အချက်တစ်ခုကြောင့် ကြန့်ကြာလာနိုင်တဲ့ တန်ဂန်းဂါကို ခေါ်ယူမှု

အေစီမီလန်တို့ဟာ စပါးရဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ တန်ဂန်းဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ကာ အသင်းနှစ်သင်းအကြားမှာလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ စပါးအသင်းဖက်က တောင်းဆိုလာတဲ့ အချက်တစ်ချက်ကြောင့် ဒီအပြောင်းအရွှေ့ ကိစ္စဟာ ထင်ထားတာထက် ကြန့်ကြာလာနိုင်ကာ ဆွေးနွေးရမှုတွေ ပိုများလာ နိုင်တယ်လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ စပါးတို့ဟာ တန်ဂန်းဂါကို မီလန်ထံ အငှားချဖို့ သဘောတူပြီး အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းရေးကိုလည်း သဘောတူကြပါတယ်။ သတင်းတွေအရ အမျိုးမျိုး ကွဲပြားနေပေမဲ့ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၆ သန်းကနေ ပေါင် ၂၂ သန်းအကြားမှာ စပါးတို့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စာချုပ်မှာ စပါးတို့ဖက်က ထည့်သွင်းလိုတဲ့ အချက်တစ်ချက်ကို မီလန်တို့က ပြန်လည်စဉ်းစားနေပါတယ်။ အဲဒါကတော့... Continue Reading →

ဆာလီဘာကို ဘာကိစ္စကြောင့် ချန်ထားရမှာလဲဗျာ  – မာတီဆက်တာ (TEST)

အာဆင်နယ်ကစားသမားဟောင်းကြီးတဖြစ်လဲ၊  လက်ရှ်အာဆင်နယ်လူငယ်အကယ်ဒမီရဲ့ ဒါရိုက်တာဖြစ်သူ မာတီတာဆက်က အာတီတာအနေနဲ့ ဆာလီဘာကို အခွင့်အရေးပေးသင့်တယ်လို့ ‌တိုက်တွန်းခဲ့ပါတယ်။  လွန်ခဲ့တဲ့ သုံးနှစ်က စိန့်အက်တီယန်ကနေ အာဆင်နယ်ကို ပေါင်၂၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာလီဘာဟာ လက်ရှိအချိန်အထိ အာဆင်နယ်မှာ ပွဲထွက်ခွင့်မရသေးပါဘူး။  ပြီးခဲ့တဲ့ ရာသီမှာ ဆာလီဘာဟာ ပြင်သစ်မြေကို အငှားထွက်ကစားရင်း မာဆေးလ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။ ဆာလီဘာကို မာဆေးလ်က အပြီးခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အာတီတာကတော့ သူရဲ့အနာဂတ်အစီအစဉ်တွေထဲမှာ ပြင်သစ်သားဟာ အရေးပါတဲ့ ကစားသမားဖြစ်တယ်ဆိုပြီး လန်ဒန်ကို ပြန်ခေါ်ခဲ့ပါတယ်။  ဆာလီဘာဟာ အစောပိုင်းမှာတုန်းက မာဆေးလ်မှာ နေရစ်ခဲ့ဖို့  ဆန္ဒရှိခဲ့ပေမယ့် လက်ရှိမှာတော့ အာဆင်နယ်နဲ့အတူ လာမယ့်ရာသီမှာ ကစားဖို့ အသင့်ဖြစ်နေပုံပါပဲ။ ပွဲထွက်ခွင့်‌တစ်နေရာအတွက် ဂါဘရီယယ်၊ ဘန်ဝှိုက်တို့နဲ့  ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ ဆလီဘာဟာ... Continue Reading →

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် စိတ်မအေးနိုင်ဖြစ်နေတဲ့ တူချယ်

