လန်ဒန်ဘုရင် ဘယ်သူလဲ

ဒီနှစ်ဘောလုံးရာသီဥရောပဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်လာမယ့်  မြောက်လန်ဒန်ဒါဘီကတော့  ၄၈ နာရီအတွင်းမှာပဲကစားကြတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အလွန်အရေးကြီးသလို  ပြိုင်ဆိုင်မှု ပြင်းထန်အမြဲပြင်းထန်လေ့ရှိတဲ့ အာဆင်နယ်နဲ့တော့တင်ဟမ် ဟော့စပါးတို့ရဲ့   ပွဲစဉ်မတိုင်မီမှာ အာရွန်ရမ်ဒေးလ်ဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ပြောပြလာခဲ့ပါတယ်။    “ဒါက ပျော်စရာကောင်းမှာပါ” လို့ ရမ်ဒေးလ် က Sky Sports (Standard) ကိုပြောခဲ့ပါတယ်။   “ဒီလို ပွဲစဉ်မျိုးကို ကစားသမားတစ်ယောက်က စိတ်၀င်စားမနေဘူး၊စိတ်လှုပ်ရှားမနေဘူးဆိုရင်တော့ ဘောလုံးဟာ သူ့ရဲ့ အသက်မွေး‌၀မ်းကျောင်းအလုပ်မဟုတ်လို့ နေမှာပါ”   “နှစ်တွေအတော်ကြာတဲ့အထိ အသင်းနှစ်သင်းနဲ့ ပရိသတ်တွေကရော တစ်နိုင်ငံလုံးက ဘောလုံးပရိသတ်တွေကပါ ဒီပွဲစဉ်အကြောင်းကို အမှတ်‌နေရကြမှာပါ။”   “အာဆင်နယ်ကစားသမားသစ်၊ အသင်းပရိသတ်အသစ်တစ်ယောက်အနေနဲ့ ကျွန်တော်ပြောနိုင်တာက ဒီနှစ်တွေထဲမှာ ဒီမြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ အသင်းနှစ်သင်းစလုံးအတွက် အကြီးမားဆုံး ယှဉ်ပြိုင်မှုပါပဲ”  ရာသီကုန်ဆုံးဖို့ သုံးပွဲအကျန်မှာ အာဆင်နယ်ဟာ စပါးကို... Continue Reading →

အာဆင်နယ်မှာ ပေပေရဲ့ အနာဂတ်မရှိတော့ဘူးလား 

အာဆင်နယ် တိုက်စစ်မှူးဟောင်းဖြစ်သူ ကီဗင်ကမ်းဘဲလ်က အသင်းမှာ ပွဲထွက်ခွင့်မရခဲ့တာ ခြောက်လကြာပြီဖြစ်တဲ့ နီကိုလပ်စ်ပေပေအတွက် အသင်းမှာ အနာဂတ်မရှိတော့ဘူးလို့ ဆိုလာခဲ့ပါတယ်။  အသက်၂၆ နှစ်အရွယ်ကစားသမားကို လွန်ခဲ့တဲ့သုံးနှစ်က လိုင်လီကနေ ပေါင်သန်း၇၀ကျော်နဲ့‌ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ပေပေကို အသင်းနဲ့ ပရိသတ်တွေက မျှော်လင့်ချက်တကြီး ထားခဲ့ပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။  လက်ရှိရာသီ အာတီတာရဲ့လက်အောက်မှာ ပေပေဟာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၁၇ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်အများစုကိုလည်း လူစား၀င်ကစားသမားအဖြစ်နဲ့သာ ပါ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။  ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ်ဟာ ပေပေအတွက် ဈေးအဆမတန် ပိုပေးခဲ့ရပြီး တကယ်တမ်းမှာတော့ အိုင်ဗရီကို့စ်သားကြီးဟာ အာဆင်နယ်အတွက် ကစားပေးဖို့ စစ်မှန်တဲ့ သဘောထားမရှိဘူးလို့ ဆိုလာခဲ့ပါတယ်။  Football Insider နဲ့တွေ့ဆုံမှုမှာတော့... Continue Reading →

