Post Match – အရေးကြီးတဲ့ ၃ မှတ်ကိုအရယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်တို့ဟာ ဗီလာပါ့ခ်မှာ  အိမ်ရှင်အက်စတွန်ဗီလာအသင်းကို ၀ - ၁ နဲ့အနိုင်ရပြီး ပြီးခဲ့တဲ့ပွဲစဥ်က အရှုံးကိုပြန်လည်ကုစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်တို့ဘာတွေကောင်းခဲ့လဲ ၊ ဘာတွေလိုအပ်ချက်ရှိခဲ့သလဲဆိုတာကိုပြန်ပြီးသုံးသပ်ကြည့်ရအောင်ပါ။ ပွဲအစမှာ ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ တိုက်စစ်မှုးမာတင်နယ်လီတို့ မပါဝင်ခဲ့တာကြောင့် မမြင်ရတာကြာပြီဖြစ်တဲ့ လီနို နဲ့  စမစ်ရိုးတို့ပါဝင်ကစားခဲ့ကြပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ရဲ့ အသင်းလိုက်ကစားပုံဟာ အထွေအထူးပျက်ယွင်းခြင်းတော့မရှိပဲ လိုအပ်တဲ့အရာတွေကိုတော့ အရယူနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာဖက်ကလဲ form မိနေတဲ့ကစားသမားတွေအကုန်ပါဝင်လာခဲ့ပြီး ကွင်းလယ်စုဖွဲ့မှုအားကောင်းကောင်းနဲ့ အာဆင်နယ်ကိုရင်ဆိုင်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အထူးချီးကျူးရမှာက  Pressing  ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ လာကာဇက် ၊ ဆာကာနဲ့ စမစ်ရိုးတို့ လိုရှေ့တန်းသမားတွေရယ်  ကွင်းလယ်က ပါတေးရယ်ကိုပဲဖြစ်ပါတယ်။ သူတို့ဟာ  အင်အားတောင့်တင်းတဲ့ ဗီလာကွင်းလယ်ကို Passing Option တွေမရှိသလောက်နဲပါးသွားစေပြီး ဗီလာတိုက်စစ်ကိုသေစေခဲ့ပါတယ်။ ဒေါက်ကလပ်လူးဝစ် ၊ ကူတင်ညိုနဲ့ ဘွန်ဒီယာတို့ဟာ... Continue Reading →

လီဗာပူးလ်နဲ့ပွဲစဥ်မှာ အာဆင်နယ်တို့ ဘာဖြစ်ခဲ့သလဲ (Post Match Review)

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ လီဗာပူးလ်ကို ဒုတိယပိုင်းမှာ ခွင့်ပြုခဲ့ရတဲ့ ဂျိုတာနဲ့ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အရေးနိမ့်ခဲ့ရပါတယ်။ အဆုံးသတ်မသေချာတာရယ်၊ ခံစစ်ပိုင်းအားနည်းတာရယ်က ဒီပွဲစဉ်ကို ရှုံးနိမ့်ခဲ့ရခြင်းရဲ့အဓိက အကြောင်းပြချက်ဖြစ်ခဲ့တယ်ဆိုမမှားပါဘူး။  ဒီပွဲစဉ်ကနေ အဓိက ပြောစရာ အချက် ၅ ချက်ရှိပါတယ်။ အဲ့ဒီအချက်တွေကို တစ်ခုခြင်း ဆွေးနွေးရမယ်ဆိုရင် ကောင်းတာတွေရော ၊ အားနဲချက်တွေကိုပါမြင်ရမှာဖြစ်ပါတယ်။ (၁) ပါတေးရဲ့ ရပ်တန့်မရတဲ့ ခြေစွမ်း (၂) အကောင်းဆုံးခြေစွမ်းနဲ့မာတင်နယ်လီ (၃) အသုံးမချနိုင်ခဲ့‌‌ သော အခွင့်အရေးများနဲ့ခံစစ်အမှားများ (၄) မဖြစ်မ‌နေ အနိုင်ယူရ‌တော့မှာဖြစ်တဲ့အက်စ်တွန်ဗီလာနဲ့ပွဲစဉ် (၅) ဘယ်သူမှ ပုံစံပျက်မရတဲ့ အသင်းလူစာရင်း  တို့ ဖြစ်ပါတယ်။  (၁) ပါတေးရဲ့ ရပ်တန့်မရတဲ့ ခြေစွမ်း  အာဖရိကဖလားပွဲကနေ ပြန်လာပြီးကလည်း ဂါနာကွင်းလယ်လူကြီးဟာ ပါ၀င်ခွင့်ရတဲ့ ပွဲစဉ်တိုင်းနီးပါးမှာ... Continue Reading →