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်မြေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ချဲလ်ဆီးဟာ အာဆင်နယ်ကို လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်။ ဒီအရှုံးရလဒ်ကြောင့် စိတ်ပူပန်နေသူက တူချယ်ပဲဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့  လာမယ့်ဘောလုံးရာသီမတိုင်မီမှာ အရည်အသွေးမြင့်ကစားသမားတွေကို  ထပ်မံခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ တူချယ်က ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ ရာသီကြိုပွဲစဉ် ၃ပွဲမှာ ၂ပွဲအထိ ရှုံးနိမ့်ထားခဲ့ရပတယ်။အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းဟာ ယုံကြည်မှု မရှိဖြစ်နေတာကို တွေ့ ခဲ့ရပြီး တူချယ်က လာမယ့်အတွက် အသင့်ဖြစ်နေပြီလို့ အာမ မခံနိုင်သေးကြောင်း ၀န်ခံလာခဲ့ပါတယ်။ "ကျွန်တော်ဘယ်လိုမှ စိတ်မအေးနိုင်ပါဘူး။ကျွန်တော်တို့ ဒီပွဲစဉ်မှာ လုံလုံလောက်လောက် မကောင်းခဲ့ဘူး။ပြိုင်ဘက်ကို ယှဉ်ပြိုင်နိုင်စွမ်းလည်းမရှိခဲ့ဘူး။" "ကျွန်တော်စိတ်ပူနေတာက အသင်းဟာ ရုပ်ပိုင်းဆိုင်ရာအရ‌ကော စိတ်ပိုင်းဆိုင်ရာအရပါ အာဆင်နယ်နဲ့ အဝေးကြီးမှာ ပြတ်ကျန်နေခဲ့တာပါ" "သူတို့(အာဆင်နယ်)ဟာ ရက်သီတင်းပတ်များစွာ ခင်ဗျားတို့ မြင်ခဲ့ရတဲ့ ... Continue Reading →

အန်ကက်တီးယားဘာလို့ အမ်းမရိတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလဲ

ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်မှာ အသင်းရဲ့ ပရိသတ်တွေက အန်ကက်တီးယားဟာ လာမယ့်နွေမှာ အသင်းကနေ သေချာပေါက်ထွက်ခွာမယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို တောက်လျှောက်ငြင်းပယ်နေခဲ့ပြီး အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  ဒါပေမယ့် နောက်ဆုံးမှာတော့ အန်ကက်တီယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ အာတီတာနဲ့ အီဒူးတို့က နားချနိုင်ခဲ့ပါတယ်။ အန်ကက်တီးယား အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။  ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လာကာဇက်အစား ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ကက်တီးယားဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အန်ကက်တီးယားကို ခေါ်ယူဖို့ အသင်းအများအပြားက ကြိုးစားလာခဲ့ပေမယ့် အာတီတာနဲ့ အီဒူးတို့ဟာ အသင်းရဲ့ ပရော့ဂျက်တွေကို ကစားသမားဆီ... Continue Reading →

အာတီတာနဲ့ ပွဲပြီးအင်တာဗျူး

အာဆင်နယ်အသင်းရဲ့ အမေရိကန်ခရီးစဉ်ကတော့ ရာနှုန်းပြည့်‌နိုင်ပွဲတွေနဲ့အတူ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ Florida Cup ရဲ့နောက်ဆုံးပွဲစဉ်မှာ လန်ဒန်ဒါဘီချဲလ်ဆီးကို ၄ဂိုးပြတ်နဲ့ အနိုင်ခဲ့ပါတယ်။  ဒီပွဲစဉ်အပြီးမှာတော့ အာတီတာနဲ့ အာဆင်နယ်မီဒီယာတို့ရဲ့ အင်တာဗျူးကို အသင်းရဲ့ တရား၀င်၀က်ဘ်ဆိုက် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ဒီထဲကနေ အကြောင်းအရာအချို့ကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။  အသင်းရဲ့ ပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှားနေသင့်ပြီလား  "ဒါပေါ့ဗျ၊ ဒါပေမယ့် ဒါက ချစ်ကြည်ရေးပွဲစဉ်တစ်ခုပါ။ ဒီပွဲစဉ်ကနေ အပြုသဘောဆောင်တဲ့အရာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ကစားပုံ၊ စိတ်ဓာတ်ပြင်းပျမျှတွေ၊ငါတို့က ဘယ်လိုအသင်းဆိုတာ ပြသနေတဲ့ပုံစံတွေပေါ့။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒါက ခြေစမ်းပွဲတစ်ခုပါ။ ဘာမှ အများကြီး မှတ်ယူဖို့မရသေးပါဘူး။ကျွန်တော်တို့ ပိုကောင်းအောင် ကြိုးစားရမယ့်အရာတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး အရှိန်အဟုန်တစ်ခုနဲ့ အစပြုတာဟာ၊ ခရီးစဉ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ အဆုံးသတ်တာဟာ၊ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ဒီခရီးစဉ်ဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးခဲ့သူတွေအားလုံး ပျော်ရွှင်ကျေနပ်အောင်... Continue Reading →

ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ မာရက်ဇ်

မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားမာရက်ဇ်က မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်လာမယ့်အသင်းတွေကို ရာသီမစသေးခင်မှာပဲ သတိပေးမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အသက်၃၁နှစ်အရွယ်အယ်လ်ဂျေးရီးယားသားဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၈ပွဲကစား၊ ၁၁ဂိုးသွင်း၊ငါးကြိမ်ဂိုးဖန်တီးမှုပြုလုပ်ပြီး အသင်းကို နှစ်နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးရာသီ နောက်ဆုံး ငါးရာသီမှာ လေးကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံပစ်မှတ်ထားနေပြီး သုံးနှစ်ဆက်ချန်ပီယံဖြစ်လာဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ မာရက်ဇ်ဟာ Daily mailနဲ့ တွေ့ဆုံခဲ့ရမှာတော့ "ကျွန်တော်တို့ တကယ်ပဲ  ထပ်ပြီး အနိုင်ရချင်ပါသေးတယ်။ရာသီစတဲ့အခါ ကျွန်တော်တို့ ထပ်ကြိုးစားသွားဦးမှာပါ။ဒါက ကျွန်တော့်တို့အတွက် ကြီးမားတဲ့ motivation ပါပဲ။  ဒီနှစ်ကတော့ လွယ်မှာပဲ ၊အေးဆေးသွားလို့ရမှာပဲ လို့တစ်ခါမှ ကျွန်တော်တို့ တစ်ခါမှ မတွေးဖူးပါဘူးယ။ရာသီအစကတည်းက ရာနှုန်းပြည့် အားစိုက်ထားတာပါ။... Continue Reading →

ရာဖင်ဟာ အကြောင်းရှင်းရှင်းလင်းလင်းပြောပြဖို့  ဒေကို ကို တိုက်ရိုက်မေးခဲ့ပါတယ် – အီဒူး

အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက ဒီနွေမှာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အဆင့်အထိပဲ ရောက်ခဲ့တယ်လို့ ၀န်ခံလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရာဖင်သာကို ဥရောပအသင်းအများအပြားက ဒီနွေမှာ စိတ်၀င်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ နွေအပြောင်းအရွှေ့ကာလအစောပိုင်းမှာ အာဆင်နယ်ဟာ လိဒ်စ်ယူနိုက်တက်ကနေ ရာဖင်ဟာကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ အပြိုင် ချဲလ်ဆီးဟာလည်း ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီး ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို လိဒ်ယူနိုက်တက်က လက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒါပေမယ့် ဘရာဇီးလ်လက်ရွေးစင်ကတော့ ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်တာကြောင့် လန်ဒန်ကလပ်တွေအနေနဲ့ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ မအောင်မြင်ခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ ရာဖင်ဟာကို... Continue Reading →

ဆာလောင်နေတဲ့ အာဆင်နယ်ကို တဖန်မြင်တွေ့ရမယ်လို့ဆိုလာတဲ့ အိုဒီဂတ်

ပြီးခဲ့တဲ့နွေမှာ ‌အာတီတာဟာ အသင်းရဲ့လူစာရင်းတစ်၀က်လောက်ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အာတီတာရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ အများကြီးတိုးတက်လာခဲ့ပေမယ့် ရာသီကုန်မှာတော့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။  ဒီနွေမှာတော့ အသင်းရဲ့လူစာရင်းကို ဇင်ချန်ကို၊ ဂျေးဆု၊မတ်တာနာ၊ ဗီအဲရာ၊ မာကွင်ဟိုတို့နဲ့ အားဖြည့်ထားခဲ့ပြီး ဆာလီဘာကလည်း အငှားကနေ ပြန်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအသင်းရဲ့လူစာရင်းဟာ မနှစ်ကထက် သာလွန်ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိပါတယ်။  မနှစ်က နွေရာသီမှာ အသင်းကို အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ မာတင်အီုဒီဂတ်ဟာ အချိန်တိုအတွင်းမှာပဲအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပြီး ကပ္ပတိန်ရာထူးကိုပါ တာ၀န်ယူထားပြန်ပါတယ်။ အသင်းရဲ့ရာသီကြို ပြင်ဆင်မှုတွေ ၊ ကစားသမားခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို မေးမြန်းခဲ့ရာမှာတော့ အိုဒီဂတ်က ခုလို ဖြေဆိုခဲ့ပါတယ်။  "အသစ်ခေါ်ယူခဲ့တဲ့ကစားသမားတွေဟာ တကယ်ကို ကောင်းမွန်လွန်းပါတယ်။သူတို့ဟာ အလုပ်ကြိုးစားနေကြပြီး ပင်ကိုယ်အကျင့်စရိုက်ကောင်းသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသင်းဆီ... Continue Reading →