သရဲနီတွေကို အနိုင်ရခဲ့တဲ့ အမ်းမရိတ်တိုက်ပွဲရဲ့ ဟီးရိုးသို့မဟုတ် ဂရန်းနစ်ရှာကာ  

(၂-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့တဲ့ မန်ချက်စတာသားတွေဟာ ဒုတိယပိုင်းအစကတည်းက အာဆင်နယ်ကို တောက်လျှောက်ကို ဖိအားပေးနေခဲ့ပါတယ်။ ပထမပိုင်းမှာ စီဒရစ်ကို အားမရခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တွေဟာ ဒုတိယပိုင်း အရောက်မှာတော့ အဖွင့်ဂိုးရှင် တာဗာရက်စ်ကို မေတ္တာပို့နေရပါတယ်။ အားလုံးဟာ ရင်တထိတ်ထိတ်နဲ့ ပွဲကို ဆက်စောင့်ကြည့်နေရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲသွားချိန်မှာ ရင်ထဲမှာ အပူလုံးကြီးတစ်ခုကျခဲ့ရပါတယ်။  အဲ့ဒီအချိန်မှာ ကျွန်တော်တွေးနေမိတာကတော့ အာဆင်နယ် နောက်ထပ်သွင်းဂိုးတစ်ဂိုးရဖို့ လိုနေပါပြီ။မဟုတ်ရင်တော့ မလွယ်တော့ပါဘူး။ကျွန်တော်တို့ရဲ့ အနိုင်ရလဒ်ကို စိတ်ချရဖို့ နောက်ထပ်သွင်းဂိုး တစ်ဂိုးနဲ့အတူ မန်ချက်စတာသားတွေရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးဖို့ လိုနေပါပြီ။  ပွဲချိန် ၆၇မိနစ်မှာတော့ ကျွန်တော်တို့ရဲ့ ကဒ်မင်းသားကြီး ရှာကာဟာ အဝါကဒ်ထိခဲ့ပြန်ပါတယ်။ ဘောလုံးဖျက်ထုတ်ပုံ ကြမ်းလို့တော့ မဟုတ်ပါဘူး။ မန်ယူကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးလိုက်ချိန်မှာ ရှာကာက မကျေမနပ်နဲ့ ဘောလုံးကို လေပေါ်... Continue Reading →

အာတီတာရဲ့ တိုက်စစ်အဖြေမရှာနိုင်ခဲ့မှုကြောင့် Top 4 ဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုလာတဲ့ ဂန္တဝင်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှုးကြီး အီယန်ရိုက် ကတော့ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အူဘာမီယန်းကို ထွက်ခွာခွင့်ပေးပြီး အစားထိုးတိုက်စစ်မှုး ပြန်လည်မခေါ်ယူနိုင်ခဲ့တဲ့ အာတီတာရဲ့အသင်းဟာ ထိပ်သီးလေးသင်းစာရင်းဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဖီအိုရင်တီးနားတိုက်စစ်မှုး (လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှုး) ဒူဆန်ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ ယူဗင်တပ်စ်အသင်းကိုသာ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒါကြောင့်မို့ အသင်းဖော်ဖြစ်သူ ဂျူဗင်တပ်စ်တိုက်စစ်မှုး အဲဗာရိုမိုရာတာကို နောက်ဆုံးအချိန်မှာ ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားဖက်က ငြင်းပယ်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ကစားသမားသစ် စာချုပ်မချုပ်နိုင်ခဲ့ဘဲ လက်ကျန်ရာသီဝက်ကို ပထမရာသီဝက်ထက် ပိုမိုချို့တဲ့စွာ ဖြတ်သန်းနေရပါတယ်။ အီယန်ရိုက်ရဲ့ ချန်ပီယံလိဂ်ဝင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ဝေဖန်ချက်ကို နောက်ထပ် ဂန္တဝင်တစ်ဦးဖြစ်တဲ့ အီမန်နျူရယ်ပီတစ် ကလည်း ထောက်ခံသွားခဲ့ပြီး '' အာဆင်နယ်ကစားသမားတွေက အရည်အသွေးတော့ ရှိကြပါတယ်။ ဒါပေမယ့် မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးလ်တို့နဲ့... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (9Apr)

