန်နိုင်ပွဲများ – အပိုင်း ၁

ပြီးခဲ့တဲ့ သီတင်းပတ်က ဝူဗာဟက်တန်ကို အိမ်ကွင်းအမ်းမရိတ်မှာ အာဆင်နယ်ဟာ တိုက်ပွဲ၀င်စိတ်ဓာတ်အပြည့်နဲ့ နောက်ဆုံးမိနစ်တွေအထိ ရင်ဆိုင်ပြီး နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။  တီယာနေရဲ့အဆိုအရတော့  “ နောက်ဆုံးမိနစ်နိုင်ပွဲတွေလောက် ကောင်းတာမရှိဘူး “  လို့ပဲဆိုပါစို့ဗျာ။ ဒီလိုမျိုး အာဆင်နယ်အသင်း နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ အကောင်းဆုံးပွဲစဉ်တွေကို ပရိသတ်တွေအမှတ်ရအောင် စုစည်း ဖော်ပြပေးလိုက်ရပါတယ်။  (၁) အာဆင်နယ် ‌၄-၂ တော့တင်ဟမ်ဟော့စပါး(၂၀၁၈)  အူနိုင်းအမ်မရီရဲ့ ပထမဆုံး လန်ဒန်ဒါဘီပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာမီယန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဲရစ်ဒိုင်ယာက ချေပဂိုး  သွင်းယူပြီး အာဆင်နယ် ပရိသတ်တွေရှေ့ အောင်ပွဲခံချိန်မှာတော့ ပွဲရဲ့ အရှိန်ဟာ မြင့်တက်လာခဲ့ပါတယ်။  ပထမပိုင်း ၃၄မိနစ်မှာ ရော့ဟိုးဒင်းက ဆွန်ဟောင်မင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကနေ ရရှိခဲ့တဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက... Continue Reading →

Website Powered by WordPress.com.

Up ↑