လီဗာပူးလ်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ အာတီတာကို အကြံပေးခဲ့တဲ့ ကာရေဂါ

လီဗာပူးလ် ဂန္တ၀င်ကစားသမားဟောင်းဖြစ်သူ ဂျင်မီကာရေဂါက အာတီတာအနေနဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရတဲ့အခါ တိုက်စစ်ကို အလွန်အကျွံမလိုက်ပါပဲ လျှော့ကစားဖို့ အကြံပေးခဲ့ပါတယ်။  လီဗာပူးလ်နဲ့အာဆင်နယ်နှစ်သင်းစလုံးဟာ ပုံစံကောင်းတွေ ပြသနေခဲ့ ပြီး အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက်အနိုင်ရထားသလို လီဗာပူးလ်ကလည်း ၂၀၂၂မှာ လုံး၀ ရှုံးပွဲမရှိသေးပါဘူး။ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အာဆင်နယ်ပြသခဲ့တဲ့ ခြေစွမ်းတွေနဲ့ပတ်သက်ပြီးလည်း ကာရေဂါက ချီးကျူးခဲ့ပါတယ်။  Sky Sportsရဲ့ အားကစားအစီအစဉ်တင်ဆက်မှုမှာ ကာရေဂါက ခုလိုပြောလာခဲ့ပါတယ်။  “အိုဒီဂတ်ရဲ့ တိုက်စစ်ဆင်ကစားတာကို ကျွန်တော်ကြည့်ချင်ပါတယ်၊ပြီးတော့ ရှာကာကလည်း ပါတေးကို တိုက်စစ်လိုက်ပါနိုင်ဖို့ လွတ်လွတ်လပ်လပ်ကစားစေတာကိုရောပေါ့။အိုဒီဂတ်ဟာ မာတင်နယ်လီနဲ့တွဲဖက်ထားရင် တိုက်စစ်ဆင်တဲ့ စက်တစ်လုံးလိုပါပဲ။”  “သူတို့ဟာ တကယ်ကို တိုက်စစ်ကစားတတ်တဲ့ အသင်းဖြစ်ပြီး ရှာကာက တစ်ပွဲကို ၁၁ကီလိုမီတာလောက်ပြေးပြီး နေရာလွတ်တွေကို ဖြည့်ပေးနေရပါတယ်။”  “တစ်ခါတစ်လေမှာတော့ ဒီလိုမျိုးရှေ့အရမ်းတက် တိုက်စစ်ဆင်တာ မကောင်းပါဘူး။ပါတေးရဲ့ ကွင်းလယ်‌နေရာမှာ... Continue Reading →

လက်စတာကို ပွဲမစခင်ကတည်းက အသာရနေခဲ့တဲ့ အာဆင်နယ်

လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ လက်စတာတို့ရဲ့ပွဲစဉ်မှာ လက်စတာစီးတီးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဗာဒီပါ၀င်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် နောက်ဆုံး ဆယ်ပွဲမှာ ၂၅မှတ်အထိ စုဆောင်းထားနိုင်ခဲ့တဲ့ အာဆင်နယ်အတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး လာမယ့်သီတင်းပတ်မှာလည်း ရမှတ်၃မှတ်အပြည့်စုဆောင်းနိုင်ဖို့အတွက် အခြေအနေပိုသာသွားခဲ့ပါတယ်။  အာဆင်နယ်ဟာ လက်စတာနဲ့ ပွဲစဉ်ပြီးတာနဲ့ ငါးရက်အတွင်းမှာ လီဗာပူးလ်၊ အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်းအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ မရင်ဆိုင်ရခင် အိမ်ကွင်းအမ်းမရိတ်မှာ လက်စတာကို အနိုင်ယူပြီး သုံးမှတ်အပြည့်ရယူဖို့ လိုအပ်နေပါတယ်။  လက်စတာနည်းပြဘရန်ဒန်ရော်ဂျာက ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ဗာဒီပါ၀င်နိုင်မှာ မဟုတ်တဲ့အကြောင်းကို အတည်ပြုသွားခဲ့ပါတယ်။  “ ဗာဒီပါ၀င်နိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ကံမကောင်းစွာနဲ့ပဲ သူဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး နောက်ထပ် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရဦးမှာပါ။... Continue Reading →

