ဟာလန်းထက် ဂိုးပိုသွင်းထားနိုင်တဲ့  ဥရောပရဲ့အစောင့်ကြည့်ခံတိုက်စစ်မှုး

လက်ရှိရာသီ ဘွန်ဒက်စ်လီဂါဟာ ပွဲ၂၀ကစား ဂိုး၂၀သွင်းယူပြီး နာမည်ကြီး ဟာလန်းထက်ကို ဂိုးပိုသွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးရှိပါတယ်။ သူ့ရဲ့ နာမည်ကတော့ ပက်ထရစ်ရှစ်ခ်ပဲ ဖြစ်ပါတယ်။ဘွန်ဒက်စ်လီဂါမှာ ပက်ထရစ်ထက် ဂိုးပိုသွင်းယူထားနိုင်တဲ့သူဆိုလို့ ဘိုင်ယန်ဂိုးမုဆိုး လီ၀န်ဒေါစကီးပဲ ရှိပါတော့တယ်။  လာမယ့် နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူး ရှာပုံတော်ဖွင့်ရမယ့် အာဆင်နယ်ဟာ တစ်ပွဲကို တစ်ဂိုးနှုန်းသွင်းယူထားနိုင်တဲ့၊ အသက်အရွယ်နဲ့ အတွေ့အကြုံအားဖြင့် အကောင်းဆုံးအချိန်မှာ ရှိနေတဲ့ အသက်၂၆နှစ်အရွယ် ကစားသမားတစ်ဦးကို စိတ်၀င်စားနေတယ်ဆိုတာ မဖြစ်နိုင်စရာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က သိပ်တော့ လွယ်ကူလှမှာ မဟုတ်ပါဘူး။  ပက်ထရစ်ရဲ့ အသင်းဖော်ဖြစ်သူ ဖာနန်ဒိုကာရိုကတော့ ပက်ထရစ်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုလာခဲ့ပါတယ်။ ချက်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းက ဂျာမနီမြေမှာ သုံးနှစ်ကျန်နေပါသေးတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေက... Continue Reading →

နူးနက်စ်က အပြောင်းအရွှေ့ဇာတ်ကောင်သစ်လား

ဆွာရက်စ်လက်သစ်လို့ နာမည်ထွက်နေတဲ့  ဒါဝင်နူနက်စ်ကတော့  ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ဆင့်တက်စေခဲ့တဲ့ဂိုးအပြီးမှာ သူ့ရဲကလပ်အသင်းအတွက်ဂိုးပေါင် ၃၄ ဂိုး မြောက်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းများအရ မန်ချက်စတာယူနိုက်တက် ၊​ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့က သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်မှာ ပရိုဖက်ရှင်နယ်ဘဝစခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာဗွေဆော်ဦးဂိုးကို ရရှိခဲ့တဲ့ နူနက်စ်ဟာ အခုတော့ ဥရောပဘောလုံးဇာတ်ခုံပေါ်က Icon တစ်ခုဖြစ်လာခဲ့ပါပြီ။ အီတလီသတင်းဌာန Calciomercato ရဲ့  ပြီးခဲ့တဲ့အပတ်ကဖော်ပြချက်အရတော့ ကစားသမားကိုခေါ်ယူချင်ရင်ပေါင်သန်း ၅၀ ကျော်လောက်သုံးရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင် ၄၅ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကိုတော့ ဘင်ဖီကာဖက်ကပယ်ချခဲ့တယ်လို့သိရပါတယ်။ ကာဗာနီတစ်ယောက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားဖို့သေချာနေတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း နူနက်စ်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နူနက်စ်နဲ့တွဲပြီးနာမည်အထွက်ဆုံးကတော့  တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်အသင်းဖြစ်ပါတယ်။ အမှတ်ပေးရာသီတိုင်းမှာ ... Continue Reading →