အသင်းပုံစံပိုပေါ်လာတဲ့ နောက်ထပ်ခြေစမ်းပွဲ (vs Chelsea)

ရာသီကြို ချစ်ကြည်ရေး ပွဲစဥ်ဖြစ်ပေမယ့် လန်ဒန်ပြိုင်ဖက်တွေဖြစ်နေတာရော ၊ ရာသီသစ်အတွက် နှစ်သင်းစလုံးဟာ ပြင်းပြင်းထန်ထန်ပြင်ဆင်နေကြတာရောကြောင့်  အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲစဥ်ရဲ့ လူစာရင်းဟာ  ပရိတ်သတ်တွေအတွက် အားရစရာဖြစ်ခဲ့ပါတယ်။  ဂျေးဆူ ၊ ဇင်ချန်ကို အပါအဝင် ပရိတ်သတ်အကြိုက်နောက်တန်း ၃ ယောက်ကိုပါ တပြိုင်ထဲမြင်ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ  ရမ်းစ်ဒေးလ်လေပေါ်ဝဲပြီး ဖြတ်တင်ဘောကို လက်စွမ်းပြရှင်းထုတ်ရတာရယ် ၊ မောင့်ရဲ့ ကန်ချက်တိုင်ထိထွက်တာရယ်ကလွဲရင်  ကစားကွက်အရရော ရလဒ်အရပါ  အာဆင်နယ်က လွှမ်းမိုးနိုင်ခဲ့ပါတယ်။  အာဆင်နယ်အသင်းရဲ့နောက်တန်းကစားပုံဟာ  စိတ်ဝင်စားစရာကောင်းနေပါတယ်။  ဘယ်သူ့ကိုပွဲထုတ်မလဲလို့ ပရိတ်သတ်တွေ ဒွိဟဖြစ်နေခဲ့တဲ့အချိန်မှာ  အာတီတာဟာ   ဘန်ဝှိုက် ၊ ဆာလီဘာ ၊ ဂါဘရီရယ်တို့ ၃ ဦးစလုံးကို ပွဲထုတ်ခဲ့ပြီး မတူညီတဲ့ Function တွေနဲ့ ကစားစေခဲ့ပါတယ်။  အခု အခင်းအကျင်းအရ  ဆာလီဘာက Ball Playing... Continue Reading →