M.S.News- နောက်ဆုံးရ ဘောလုံးသတင်းများ (8Mar)

ယူနိုက်တက်ကထွက်ခွာဖို့ ရက်ရှ်ဖို့ဒ်စဥ်းစားနေပြီလို့   ဖေဘရီဇီယို ရိုမာနို ထုတ်ပြောလာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးရက်ရှ်ဖို့ဟာ  ရာသီကုန်မှအသင်းကနေထွက်ခွာဖို့အတွက် စဥ်းစားနေပြီဖြစ်ကြောင်း နာမည်ကျော်သတင်းထောက်ဖေဘရီဇီယိုရိုမာနိုက ပြောကြားလာပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ ပွဲထွက်ခွင့်နည်းပါးတာကြောင့် သူ့ရဲ့ အနာဂတ်ကိုပြန်လည်သုံးသပ်နေတာဖြစ်ကြောင်းသိရပါတယ်။ ရက်ရှ်ဖို့ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၉၅ ပွဲကစားပေးထားပြီး ၉၃ ဂိုးထိသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်သာရခဲ့ပါက သားရွှေအိုးထမ်းကိန်းရှိတဲ့ ဂန်းနားများ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက အာဆင်နယ်ကစားသမားများဟာ တစ်ဦးချင်းစီကို ပေါင် ၅၀၀၀၀၀ ခန့်အပိုဆုကြေးရရှိမှာဖြစ်တယ်လို့  Mirror ကရေးသားလာပါတယ်။ ဒါ့အပြင် ကစားသမားများရဲ့ မူလစာချုပ်မှာကတည်းက ဥရောပဝင်ခွင့်နဲ့သူတို့ရဲ့ခံစားခွင့်တွေချိတ်ဆက်နေတာဖြစ်လို့ လစာပါတိုးမြင့်ရရှိသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆင့် ၄ ရရင် ဖလားရသလိုအောင်မြင်မှုဖြစ်ကြောင်းကွန်တီပြော စပါးနည်းပြကွန်တီက  ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းဟာ သူတို့အသင်းအတွက် ဒီရာသီမှာ ဆုဖလားရရှိသလို အောင်မြင်မှုဖြစ်ကြောင်းပြောဆိုလာပါတယ်။  “  ကျွန်တော်တို့အားလုံးအစွမ်းကုန်ကြိုးစားနေပါတယ်။  လက်ကျန် ၁၂... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (7Mar)

ချဲလ်ဆီးကို အချိန်စောပြီးပြန်လာရဖွယ်ရှိတဲ့ ဘာကာယိုကို အေစီမီလန်အသင်းကို အငှားသွားရောက်ကစားနေတဲ့ ဘာကာယိုကိုဟာ မူလစာချုပ်သက်တမ်းထက်ပိုပြီး လန်ဒန်ကလပ်ဆီကိုပြန်လာရဖွယ်ရှိတယ်ဆိုပြီး Calciomercato က ဖော်ပြလာပါတယ်။  အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဆန်စီယိုကို ၂ နှစ်ခွဲစာချုပ်နဲ့ ပြီးခဲ့တဲ့နွေရာသီက အငှားထွက်ကစားခဲ့တာဖြစ်ပြီး  ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် အခုလို စာချုပ်ကို ဖျက်သိမ်းဖို့ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။  ဒီရာသီမှာ မီလန်အသင်းအတွက် ၁၇ ပွဲသာကစားပေးထားရပြီး အများစုကလည်း လူစားဝင်အဖြစ်သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဝင်နယ်ဒန်ကို ခေါ်ယူလိုနေတဲ့ ဂျာရတ် အက်စတွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျာရတ်ဟာ ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့အတွက်  ပီအက်ဂျီအသင်းကစားသမား ဝင်နယ်ဒမ်ကို ပေါင် ၂၁ သန်းနဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း ဝင်နယ်ဒမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပဲရစ်မြို့ကိုရောက်ရှိခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ အငှားနဲ့ပြန်ထွက်ကစားဖို့အထိစီစဥ်ခဲ့ရတာဖြစ်ပါတယ်။ အသင်းနှစ်သင်းကြားအဆင့်အတန်းကွာဟနေကြောင်း ရန်းနစ်ဝန်ခံ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က မန်ချက်စတာဒါဘီပွဲအပြီးမှာအခြေအနေကို အခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။... Continue Reading →

