နောက်ဆုံးရအာဆင်နယ်သတင်းများ (8May)

တိုင်လီမန်းစ်နဲ့ပိုနီးစပ်လာကြောင်း The Sun ရေးသားလာ အာဆင်နယ်အသင်းဟာ  လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ တိုင်လီမန်းစ်ကိုခေါ်ယူဖို့ ပိုမိုနီးစပ်လာကြောင်း The Sun သတင်းစာက ဖော်ပြလာပါတယ်။  ကွင်းလယ်ကစားသမားများစွာနဲ့နာမည်ထွက်နေတဲ့ ဂန်းနားတို့ဟာ တိုင်လီမန်းစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ယခင်ကလဲတွေ့ဆုံဖူးပြီး ၊ အခုချိန်ထိလဲ ကစားသမားကိုပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။  အဆိုပါသတင်းအရ  အာဆင်နယ်ဟာ  ပြောင်းရွှေ့ကြေး သန်း ၄၀ အထိသုံးစွဲဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဂျေးဆူကို တကယ်ခေါ်ချင်ရင်လွယ်တယ် လို့ ဂန္တဝင်သုံးသပ် ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်းကြီး ပက်ဒီကင်နီက  Football Insider နဲ့တွေ့ဆုံရာမှာ  ဂါဘရီယယ်ဂျေးဆူနဲ့ပတ်သတ်ပြီးအခုလိုပဲပြောကြားလာခဲ့ပါတယ်။ “  အာတီတာသာတကယ်ခေါ်ချင်ရင် ဘာပြဿနာမှရှိမနေဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်။  ဂျေးဆူက ပွဲကစားခွင့်သာရရင် ကွင်းထဲမှာ အမြဲတန်းပုံစံကောင်းတွေပြသနိုင်နေသူဖြစ်ပါတယ်။  သူ့ရဲ့အရည်အသွေးကလည်း ပရီးမီးယားလိဂ်မှာ အဆင့်အတန်းမှီတာကြောင့်  တိုက်စစ်မှုးလိုနေတဲ့ အာဆင်နယ်က လိုချင်တယ်ဆိုတာလဲ သဘာဝကျပါတယ် .. ... Continue Reading →

ဂန်းနားတွေရဲ့ တကျော့ပြန် ကပ္ပတိန်ဖြစ်လာဖို့ အသင့်ဖြစ်နေပြီလို့ဆိုတဲ့ ရှာကာ

လာကာဇက် ရာသီကုန်မှာ ထွက်ခွာသွားခဲ့ရင် ပြင်သစ်သားကြီးရဲ့ အသင်းခေါင်းဆောင်နေရာ ဆက်ခံသူ ဘယ်သူဖြစ်လာနိုင်မလဲဆိုတာ အရင်က ကျွန်တော်တို့ ငြင်းခုန်ခဲ့ဖူးကြပါတယ်။ အဲ့ဒီအချိန်တုန်းက ရမ်စ်ဒေးလ်၊ တီယာနေး၊ အိုဒီဂတ်၊ ဂါဘရီယယ်တို့ဟာ ဘောလုံးရာသီမှာ အသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ ရေပန်းအစားခဲ့ဆုံးသူတွေ ဖြစ်ပါတယ်။  ဒါပေမယ့် ကျွန်တော်တို့ မမျှော်လင့်ထားတဲ့အရာ ရှိပါတယ်။ အဲ့ဒါကတော့ ဂရင်းနစ် ရှာကာရဲ့ တကျော့ပြန် ကပ္ပတိန်ဖြစ်လာခြင်းကိုပါပဲ။၂၀၁၉မှာ ရှာကာဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ပြန်အရွဲ့တိုက် လှောင်ပြောင်ခဲ့ပြီး သူ့ရဲ့ ကပ္ပတိန်လက်ပတ်ကို မြက်ခင်းပေါ်ပစ်ချ၊အသင်းဂျာစီကို ချွတ်ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။ဒီပြဿနာပြီးတဲ့နောက် ၂၀၂၀မှာ ရှာကာဟာ အသင်းကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အာတီတာဟာ ဆွစ်ဇာလန်သားကြီးကို အသင်းမှာ ဆက်ရှိနေအောင် စည်းရုံးထားနိုင်ခဲ့ပြီး အခုဆို ရှာကာဟာ အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။  ရှာကာရဲ့နောက် အူဘာမီယန်း၊လက်ရှိမှာ... Continue Reading →

