အာတီတာရဲ့ တိုက်စစ်အဖြေမရှာနိုင်ခဲ့မှုကြောင့် Top 4 ဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုလာတဲ့ ဂန္တဝင်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှုးကြီး အီယန်ရိုက် ကတော့ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အူဘာမီယန်းကို ထွက်ခွာခွင့်ပေးပြီး အစားထိုးတိုက်စစ်မှုး ပြန်လည်မခေါ်ယူနိုင်ခဲ့တဲ့ အာတီတာရဲ့အသင်းဟာ ထိပ်သီးလေးသင်းစာရင်းဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဖီအိုရင်တီးနားတိုက်စစ်မှုး (လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှုး) ဒူဆန်ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ ယူဗင်တပ်စ်အသင်းကိုသာ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒါကြောင့်မို့ အသင်းဖော်ဖြစ်သူ ဂျူဗင်တပ်စ်တိုက်စစ်မှုး အဲဗာရိုမိုရာတာကို နောက်ဆုံးအချိန်မှာ ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားဖက်က ငြင်းပယ်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ကစားသမားသစ် စာချုပ်မချုပ်နိုင်ခဲ့ဘဲ လက်ကျန်ရာသီဝက်ကို ပထမရာသီဝက်ထက် ပိုမိုချို့တဲ့စွာ ဖြတ်သန်းနေရပါတယ်။ အီယန်ရိုက်ရဲ့ ချန်ပီယံလိဂ်ဝင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ဝေဖန်ချက်ကို နောက်ထပ် ဂန္တဝင်တစ်ဦးဖြစ်တဲ့ အီမန်နျူရယ်ပီတစ် ကလည်း ထောက်ခံသွားခဲ့ပြီး '' အာဆင်နယ်ကစားသမားတွေက အရည်အသွေးတော့ ရှိကြပါတယ်။ ဒါပေမယ့် မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးလ်တို့နဲ့... Continue Reading →

ဆာကာ ပြောပြလာတဲ့ သူ့ရဲ့အကြိုက်ဆုံးများ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားလေး ဘူကာယိုဆာကာကတော့ သူရင်ဆိုင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုဘက်စကွက်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူ့ကိုလည်း အရှက်တကွဲအကျိုးနည်း ဖြစ်စေခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။ ဘူကာယိုဆာကာနဲ့ ဆာဂျီယိုဘက်စကွက်တို့ဟာ ကလပ်မှာရော နိုင်ငံအသင်းမှာပါ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးကြတာလည်း ဖြစ်ပါတယ်။ ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာအသက်၂၀အရွယ် အာဆင်နယ် ကစားသမားလေးက ''ကျွန်တော်တို့ ၂၀၁၉တုန်းက အာဆင်နယ်နဲ့ ဘာစီလိုနာ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဆုံကြတုန်းကပေါ့။ ကျွန်တော်က သူ့ကို တစ်ဖက်ကို အယောင်ပြပြီး နောက်တစ်ဖက်ကနေ ဝင်လုဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ​ကတော့ သာသာယာယာပဲ အကြိမ်ကြိမ် ရှောင်ရှောင်ထွက်သွားတာပါ။ ကျွန်တော်ပဲ​ အကြိမ်ကြိမ် ကိုးရို့ကားယား ဖြစ်ပြီး ကျန်နေခဲ့ရတာပါ။ တကယ်ကိုကောင်းလွန်းတဲ့သူပါ။ မမေ့နိုင်စရာပါပဲ။'' ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဆာကာဟာ စီနီယာကစားသမားတွေအပေါ် လေးစားမှုအမြဲပြသတတ်သူဖြစ်ပြီး လူချစ်လူခင်လဲများပြားသူဖြစ်ပါတယ်။... Continue Reading →