ရမ်းစ်ဒေးလ်က အကောင်းဆုံးခေါ်ယူမှုလို့ ကာရန်ကာနေးလ်ချီးကျူး

အမျိုးသမီးအားကစားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ကာရန်ကာနေးလ်ကတော့ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားခေါ်ယူမှုအဖြစ် ပြီးခဲ့တဲ့နွေရာသီက အာဆင်နယ်အသင်းရဲ့ ဂိုးသမားရမ်စ်ဒေးလ်ကို ခေါ်ယူမှုဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။  ရှက်ဖီးလ်ယူနိုက်တက်လိုအသင်းငယ်‌လေးဆီကနေ ပေါင်သန်း၃၀ဆိုတဲ့ တန်ကြေးနဲ့ မထင်မရှားဂိုးသမားတစ်ယောက်ကိုခေါ်ယူခဲ့တဲ့အပေါ် အာဆင်နယ်အသင်းဆီ ဝေဖန်သံတွေအများအပြားပျံ့လွင့်စေခဲ့ပါတယ်။ လက်ရှိမှာတော့ ရမ်ဒေးလ်ဟာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာနဲ့ရော ၊ ပေါင်သန်း၃၀မက တန်တဲ့ ကစားသမားဖြစ်တယ်ဆိုတာကိုပါ သက်သေပြနိုင်ခဲ့ပါပြီ။ ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ၁၁ပွဲပေးဂိုးမရှိဆိုတဲ့ စံချိန်ကောင်းနဲ့အတူ ဝေဖန်သူတွေရဲ့ အသံတွေကို တိတ်ဆိတ်စေခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်က သူ(ရမ်စ်ဒေးလ်)ကို ခေါ်ယူလိုက်တဲ့ အကြောင်းရင်းကတော့ အားလုံးက သူ့ကို မခေါ်သင့်ဘူးလို့ထင်တာကြောင့်ဖြစ်မယ်လို့ ကျွန်မထင်ပါတယ်”  “သူဟာ တန်းဆင်းခဲ့တဲ့ အသင်းကနေလာခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် သူဟာ ဒူပေဒါပေခံတဲ့ ကစားသမားဖြစ်ပြီး ကြမ်းတမ်းခက်ခဲမှုတွေကို အကြောက်တရားမရှိပဲ ရင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် အာဆင်နယ်က သူ့ကို... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (​5Mar)