၀က်စ်ဟမ်းအခက် အာဆင်နယ်အချက် ဖြစ်လာမလား

လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ဆယ်နာရီတိတိမှာ ၀က်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်ရဖို့ရှိနေပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်သလို ဥရောပ၀င်ခွင့်တစ်နေရာအတွက် ကြိုးစားနေကြတဲ့ အသင်းတွေလည်း ဖြစ်တာကြောင့် ဒီပွဲစဉ်ဟာ အကြိတ်အနယ်ရှိလာမှာ အသေအချာပါပဲ ။  အာဆင်နယ်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ  ချဲလ်ဆီး၊ မန်ယူတို့ကို နှစ်ပွဲဆက်အနိုင်ယူပြီး အံ့ဩစရာတွေ လုပ်ပြခဲ့ပြီးပါပြီ။ လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပြီး အဆင့်ငါးနေရာကို စပါးကို နှစ်မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ စိတ်ဓာတ်တွေ တက်ကြွနေတဲ့ အမြှောက်တပ်သားတွေဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်တွေကို ချေမှုန်းဖို့အတွက် အကောင်းဆုံး စိတ်ဓာတ်အနေအထားမှာ ရှိနေပါတယ်။ ၀က်စ်ဟမ်းကိုသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ ထိပ်သီး၇သင်းထဲက သုံးသင်းကို သုံးပွဲဆက်အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။  ၀က်စ်ဟမ်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီး ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ... Continue Reading →

ပေါင် ၈၄သန်းတန် ဗစ်တာအိုဆီမှန်ကို ခေါ်ယူဖို့ ကြံရွယ်လာတဲ့ မန်ယူနိုက်တက်

၂၈ပွဲမှာ ၁၆ဂိုး သွင်းယူထားတဲ့ အသက် ၂၃နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှုး ဗစ်တာအိုဆီမှန် ကို မန်ယူနိုက်တက်က အာဆင်နယ်နဲ့ နယူးကာဆယ်တို့ထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ သရဲနီတွေက နာပိုလီအသင်းတောင်းဆိုတဲ့ စျေးနှုန်းပမာဏကို ပေးချေနိုင်စွမ်းရှိနေတဲ့အပြင် အသင်းရဲ့ပုံရိပ်ကြီးမားမှုကို အသုံးချကာ ကစားသမားကို ဆွဲဆောင်နေတာပါ။ မန်ယူနိုက်တက်ဟာ ဘင်ဖီကာတိုက်စစ်မှုး ဒါဝင်နူနက်ဇ်ကိုလည်း စိတ်ဝင်စားနေပြီး နည်းပြသစ် အဲရစ်တန်ဟက်က တိုက်စစ်မှုးကာဗာနီရဲ့ နေရာမှာ အစားထိုးလိုနေတာပါ။ နည်းပြသစ်လက်ထက်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှုး စီရော်နယ်ဒိုကိုလည်း ကစားပုံမကိုက်ညီမှုတွေ ရှိနေမှာဖြစ်တာကြောင့် လူစာရင်းကနေ ပယ်ထုတ်ဖို့ ကြံရွယ်နေပုံ ရပြီး အာဆင်နယ်နဲ့အပြိုင် တိုက်စစ်မှုးတွေ ရှာဖွေတော့မှာလည်း ဖြစ်ပါတယ်။ တဖက်မှာလည်းပဲ  ရိုနယ်ဒိုက အသင်းရဲ့ပြသနာမဟုတ်တာကြောင့် ထုတ်ပစ်ရမှာ  သူမဟုတ်ဘူးဆိုတဲ့အငြင်းပွားမှုတွေလဲရှိနေပါတယ်။ အိုဆီမန်နဲ့ပတ်သတ်ပြီး  အသင်းဖက်က ပေါင် ၈၄... Continue Reading →

