Mirror ကဖော်ပြလာတဲ့ အသင်းကြီးတွေ အလွတ်ခေါ်လို့ရမယ့် ကစားသမား ၅ဦး

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ကစားရတော့မှာ ဖြစ်တာကြောင့် လူအင်အားကို အလုံးအရင်းနဲ့ ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘန်ဝိုက်၊ အော်ဒီဂတ်၊ ရမ်စဒေးတို့ကို သန်းတစ်ရာသုံးပြီး ခေါ်ယူခဲ့သလိုမျိုး လာမယ့်အပြောင်းအရွှေ့မှာလည်း လုပ်ပြဖို့လိုနေပါပြီ။ ထို့အတူ မန်ချက်စတာယူနိုက်တက်ကလည်းပဲ ပြန်လည်တည်ဆောက်ရေးကာလအတွက် ကစားသမားတွေကို အများကြီးခေါ်ယူမယ့်ပုံပါပဲ။ ဘာစီလိုနာအသင်းကလည်း  အပြောင်းအရွှေ့စျေးကွက်မှာ  သေချာပေါက်ပွဲကြမ်းဦးမှာပါ။ ဒါ့ကြောင့်လည်း အဆိုပါအသင်းတွေဟာ ခုကတည်းက ကစားသမားအတော်များများနဲ့ ချိတ်ဆက်နေပြီဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေခဲ့ပါတယ်။ Mirror သတင်းဌာနကတော့  အလွတ်ခေါ်ယူလို့ရတဲ့ ကစားသမား ၅ယောက်စာရင်းကို ခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။ ဆမ်ဂျွန်စတုန်း ရမ်းစဒေးကို မခေါ်ခင်ကတည်းက အာဆင်နယ်ဟာ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့ စဥ်းစားခဲ့ဖူးပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာတော့ အဆိုပါ အင်္ဂလန်လက်ရွေးစင်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို အာဆင်နယ်အသင်းကလည်း... Continue Reading →

ရလဒ်မကောင်းခဲ့ပေမယ့် လေးစားမှုတွေရရှိခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးပွဲ

လက်ရှိချန်ပီယံဖြစ်တဲ့ မိမိတို့အားပေးသော ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ကနေ လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ပွဲကရသစုံလင်လွန်းခဲ့ပါတယ်။ ဂုဏ်ယူစရာ ၊ ပျော်ရွင်စရာအခိုက်အတန့်တွေရော ..  လှောင်ပြုံးပြုံးချင်စရာအခိုက်အတန့်တွေရာအစုံအလင်ပါပဲ။ ဒါပေမယ့်  ကမ္ဘာတစ်လွှားက ဘောလုံးပရိတ်သတ်တွေရဲ့လေးစားမှုကို ရရှိခဲ့သလို ၊  ချဲလ်ဆီးအားပေးသူတွေအတွက်လဲအနိုင်ရလဒ်ပြီးရင် ကျေနပ်စရာအကောင်းဖြစ်မယ်လို့ထင်ပါတယ်။ ပွဲမစခင်မှာ ရီးရဲ ကစားသမား ကတ်ဆီမဲရိုးက ပြောပါတယ်။  အရာအားလုံးပြီးဆုံးသလို ပြောဆိုနေတာကို သူလက်မခံကြောင်း ၊  မက်ဒရစ်တို့ရင်ဆိုင်နေရတာ  လက်ရှိချန်ပီယံဖြစ်ကြောင်း  ... မှတ်ချက်ပြုပြောဆိုရင်း လေးစားမှုကို ပြသခဲ့သလို သူတို့ရဲ့ ပြင်ဆင်မှုကိုလည်း  အသိပေးလာပါတယ်။ တကယ်လည်း ပွဲထဲမှာကစားတဲ့အခါ အလွန်သပ်ရပ်တဲ့ ၊  ရာသီစတုန်းက  မြင်ခဲ့ရတဲ့ အချိတ်အဆက်၊ တိုက်စစ်ဆင်မှု ၊ သေသပ်တဲ့ကန်သွင်းမှုတွေကို  ချဲလ်ဆီးထံကနေ တွေ့ခဲ့ရပါတယ်။ တကယ်ကိုပဲ  ၂ ဂိုးပြတ်ရှုံးထားတဲ့အသင်းဟာ ၀ - ၃ နဲ့ပြန်လည်ဦးဆောင်နိုင်သွားခဲ့တာပါပဲ။... Continue Reading →

