အေးဂျင့်ကို အလုပ်ဖြုတ်ခဲ့တဲ့ အဆန်စီယို

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမား မားကို့စ်အဆန်စီယိုဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖို့အတွက် အေးဂျင့်‌အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။  အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် စပိန်သားဟာ ဘာနေဗျူးကို စွန့်ခွာလိုနေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ သူ့ကို အသင်းမှာ ဆက်ထိန်းသိမ်းထားလိုနေပေမယ့် စာချုပ်သစ်အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရခဲ့ပါဘူး။  အဆန်စီယိုဟာ အာဆင်နယ်ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး ဒီနွေမှာလည်း ဂန်းနားတွေဟာ အဆန်စီယိုကို အမ်းမရိတ်ဆီခေါ်ဆောင်ဖို့ ထပ်မံကြိုးစားလာဖွယ်ရှိပါတယ်။ ဒါ့အပြင် အေစီမီလန်အပါအဝင် အခြားသောအသင်းများစွာနဲ့လည်းမကြာခနသတင်းထွက်လေ့ရှိပါတယ်။ The Sun ရဲ့အဆိုအရ အန်ဆယ်လော့တီရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲ့နေတဲ့ အဆန်စီယိုဟာ ဘာနေဗျူးကနေ ထွက်ခွာဖို့ အပူတပြင်းကြိုးစားနေပြီး သူရဲ့အေးဂျင့်အသစ် ပြောင်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသင်းပြောင်းဖို့ သက်သက်မဟုတ်ပဲ အခြားအကြောင်းအရာတွေကြောင့် အေးဂျင့်အပြောင်းအလဲလုပ်တာလည်း ဖြစ်နိုင်ပါတယ်။  အသက်၂၆နှစ်အရွယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေ... Continue Reading →

အဲဗာတန်နဲ့ ပွဲစဉ်က အသင်းရဲ့ပထမပိုင်းခြေစွမ်းကို အားရနေတဲ့ အာတီတာ

အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က အသင်းရဲ့ ပထမပိုင်းခြေစွမ်းကို အာတီတာက ချီးကျူးသွားခဲ့ပါတယ်။ဒီပွဲစဉ်မှာ အာတီတာ တတ်နိုင်သလောက် ကစားသမားများများ အသုံးပြုသွားနိုင်ဖို့ ကြိုးစားသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မတ်တာနာဟာ သူရဲ့ အမေရိကန်ပရိသတ်တွေရှေ့မှာ အာဆင်နယ်ဂျာစီနဲ့ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ဂျေးဆု၊သောမတ်စ်ပါတေး၊ ကပ္ပတိန်အိုဒီဂတ်၊ရှာကာတို့ အားလုံးပါ၀င်ခဲ့ပါတယ်။ မာဆေးလ်ကနေ ပြန်ရောက်လာတဲ့ ဆလီဘာဟာလည်း သူရဲ့ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးပွဲစဉ်အဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အာဆင်နယ်ဟာ ပထမပိုင်းသွင်းဂိုးတွေနဲ့အတူ ၂ဂိုးဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာ အာတီတာက အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ခုလို ဆိုလာခဲ့ပါတယ်။  "အသင်းရဲ့ ကစားပုံကောင်းခဲ့ပါတယ်။မတူညီတဲ့ အပိုင်းနှစ်ပိုင်းတော့ ရှိခဲ့ပါတယ်။ပထမပိုင်းမှာ ကျွန်တော်တို့ အရမ်းကောင်းခဲ့ပြီး ပြင်းပြင်းထန်ထန် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နေရာလွတ်တွေကိုလည်း ရှာဖွေနိုင်ခဲ့သလို အဆုံးသတ်ကလည်း ကောင်းခဲ့ပါတယ်။ပြိုင်ဘက်ကို... Continue Reading →

သွင်းဂိုး ၁၆ဂိုးသွင်းထားတဲ့ တောင်ပံတိုက်စစ်ကစားသမားကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လေဗာကူဆင်တောင်ပံကစားသမား မူဆာဒီယာဘီ ကိုခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေတဲ့အကြောင်း သတင်း‌ တွေထွက်ပေါ်နေပါတယ်။  အာတီတာက လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့ တိုက်စစ်အင်အား ဖြည့်တင်းဖို့ အနည်းဆုံးတိုက်စစ်ကစားသမားသစ်နှစ်ဦးကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။   SportBILD ရဲ့ အဆိုအရ ဂန်းနားတွေဟာ  ဒီရာသီ ဘွန်ဒက်လီဂါရဲ့ ထင်ရှားကျော်ကြားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မူဆာဒီယာဘီကို ခေါ်ယူဖို့ အခုကတည်းက စတင်ပြီး ကြိုးစားနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် အာဆင်နယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နေရာတစ်နေရာ အရယူနိုင်မလားဆိုတဲ့အပေါ် မူတည်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။  လေဗာကူဆင်ဟာ သူတို့ရဲ့ ပြင်သစ်ကြယ်ပွင့်အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၄.၄ သန်း) နဲ့ ဈေးခေါ်ထားပေမယ့် ယူရို ၇၅ သန်း (ပေါင်... Continue Reading →