အသင်းမှာထာဝရကစားလိုကြောင်းပြောလာတဲ့မာတင်နယ်လီ အာဆင်နယ်လူငယ်တိုက်စစ်မှုးမာတင်နယ်လီက  သူ့အနေနဲ့  အခွင့်အရေးသာရှိမယ်ဆိုရင် အသင်းမှာ အမြဲတန်းကစားသွားမယ်လို့ ဖွင့်ပြောလာပါတယ်။ ဒီအသင်းမှာပဲ ဘ၀တစ်ခုလုံး နေလို့ရတယ်ဆိုရင် ဒီမှာပဲ ကျွန်တော်နေသွားမှာပါ။ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ရှာဖွေချင်‌ပါသေးတယ်။ အရင်ကပြောခဲ့သလိုပဲ အသင်းမှာ နေပြီး ဒီလိုအံ့ဩဖို့ကောင်းတဲ့ ပရိသတ်တွေ၊အသင်း‌ဖော်တွေနဲ့အတူ ချန်ပီယံဆုတွေကို အရယူသွားချင်ပါတယ်”  လို့ဆိုခဲ့တာပါ။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ကစားရဖို့ထိုက်တန်ကြောင်း ၊ ဒီအတွက်အသင်းသားတွေနဲ့ အတူတကွကြိုးစားနေကြောင်းကိုလည်းထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ၁၉ နှစ်အရွယ်တောင်ပံလူကိုခေါ်ယူလိုက်တဲ့ ဘာကာ ဘာစီလိုနာအသင်းဟာ ရေးဆင်းတောင်ပံကစားသမား ပါဘလိုတိုရီ ကို သန်း ၂၀ ခန့်နဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။  ဧပြီလမှာ  အသက် ၁၉ နှစ်ပြည့်မယ့် စပိန်သားလေးဟာ  စပိန်တတိယတန်းအသင်းအတွက် ဒီရာသီမှာ ၁၂ ဂိုးသွင်းပေးထားနိုင်သူလည်းဖြစ်ပါတယ်။ အဆိုပါကစားသမားလေးကို ရီးရဲမက်ဒရစ်နဲ့ ဆိုစိဒက်တို့ကလည်း ပေါင် ၁၀ သန်းဝန်းကျင်နဲ့ကမ်းလှမ်းခဲ့ကြပေမယ့် ဘာစီလိုနာက... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (4Mar)

အရိုဂျိုကို ကမ်းလှမ်းလိုက်တဲ့  မန်ယူ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ နောက်ခံလူ အရိုဂျိုကို တစ်နှစ်လုပ်ခလစာ  ပေါင် ၁၀ သန်းခန့်တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းလိုက်ကြောင်းသိရပါတယ်။  ဘာကာတို့ဖက်က တစ်နှစ်ကို ယူရို ၄ သန်းခန့်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကလက်ခံထားခြင်းမရှိဘူးလို့ သိရပါတယ်။ အဆိုပါ နောက်ခံလူကို ချဲလ်ဆီးအသင်းနည်းပြတူချယ်ကလည်း သဘောကျနေခဲ့တာဖြစ်ပါတယ်။ သူ့ကိုဘာစီလိုနာက အခွင့်အရေးမပေးခဲ့ဘူးလို့ နည်းပြဟောင်းကိုးမန်းပြော ဘာစီလိုနာအသင်းနည်းပြဟောင်းရိုနယ်ကိုးမန်းက သူနည်းပြစဥ်အချိန်တုန်းက လက်ရှိနည်းပြဇာဗီလိုအခွင့်ရေးမရခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ '' အခုလက်ရှိဇာဗီလုပ်ပုံကောင်းမွန်နေတယ်ဆိုတာ သူရရှိနေတဲ့အခွင့်ရေးတွေကြောင့်ပါ။ ကျွန်တော်အခု ထက်ထိနာကျင်နေတုန်းပါ။ ဘာစီလိုနာက  ဇာဗီကိုအချိန်ပေးသလို ကျွန်တော့်ကို မပေးခဲ့ပါဘူး။ ကျွန်တော်ကိုင်တွယ်တုန်းက ဒဏ်ရာရကစားသမားတွေနဲ့ဘဲရှေ့ဆက်ခဲ့ရတယ်။ အခုခင်ဗျားတို့အကုန်လုံးကို အကောင်းတိုင်းမြင်နိုင်ပါပြီ “ ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ စူပါလိဂ်ပြန်စဖို့ ပီရက်ဇ်ကြိုးပမ်း ရီးရဲ ဥက္ကဌပီရက်ဇ်ရဲ့ ကြိုးပမ်းမှုနဲ့အတူ  စူပါလိဂ်ပြိုင်ပွဲမှာပြန်လည်အသက်ဝင်လာပြီဖြစ်တယ်လို့ သိရပါတယ်။  ကော်မတီကို ကလပ်အ... Continue Reading →