“နောက်ထက်ဒီလိုမျိုး မဖြစ်ခံလို့မရတော့ပါဘူး” – အိုဒီဂတ်

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ပွဲအပြီးအင်တာဗျူးမှာတော့ အိုဒီဂတ်က ဒီရှုံးနိမ့်မှုဟာ အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ထိခိုက်မှုမရှိအောင်ပြုလုပ်ဖို့ အသင်းအနေနဲ့ လိုအပ်နေပြီလို့ဆိုပါတယ်။ ရှုံးနိမ့်ခဲ့တာကြောင့် အားလုံးအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် တဖန်ပြန်စုစည်းပြီး တိုက်ပွဲ၀င်ရမှာ ဖြစ်တယ်လို့ အိုဒီဂတ်က ဆိုပါတယ်။  လက်ကျန် ပွဲစဥ်ဆယ်ပွဲမှာလည်း အသင်းဟာ ရှုံးနိမ့်မှုကနေ အကောင်းဆုံးပြန်လာနိုင်ပြီး ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း အိုဒီဂတ်က ဆိုပါတယ်။  “ ဒီရှုံးနိမ့်မှုက ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ် အိမ်မက်ကို မထိခိုက်ဘူးဆိုတာ သေချာအောင်လုပ်ရမှာပါ။ ဒါက ပွဲစဉ်တစ်ပွဲတည်းသာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပွဲစဉ်တွေမှာ အနိုင်ရပြီး ကျွန်တော်တို့ ရှိရမယ့် အဆင့်မှာ ရပ်တည်နေနိုင်အောင် ကြိုးစားရမှာပါ။ ဆိုးရွားတဲ့ ပွဲစဉ်တစ်ပွဲဆိုတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ပွဲတည်းပဲ ဖြစ်လို့ရမှာပါ။ နောက်ပွဲစဉ်တွေမှာ... Continue Reading →

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုပါ သက်ရောက်လာနိုင်တဲ့ ပဲလေ့စ်နဲ့ပွဲ

ပွဲစဥ်တိုင်းက ဗိုလ်လုပွဲဖြစ်ကြောင်း  အာတီတာဟာ မကြာခနပြောဆိုခဲ့ပြီးဖြစ်ပါတယ်။  သို့သော်အမှတ်ပေးဇယားကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အခြေအနေကလည်း သပ်သပ်ဖြစ်ပါတယ်။ ဒီအပတ်ပွဲစဥ်တွေကစားအပြီးမှာ  ချန်ပီယံလိဂ်တိုက်ပွဲကို အားပျော့စေတဲ့အချက်ရော ၊ အားကောင်းစေတဲ့အချက်ရောက တူတူဖြစ်လာခဲ့ပါတယ်။ အားကောင်းစေတာကတော့  ချဲလ်ဆီးရဲ့ မထင်မှတ်ထားတဲ့ရှုံးပွဲဖြစ်ပြီး  အားလျော့သွားစေတာကတော့  ယူနိုက်တက်အသင်းရဲ့  သရေပွဲဖြစ်ပါတယ်။ ပွဲစဥ်ကွာဟချက်အချို့ရှိနေပေမယ့် လက်ရှိအမှတ်ပေးဇယားအရ  အဆင့် ၃ က ချဲလ်ဆီးနဲ့ အဆင့် ၇ က မန်ချက်စတာယူနိုက်တက်တို့ဟာ ၈ မှတ်သာကွာဟနေတာတွေ့ရပါတယ်။ တကယ်လို့  လက်စတာနဲ့ပွဲမှာသာယူနိုက်တက်တို့အနိုင်ရခဲ့ရင်   ၆ မှတ်သာကွာဟမှာဖြစ်ပြီး  ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပိုပြီးအကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။ ဒီတစ်ပတ် မှာ စပါးအသင်းအနိုင်ရပြီးတဲ့နောက် ပဲလေ့စ်ကွင်းမှာကစားရမယ့်  ပဲလေ့စ်နဲ့ အာဆင်နယ်တို့ပွဲဟာ အလွန်အရေးပါလာပြီဖြစ်ပါတယ်။ အာဆင်နယ်သာ အနိုင်ရမယ်ဆိုရင် စပါးအသင်းကို ပြန်ပြီးကျော်တက်နိုင်မှာဖြစ်သလို  တတိယနေရာက ချဲလ်ဆီးနဲ့လည်း  ၂ မှတ်သာကွာမယ့် အနေအထားကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ပဲလေ့်စ်သာနိုင်သွားခဲ့ရင်... Continue Reading →