အဲရစ်တန်ဟက်ရဲ့လက်အောက်မှာ မန်ယူနိုက်တက်ကို ဘယ်လိုပြန်လည်တည်ဆောက်ရမလဲ

ပြီးခဲ့တဲ့အပတ်တုန်းက  အာဆင်နယ်အသင်းနဲ့ပွဲမကစားခင် သတင်းစာရှင်းလင်းပွဲမှာ ရက်ဂ်နစ်က ''သူတို့တွေ(အာဆင်နယ်)က  မနှစ်က အတွေ့အကြုံတွေအပေါ် အခြေ ခံပြီး လမ်းကြောင်းမှန်ကို သွားနေကြပါတယ်။ အသင်းမှာ ခြေစွမ်းကောင်းတဲ့လူငယ်တွေ ထပ်ပေါင်းတယ်။ ဥပမာ အော်ဒီဂတ်ပေါ့။ ပြီးတော့ သူတို့ရဲ့ ကစားပုံနဲ့ မကိုက်တဲ့သူတွေကို အသင်းကနေ ထုတ်ပစ်ခဲ့တာကလည်း ကောင်းတဲ့အချက်ပါပဲ'' ဆိုပြီး အာဆင်နယ်အပေါ် သုံးသပ်ခဲ့ပါတယ်။ မန်ယူနိုက်တက်နဲ့ ပက်သက်ပြီးတော့လည်း ''အဲရစ်တန်ဟက်နဲ့ ကျွန်တော် လူချင်းတွေ့ပြီး စကားမပြောရသေးပါဘူး။ ကျွန်တော့်အကြံဥာဏ်တွေ သူတောင်းလာခဲ့ရင်လည်း ပေးသွားဖို့ အသင့်ပါပဲ။ ဒါပေမယ့်လည်း သူ့မှာ သူ့ကိုယ်ပိုင်အိုင်ဒီယာတွေ ရှိနေမှာပါ'' လို့ ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ နည်းပြအာတေတာကို အချိန်ပေးပြီး အသင်းကို စိတ်ရှည်ရှည်နဲ့ တည်ဆောက်နေတာကို တွေ့ရပါတယ်။ မန်ယူနိုက်တက်ဖန်တွေ ကိုယ်တိုင်က မန်ယူနဲ့ အာဆင်နယ်ကို နှိုင်းယှဥ်တာမျိုး... Continue Reading →

သရဲနီတွေကို အနိုင်ရခဲ့တဲ့ အမ်းမရိတ်တိုက်ပွဲရဲ့ ဟီးရိုးသို့မဟုတ် ဂရန်းနစ်ရှာကာ  

(၂-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့တဲ့ မန်ချက်စတာသားတွေဟာ ဒုတိယပိုင်းအစကတည်းက အာဆင်နယ်ကို တောက်လျှောက်ကို ဖိအားပေးနေခဲ့ပါတယ်။ ပထမပိုင်းမှာ စီဒရစ်ကို အားမရခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တွေဟာ ဒုတိယပိုင်း အရောက်မှာတော့ အဖွင့်ဂိုးရှင် တာဗာရက်စ်ကို မေတ္တာပို့နေရပါတယ်။ အားလုံးဟာ ရင်တထိတ်ထိတ်နဲ့ ပွဲကို ဆက်စောင့်ကြည့်နေရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲသွားချိန်မှာ ရင်ထဲမှာ အပူလုံးကြီးတစ်ခုကျခဲ့ရပါတယ်။  အဲ့ဒီအချိန်မှာ ကျွန်တော်တွေးနေမိတာကတော့ အာဆင်နယ် နောက်ထပ်သွင်းဂိုးတစ်ဂိုးရဖို့ လိုနေပါပြီ။မဟုတ်ရင်တော့ မလွယ်တော့ပါဘူး။ကျွန်တော်တို့ရဲ့ အနိုင်ရလဒ်ကို စိတ်ချရဖို့ နောက်ထပ်သွင်းဂိုး တစ်ဂိုးနဲ့အတူ မန်ချက်စတာသားတွေရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးဖို့ လိုနေပါပြီ။  ပွဲချိန် ၆၇မိနစ်မှာတော့ ကျွန်တော်တို့ရဲ့ ကဒ်မင်းသားကြီး ရှာကာဟာ အဝါကဒ်ထိခဲ့ပြန်ပါတယ်။ ဘောလုံးဖျက်ထုတ်ပုံ ကြမ်းလို့တော့ မဟုတ်ပါဘူး။ မန်ယူကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးလိုက်ချိန်မှာ ရှာကာက မကျေမနပ်နဲ့ ဘောလုံးကို လေပေါ်... Continue Reading →