ရှင်သန်လာသောအသင်း .. ရှင်သန်လာသော တိုက်စစ်မှုး

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ပရိတ်သတ်ဖြစ်တဲ့ အစီအစဥ်တင်ဆက်သူ ပီးယားစ်မော်ဂန်က အူဘာမီယန်ကို သတိရကြောင်းပြောဆိုလာခဲ့ပါတယ်။  ကာယကံရှင်ဖြစ်တဲ့ အူဘာကတော့   အရာအားလုံးက ကောင်းဖို့ဖြစ်လာကြောင်း၊ ခွဲခွာခြင်းဆိုပေမယ့် နှစ်ဖက်စလုံးအတွက်အဆင်ပြေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။  ဒါပေမယ့် မော်ဂန်ရဲ့ ချီးကျူးသံဟာ တစ်ပတ်အကြာမှာပဲ နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါတယ်။ ဘာစီလိုနာတို့ဟာ လုံးဝထင်မှတ်မထားတဲ့ရလဒ်အဖြစ် အယ်ကလပ်စီကိုပွဲမှာ ရီးရဲမက်ဒရစ်ကို ၀ - ၄ နဲ့အပြတ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ရူးသွပ်လောက်တဲ့အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ဖယိုဖရဲဖြစ်ပြီး တစစီပြန်ကောက်ထားရတဲ့ အခြေအနေကအသင်းတစ်သင်းဟာ နတ်ရေကန်ထဲကျတဲ့အလားပြန်လည်ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ နည်းပြသစ်ဇာဗီ ၊ အသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့အတူ ရလဒ်တွေဆက်တိုက်ပြန်ကောင်းလာရာကနေ  ရီးရဲကိုပါ  ၄ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။​ ဒီနေရာမှာ နတ်ရေကန်ထဲကျခဲ့တာ ဘာစီလိုနာနဲ့အတူ တိုက်စစ်မှုး အူဘာမီယန်လဲ ပါဝင်ပါသေးတယ်။  အာဆင်နယ်အသင်းနဲ့အတူ စည်းကမ်းပိုင်း ပြသနာတွေတက်တဲ့အပြင် ခြေစွမ်းကပါ သိသိသာသာယိမ်းယိုင်နေခဲ့တဲ့  ဂါဘွန်တိုက်စစ်မှုးကြီးဟာ ဘာစီလိုနာမှာတော့ ခြေစွမ်းပြရုံအပြင် ဂိုးတွေပါသွင်းနေပြိဖြစ်ပါတယ်။ ... Continue Reading →

အူဘာမီယန်း ရှိခြင်းမရှိခြင်းဟာ အသင်းကို ဘာတွေထူးခြားစေခဲ့သလဲ

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူးဟောင်း အူဘာမီယန်းက အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာမှာ ဂိုးတွေသွင်းပြီး ခြေစွမ်းပြလျက်ရှိပါတယ်။ ဘာစီလိုနာ ဂျာစီနဲ့ အောင်ပွဲခံနေတဲ့ ကပ္ပတိန်ဟောင်းကြီးကို တွေ့ရတဲ့အခါ အာဆင်နယ်ပရိသတ်တွေအတွက် အနည်းငယ်တော့ လွမ်းစရာကောင်းနေနိုင်မှာပါ။  ဒီတော့ အခုချိန်မှာ မေးခွန်းတစ်ခုတော့ ထုတ်စရာရှိပါတယ်။ “အာတီတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တာ ဟုတ်ရဲ့လား” ဆိုတာပါပဲ။  အာတီတာဟာ အသင်းရဲ့ကပ္ပတိန်ကို စည်းကမ်းမလိုက်နာမှုတစ်ခုနဲ့  အသင်းခေါင်းဆောင်အဖြစ်ကနေ ရပ်နား၊ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ကာ  ဒုတိယအခွင့်အရေးလည်း ပြန်မပေးခဲ့ပါဘူး။ ဂါဘွန်လက်ရွေးစင်ကြီးဟာ အသင်းနဲ့ စာချုပ်သက်တမ်းအချိန်တစ်ခုကြာကျန်နေသေးပေမယ့် အာတီတာကတော့ သူ့ကိုဇန်နဝါရီမှာပဲ အလွတ်ပြောင်းရွှေ့စေခဲ့ပြီး အခြားတိုက်စစ်မှူးတစ်ယောက်လည်း အစားထိုးမခေါ်ယူခဲ့ပါဘူး။  အာတီတာနဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လောက်ထိမှန်ကန်လဲ၊ ဘယ်လောက်ထိကော မှားယွင်းနေလဲဆိုတာ လက်ရှိအချိန်မှာ အဖြေရှာမယ်ဆိုရင် အနည်းငယ်တော့ စောကောင်းစောပါလိမ့်မယ်။ ဒါပေမယ့် နှိုင်းယှဉ်မှုတွေကနေ နီးစပ်တဲ့ အဖြေတစ်ခုတော့ ထွက်လာဖို့... Continue Reading →