ပေါင် ၈၄သန်းတန် ဗစ်တာအိုဆီမှန်ကို ခေါ်ယူဖို့ ကြံရွယ်လာတဲ့ မန်ယူနိုက်တက်

၂၈ပွဲမှာ ၁၆ဂိုး သွင်းယူထားတဲ့ အသက် ၂၃နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှုး ဗစ်တာအိုဆီမှန် ကို မန်ယူနိုက်တက်က အာဆင်နယ်နဲ့ နယူးကာဆယ်တို့ထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ သရဲနီတွေက နာပိုလီအသင်းတောင်းဆိုတဲ့ စျေးနှုန်းပမာဏကို ပေးချေနိုင်စွမ်းရှိနေတဲ့အပြင် အသင်းရဲ့ပုံရိပ်ကြီးမားမှုကို အသုံးချကာ ကစားသမားကို ဆွဲဆောင်နေတာပါ။ မန်ယူနိုက်တက်ဟာ ဘင်ဖီကာတိုက်စစ်မှုး ဒါဝင်နူနက်ဇ်ကိုလည်း စိတ်ဝင်စားနေပြီး နည်းပြသစ် အဲရစ်တန်ဟက်က တိုက်စစ်မှုးကာဗာနီရဲ့ နေရာမှာ အစားထိုးလိုနေတာပါ။ နည်းပြသစ်လက်ထက်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှုး စီရော်နယ်ဒိုကိုလည်း ကစားပုံမကိုက်ညီမှုတွေ ရှိနေမှာဖြစ်တာကြောင့် လူစာရင်းကနေ ပယ်ထုတ်ဖို့ ကြံရွယ်နေပုံ ရပြီး အာဆင်နယ်နဲ့အပြိုင် တိုက်စစ်မှုးတွေ ရှာဖွေတော့မှာလည်း ဖြစ်ပါတယ်။ တဖက်မှာလည်းပဲ  ရိုနယ်ဒိုက အသင်းရဲ့ပြသနာမဟုတ်တာကြောင့် ထုတ်ပစ်ရမှာ  သူမဟုတ်ဘူးဆိုတဲ့အငြင်းပွားမှုတွေလဲရှိနေပါတယ်။ အိုဆီမန်နဲ့ပတ်သတ်ပြီး  အသင်းဖက်က ပေါင် ၈၄... Continue Reading →

လက်စတာကွင်းလယ်လူကို ခေါ်ဖို့ စပါးနဲ့အပြိုင်လုရဖို့ ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ လက်စတာကွင်းလယ်လူတွေ ဖြစ်တဲ့ တိုင်လ်မန်း၊ မက်ဒီဆင်တို့ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့တယ်။ တိုင်လ်မန်းဟာ  အမ်းမရိတ်နဲ့ပိုပြီး သင့်တော်တဲ့ ကစားသမားဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေသလို မက်ဒီဆင်အပေါ်ကိုလည်း အာဆင်နယ်ဟာ စိတ်၀င်စားမှုရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ဆက်တိုက်ကို ထွက်ပေါ်နေဆဲပါပဲ။  နောက်ဆုံးရသတင်းအချို့အရ မက်ဒီဆင်ကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကလည်း အပြိုင် ကြိုးစားလာဖို့ ရှိနေတယ်လို့ သိရပါတယ်။  မက်ဒီဆင်ဟာ လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာ လက်စတာအတွက် ပြိုင်ပွဲစုံ၄၂ပွဲကစားထားပြီး ၁၃ဂိုးသွင်း၊ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ မက်ဒီဆင်ဟာ လက်စတာမှာ စာချုပ်သက်တမ်း၂နှစ်ကျန်သေးပေမယ့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။  မက်ဒီဆင်ကို အာဆင်နယ်ဟာ ခေါ်ယူဖို့ စိတ်၀င်စားနေပြီး စပါးအသင်းဟာ အာဆင်နယ်အတွက်... Continue Reading →