တရားဝင်မကြေငြာရသေးတဲ့​ ကစားသမားသစ်ကို ချီးမွမ်းခန်းဖွင့်လာတဲ့ အာတီတာ

ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းရဲ့  ရာသီကြိုခရီးစဉ်ကို လာရောက်ပူးပေါင်းနေပြီဖြစ်ပေမယ့် အသင်းရဲ့ တရား၀င်မီဒီယာတွေမှာတော့ အာဆင်နယ်ဟာ ဇင်ချန်ကို ကို ခေါ်ယူလိုက်ပြီလို့ ခုထိ ကြေညာထားခြင်းမရှိသေးပါဘူး။  အာတီတာက  ဇင်ချန်ကိုရဲ့ အပြောင်း‌အရွှေ့နဲ့ ပတ်သက်ပြီး အသင်းရဲ့ တရား၀င်၀က်ဘ်ဆိုက်မှာ ပထမဆုံးအနေနဲ့ ပြောပြလာခဲ့ပါတယ်။  "ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ သူအခုဒီကို ရောက်နေပါပြီ။ အားလုံးပြီးသွားဖို့(ခေါ်ယူနိုင်လိုက်ပြီဆိုတာ တရား၀င်ကြေညာဖို့) လုပ်ငန်းစဉ်အနည်းငယ် ကျန်နေပါသေးတယ်။ ဒါပေမယ့် သူ အသင်းမှာ ရှိတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ၀မ်းသာမိပါတယ်"  "ကျွန်တော် သူ့ကို ကောင်းကောင်းသိပါတယ်။သူဟာ ခြွင်းချက်မရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့အ၀တ်လဲခန်းထဲကို ပြိုင်ဆိုင်မှုတစ်ခုယူ‌ဆောင်လာမယ့် တစ်စုံတစ်ယောက်လည်း ဖြစ်ပါတယ်" ဇင်ချန်ကိုဟာ ခံစစ်ဘယ်အစွန်နဲ့ ကွင်းလယ်မှာ ကစားနိုင်စွမ်းရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း အာတီတာက ခုလို ဆိုပါတယ်။  "နှစ်နေရာလုံးပါပဲ၊ နှစ်နေရာလုံးမှာ သူကစားနိုင်ပါတယ်။ သူ့ရဲ့ ကစားသမားဘ၀ အစောပိုင်းမှာ ကျောနံပါတ် ၁၀နေရာ ကစားတာပါ။နောက်ပိုင်းမှာတော့ ကျွန်တော်တို့လိုချင်တဲ့ကစားပုံအရ အများကြီးလုပ်ဆောင်နိုင်စွမ်းရှိတဲ့ ခံစစ်ဘယ်အစွန်နေရာမှာ သူ့ကို ကစားစေခဲ့ပါတယ်။"  "ဒီလိုနေရာစုံကစားနိုင်တာဟာ အသင်းအတွက် အရေးပါတဲ့ အရာဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ  full back မှာပဲ ကစားတဲ့ ကစားသမားတွေ ရှိနေတဲ့အတွက် ဇင်ချန်ကိုရဲ့ ကွင်းလယ်မှာပါ ကစားနိုင်စွမ်းရှိတာဟာ အသင်းအတွက် တကယ်အသုံး၀င်ပါတယ်" "ဒီလို နေရာစုံကစားနိုင်တဲ့ ကစားသမား တွေရှိတဲ့အတွက် ကျွန်တော်တို့ အသင်းရဲ့ တည်ဆောက်ပုံတွေ၊ကစားကွက်တွေလည်း ပြောင်းလဲဖို့လွယ်ကူသလို ကစားသမားတွေကိုလည်း အလှည့်ကျ အသုံးပြုတာမျိုး၊ကစားသမားတစ်ယောက်တည်းကိုပဲ မတူညီတဲ့ နည်းလမ်းနဲ့ ကစားစေတာမျိုးတွေ ပြုလုပ်နိုင်မှာပါ။"  "ကိုယ့်အသင်းရဲ့ ကစားကွက်၊ဗျူဟာတွေကို တစ်ဖက်အသင်း ခန့်မှန်းဖို့ ခက်ခဲအောင်ပြုလုပ်နိုင်တာဟာ တကယ်အရေးကြီးပါတယ်။ဒါကြောင့် ဒီလိုနေရာစုံဆော့နိုင်တဲ့ ကစားသမားတွေကို ကျွန်တော်တို့ ခေါ်ယူခဲ့တာပါ" ယခုရာသီမှာ ဂန်းနားတို့ဟာ ကြိုတင်ခေါ်ယူခဲ့တဲ့  မတ်တာနာ ၊ ထရပ်စ်တီ ( ဘာမင်ဂမ်သို့အငှား) ၊ မာကွင်ဟို့စ် ၊  ဂျေးဆူ ၊ ဗီအဲရာ တို့အပါအဝင်  ဇင်ချန်ကိုဟာလည်းပဲ အရေးပါတဲ့ တစ်နေရာကနေပါဝင်လာဖို့ရှိပါတယ်။ ပရိတ်သတ်တွေကတော့ ကွင်းလယ်ကစားသမားတစ်ယောက်ကို ထပ်ပြီးလိုချင်နေကြပါသေးတယ်။ သတင်းများအရ လိုင်ယွန်ရဲ့ ပါကွေးတားနဲ့  လက်စတာရဲ့ တိုင်လီမန်းစ်တို့က ရေပန်းစားနေကြပါတယ်။  

Website Powered by WordPress.com.

Up ↑