ချဲလ်ဆီးအတွက်ရဲဘော်ရဲဖက်ကောင်းများ

ပြီးခဲ့တဲ့အပတ်  ချန်ပီယံလိဂ်ပွဲမတိုင်ခင်တုန်းက ပြင်သစ်မှာသွားကစားခါနီးမှာ ခရီးသွားဖို့အရေး ပြသနာတက်ကြပါသေးတယ်။ ဒီတော့နည်းပြတူချယ်က လိုအပ်ရင် သူကိုယ်တိုင်ကားမောင်းပြီးပို့မယ်ဆိုပြီးပြောပါတယ်။ ဒါ့အပြင် “ ခရီးစရိတ်မရှိရင် ကျွန်တော်စိုက်ပေးလိုက်မယ်ဗျာ “  လို့  ကွင်းလယ်တိုက်စစ်သမား ကိုင်ဟာဗက်စ်ကလည်း ပြောလိုက်ပါတယ်။​ ဒီစကားတွေဟာ စိတ်တိုလာလို့ပြောတာဖြစ်နိုင်သလို  ချဲလ်ဆီးနဲ့အတူဖြတ်သန်းရင်း  နှလုံးသားပါ တသားထဲဖြစ်သွား တာလဲဖြစ်နိုင်ပါတယ်။  တူချယ်ဟာ ရာသီကုန်အထိ အသင်းကိုဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းပြောဆိုပြီး ပရိတ်သတ်တွေကို စိတ်အေးစေခဲ့ပါတယ်။ ထိုအချိန်တုန်းက ချဲလ်ဆီးရဲ့အနေအထားက လက်တွဲဖော်ပါတနာတွေရဲ့ စွန့်ခွာမှုကို ဆက်တိုက်ကြုံနေရချိန်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ Trivago ရဲ့ဆက်လက် လက်တွဲမှုကိုရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်လုပ်ငန်း Raine Group ရဲ့ ဦးဆောင်မှုနဲ့အတူ ပိုင်ရှင်သစ်ကိုအမြန်ဆုံးရှာဖွေနေပြီလို့သိရပါတယ်၊။  ဒီဆောင်းပါးမှာတော့ အသင်းရဲ့အားကိုးရတဲ့ကစားသမား ဟာဗက်ဇ် အကြောင်းပြောကြတာပေါ့။ ကနဦးပေါင် ၆၂ သန်း ၊ အပိုဆုကြေးတွေပါထည့်လိုက်ရင် ပေါင် ၇၂... Continue Reading →

နံနက်ခင်းချဲလ်ဆီးသတင်းမှတ်စု (21 Mar)

