ကျွန်တော်တို့ရဲ့ Deadpool မင်းသားကြီး ရိုင်ရယ်ရေးနိုးစ်ရဲ့ ပျော်စရာကောင်းပြီးချစ်စရာလည်းကောင်းတဲ့ဇာတ်ကားသစ်လေး တစ်ကားထွက်ထားပါတယ်။ ခုတလော မရယ်ရတဲ့ဇာတ်ကားတွေ၊ စိတ်ကိုလေးလံစေတဲ့အကြောင်းအရာတွေပဲအကြည့်များနေတော့ ရေးနိုးကြီးရဲ့ ဒီဇာတ်ကားကိုတကယ်ပဲ သဘောတွေ့မိပါတယ်။ ဒီတော့ ဇာတ်ကားအကြောင်းမပြောခင် သင်ဟာပျော်စရာ၊ ရွှင်စရာလေးတွေရှာဖွေနေတယ်ဆိုရင် လတ်တလောမှာတော့ ဒီဇာတ်ကားလေးက အချိန်ပေးပြီးကြည့်ဖို့ အတော်လေး အဆင်ပြေပါတယ်။ ယောကျာ်းလေးအများစုက သူတို့ရဲ့အထက်တန်းကျောင်းသားဘ၀ ဒါမှမဟုတ်အလယ်တန်းကျောင်းသားဘ၀လောက်မှာ P2 ဂိမ်းဆိုင်မှာတစ်နာရီနှစ်ရာပေးပြီး ကားသူခိုးဂိမ်းလို့ ကျွန်တော်တို့အလွယ်ခေါ်တဲ့ GTA ဂိမ်းကို ဆော့ဖူးကြမယ်ထင်ပါတယ်။ ဂိမ်းထဲက Characterက စွပ်ကျယ်နဲ့လူမည်းအမျိုးသားလူမိုက်ကြီး ၊မြို့ထဲလျှောက်သွားတယ်။ ကားတွေလုတယ်၊ လူတွေသတ်တယ်။ လုပ်ချင်တာတွေလုပ်တယ်။ရဲတွေလိုက်ရင်ပြေးတယ်။ မနိုင်တော့ဘူးထင်ရင်တော့ “ရဲကြောက်” ခိုးရတာပေါ့။ ဂိမ်းခလုတ်တွေမှာ Hack တဲ့ကုဒ်တွေနှိပ်ရင်း ဆော့ခဲ့ရတာ အမှတ်တရပါပဲ။ အဲ့ဒီ့ဂိမ်းလေးထဲမှာ ဂိမ်းဆော့တဲ့သူရဲ့ဇာတ်ကောင်အပြင် NPC လို့ခေါ်တဲ့ Non-player character တွေပါတယ်။ အလွယ်ပြောရရင်တော့ကွန်ပျူတာတွေပေါ့ဗျာ။ NPC... Continue Reading →