Gunners’ Side

  • ဂွာဒီယိုလာဟာ အာဆင်နယ်ကို ပြိုင်ဘက်အဖြစ် မသတ်မှတ်လို့ ကစားသမားတွေ ရောင်းခဲ့တာ ဆိုတဲ့ ရွိုင်ကိန်း
    မန်စီးတီးဟာ အာဆင်နယ်နဲ့ချဲလ်ဆီး အသင်းဆီ သူတို့ရဲ့ ကစားသမားတွေကို ရောင်းချခဲ့တဲ့ အကြောင်းရင်းက ဂွာဒီယိုလာဟာ လန်ဒန်အသင်းနှစ်သင်းကို မန်စီးတီး သို့မဟုတ် လီဗာပူးလ်ကို စိန်ခေါ်လာနိုင်မယ့် အသင်းတွေမဟုတ်ဘူးလို့ သတ်မှတ်တာကြောင့် ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းက ဆိုပါတယ်။ အာဆင်နယ်ဟာ ဒီနွေမှာ မန်စီးတီးကစားသမားတွေ ဖြစ်တဲ့ ဇင်ချန်ကိုနဲ့ဂျေးဆုတို့ကို နှစ်ဦးပေါင်း ပေါင်၇၅သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။… Continue Reading →
  • အာဆင်နယ်က အဆင့်သုံးနေရာကို မှန်းရလိမ့်မယ်လို့ ထင်ပါတယ် – ရေးပါလာ
    ရေးပါလာက အာဆင်နယ်ဟာ  ဒီနွေမှာ ကစားသမားအင်အဖြည့်တင်းထားတာကြောင့် လာမယ့်ရာသီမှာ ထိပ်သီးလေးသင်းစာရင်း ၀င်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားဟောင်းကြီးဟာ သူရဲ့ အသင်းဟောင်းက ဒီနွေမှာ ကစားသမားကောင်းတွေ ခေါ်ယူနေတာကို စောင့်ကြည့်နေပြီး လာမယ့် ရာသီအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ဟာလည်း ဒီနွေမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။… Continue Reading →
  • တိုင်လီမန်းစ် အနှစ်ချုပ်
    အာဆင်နယ်ဟာ လက်ရှိအချိန်အထိ တိုင်လီမန်းစ်ကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းဆီ ကမ်းလှမ်းမှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ လက်ရှိနွေအပြောင်းအရွှေ့ကာလ အစောပိုင်းကတည်းက အာဆင်နယ်ဟာ ဘယ်လ်ဂျီယံကွင်းလယ်လူကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အသက်၂၅နှစ်အရွယ်ကစားသမားကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဂန်းနားတွေရဲ့ကမ်းလှမ်းမှုကို စောင့်မျှော်နေခဲ့တာပါ။ လက်စတာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ တိုင်လ်မန်းဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့… Continue Reading →
  • အန်ကက်တီးယားဘာလို့ အမ်းမရိတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလဲ
    ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်မှာ အသင်းရဲ့ ပရိသတ်တွေက အန်ကက်တီးယားဟာ လာမယ့်နွေမှာ အသင်းကနေ သေချာပေါက်ထွက်ခွာမယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို တောက်လျှောက်ငြင်းပယ်နေခဲ့ပြီး အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  ဒါပေမယ့် နောက်ဆုံးမှာတော့ အန်ကက်တီယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ အာတီတာနဲ့ အီဒူးတို့က… Continue Reading →
  • ရာဖင်ဟာ အကြောင်းရှင်းရှင်းလင်းလင်းပြောပြဖို့  ဒေကို ကို တိုက်ရိုက်မေးခဲ့ပါတယ် – အီဒူး
    အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက ဒီနွေမှာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အဆင့်အထိပဲ ရောက်ခဲ့တယ်လို့ ၀န်ခံလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရာဖင်သာကို ဥရောပအသင်းအများအပြားက ဒီနွေမှာ စိတ်၀င်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ နွေအပြောင်းအရွှေ့ကာလအစောပိုင်းမှာ အာဆင်နယ်ဟာ လိဒ်စ်ယူနိုက်တက်ကနေ ရာဖင်ဟာကို ခေါ်ယူဖို့… Continue Reading →

Website Powered by WordPress.com.

Up ↑