ပေပေ အထွက်၊ ဘေးလ် အဝင် ဖြစ်လာမလား

အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ စံချိန်တင်အပြောင်းအရွှေ့ရှင် နီကိုလပ်စ်ပေပေကို ပေါင် ၂၅သန်းခန့် ရရင်ကိုပဲ ရောင်းထုတ်တော့မယ်ဆိုတဲ့သတင်းဟာ တမဟုတ်ခြင်း ပျံနှံ့လာခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ အိုဒီဂါ့ဒ်၊ ဘူကာယိုဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီတို့ရဲ့ ခြေစွမ်းပြနေမှုတွေကြောင့်လည်း နီကိုလပ်စ်ပေပေရဲ့ အနာဂါတ်ဟာ မြန်မြန်ပဲ အဆုံးသတ်ဖို့ ဖြစ်လာနေပါပြီ။ ပေပေဟာ ပင်ကိုယ်ပါရမီကောင်းသူဖြစ်ပေမယ့် ခြေစွမ်းမတည်ငြိမ်ခြင်း ၊ သူ့ရဲ့ ကစားဟန်ကြောင့် အသင်းလိုက်ကစားကွက်မှာ များသောအားဖြင့် Delay ဖြစ်ခြင်းတို့ကြောင့် ပထမကစားသမားနေရာကနေ လျောကျခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ ပေပေရဲ့နေရာမှာ ပြန်လည်ခေါ်ယူဖို့ ဒီနှစ်ကုန်ရင် ရီးရဲမက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂါရတ်ဘေးလ်ကို ပြန်လည် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ တော့တင်ဟမ်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အခုချိန်မှာတော့ ရီးရဲမက်ဒရစ်မှာ ပွဲထွက်ကစားခွင့် နည်းပါးလာနေပြီး နောက်ဆုံး လူစားဝင်ကစားခဲ့တဲ့ ဂီတာဖေးနဲ့ ပွဲစဥ်မှာလည်း မက်ဒရစ်ဒစ္စတာတွေက... Continue Reading →

စပါးအသင်းက အရမ်းကောင်းနေတာမဟုတ်ပါဘူး – နဗီးလ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင်နဗီးလ်ကတော့  စပါးအသင်းအနေနဲ့ အခုလို ချန်ပီယံလိဂ်ဝင်ခွင့်မှာ ဦးဆောင်နေတာက အသင်းအနေနဲ့သိပ်ကောင်းလို့ မဟုတ်ပဲ  ပြိုင်ဖက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ ခြေချော်နေလို့သာဖြစ်ကြောင်း ပြောဆိုလာပါတယ်။ ဒါ့အပြင်  စပါးတိုက်စစ်မှာ ကစားသမားကောင်းတွေပေါများနေတာကလည်း (ကိန်း ၊ ဆွန် ၊ ကူလူဆက်စကီ ) အားသာချက်တစ်ခုဖြစ်ကြောင်းပြောဆိုလာပါတယ်။ “ စပါးအသင်းက သိပ်ပြီးကောင်းတယ်လို့လည်း ကျွန်တော်မထင်ပါဘူး။  ဒါပေမယ့်  နဲနဲချင်းတော့တိုးတက်နေတာကတော့အမှန်ပါ။ အာဆင်နယ်အသင်းတောက်လျှောက်ကောင်းနေတာကိုဖယ်လိုက်ရင် သူတို့က အရှိန်အမြန်ဆုံးပါပဲ .. အခု အာဆင်နယ်အသင်းလဲအမှတ်တွေစပြီးဆုံးရှုံးနေပြီ .. ယူနိုက်တက်ကလဲ သိတဲ့အတိုင်းပဲမဟုတ်လား ..  ဒီတော့ သူတို့ပိုရှေ့ရောက်လာတာပေါ့ .  ကျွန်တော်ကတော့ သူတို့အရမ်းကောင်းနေတယ်လို့ မထင်ပါဘူး .. ပြီးခဲ့တဲ့ရက်အနဲငယ်လောက်ကပဲ ကွန်တီက ပြောခဲ့တာမဟုတ်လား  .. သူ လာမယ့်နွေရာသီမှာ အင်အားဖြည့်ဖို့လိုတယ်ဆိုပြီး .. ... Continue Reading →