စပါး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် တို့အနက် ဘယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရသွားမလဲ

၂၀၁၂ ခုနှစ်တုန်းက အာဆင်နယ်နည်းပြကြီးအာဆင်ဝင်းဂါးဟာ အသင်းရဲ့ ပရိတ်သတ်တွေနဲ့ နှစ်ဥ်အထွေထွေတွေ့ဆုံပွဲမှာ ဆုံကြတဲ့အခိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရတာဟာလည်း ဖလားတစ်လုံးရသလိုပါပဲလို့ ပြောကြားခဲ့ဖူးပါတယ်။ ''ကျွန်တော့်အတွက်တော့ နှစ်တိုင်း ဖလားငါးလုံး ရှိပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FAဖလား၊ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေပါပဲ'' ဆိုပြီး အသင်းရဲ့ရှယ်ယာရှင်တွေကို ပြောကြားခဲ့တာပါ။ အခုအချိန်မှာ မန်စီးတီးနဲ့ လီဗာပူးလ်က ဖလားလုနေရပြီဖြစ်သလို ချယ်ဆီးကလည်း ဘယ်သူဘာဖြစ်ဖြစ် သူကတော့ ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်ဖို့ များသွားပါပြီ။ အဆင့် ၄နေရာကိုတော့ စပါး၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်က အပြိုင်ဖြစ်နေသလို ဖျက်မြင်း ဝက်စ်ဟမ်းကလည်း ကပ်လိုက်လျက် ရှိနေပါတယ်။ အန်တိုနီယိုကွန်တီရဲ့ စပါးအသင်းဟာ ၆ပွဲကစားဖို့ ကျန်သေးပြီး အာဆင်နယ်ရဲ့ အထက်မှာ ရမှတ်တူ၊ ဂိုးကွာခြားချက်အကွာ၊ စုစုပေါင်း ၅၇မှတ် စုဆောင်းထားနိုင်ပါတယ်။ ကွန်တီရဲ့အသင်းက... Continue Reading →

လက်စတာကွင်းလယ်လူကို ခေါ်ဖို့ စပါးနဲ့အပြိုင်လုရဖို့ ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ လက်စတာကွင်းလယ်လူတွေ ဖြစ်တဲ့ တိုင်လ်မန်း၊ မက်ဒီဆင်တို့ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့တယ်။ တိုင်လ်မန်းဟာ  အမ်းမရိတ်နဲ့ပိုပြီး သင့်တော်တဲ့ ကစားသမားဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေသလို မက်ဒီဆင်အပေါ်ကိုလည်း အာဆင်နယ်ဟာ စိတ်၀င်စားမှုရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ဆက်တိုက်ကို ထွက်ပေါ်နေဆဲပါပဲ။  နောက်ဆုံးရသတင်းအချို့အရ မက်ဒီဆင်ကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကလည်း အပြိုင် ကြိုးစားလာဖို့ ရှိနေတယ်လို့ သိရပါတယ်။  မက်ဒီဆင်ဟာ လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာ လက်စတာအတွက် ပြိုင်ပွဲစုံ၄၂ပွဲကစားထားပြီး ၁၃ဂိုးသွင်း၊ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ မက်ဒီဆင်ဟာ လက်စတာမှာ စာချုပ်သက်တမ်း၂နှစ်ကျန်သေးပေမယ့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။  မက်ဒီဆင်ကို အာဆင်နယ်ဟာ ခေါ်ယူဖို့ စိတ်၀င်စားနေပြီး စပါးအသင်းဟာ အာဆင်နယ်အတွက်... Continue Reading →