ကစားသမားဘဝကန့်လန့်ကာအချကို လီဝန်ဒေါစကီးဘယ်လိုဆုံးဖြတ်မလဲ

ဘယ်လိုစံချိန်တွေကို  လီဝန်ဒေါစကီး ချိုးခဲ့ပါတယ်ဆိုတာထက် ၊ သူမချိုးရသေးတဲ့စံချိန်ဘာရှိလဲလို့မေးတာက ပိုပြီးမှန်မယ့်တိုက်စစ်မှုးတစ်ယောက်လို့ တင်စားရင် ငြင်းမယ့်သူရှားပါလိမ့်မယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက် ၊  အသက် ၃၃ နှစ်ရောက်လာချိန်မှာ  ဂိုးပေါင်း ၆၀၀ ကျော်ထိသွင်းယူထားတဲ့တိုက်စစ်မှုးတစ်ယောက် ရာသီကုန်မှာတော့ လက်ရှိကစားနေတဲ့အသင်းကနေထွက်ခွာဖို့အကြောင်း ဖန်နေပါတယ်။  ၈ ရာသီတိုင်တိုင်လက်တွဲခဲ့တဲ့ဘိုင်ယန်နဲ့သူန့ကြားမှာ စာချုပ်သစ်အတွက်သဘောတူညီမှုမရသေးပါဘူး။  ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ရီးရဲ​ ၊  ပီအက်စ်ဂျီနဲ့   အာဆင်နယ်အသင်းတွေက လီဝန်ဒေါစကီးကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။  ထို ၃ သင်းထဲမှာ  ရီးရဲ နဲ့ ပီအက်စ်ဂျီတို့ဟာ ဆွေးနွေးမှုအချို့စတင်ပြီးပြီလို့ ဆိုပါတယ်။  အာဆင်နယ်ကတော့ စောင့်ကြည့်နေရုံဖြစ်ပါတယ်။  ဘိုင်ယန်တို့ဟာ ဟာလန်းကိုခေါ်ယူဖို့ရေပန်းစားတဲ့အသင်းတွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။  သူနဲ့အပြိုင်ဖြစ်နေတဲ့ ချဲလ်ဆီးအသင်းဟာ ရုတ်တရက်ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာခဲ့တာကြောင့်  နော်ဝေသားလေးကိုခေါ်ယူရေးမှာ နောက်ဆုတ်သွားကောင်း နောက်ဆုတ်နိုင်ပါတယ်။  ဘွန်ဒက်စ်လီဂါမှာ ကစားသမားတစ်ယောက်နာမည်ကျော်လာတိုင်း အချိန်တန်ရင်ဘိုင်ယန်ရောက်တယ်ဆိုတဲ့ အစဥ်အလာကို ဟာလန်းတစ်ယောက်ဆက်ထိန်းဦးမလားကြည့်ရပါမယ်။  လီဝန်ကိုယ်တိုင်လဲ တစ်ချိန်က... Continue Reading →

M.S.News – နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ (3Mar)