ဟာဇက်ညီနောင် ပြန်ဆုံကြမှာလား

ရီးရဲမက်ဒရစ်ရှေ့တန်းလူ အီဒင်ဟာဇက် ကတော့ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ ဆွေးနွေးဖို့ကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၃၁နှစ်အရွယ် ဘယ်ဂျီယံနိုင်ငံသား အီဒင်ဟာဇက်ကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပြီး ဟာဇက်ကတော့ အာဆင်နယ်ထံပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း အကြောင်းပြန်ခဲ့တာပါ။ ဟာဇက်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ချယ်ဆီးနဲ့အတူ တောက်ပခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရီးရဲမက်ဒရစ်မှာ ရုန်းကန်နေရတဲ့သူပါ။ အာဆင်နယ်က နီကိုလပ်စ်ပေပေရဲ့နေရာမှာ အစားထိုးဖို့ ကမ္ဘာ့အဆင့် တိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး အီဒင်ဟာဇက်ကိုလည်း ခေါ်ယူဖို့ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ စျေးကွက်ထဲမှာ အီဒင်ဟာဇက်မဟုတ်တဲ့ တခြားသော ကမ္ဘာ့အဆင့်တွေကိုသာ ရှာဖွေရပါတော့မယ်။ အန်ဆယ်လော့တီရဲ့အသင်းမှာ ဒီရာသီအတွက်  ၂၂ ပွဲကစား ၊  ၁ ဂိုးသွင်းပြီး  ၂ကြိမ်ဖန်တီးပေးထားနိုင်တဲ့ ဘယ်လ်ဂျီယံသားအနေနဲ့  ရီးရဲမှာဆက်ကြိုးစားချင်နေသော်လည်း အသင်းသစ်ရှာဖွေဖို့ကိုပဲ... Continue Reading →

စမစ်ရိုးကို ခေါ်ယူဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ် – ရူနီ

ယခုအချိန်မှာ အာဆင်နယ်အသင်းရဲ့   ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ပြီး ပရိတ်သတ်တွေရဲ့ အသဲနှလုံးဖြစ်နေတဲ့ စမစ်ရိုးဟာ  အစောပိုင်းကာလများမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဟက်ဒါစဖီးအသင်းကိုလည်းအငှားထွက်ကစားခဲ့ရသေးသလို  ခေါ်ယူလိုတဲ့အသင်းတွေလဲရှိခဲ့တာမို့  အမ်းမရိတ်နဲ့ဝေးရမလိုဖြစ်ခဲ့ပါသေးတယ်။ ဒီအထဲမှာ ချန်ပီယံရှစ်အသင်း ဒါဘီကောင်တီရဲ့ နည်းပြ ဝိန်းရူနီလဲပါဝင်ခဲ့ပါတယ်။  ရူနီက စမစ်ရိုးကို အငှားခေါ်ယူဖို့ ကြိုးစား‌ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ဖက် အက်စ်တွန်ဗီလာကလည်း အာဆင်နယ်ဆီကနေ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။  သူသဘောကျတဲ့ကစားသမားကို ခေါ်ယူရန် ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပေမယ့် ရူနီက အာဆင်နယ်ကစားသမားလေးကို ဘယ်လောက်ထိ ‌သဘောကျလဲဆိုတာ ဖွင့်ဟလာခဲ့ပါတယ်။  “ ဒါဘီအသင်းကို  စကိုင်တွယ်ခဲ့တုန်းက ပထမဆုံးခေါ်ယူချင်ခဲ့တဲ့ ကစားသမားက စမစ်ရိုး ဖြစ်ပါတယ်။ သူ့ကို အငှားခေါ်ယူနိုင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ သူက ဘယ်ညာခြေမရွေးပဲ ဘောလုံးဆွဲပြေးနိုင်တယ်၊  ဂိုးသွင်းနိုင်တယ်၊ အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်တယ်။ ကျွန်တော် သူ့ကို တကယ်ပဲ... Continue Reading →

ရှုံးပွဲအတွက် ဘာမှ ဆင်ခြေ ပေးစရာမရှိပါဘူး ဆိုတဲ့ အာတီတာ 

ခရစ္စတယ်ပဲလေ့စ်ကို သုံးဂိုးပြတ်ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်မှာ အသေအချာပါပဲ။ မန်နေဂျာနဲ့အသင်းသား‌ တွေအတွက်လည်း စိတ်ပျက်လက်ပျက်ရလဒ်တစ်ခုနဲ့အတူ လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံး စွမ်း‌ ဆောင်နိုင်ဖို့အတွက် ဖိအားများလာခဲ့ပါပြီ။  ဒီရှုံးပွဲကြောင့် လက်ကျန်ပွဲစဉ် ၉ပွဲမှာ အာဆင်နယ်အနေနဲ့ အမှားအယွင်းထပ်လုပ်လို့ မရတော့သလို အရေးကြီးတဲ့ အချိန်မှာမှ အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေ တိုးလာတာကလည်း ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပွဲပြီး မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာတော့ မေးမြန်းလာတဲ့ အကြောင်းအရာအချို့နဲ့ပတ်သက်ပြီး အာတီတာ ဖြေကြားထားတာကို ထုတ်နှုတ် တင်ပြလိုက်ရပါတယ်။  တကယ်ကို ဆိုရွားတဲ့ ညတစ်ညဖြစ်ခဲ့သလား  “အမှန်ပါပဲ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ဒါပေမယ့် ပထမဆုံးအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို သူတို့ရဲ့ အနိုင်ရလဒ်အတွက်ရော၊စွမ်းဆောင်ရည်အတွက်ပါ ဂုဏ်ပြုချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ သူတို့ကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။အထူးသဖြင့်... Continue Reading →