ခရစ္စတီယန်ဆန်အတွက် ဘာစီလိုနာမှာ ပုံမှန်နေရာတစ်ခု ရှိနိုင်ပါ့မလား

ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။အ‌စောပိုင်းမှာ ကစားသမားဖြစ်သူဟာ အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်ရှိမှာတော့ စပိန်ထိပ်သီး ဘာစီလိုနာနဲ့ ချိတ်ဆက်မှုတွေသာ နီးစပ်လာပြီဆိုတဲ့ သတင်းတွေဟာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။ အချို့သတင်းတွေမှာတော့  သဘောတူညီမှုရရှိသွားပြီလို့လဲဖော်ပြနေကြပါတယ်။  အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမန်နိုကတော့ ခရစ္စတန်ဆန်ဟာ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက်ကို လေးစာစွာနဲ့ ငြင်းပယ်ပြီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှာကို လက်ခံသွားဖို့များနေတယ်လို့ တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ကလည်း သူ့ကို ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာရဲ့ကမ်းလှမ်းမှုက ပိုကောင်းခဲ့ပြီး ကစားသမားနဲ့ချဲလ်ဆီးအသင်းရဲ့ နောက်လာမယ့်ဆွေးနွေးမှုတွေကြောင့် ပြောင်းလဲသွားနိုင်ချေတော့ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။  အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းအတွက်ပွဲပေါင်း ၂၅၀ ကျော် ပွဲထွက်ထားပြီး သူသာ အသင်းကနေ ထွက်သွားပြီဆိုရင် တူချယ်အတွက်တင်မက၊ပရိသတ်တွေအတွက်ပါ... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (​5Mar)

အသင်းမှာထာဝရကစားလိုကြောင်းပြောလာတဲ့မာတင်နယ်လီ အာဆင်နယ်လူငယ်တိုက်စစ်မှုးမာတင်နယ်လီက  သူ့အနေနဲ့  အခွင့်အရေးသာရှိမယ်ဆိုရင် အသင်းမှာ အမြဲတန်းကစားသွားမယ်လို့ ဖွင့်ပြောလာပါတယ်။ ဒီအသင်းမှာပဲ ဘ၀တစ်ခုလုံး နေလို့ရတယ်ဆိုရင် ဒီမှာပဲ ကျွန်တော်နေသွားမှာပါ။ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ရှာဖွေချင်‌ပါသေးတယ်။ အရင်ကပြောခဲ့သလိုပဲ အသင်းမှာ နေပြီး ဒီလိုအံ့ဩဖို့ကောင်းတဲ့ ပရိသတ်တွေ၊အသင်း‌ဖော်တွေနဲ့အတူ ချန်ပီယံဆုတွေကို အရယူသွားချင်ပါတယ်”  လို့ဆိုခဲ့တာပါ။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ကစားရဖို့ထိုက်တန်ကြောင်း ၊ ဒီအတွက်အသင်းသားတွေနဲ့ အတူတကွကြိုးစားနေကြောင်းကိုလည်းထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ၁၉ နှစ်အရွယ်တောင်ပံလူကိုခေါ်ယူလိုက်တဲ့ ဘာကာ ဘာစီလိုနာအသင်းဟာ ရေးဆင်းတောင်ပံကစားသမား ပါဘလိုတိုရီ ကို သန်း ၂၀ ခန့်နဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။  ဧပြီလမှာ  အသက် ၁၉ နှစ်ပြည့်မယ့် စပိန်သားလေးဟာ  စပိန်တတိယတန်းအသင်းအတွက် ဒီရာသီမှာ ၁၂ ဂိုးသွင်းပေးထားနိုင်သူလည်းဖြစ်ပါတယ်။ အဆိုပါကစားသမားလေးကို ရီးရဲမက်ဒရစ်နဲ့ ဆိုစိဒက်တို့ကလည်း ပေါင် ၁၀ သန်းဝန်းကျင်နဲ့ကမ်းလှမ်းခဲ့ကြပေမယ့် ဘာစီလိုနာက... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (4Mar)