သူ့ရဲ့ ကစားပုံနဲ့ကိုက်ညီတဲ့အသင်းသစ်တစ်သင်းကို ပြောင်းချင်နေတဲ့ လူကာကူ Football Insider ရဲ့ဖော်ပြချက်အရ တိုက်စစ်မှုးလူကာကူဟာ သူ့ရဲ့ကစားဟန်နဲ့ကိုက်ညီတဲ့ အသင်းသစ်တစ်သင်းဆီကိုပြောင်းရွှေ့ကစားလိုနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ပြသနာများစွာကြုံခဲ့ရတဲ့လူကာကူဟာ  ရာသီအစတုန်းကရရှိခဲ့တဲ ခြေစွမ်းတွေကို ပြန်လည်မရရှိသေးပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ နည်းပြတူချယ်ကလည်းတိုက်စစ်နေရာမှာ ကိုင်ဟာဗက်ဇ်ကို ပဲ ဆက်တိုက်အသုံးပြုနေခဲ့ပြီးကစားသမားကလည်း နောက်ဆုံး ၈ ပွဲမှာ ၈ ဂိုးထိသွင်းယူထားနိုင်ပါတယ်။ မူဆွန်ဒါကို အီတလီမြေဆီခေါ်ချင်နေတဲ့  မော်ရင်ဟို ရိုးမားနည်းပြမော်ရင်ဟိုဟာ  ချဲလ်ဆီးအသင်းအတွက် လစာမယူပဲကစားပေးချင်တယ်လို့ပြောဆိုခဲ့တဲ့ လူငယ်လေး မူဆွန်ဒါကို  အီတလီမြေသို့ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း Goal  ကဖော်ပြလာပါတယ်။ အဆိုပါ လူငယ်လေးဟာ ချဲလ်ဆီးနဲ့အတူ ၁၀ နှစ်တာဖြတ်သန်းခဲ့ပြီးဖြစ်ပေမယ့် ပထမကစားသမားဖြစ်မလာခဲ့သလို ဒဏ်ရာလဲဖိစီးခဲ့တာကြောင့် အသင်းဖက်ကစာချုပ်သစ်ဆက်မချုပ်တော့ဖို့ ဆုံးဖြတ်ထားတဲ့ကစားသမားလေးဖြစ်ပါတယ်။ ချူမန်နီကို လီဗာပူးလ်ကလဲ စောင့်ကြည့်လာနေ မိုနာကိုအသင်းရဲ့လူငယ်လေး ချူမန်နီကို စိတ်ဝင်စားနေတဲ့အသင်းထဲမှာ လီဗာပူးလ်လဲ ပါဝင်လာပြီဖြစ်ကြောင်း Foot... Continue Reading →

Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ(15Mar)

တော်ရဲရားအတွက် ဖီအိုဖက်ကငွေချေရန်အသင့် နာမည်ကျော်သတင်းထောက် ဖေဘရီဇီယိုရိုမာနိုဟာ  အငှားချကွင်းလယ်လူ တော်ရဲရားအတွက် ပေါင် ၁၂.၆ သန်းကိုပေးချေပြီး  အပြီးသတ်ခေါ်ယူဖို့အတွက် ဖီအိုရင်တီးနားဖက်က အသင့်ရှိနေကြောင်းပြောဆိုလာခဲ့ပါတယ်။ အပြီးသတ်ခေါ်ယူခွင့်ပါတဲ့အငှားစာချုပ်အရ ဖီအိုတို့ဟာ အခြေအနေကို ဆုံးဖြတ်ပိုင်ခွင့်ရှိနေပြီး ကစားသမားဖက်ကလည်းခြေစွမ်းပြထားနိုင်တာကြောင့် အပြီးသတ်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ  အငှားချကစားသမားတွေဖြစ်တဲ့ တော်ရဲရားနဲ့ ဂွမ်ဒူဇီတို့ကြောင်ပေါင် ၂၁ သန်းဝန်းကျင်ခန့်ရရှိမှာဖြစ်ပါတယ်။ ကွင်းလယ်ပစ်မှတ် ဒန်နီလိုကို ခေါ်ယူချင်သူတွေများလာပြီဖြစ်လို့ လက်မနှေးဖို့ သတင်းများဖော်ပြ အီတလီသတင်းစာ Calciomercato ရဲ့ဖော်ပြလာချက်အရ ဘရာဇီးကွင်းလယ်လူ ဒန်နီလိုဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတယ်လို့ဆိုလာပါတယ်။  ဒါ့အပြင် အသက် ၂၀ အရွယ်ကွင်းလယ်ကစားသမားလေးကို အီတလီကလပ်တွေကလည်း စောင့်ကြည့်နေကြတယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာကာရီယာကို အာဆင်နယ်တို့က အရင်သဘောကျခဲ့ပေမယ့်အဆုံးမှာတော့ ဂျူဗင်တပ်စ်အသင်းထံသို့ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ သုံးသပ်မှုကို ရှင်းပြရင်း  အာဆင်နယ်အသင်းက အဆင့် ၄... Continue Reading →