နူးနက်စ်က အပြောင်းအရွှေ့ဇာတ်ကောင်သစ်လား

ဆွာရက်စ်လက်သစ်လို့ နာမည်ထွက်နေတဲ့  ဒါဝင်နူနက်စ်ကတော့  ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ဆင့်တက်စေခဲ့တဲ့ဂိုးအပြီးမှာ သူ့ရဲကလပ်အသင်းအတွက်ဂိုးပေါင် ၃၄ ဂိုး မြောက်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းများအရ မန်ချက်စတာယူနိုက်တက် ၊​ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့က သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်မှာ ပရိုဖက်ရှင်နယ်ဘဝစခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာဗွေဆော်ဦးဂိုးကို ရရှိခဲ့တဲ့ နူနက်စ်ဟာ အခုတော့ ဥရောပဘောလုံးဇာတ်ခုံပေါ်က Icon တစ်ခုဖြစ်လာခဲ့ပါပြီ။ အီတလီသတင်းဌာန Calciomercato ရဲ့  ပြီးခဲ့တဲ့အပတ်ကဖော်ပြချက်အရတော့ ကစားသမားကိုခေါ်ယူချင်ရင်ပေါင်သန်း ၅၀ ကျော်လောက်သုံးရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင် ၄၅ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကိုတော့ ဘင်ဖီကာဖက်ကပယ်ချခဲ့တယ်လို့သိရပါတယ်။ ကာဗာနီတစ်ယောက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားဖို့သေချာနေတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း နူနက်စ်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နူနက်စ်နဲ့တွဲပြီးနာမည်အထွက်ဆုံးကတော့  တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်အသင်းဖြစ်ပါတယ်။ အမှတ်ပေးရာသီတိုင်းမှာ ... Continue Reading →

သွားရမယ့်ခရီးက အဝေးကြီးကျန်ပါသေးတယ် – ပီအိုလီ

ဇယားထိပ်ကနေ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ခဲ့ပေမယ့် အေစီမီလန်နည်းပြ ပီအိုလီက  အသင်း ၄ သင်းစလုံးက ချန်ပီယံဆုအတွက်ရေပန်းစားနေဆဲဖြစ်တယ်လို့ ဆိုလာပါတယ်။  မီလန်တို့ဟာ ကာဂလီယာရီကို  ၀ - ၁ နဲ့အနိုင်ရခဲ့အပြီးမှာ  စီးရီးအေအမှတ်ပေးဇယားအဆင့် ၁ မှာ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။ “  ပွဲစဥ်တိုင်းက အဆုံးအဖြတ်ဖြစ်လာခဲ့ပါပြီ။  အသင်းရဲ့ကစားပုံကို ကျွန်တော်ကြိုက်ပါတယ်။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တကယ့်ကို အရည်အသွေးမြင့်မြင့်နဲ့ကစားနိုင်ခဲ့တာပါ။  ကာဂလီယာရီအသင်းဟာ ကျွန်တော်တို့ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့တာပ၊ ဒါပေမယ့် ရည်မှန်းချက်ကြီးတဲ့အသင်း ၂ သင်းထိပ်တိုက်တွေ့ပြီဆိုရင်တော့ ဒီလိုစိန်ခေါ်မှုတွေရှိကြတာပါပဲ “  လို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။ ကွင်းလယ်လူ ဘန်နက်ဆာဟာ ဒီအနိုင်ပွဲအတွက်သူရဲကောင်းဖြစ်ခဲ့ပြီး ပီအိုလီက အခုထက်ပိုပြီး ရလဒ်ကောင်းတွေကို ဖန်တီးနိုင်သေးတယ်လို့ သူ့အသင်းအပေါ်မှာယူဆနေပါတယ်။ “ ကျွန်တော်တို့အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်ပါသေးတယ်။  အခွင့်အရေးတွေလဲရခဲ့ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက နိုင်ဖို့ပါပဲ... Continue Reading →

Website Powered by WordPress.com.

Up ↑