အရိုဂျိုကို ကမ်းလှမ်းလိုက်တဲ့  မန်ယူ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ နောက်ခံလူ အရိုဂျိုကို တစ်နှစ်လုပ်ခလစာ  ပေါင် ၁၀ သန်းခန့်တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းလိုက်ကြောင်းသိရပါတယ်။  ဘာကာတို့ဖက်က တစ်နှစ်ကို ယူရို ၄ သန်းခန့်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကလက်ခံထားခြင်းမရှိဘူးလို့ သိရပါတယ်။ အဆိုပါ နောက်ခံလူကို ချဲလ်ဆီးအသင်းနည်းပြတူချယ်ကလည်း သဘောကျနေခဲ့တာဖြစ်ပါတယ်။ သူ့ကိုဘာစီလိုနာက အခွင့်အရေးမပေးခဲ့ဘူးလို့ နည်းပြဟောင်းကိုးမန်းပြော ဘာစီလိုနာအသင်းနည်းပြဟောင်းရိုနယ်ကိုးမန်းက သူနည်းပြစဥ်အချိန်တုန်းက လက်ရှိနည်းပြဇာဗီလိုအခွင့်ရေးမရခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ '' အခုလက်ရှိဇာဗီလုပ်ပုံကောင်းမွန်နေတယ်ဆိုတာ သူရရှိနေတဲ့အခွင့်ရေးတွေကြောင့်ပါ။ ကျွန်တော်အခု ထက်ထိနာကျင်နေတုန်းပါ။ ဘာစီလိုနာက  ဇာဗီကိုအချိန်ပေးသလို ကျွန်တော့်ကို မပေးခဲ့ပါဘူး။ ကျွန်တော်ကိုင်တွယ်တုန်းက ဒဏ်ရာရကစားသမားတွေနဲ့ဘဲရှေ့ဆက်ခဲ့ရတယ်။ အခုခင်ဗျားတို့အကုန်လုံးကို အကောင်းတိုင်းမြင်နိုင်ပါပြီ “ ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ စူပါလိဂ်ပြန်စဖို့ ပီရက်ဇ်ကြိုးပမ်း ရီးရဲ ဥက္ကဌပီရက်ဇ်ရဲ့ ကြိုးပမ်းမှုနဲ့အတူ  စူပါလိဂ်ပြိုင်ပွဲမှာပြန်လည်အသက်ဝင်လာပြီဖြစ်တယ်လို့ သိရပါတယ်။  ကော်မတီကို ကလပ်အ... Continue Reading →