ဒီတစ်ခါ မာတင်နယ်လီ အလှည့်လား

ဘရန်းဖို့ဒ်နဲ့ပွဲတုန်းက ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ အသင်းသားတွေလဲခြေစွမ်းသိပ်မပြနိုင်တဲ့အခြေအနေ။ ဒီလိုနဲ့ပဲ ပထမပိုင်းအပြီးဆိုရှယ်မီဒီယာပေါ်မှာ အိုဒီဂတ်ဟာ အဆင့်မမှီကြောင်း ၊ စိတ်ပျက်စရာကစားသမားဖြစ်ကြောင်း ပြောဆိုရေးသားကြပါတယ်။  ပွဲအပြီးမှာတော့  အိုဒီဂတ်က အိုဇေးလ် လက်သစ်ဖြစ်ကြောင်း ချီးကျူးခဲ့ကြပါတယ်။ ဒါကတော့  ပွဲတစ်ပွဲမပြောနဲ့ .. တစ်ပိုင်းတောင်မှာ ခြေပျက်လို့မရတဲ့ ဆိုရှယ်မီဒီယာခေတ်ဘောလုံးကမ္ဘာပဲဖြစ်ပါတယ်။ အသင်းတိုင်းက ကစားသမားတွေဟာ အမျိုးစုံသောမှတ်ချက်တွေကြားမှာ   ရှင်ဘုရင်ဖြစ်လိုက်  ၊ သူဖုန်းစားဖြစ်လိုက်နဲ့ အားလုံးက တဝဲလည်လည်ဖြစ်နေခဲ့ကြပါတယ်။ ဒီစက်ကွင်းကနေ နည်းပြအာတီတာလဲမလွတ် ၊ လာကာဇက်လဲမလွတ် ၊ အိုဒီဂတ်လဲမလွတ်။ အခုတော့ မာတင်နယ်လီ အလှည့်ဖြစ်ပြီထင်ပါတယ်။ မာတင်နယ်လီ ခြေစွမ်းအနဲငယ်ယိမ်းယိုင်နေတာ  ၃ ပွဲခန့်ရှိပါပြီ။ သူ့အနေနဲ့ တဖက်နောက်တန်းတွေကို ထိုးဖောက်ရာမှာ ထင်တိုင်းမပေါက်ဖြစ်နေတဲ့ အခြေအနေပါ။ ဒါပေမယ့် ထိုက်သင့်တဲ့ခြေစွမ်းကိုတော့ ပြသထားနိုင်ဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ ဂိုးလဲသွင်းထားပါသေးတယ်။ ဒါပေမယ့် ပရိတ်သတ်က... Continue Reading →

ချဲလ်ဆီးသတင်းမှတ်စု (14Mar)