ဆမ်ဘီအစွမ်းပြရမယ့်အချိန်ဖြစ်ကြောင်း အာတီတာပြော အာဆင်နယ်နည်းပြ အာတီတာက  ဆမ်ဘီလိုကွန်ဂါအနေနဲ့ သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသနိုင်မယ့် အချိန်ဖြစ်ကြောင်း ပြောဆိုလာပါတယ်။ “ ရာသီအစောပိုင်းတုန်းကတော့  သူတော်တော်လေးကစားဖြစ်ခဲ့တယ်ဗျ ..​ဒါပေမယ့် နောက်ပိုင်းမှာတော့ ဥရောပပွဲတွေလဲမရှိတော့ပွဲထွက်ခွင့်သိပ်မရခဲ့ဘူး။  အခုအချိန်ကတော့ သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသဖို့ အခွင့်ကောင်းပါပဲ “ လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာတာဖြစ်ပါတယ်။ ၆ ဂိုးရှင် မီဒမ်မာ အာဆင်နယ်အမျိုးသမီးအသင်းရဲ့တိုက်စစ်မှုး မီဒမ်မာဟာ  ဆိုက်ပ်ရပ်စ်အသင်းကို  ၁၂ -  ၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ  ၆ ဂိုးသွင်းယူ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အဆင့် ၅ ရှိတဲ့ နယ်သာလန်အမျိုးသမီးအသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး အုပ်စုတွင်းမှာ အိုက်စလန်ထက် တစ်ပွဲပိုကစားပြီး  ၂ မှတ်ဖြတ်ထားနိုင်တာဖြစ်ပါတယ်။  နယ်သာလန်နဲ့ အိုက်စလန်တို့ဟာ စက်တင်ဘာလ ၆ ရ​က်မှာ... Continue Reading →

နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့် အာဆင်နယ်နဲ့ယူနိုက်တက်တို့ရဲ့ပွဲကောင်းတစ်ပွဲ

ဧပြီလ ၁၆ရက်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့်  အမှတ်တရပွဲကောင်းတစ်ပွဲကို ဒီဆောင်းပါးကနေဆင့် ပြန်လည်ပြောပြချင်ပါတယ်။ ၂၀၀၂- ၂၀၀၃ ခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့  မန်ချက်စတာယူနိုက်တက်အသင်းတို့ ဟိုက်ဘူရီမှာ  ၂ - ၂  စီသရေကျခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။  ပွဲကောင်းများစွာရှိတဲ့အထဲကမှ ဘာကြောင့်အခုပွဲကို အမှတ်တရပြန်ပြောရသလဲဆိုရင်တော့  လက်ရှိအချိန် ၊ အခြေအနေ နဲ့အနဲငယ်ဆင်တူနေတဲ့အခြေအနေအချို့ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ အသင်းတွေရဲ့ရပ်တည်မှုတွေကတော့ ထိုစဥ်ကနဲ့ ကွာခြားနေခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အမှတ်ဖြတ်ပြီးဦးဆောင်နေချိန်ဖြစ်ပြီး ယူနိုက်တက်တို့က နောက်ကနေဆက်တိုက်ဖိအားပေးနေတာဖြစ်ပါတယ်။ ရာသီကုန်မှာလည်း  ယူနိုက်တက်တို့ချန်ပီယံဖြစ်ခဲ့ကြပါတယ်။  ခြေစွမ်းနဲ့အနေအထားကွာခြားပေမယ့် လက်ရှိအချိန်မှာ (ဆောင်းပါးရေးနေချိန်) အာဆင်နယ်အသင်းက နှာတဖျားအသာနဲ့ ကိုယ့်ရဲ့ရပ်တည်မှုကို ထိမ်းသိမ်းနေရပါတယ်။ ထိုအချိန်များတုန်းက အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဥ်တွေဆိုရင်  တစက္ကန့်တောင် အလွတ်ပေးလို့မရတဲ့ အခိုက်အတန့်တွေများစွာပါဝင်လေ့ရှိတာဖြစ်ပါတယ်။ ယခုပွဲမှာလည်း အလွန်ပြန်ပြောပြစရာအချက်တွေရှိပါတယ်။ ပွဲဆီပြန်သွားကြရအောင်။ နှစ်သင်းစလုံးဟာ ပွဲစကတည်းကလျှင်မြန်စွာပဲ... Continue Reading →