ရှင်ပြန်ထမြောက်လာကြတဲ့ စစ်သည်တော်များ

ရာသီအစမှာတုန်းက အဆိုးရွားဆုံးစံချိန်တွေကို ကိုယ်စီပိုင်ဆိုင်ခဲ့ကြတဲ့အသင်း ၃ သင်းရှိပါတယ်။  အာဆင်နယ်​၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ပဲဖြစ်ပါတယ်။  သမိုင်းတစ်လျှောက်မရောက်ဘူးတဲ့အဆင့်တွေရောက် ၊ အဆင့် ၂၀ ဖြစ်လို့ဖြစ် ၊ ဂိုးမိုးတွေခေါ်င်ကာဟာသတွေလုပ်ခံရ  စသည်ဖြင့် အစဥ်အလာရှိတဲ့ထိပ်တန်း ၃ သင်းဟာ အခြေပျက်ခဲ့ကြပါတယ်။​ ဒါပေမယ့် ရာသီသိမ်းဖို့ ၁၀ ပွဲကျော်လောက်ပဲကျန်ရှိချိန်မှာတော့ ကိုယ်စီကိုယ်ငှမျှော်လင့်ချက်တွေနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေကြပါပြီ။ သူတို့တွေဘယ်လိုရုန်းထလာခဲ့ကြသလဲဆိုတာ  လေ့လာကြည့်ရအောင်ပါ။ ဂျူဗင်တပ်စ် နှစ်ပေါင်း ၆၀ အတွင်းတစ်ခါမှမရောက်ဘူးတဲ့ တန်းဆင်းဇုန်ထဲရောက်သွားတဲ့ စီးရီအေချန်ပီယံအများဆုံးရ အသင်းဟာ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ ခရစ္စတီယာနို ရိုနယ်ဒိုထွက်ခွာသွားချိန်မှာ တိုက်စစ်ကလုံးဝပုံပျက်သွားခဲ့ပြီး ချီယေဆာ တစ်ဂိုးလောက်သွင်းရင်  ဆုအကြီးကြီးရသလိုပျော်ခဲ့ရတယ်။  အယ်လီဂရီရဲ့ Direct Pass တွေပဲအားကိုးပြီး ကြုံသလိုကစားကွက်တည်ခဲ့ရတယ်။ ဒါပေမယ့် တဖြေးဖြေး Rhythm မှန်လာတဲ့ ဂျူဗင်တပ်စ်ဟာ  အမှတ်ပေးဇယားအလယ်ကိုပြန်ရောက်လာပါတယ်။  ချန်ပီယံလိဂ်မှာလည်း ချဲလ်ဆီးကိုအနိင်ကစားတဲ့ပွဲအပါအဝင်... Continue Reading →

ဘယ်သွားမှာလဲ စတာလင်

အသက် ၂၆ နှစ်မှာ ဂိုးပေါင်း ၁၅၇ ဂိုးသွင်းပြီးသွားပြီ။ ဒီအထဲက ၁၈ ဂိုးက နိုင်ငံ့လက်ရွေးစင်အဖြစ်သွင်းတာ။ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာလည်း နာမည်တစ်ခုခိုင်ခိုင်မာမာတည်ဆောက်ပြီးပြီ။ အခုတော့သူက နေရာရဖို့သေချာရေရာတဲ့အသင်းပြောင်းချင်လို့ ဆိုလာပါတယ်။  ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ တင်စားကြတဲ့ ပက်ပ်ကလည်း သူ့ကိုတန်ဖိုးထားပေမယ့် အသင်းပြောင်းလိုကပြောင်းနိုင်ကြောင်း တံခါးဖွင့် ပေးထားလိုက်ပါပြီ။  စတာလင်ရဲ့ အနာဂတ်က ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ အပြောင်းအရွှေ့ကာလမှာ နာမည်အထွက်ဆုံးတွေထဲမှာ သူအပါအဝင်ပါပဲ။ အဲ့ဒီအထဲကမှ အာဆင်နယ် နဲ့ ဘာစီလိုနာက အကျယ်လောင်ဆုံး။  တောင်ပံကစားသမားရော ၊ အတွေ့အကြုံရင့်ကစားသမားပါ လိုအပ်နေတဲ့ အာဆင်နယ်ဟာ စတာလင်ဆီမှာ အဲ့ဒီအရာ ၂ ခုစလုံးရှာတွေ့ခဲ့ပုံရပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ထုံးစံအတိုင်း တကယ်ဖြစ်ကာမှသာဖြစ်လို့ဆိုရမယ်။ တဖက်က ဘာစီလိုနာကတော့ တောက်လျှောက်စိတ်ဝင်စားခဲ့ပေမယ့် ဇာဗီနည်းပြဖြစ်လာတဲ့နောက် စတာလင်အစား ချဲလ်ဆီး ကစားသမားတွေ ဖက်ကို အာရုံရောက်သွားခဲ့ပုံပါပဲ။ Football... Continue Reading →