မစ်ဒယ်ဘရော့ တောင်ပံကစားသမားကို စိတ်ဝင်စားနေကြတဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ဝက်စ်ဟမ်းနဲ့  အာဆင်နယ်တို့ဟာ မစ်ဒယ်ဘရော့ အသင်းရဲ့တောင်ပံကစားသမား အီဆီယာဂျုံးစ်ကိုခေါ်ယူလိုနေကြတယ်လို့  Planet Sport သတင်းထောက် ဂရေမီဘိုင်လီကဖော်ပြလာပါတယ်။ အသက် ၂၂ အရွယ်ကစားသမားလေးဟာ  ဒီရာသီမှာ ဘိုရိုတို့အတွက် ၃၈ ပွဲကစား  ၁ ဂိုးသွင်းပြီး  ၈ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။ အဆိုပါကစားသမားလေးရဲ့စွမ်းဆောင်ရည်ကို  ခြေစွမ်းသိပ်မပြနိုင်တဲ့ပေပေနေရာမှာအစားထိုးဖို့ ပရိတ်သတ်အချို့ကမျှော်လင့်နေကြတယ်လို့လည်းဆိုပါတယ်။ လီဝန်ဒေါစကီးကို  ပီအက်ဂျီ ၊ အာဆင်နယ်နဲ့ ရီးရဲတို့ အပြိုင်စိတ်ဝင်စားနေကြ အာဆင်နယ် ၊ PSG နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မူး လီဝန်ဒေါ့စကီး ကိုခေါ်ယူရန်အပြိုင်စိတ်ဝင်စားနေကြောင်း ပြင်သစ် မီဒီယာများကဖော်ပြလာခဲ့ကြပါတယ်။ အသက် (၃၃)နှစ်အရွယ်ပိုလန်တိုက်စစ်မှုးကြီးဟာ လာမယ့်နှစ် ဇွန်လမှာ ဘိုင်ယန်​မြူးနစ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့်  ယခုနွေရာသီအပြောင်း ရွေ့တွင်ယင်းကစားသမားကိုခေါ်ယူရန် ဥရောပအ သင်းကြီးများကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။  လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်အသင်းအတွက် ယခုရာသီလိဂ်ပြိုင်ပွဲ(၂၄)ပွဲမှာ... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (2Mar)

ပိုချက်တီနိုကသာ ယူနိုက်တက်ရဲ့ ဦးစားပေးပါ ယူနိုက်တက်အသင်းတာဝန်ရှိသူများက အသင်းရဲ့ အနာဂတ်နည်းပြရွေးချယ်ရာမှာ  PSG အသင်းနည်းပြပိုချက်တီနိုကို ပိုပြီး အလေးပေးထားကြတယ်လို့ သိရပါတယ်။  နည်းပြဆိုးလ်ရှားအသင်းကထွက်ခွာပြီးကတည်းက ပိုချက်တီနိုကို ဦးစားပေးပြီး ခန့်အပ်လိုခဲ့ကြတယ် လို့လည်းသတင်းများမှာ ဖော်ပြထားကြပါတယ်။ သို့သော်လည်း ပိုချက်တီနိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုပြောင်းရွေ့ရန်သတင်းထွက်လျှက်ရှိပြီး ကာယကံရှင်ကလည်း စပိန်မြေကိုသွားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ကစားသမားဟောင်းကို ခေါ်ယူဖွယ်ရှိတဲ့ ပဲလေ့စ် ခရစ်စတဲလ်ပဲလေ့စ်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကစားသမား ဒန်နီဆီဘယ်လော့ ကို ယခုနွေရာသီမှာ ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဆီဘယ်လော့ ဟာ အာဆင်နယ်အသင်းနှင့်အတူပရီးမီးယား လိဂ်မှာကျင်လည်ခဲ့တဲ့ကစားသမားတဦးဖြစ်ပြီး ယခုနွေရာသီမှာ အာဆင်နယ်အသင်းကအပြီးသတ် ကမ်းလှမ်းခဲ့ဖူးပါတယ်။  ပဲလေ့စ်နည်းပြ ဗီအဲရာက အသင်းရဲ့ ရေရှည်စီမံကိန်းအတွက်  ကွင်းလယ်အင်အားကိုဖြည့်တင်းချင်နေကြောင့်  ဆီဘယ်လော့ကို ခေါ်ယူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်နဲ့ ရုဇ်တို့ဆွေးနွေးနေကြပြီ အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ နာပိုလီအသင်းကထွက်ခွာတော့မယ့် ကွင်းလယ်ကစားသမား... Continue Reading →

Website Powered by WordPress.com.

Up ↑