အဆန်စီယိုကို အေစီမီလန်နဲ့အပြိုင်လုဖို့ သေချာသွားပြီဖြစ်တဲ့ အာဆင်နယ်

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၁၈လသာကျန်တော့တဲ့ တိုက်စစ်ကစားသမား အဆန်စီယိုကို အာဆင်နယ်က ခေါ်ယူဖို့ ကြိုစားနေတယ်ဆိုတဲ့ သတင်းကို ကစားသမားဘက်က အတည်ပြုလာခဲ့ပါတယ်။ အာဆင်နယ်အနေဲ့ အသက်၂၆နှစ်အရွယ်ကစားသမားကို အမ်းမရိတ်ဆီအရောက်ခေါ်ဆောင်ဖို့ ပေါင်၂၅သန်းလောက် အသုံးပြုရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။  ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အာဆင်နယ်ဟာ အဆန်စီယိုကို ခေါ်ယူဖို့ ချဉ်းကပ်လာတယ်ဆိုတဲ့ သတင်းကို အတည်ပြုပေးခဲ့ပြီး မြောက်လန်ဒန်အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့အတွက် အီတလီထိပ်သီး အေစီမီယန်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာကိုလည်း အသိပေးလာခဲ့ပါတယ်။  https://videopress.com/v/O049eXvJ?resizeToParent=true&cover=true&autoPlay=true&loop=true&muted=true&persistVolume=false&playsinline=true&preloadContent=metadata&useAverageColor=true “မီလန်ရဲ့စိတ်၀င်စားမှုအတွက် ကျွန်တော်တို့ ဂုဏ်ယူရပါတယ်။ အာဆင်နယ်အပါအ၀င် ပရီးမီးယားလိဂ်အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် မီလန်လည်း ရွေးချယ်စရာ တစ်ခုပါပဲ။ကမ်းလှမ်းမှုတိုင်းကို ကျွန်တော်တို့ သေချယ ဆန်းစစ်နေပါတယ်”  အဆန်စီယိုဟာ လက်ရှိရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ၃၄ပွဲကစားထားပြီး သွင်းဂိုး၁၀ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (9Apr)

ဆမ်ဘီအစွမ်းပြရမယ့်အချိန်ဖြစ်ကြောင်း အာတီတာပြော အာဆင်နယ်နည်းပြ အာတီတာက  ဆမ်ဘီလိုကွန်ဂါအနေနဲ့ သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသနိုင်မယ့် အချိန်ဖြစ်ကြောင်း ပြောဆိုလာပါတယ်။ “ ရာသီအစောပိုင်းတုန်းကတော့  သူတော်တော်လေးကစားဖြစ်ခဲ့တယ်ဗျ ..​ဒါပေမယ့် နောက်ပိုင်းမှာတော့ ဥရောပပွဲတွေလဲမရှိတော့ပွဲထွက်ခွင့်သိပ်မရခဲ့ဘူး။  အခုအချိန်ကတော့ သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသဖို့ အခွင့်ကောင်းပါပဲ “ လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာတာဖြစ်ပါတယ်။ ၆ ဂိုးရှင် မီဒမ်မာ အာဆင်နယ်အမျိုးသမီးအသင်းရဲ့တိုက်စစ်မှုး မီဒမ်မာဟာ  ဆိုက်ပ်ရပ်စ်အသင်းကို  ၁၂ -  ၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ  ၆ ဂိုးသွင်းယူ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အဆင့် ၅ ရှိတဲ့ နယ်သာလန်အမျိုးသမီးအသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး အုပ်စုတွင်းမှာ အိုက်စလန်ထက် တစ်ပွဲပိုကစားပြီး  ၂ မှတ်ဖြတ်ထားနိုင်တာဖြစ်ပါတယ်။  နယ်သာလန်နဲ့ အိုက်စလန်တို့ဟာ စက်တင်ဘာလ ၆ ရ​က်မှာ... Continue Reading →

အမ်းမရိတ်မှာ ချန်ပီယံလိဂ် အိပ်မက်ကို တဖန်ပြန် အသက်သွင်းနိုင်မလား – ပွဲကြိုသုံးသပ်ချက် 