ဂါဘရီယယ်နဲ့ ပေါင်သန်း၂၀ကျော်တန် စာချုပ်အသစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ သူတို့ရဲ့ ဘရာဇီးနောက်ခံလူကို စာချုပ်အသစ်ချုပ်ဖို့ ပြင်ဆင်နေပြီး စာချုပ်အသစ်မှာ သဘောတူညီချက်အသစ်တွေနဲ့ အခုထက်ပိုကောင်းတဲ့ လစာနှုန်းထားတွေပါ၀င်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  အသက်၂၄နှစ်အရွယ်ကစားသမားဟာ လက်ရှိမှာ အသင်းဖော် ဘန်ဝှိုက်နဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြသထားနိုင်နေတာ ဖြစ်ပါတယ်။ ပေးဂိုးမရှိ ပရီးမီးယားပွဲစဉ်၁၃ပွဲအထိ အသင်းနဲ့အတူ ရယူထားနိုင်ပြီး သွင်းဂိုး၃ဂိုးကိုလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂါဘရီယယ်ဟာ ၂၀၂၀မှာ လိုင်လီကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းမှာ အလျင်အမြန်အထိုင်ကျကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်နေဂျာ၊ အသင်းဖော်နဲ့ ပရိသတ်တွေရဲ့ နှစ်သက်မှုကို ရရှိထားပါတယ်။  CBS Sports ရဲ့အဆိုအရ အာဆင်နယ်ဟာ သူတို့ရဲ့ကစားသမားကို အမ်းမရိတ်မှာ နှစ်ရှည်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အလျင်အမြန်တော့ ဖြစ်လာနိုင်ချေ မရှိသေးပါဘူး။  ဘရာဇီးလ်သားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄-၂၅ရာသီမှသာ ကုန်ဆုံးဖို့... Continue Reading →

အာတီတာအတွက် ဘန်ဝှိုက်က Tactical Alternative ဖြစ်လာမှာလား

ဒဏ်ရာရ ကစားသမားတွေများပြားလာတာဖြစ်လို့ နည်းဗျူဟာမျိုးစုံပြောင်းပြီးကစားရဖို့စဥ်းစားကြတဲ့အခါ လက်ရှိကစားနိုင်သူတွေထဲမှာ ဘယ်သူက နေရာစုံကစားနိုင်လဲဆိုတဲ့အချက်က အရေးပါလာပြန်ပါတယ်။  ဆာကာဟာ တိုက်စစ်မှာနေရာစုံကစားနိုင်သလို  ဆဲဒရစ်ကလည်း ဘက်ပြောင်းကစားနိုင်ကြောင်းထုတ်ပြောထားပါတယ်။ ဒါပေမယ့်  အားလုံးမျက်စေ့မှောက်နေကြတာက ဘန်ဝှိုက်ဖြစ်ပါတယ်။  ဘန်ဝှိုက်ဟာ နည်းစနစ်အားဖြင့်  ကွင်းလယ်ခံစစ် ၊ ညာအစွန်နဲ့  ဗဟိုနောက်ခံလူတွေအဖြစ်ကစားနိုင်သူဖြစ်ပါတယ်။  ဒီအချက်ဟာ အာတီတာကို အလွန်အထောက်အကူပေးနိုင်မှာဖြစ်သလို ဘန်ဝှိုက်ရဲ့စွမ်းဆောင်ရည်ကိုလည်း မှတ်ကျောက်တင်ရမယ့်ကာလဖြစ်ပါတယ်။  သူ့ရဲ့ နည်းပြဟောင်းကလည်း ဝှိုက်ရဲ့ အဖျက်ကစားဟန်နဲ့ တည်ငြိမ်မှုအတွက်ချီးကျူးဖူးပါတယ်။ ဒါပေမယ့် သူ့မှာ အားသာချက်ချည်းပဲရှိနေတာမဟုတ်ပါဘူး .. သိသာတဲ့အားနည်းချက်လဲရှိပါတယ်။ အမြင်သာဆုံးအချက်ကတော့ Recovery Run တွေဖြစ်ပါတယ်။  အခုထက်ပိုပြီး နဲနဲလောက်အသေးစိတ်လေ့လာရအောင်ပါ။ ဘန်ဝှိုက်ဟာ Proactive Player အမျိုးအစားဖြစ်ပါတယ်။ ဒီအချက်ကို ဂါဘရီယယ်နဲ့ နှိုင်းယှဥ်ရင်ပိုသိသာပါတယ်။ သူဟာ ခွန်အားသုံးပြီးတဖက်ကို ဟန့်တားဖို့ထက်   ၊ တဖက်ကစားသမားရဲ့ လုပ်ဆောင်လာနိုင်ခြေကို ကြိုတင်တွက်ဆကာ... Continue Reading →