လူကာကူအတွက် အင်တာမီလန်အသင်းကို ပေးဖို့အကြွေးကျန်နေသေးတဲ့ အင်တာ The Sun   သတင်းစာရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှုးလူကာကူကို  အင်တာမီလန်အသင်းကနေ ခေါ်ယူခဲ့ခြင်းအတွက် ကနဦးပေးချေမှုအဖြစ်ပေါင် ၁၉ သန်းသာ ပေးထားခဲ့ပြီး  ၊  ပေါင် ၇၁  သန်းပေးချေဖို့ကျန်ရှိနေသေးကြောင်းသိရပါတယ်။ လူကာကူကို ကလပ်စံချိန်တင်ကြေး ပေါင် ၉၇.၅ သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ်ကို ယုံကြည်ကြောင်း ဂျော်ဂျင်ဟိုက အသင်း ဝက်ဘ်ဆိုက်ကနေ ထုတ်ပြောလာ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက ကစားဖော်ကိုင်ဟာဗက်ဇ်ကို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။  “ ကိုင်က တကယ့်အံ့သြစရာအစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်ပါပဲ။ သူကပွဲအဖြေကိုပြောင်းလဲနိုင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ယုံပါတယ်။ သူရဲ့ အလားအလာတွေ အရည်အသွေးတွေက မျက်မြင်ပါပဲ။ သူက အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး  ခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် “ ... Continue Reading →

သမိုင်းဝင်တွင်မယ့်အချိန်မှာ ခြသေ့်ပြာတွေဘယ်လိုဖြတ်သန်းသွားကြသလဲ

ချဲလ်ဆီးအသင်းဟာ မရေမတွက်နိုင်တဲ့အခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့နည်းပြကတော့  လက်တွဲမဖြုတ်စတမ်းဖြတ်ကျော်သွားကြမယ့်ပုံမှာရှိပါတယ်။ ဘောလုံးလောကမှာ ပရိတ်သတ်အားလုံးနှစ်သက်ရတဲ့  အဖြစ်အပျက်တွေ၊ အခိုက်အတန့်များစွာရှိပါတယ်။  ဥပမာ အရှုံးကနေပြန်လာတာ ၊ အားကစားစိတ်ဓါတ်ကို ပြသနိုင်တာ ၊  လေးစားဖွယ်ရာအပြုအမူကိုပြုလုပ်တာ စသည်ဖြင့်ပေါ့လေ။  စတီဗင်ဂျာရတ်ရဲ့ သစ္စာရှိမှု ၊ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးမိနစ်အောင်ပွဲ ၊ အာဆင်နယ်အသင်းရဲ့ ရွှေဖလား  ၊ ဘာစီလိုနာရဲ့  အောင်ပွဲ စတာတွေဟာ  ဘောလုံးပရိတ်သတ်မှန်ရင်  မိမိအားပေးသော အသင်းဟုတ်ဟုတ် မဟုတ်ဟုတ် အသိအမှတ်ပြုလေးစားပေးကြတာပဲဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း လုပ်ပွဲအရှုတ်တော်ပုံကြောင့်တန်းဆင်းရတုန်းက  အသင်းမပြောင်းကြပဲ အတူတူ စီးရီးဘီထိလိုက်သွားပြီး ချက်ချင်းတန်းတက်အောင်စွမ်းဆောင်ခဲ့ကြတာကိုလဲမှတ်မိပါလိမ့်မယ်။ ဒါတွေဟာ ဘောလုံးလောကရဲ့ နှစ်သက်ဖွယ်ရာအဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အဖြစ်အပျက်တွေက အပြောင်းအလဲမြန်လွန်းလှပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲဝန်းကျင်တုန်းက  CWC    မှာချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်  ပြိုင်သမျှပွဲတိုင်းအောင်နိုင်သူတွေအဖြစ် ချီးမွမ်းခံခဲ့ရပါတယ်။ ပိုင်ရှင် အေဘရာမိုဘစ်ချ်အတွက်လဲ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။... Continue Reading →

Website Powered by WordPress.com.

Up ↑