ဆာကာ ပြောပြလာတဲ့ သူ့ရဲ့အကြိုက်ဆုံးများ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားလေး ဘူကာယိုဆာကာကတော့ သူရင်ဆိုင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုဘက်စကွက်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူ့ကိုလည်း အရှက်တကွဲအကျိုးနည်း ဖြစ်စေခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။ ဘူကာယိုဆာကာနဲ့ ဆာဂျီယိုဘက်စကွက်တို့ဟာ ကလပ်မှာရော နိုင်ငံအသင်းမှာပါ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးကြတာလည်း ဖြစ်ပါတယ်။ ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာအသက်၂၀အရွယ် အာဆင်နယ် ကစားသမားလေးက ''ကျွန်တော်တို့ ၂၀၁၉တုန်းက အာဆင်နယ်နဲ့ ဘာစီလိုနာ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဆုံကြတုန်းကပေါ့။ ကျွန်တော်က သူ့ကို တစ်ဖက်ကို အယောင်ပြပြီး နောက်တစ်ဖက်ကနေ ဝင်လုဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ​ကတော့ သာသာယာယာပဲ အကြိမ်ကြိမ် ရှောင်ရှောင်ထွက်သွားတာပါ။ ကျွန်တော်ပဲ​ အကြိမ်ကြိမ် ကိုးရို့ကားယား ဖြစ်ပြီး ကျန်နေခဲ့ရတာပါ။ တကယ်ကိုကောင်းလွန်းတဲ့သူပါ။ မမေ့နိုင်စရာပါပဲ။'' ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဆာကာဟာ စီနီယာကစားသမားတွေအပေါ် လေးစားမှုအမြဲပြသတတ်သူဖြစ်ပြီး လူချစ်လူခင်လဲများပြားသူဖြစ်ပါတယ်။... Continue Reading →

ပေပေ အထွက်၊ ဘေးလ် အဝင် ဖြစ်လာမလား

အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ စံချိန်တင်အပြောင်းအရွှေ့ရှင် နီကိုလပ်စ်ပေပေကို ပေါင် ၂၅သန်းခန့် ရရင်ကိုပဲ ရောင်းထုတ်တော့မယ်ဆိုတဲ့သတင်းဟာ တမဟုတ်ခြင်း ပျံနှံ့လာခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ အိုဒီဂါ့ဒ်၊ ဘူကာယိုဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီတို့ရဲ့ ခြေစွမ်းပြနေမှုတွေကြောင့်လည်း နီကိုလပ်စ်ပေပေရဲ့ အနာဂါတ်ဟာ မြန်မြန်ပဲ အဆုံးသတ်ဖို့ ဖြစ်လာနေပါပြီ။ ပေပေဟာ ပင်ကိုယ်ပါရမီကောင်းသူဖြစ်ပေမယ့် ခြေစွမ်းမတည်ငြိမ်ခြင်း ၊ သူ့ရဲ့ ကစားဟန်ကြောင့် အသင်းလိုက်ကစားကွက်မှာ များသောအားဖြင့် Delay ဖြစ်ခြင်းတို့ကြောင့် ပထမကစားသမားနေရာကနေ လျောကျခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ ပေပေရဲ့နေရာမှာ ပြန်လည်ခေါ်ယူဖို့ ဒီနှစ်ကုန်ရင် ရီးရဲမက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂါရတ်ဘေးလ်ကို ပြန်လည် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ တော့တင်ဟမ်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အခုချိန်မှာတော့ ရီးရဲမက်ဒရစ်မှာ ပွဲထွက်ကစားခွင့် နည်းပါးလာနေပြီး နောက်ဆုံး လူစားဝင်ကစားခဲ့တဲ့ ဂီတာဖေးနဲ့ ပွဲစဥ်မှာလည်း မက်ဒရစ်ဒစ္စတာတွေက... Continue Reading →

Website Powered by WordPress.com.

Up ↑