ဆာကာ ပြောပြလာတဲ့ သူ့ရဲ့အကြိုက်ဆုံးများ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားလေး ဘူကာယိုဆာကာကတော့ သူရင်ဆိုင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုဘက်စကွက်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူ့ကိုလည်း အရှက်တကွဲအကျိုးနည်း ဖြစ်စေခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။ ဘူကာယိုဆာကာနဲ့ ဆာဂျီယိုဘက်စကွက်တို့ဟာ ကလပ်မှာရော နိုင်ငံအသင်းမှာပါ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးကြတာလည်း ဖြစ်ပါတယ်။ ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာအသက်၂၀အရွယ် အာဆင်နယ် ကစားသမားလေးက ''ကျွန်တော်တို့ ၂၀၁၉တုန်းက အာဆင်နယ်နဲ့ ဘာစီလိုနာ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဆုံကြတုန်းကပေါ့။ ကျွန်တော်က သူ့ကို တစ်ဖက်ကို အယောင်ပြပြီး နောက်တစ်ဖက်ကနေ ဝင်လုဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ​ကတော့ သာသာယာယာပဲ အကြိမ်ကြိမ် ရှောင်ရှောင်ထွက်သွားတာပါ။ ကျွန်တော်ပဲ​ အကြိမ်ကြိမ် ကိုးရို့ကားယား ဖြစ်ပြီး ကျန်နေခဲ့ရတာပါ။ တကယ်ကိုကောင်းလွန်းတဲ့သူပါ။ မမေ့နိုင်စရာပါပဲ။'' ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဆာကာဟာ စီနီယာကစားသမားတွေအပေါ် လေးစားမှုအမြဲပြသတတ်သူဖြစ်ပြီး လူချစ်လူခင်လဲများပြားသူဖြစ်ပါတယ်။... Continue Reading →

ရိုနယ်ဒိုသာ အာဆင်နယ်ပြောင်းဖြစ်ခဲ့တယ် ဆိုကြပါစို့ ..

သိပြီးသူတွေရှိကြပေမယ့် သမိုင်းကိုနဲနဲလေးပြန်ကောက်ပါရစေ။ ၂၀၀၃ ခုနှစ်မှာ မန်ယူအသင်းကိုမပြောင်းခင် ရိုနယ်ဒို ဟာ အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါးနဲ့အတူ လေ့ကျင့်ရေးကွင်းထဲထိရောက်ရှိပြီး သဘောတူထားကြတာတွေရှိပါတယ်။ ဒါပေမယ့် Pre Season ခြေစမ်းပွဲမှာတွေ့ရတဲ့ခြေစွမ်းကြောင့် ဆာအဲလက်စ်ရဲ့ခပ်သွက်သွက်ဆုံးဖြတ်ချက်နဲ့ခေါ်ယူသွားနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ထာဝရအကောင်းဆုံး GOAT တစ်ပါးရဲ့ခရီးစဥ်စတော့တာပါပဲ။ ဒီတော့ဒီဆောင်းပါးမှာ ရိုနယ်ဒိုသာ မန်ယူမ‌ရောက်ပဲ အာဆင်နယ်ရောက်သွားခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ ၊ ဘောလုံးလောကရဲ့သမိုင်းကိုဘယ်လောက်ထိရိုက်ခတ်သွားနိုင်မလဲဆိုတာကိုတွေးကြည့်ကြပါစို့။ • အွန်နရီ နဲ့ ရိုနယ်ဒို အတွဲကိုမြင်ရပါလိမ့်မယ်။ ဆက်စပ်မှုအဖြစ် ၂၀၀၃ မှာရောက်လာတဲ့ စပိန်ကစားသမား ရီယက်စ် (ယခုကွယ်လွန်) ရောက်လာဖို့မရှိပဲ ရိုနယ်ဒိုကသာ အာဆင်နယ်အသင်းမှာ ထွန်းတောက်လာဖို့ရှိပါတယ်။ • မန်ယူအသင်းအနေနဲ့ ရိုနယ်ဒိုအစား ရီကာဒိုကွာရက်စ်မာ (သို့) နယူးကာဆယ်အသင်းက ကီယွန်ဒိုင်ယာကို ခေါ်ဖြစ်ဖို့များပါလိမ့်မယ်။ ထိုနှစ်က အဲ့ကစားသမားနှစ်ယောက်ကို ခေါ်ဖို့ရေပန်းစားခဲ့တာပါ။ ဒိုင်ယာပိုဖြစ်ဖို့များပါတယ်။ •... Continue Reading →

ရီယိုတစ်ယောက် လက်ဝှေ့သမားလိုင်စင်ရသွားတယ်ဆိုကြပါစို့

မန်ယူကစားသမား ရီယိုဖာဒီနန်ဟာ ဘောလုံးသမားဘဝကအနားယူပြီးနှစ်အနဲငယ်အကြာမှာ လက်ဝှေ့သမားတစ်ယောက်ဖြစ်ဖို့ Register တင်ပါတယ်တဲ့။ အကြောင်းပြချက်အချို့ကြောင့် Registration မအောင်ခဲ့တာကြောင့် သူကလက်ဝှေ့သမားတစ်ယောက်တော့ဖြစ်မလာနိုင်ခဲ့ပါဘူး။ အခုတော့ BT Sports မှာ ဝေဖန်သူလုပ်နေပါတယ်။ ရီယိုတစ်ယောက် လက်ဝှေ့သမားလိုင်စင်ရသွားတယ်ဆိုကြပါစို့ .. ဘာတွေများဖြစ်သွားနိုင်မလဲ။.... ကျွန်တော်ကတော့ ဘောလုံးသမားဘဝကအနားယူပြီးမှ သူကြိုက်တာသူလျှောက်လုပ်တာဆိုတော့ ဘာမှထူးခြားပြီးဖြစ်လာမယ်တော့မထင်ပါဘူး၊ ဒါပေမယ့် ခုလို BT Sports မှာ ဘောလုံးအကြောင်းဝေဖန်နေတဲ့ ရီယို ကိုတော့တွေ့ရမှာမဟုတ်သလို မြန်မာပြည်ကို legend တစ်ယောက်အဖြစ်လာတဲ့ဖြစ်ရပ်လည်း မဖြစ်သွားလောက်ပါဘူး။ ရီယိုစီးတဲ့ဆိုက်ကားဆရာကြီး ဝင်ငွေလျော့သွားမှာဖြစ်ပြီး ပွဲစီစဥ်တဲ့ Company လည်းအလုပ်မရဘူးပေါ့။ လျှောက်ဝေဘင် .. ဆောရီး ဝေဖန်နေတဲ့ ရီယိုမရှိတော့ဘူးဆိုရင် ရိုနယ်ဒို ပြန်လာတဲ့ညက ဖုန်ထတဲ့ ပို့စ်တွေလည်းရှိလာမှာမဟုတ်ပါဘူး။ ဒါမှမဟုတ်ရင်တော့ တစ်ပွဲနှစ်ပွဲကစားပြီး အခြေမလှတာမျိုးဖြစ်နိုင်သလို ဆေးရုံရောက်သွားတာမျိုးလဲရှိချင်ရှိပါလိမ့်မယ်။တွေးကြည့်တာပါ .. သူသာလက်ဝှေ့လိုင်စင်ရသွားခဲ့ရင်ဆိုပြီး။... Continue Reading →

Website Powered by WordPress.com.

Up ↑