နူးကမ့်ရဲ့တိုက်စစ်မှုးရှာပုံတော်ထဲက ရေပန်းအစားဆုံးဖြစ်လာတဲ့ ဝါရင့်တိုက်စစ်မှုး နှစ်ယောက်ကို လေ့လာခြင်း

ဘာစီလိုနာအသင်း တိုက်စစ်မှုးသစ်ရှာနေတာ ရာသီအစကတည်းကပါ။ ဆီးဗီးလားက လုဒီယောင်ကိုခေါ်ခဲ့တာ တကယ့်ကို ယာယီဖြစ်မှန်း ပရိတ်သတ်တွေအားလုံးနားလည်ကြပါတယ်။ နောက်ပြီး ဒီဖြည့်တင်းမှုကလည်း အလုပ်မဖြစ်လှ။ ဒီလိုနဲ့ အဂူရိုကိုမျှော်ကြတယ်။ သူကလည်းပြန်ပါလာစပွဲတွေမှာ သေသပ်တဲ့ ကစားပုံကိုပြသနိုင်ခဲ့တယ်။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့တိုက်စစ်မှုးဟာ နှလုံးမှာ ပါပြသနာတက်ခဲ့တယ်။ ဒီတော့တိုက်စစ်မှုးသစ်ရှာရမယ့် ဘာစီလိုနာဟာ တိုက်စစ်မှုးသစ် အသဲအသန်လိုအပ်တဲ့အဆင့်ကိုချက်ခြင်းရောက်သွားပါတော့တယ်။ ဒီရက်ပိုင်းမှာ နည်းပြသစ်ကိစ္စတွေနဲ့အတူ တိုက်စစ်မှုးတွေနဲ့ နာမည်တောက်လျှောက်ထွက်ပါတယ်။ ဒီထဲမှာအာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်း ၊ မန်ယူတိုက်စစ်မှုး ကာဗာနီတို့နဲ့လည်း ဘာစီလိုနာသတင်းထွက်လာပါတယ်။ အစောပိုင်းတုန်းကတော့ သာမန် ကောလာဟာလလို့ ထင်ရပေမယ့် အခုတော့အလေးအနက်အသွင်ဆောင်လာခဲ့ပါတယ်။  ဒီတိုက်စစ်မှုး နှစ်ယောက်ကို တိုက်ရိုက်ဆက်သွယ်တဲ့သတင်းမျိုးမရှိသေးပေမယ့်အခြားကစားသမားတွေထက်ပိုပြီး ကျယ်လောင်လာခဲ့ပါတယ်။ သတင်းတွေဆက်တိုက်ထွက်လာခဲ့တယ်။ ကစားသမားနှစ်ယောက်စလုံးရဲ့ ခြေစွမ်း ၊ ကစားပုံနဲ့အတွေ့အကြုံတွေဟာ ဘာစီလိုနာရဲ့လိုအပ်ချက်နဲ့ ကိုက်ညီနေသလို ငွေကြေးများစွာသုံးဖို့ အစီအစဥ်မရှိပဲ လာမာစီယာလူငယ်တွေကိုပဲ ရေရှည်ကိုအသုံးပြုသွားမယ့် အသင်းပေါ်လစီနဲ့လဲကွက်တိပါပဲ။... Continue Reading →

Website Powered by WordPress.com.

Up ↑