အာတီတာတို့ လူစုအနေနဲ့ အခက်ဆုံးစိန်ခေါ်မှုတွေကို ကျော်ဖြတ်ရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒဏ်ရာပြဿနာ၊ ဂိုးပြတ်ရှုံးနိမ့်မှုကိုတွေ ကြုံတွေ့ခဲ့ပြီးတဲ့နောက် အာတီတာတို့ အပေါ် ဖိအားတွေ ပိုများလာခဲ့ပြီး အခုညနေမှာ ယှဉ်ပြိုင်ကစားရမယ့် ဘရိုက်တန်နဲ့ပွဲစဉ်ကို အိမ်ကွင်းပရိသတ်တွေရှေ့မှာ အနိုင်ယူပြီး နောက်လာမယ့် ပွဲစဉ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေ ရှာဖွေရမှာ အမှန်ပါပဲ။  တီယာနေးက ဒဏ်ရာရသွားခဲ့ပြီး တာဗာရက်စ်ရဲ့ အရည်အသွေးကိုလည်း အာတီတာအနေနဲ့ ယုံကြည်မှုနည်းပါးနေခဲ့တာ တွေ့ခဲ့ရပါတယ်။ တိုမီယာဆုကလည်း ဒဏ်ရာက မသက်သာသေးသလို ပါတေးကပါ ထပ်ပြီးဒဏ်ရာရသွားခဲ့တာကြောင့် အာတီတာအနေနဲ့ လက်ကျန်ပွဲစဉ်တွေကို ဘယ်ကစားသမားတွေ၊ ဘယ်လို နည်းစနစ်အပြောင်းအလဲတွေနဲ့ ယှဉ်ပြိုင်ရမလဲဆိုတာ ခေါင်းခဲစရာပါ။ ဘရိုက်တန်နဲ့ ပွဲစဉ်မှာတော့ ချန်ပီယံလိဂ်၀င်ခွင့် ပုစ္ဆာအတွက် အာတီတာထုတ်လာမယ့် အဖြေကို တွေ့မြင်ရဖို့ ရှိနေပါတယ်။  စနေ‌ နေ့မှာ အမြှောက်တပ်သားတွေ ရင်ဆိုင်ရမယ့် ဘရိုက်တန်က... Continue Reading →

နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့် အာဆင်နယ်နဲ့ယူနိုက်တက်တို့ရဲ့ပွဲကောင်းတစ်ပွဲ

ဧပြီလ ၁၆ရက်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့်  အမှတ်တရပွဲကောင်းတစ်ပွဲကို ဒီဆောင်းပါးကနေဆင့် ပြန်လည်ပြောပြချင်ပါတယ်။ ၂၀၀၂- ၂၀၀၃ ခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့  မန်ချက်စတာယူနိုက်တက်အသင်းတို့ ဟိုက်ဘူရီမှာ  ၂ - ၂  စီသရေကျခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။  ပွဲကောင်းများစွာရှိတဲ့အထဲကမှ ဘာကြောင့်အခုပွဲကို အမှတ်တရပြန်ပြောရသလဲဆိုရင်တော့  လက်ရှိအချိန် ၊ အခြေအနေ နဲ့အနဲငယ်ဆင်တူနေတဲ့အခြေအနေအချို့ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ အသင်းတွေရဲ့ရပ်တည်မှုတွေကတော့ ထိုစဥ်ကနဲ့ ကွာခြားနေခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အမှတ်ဖြတ်ပြီးဦးဆောင်နေချိန်ဖြစ်ပြီး ယူနိုက်တက်တို့က နောက်ကနေဆက်တိုက်ဖိအားပေးနေတာဖြစ်ပါတယ်။ ရာသီကုန်မှာလည်း  ယူနိုက်တက်တို့ချန်ပီယံဖြစ်ခဲ့ကြပါတယ်။  ခြေစွမ်းနဲ့အနေအထားကွာခြားပေမယ့် လက်ရှိအချိန်မှာ (ဆောင်းပါးရေးနေချိန်) အာဆင်နယ်အသင်းက နှာတဖျားအသာနဲ့ ကိုယ့်ရဲ့ရပ်တည်မှုကို ထိမ်းသိမ်းနေရပါတယ်။ ထိုအချိန်များတုန်းက အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဥ်တွေဆိုရင်  တစက္ကန့်တောင် အလွတ်ပေးလို့မရတဲ့ အခိုက်အတန့်တွေများစွာပါဝင်လေ့ရှိတာဖြစ်ပါတယ်။ ယခုပွဲမှာလည်း အလွန်ပြန်ပြောပြစရာအချက်တွေရှိပါတယ်။ ပွဲဆီပြန်သွားကြရအောင်။ နှစ်သင်းစလုံးဟာ ပွဲစကတည်းကလျှင်မြန်စွာပဲ... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (8Apr)