ရှုံးပွဲအတွက် ဘာမှ ဆင်ခြေ ပေးစရာမရှိပါဘူး ဆိုတဲ့ အာတီတာ 

ခရစ္စတယ်ပဲလေ့စ်ကို သုံးဂိုးပြတ်ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်မှာ အသေအချာပါပဲ။ မန်နေဂျာနဲ့အသင်းသား‌ တွေအတွက်လည်း စိတ်ပျက်လက်ပျက်ရလဒ်တစ်ခုနဲ့အတူ လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံး စွမ်း‌ ဆောင်နိုင်ဖို့အတွက် ဖိအားများလာခဲ့ပါပြီ။  ဒီရှုံးပွဲကြောင့် လက်ကျန်ပွဲစဉ် ၉ပွဲမှာ အာဆင်နယ်အနေနဲ့ အမှားအယွင်းထပ်လုပ်လို့ မရတော့သလို အရေးကြီးတဲ့ အချိန်မှာမှ အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေ တိုးလာတာကလည်း ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပွဲပြီး မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာတော့ မေးမြန်းလာတဲ့ အကြောင်းအရာအချို့နဲ့ပတ်သက်ပြီး အာတီတာ ဖြေကြားထားတာကို ထုတ်နှုတ် တင်ပြလိုက်ရပါတယ်။  တကယ်ကို ဆိုရွားတဲ့ ညတစ်ညဖြစ်ခဲ့သလား  “အမှန်ပါပဲ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ဒါပေမယ့် ပထမဆုံးအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို သူတို့ရဲ့ အနိုင်ရလဒ်အတွက်ရော၊စွမ်းဆောင်ရည်အတွက်ပါ ဂုဏ်ပြုချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ သူတို့ကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။အထူးသဖြင့်... Continue Reading →

“နောက်ထက်ဒီလိုမျိုး မဖြစ်ခံလို့မရတော့ပါဘူး” – အိုဒီဂတ်

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ပွဲအပြီးအင်တာဗျူးမှာတော့ အိုဒီဂတ်က ဒီရှုံးနိမ့်မှုဟာ အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ထိခိုက်မှုမရှိအောင်ပြုလုပ်ဖို့ အသင်းအနေနဲ့ လိုအပ်နေပြီလို့ဆိုပါတယ်။ ရှုံးနိမ့်ခဲ့တာကြောင့် အားလုံးအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် တဖန်ပြန်စုစည်းပြီး တိုက်ပွဲ၀င်ရမှာ ဖြစ်တယ်လို့ အိုဒီဂတ်က ဆိုပါတယ်။  လက်ကျန် ပွဲစဥ်ဆယ်ပွဲမှာလည်း အသင်းဟာ ရှုံးနိမ့်မှုကနေ အကောင်းဆုံးပြန်လာနိုင်ပြီး ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း အိုဒီဂတ်က ဆိုပါတယ်။  “ ဒီရှုံးနိမ့်မှုက ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ် အိမ်မက်ကို မထိခိုက်ဘူးဆိုတာ သေချာအောင်လုပ်ရမှာပါ။ ဒါက ပွဲစဉ်တစ်ပွဲတည်းသာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပွဲစဉ်တွေမှာ အနိုင်ရပြီး ကျွန်တော်တို့ ရှိရမယ့် အဆင့်မှာ ရပ်တည်နေနိုင်အောင် ကြိုးစားရမှာပါ။ ဆိုးရွားတဲ့ ပွဲစဉ်တစ်ပွဲဆိုတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ပွဲတည်းပဲ ဖြစ်လို့ရမှာပါ။ နောက်ပွဲစဉ်တွေမှာ... Continue Reading →

Website Powered by WordPress.com.

Up ↑