အပြန်အလှန်အားပေးခဲ့ကြတဲ့  အာဆင်နယ်လူငယ်များ ဝေဖန်မှုတွေများစွာကိုရရှိနေသလို ကာယကံရှင် ကိုယ်တိုင်လဲ စိတ်ဓါတ်ကျဆင်းနေတာကို သိသိသာသာမြင်နေရတဲ့  နောက်ခံအစွန်လူ တာဗာရက်စ်ကို အခြားလူငယ်ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါက “ မင်းဘာလဲဆိုတာ ပြလိုက်စမ်းပါ “ ဆိုပြီး Comment ရေးသားကာ အားပေးလာခဲ့ပါတယ်။ တာဗာရက်စ်ဟာ သူ့အခြေအနေကျဆင်းနေကြောင်း လူသိရှင်ကြားဖွင့်ဟအပြီးမှာ ဆမ်ဘီကလည်း အခုလိုမျိုးအားပေးမှုကို ပြသပေးခဲ့တာဖြစ်ပါတယ်။ ဒီဘားလားကို အာဆင်နယ်ဆက်သွယ်ထားကြောင်း The Mirror ရေးသား အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ တူရင်မြေကို စွန့်ခွာတော့မယ့်  ဒီဘားလားကို ဆက်သွယ်မှုပြုလုပ်ထားခဲ့ပြီဖြစ်ကြောင်း The Mirror သတင်းစာက  အခြားသတင်းများကို ကိုးကားကာရေးသားလာပါတယ်။  အဆိုပါဆောင်းပါးအရ  အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ဟာ အာဂျင်တိုင်းသားအတွက်ပြိုင်ဆိုင်ရဖွယ်ရှိကြောင်းသိရပါတယ်။ ရိုက်စ်ကို ချီးကျူးရင်း အာဆင်နယ်မှာ မြင်ချင်ကြောင်း  ဝီးရှိုင်းယားပြောကြား ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားက  ဒီကလန်ရိုက်စ်ကို ချီးကျူးပြောကြားလိုက်ပြီး   အာဆင်နယ်အသင်းကို... Continue Reading →

ကြိုမြင်နေရတဲ့ နွေရာသီအငြင်းအခုံများ

တကယ်လို့ ရာသီအစ ၃ ပွဲအပြီးမှာသာ ပရိသတ်တွေကို   “ရာသီကုန် အာဆင်နယ်အသင်း ယူရိုပါလိဂ်၀င်ခွင့်ပဲရမယ်ဆို ကျေနပ်မလား” လို့ မေးရင်  အလွယ်တကူ ခေါင်းညိမ့်မိကြမှာပါ။ ခုအချိန် ဒီမေးခွန်းကို မေးရင်တော့ “ဒီလောက်နဲ့တော့ မကျေနပ်နိုင်ပါဘူး”လို့ ဖြေကြမှာဖြစ်ပါတယ်။  ဘောလုံးပွဲတစ်ပွဲရလဒ်မကောင်းတဲ့အခါ  ၃ - ၄ ရက်လောက်ထိအရှိန်ပါသွားတတ်တာဖြစ်လို့  အာဆင်နယ်ပရိတ်သတ်တွေဟာ  ပဲလေ့စ်ရှုံးပွဲကနေ နာလံထူဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမတိုင်မီမှာ ခြင်္သေ့ပြာတွေရဲ့ အဆင့်သုံးနေရာကိုပဲ ဂန်းနားတွေ တက်သိမ်းတော့မလားဆိုပြီး မျှော်လင့်နေရာက သုံးဂိုးပြတ်အရှုံးဆိုတဲ့ ရလဒ်ကို ကြုံလိုက်ရတဲ့အခါ ပရီတ်သတ်တွေဟာ သက်ပြင်းချရုံကလွဲ ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။  အရံအင်အားနဲပါးခြင်း ၊ ငယ်ရွယ်လွန်းလှတဲ့လူစာရင်း၊ အတွေ့အကြုံရှာနေဆဲ လူငယ်မန်နေဂျာ တစ်ယောက်နဲ့ ရုပ်လုံးတစ်ခုပေါ်လာစ အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်ကို စိန်ခေါ်နိုင်မယ့် အနေအထားမှာရှီနေတယ်လို့ ဘယ်သူမှ... Continue Reading →

Website Powered by WordPress.com.

Up ↑