Post Match Article – အားနည်းချက်တွေရှိခဲ့ပေမယ့် အားသာချက်တွေကပိုများခဲ့လို့ အာဆင်နယ်တို့ ၃ မှတ်အပြည့်ရခဲ့တဲ့ပွဲ

အိုဒီဂတ် ၊ ဆာကာ နဲ့ မာတင်နယ်လီတို့လို အချစ်တော်လူငယ်လေးတွေရဲ့ သွင်းဂိုးတွေနဲ့ ဝက်ဖို့ဒ်ကို အာဆင်နယ်တို့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ပွဲကလည်းအနိုင်ရခဲ့တယ်၊ ကစားပုံလည်း ပေါ်လွင်တယ်၊ ပရိတ်သတ်ကြိုက်ကစားသမားတွေလဲ ဂိုးသွင်းနိုင်တဲ့ပွဲမှာ စိတ်ကျေနပ်အောင်ပြောစရာတွေများပေမယ့် အားနဲချက်တွေ လိုအပ်ချက်တွေကပဲအရင်ဆုံးပြောကြည့်ပါမယ်။ ဒီအချက်တွေဟာ အမှတ်ရမယ့်ပွဲတွေကို အမှားအယွင်းဖြစ်သွားစေနိုင်လောက်တဲ့အထိ တော်တော်လေးအန္တရာယ်ရှိတယ်လို့ ယူဆမိတာကြောင့်ပါ။ အာဆင်နယ်တို့ဟာ ဒီပွဲမှာ တော်တော်လေးသာလွန်ကောင်းမွန်ပါတယ်။ ဒီအချက်ကိုအခြေပြုပြီး နောက်တန်းမှာလူကပ်ပုံအားနဲခြင်း ၊ အာရုံစူးစိုက်မှုလျော့နည်းခြင်းစတဲ့အချက်တွေကိုလဲ မြင်ရပါတယ်။ အသိသာဆုံးကတော့ ချေပဂိုးတွေ ၊ ၅၂ မိနစ်နဲ့ ၅၅ မိနစ်ဝန်းကျင်တွေမှာဖြစ်ပေါ်ခဲ့တဲ့ ဝက်ဖို့ဒ်ရဲ့အခွင့်အရေးတွေပဲဖြစ်ပါတယ်။  အခွင့်အရေးကိုအရယူနိုင်တဲ့ ကစားသမားတွေသာ ပြိုင်ဖက်အသင်းမှာရှိခဲ့ရင် အန္တရာယ်ကြီးတဲ့အခြေအနေပဲဖြစ်ပါတယ်။ ကိုယ့်ဖက်ကလဲ အသာရနေ  ၊ တဖက်ကလဲ အခွင့်အရေးအရမယူနိုင်ကြတဲ့အခြေအနေမှာ ဖြစ်လေ့ရှိတဲ့သဘောဆိုပေမယ့် ထိပ်တန်းအသင်းဖြစ်ဖို့ဆိုရင် ဒီအချက်တွေကို ရှောင်လွဲနိုင်ရမှာဖြစ်ပါတယ်။​  ၁ -၃... Continue Reading →

Post Match Review – ခက်ခဲတဲ့ပွဲကိုအနိုင်ယူပြနိုင်ခဲ့တဲ့ အာဆင်နယ် (Ars 2-1 Wol)

အာဆင်နယ်နဲ့ ဝုဗ်အသင်းတို့ရဲ့ပွဲစဥ်ဟာ အသင်းအားပေးသူပရိတ်သတ်တွေအတွက်ရော ၊ ဝါသနာရှင်ကြားပရိတ်သတ်တွေအတွက်ရော တော်တော်လေးကောင်းမွန်တဲ့ပွဲစဥ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဥေရာပပြိုင်ပွဲတွေနဲ့ဝေးနေတဲ့ အာဆင်နယ်အသင်းရဲ့  ကြိုးစားအားထုတ်မှုတွေကို ပိုမိုအားကောင်းလာစေတဲ့ပွဲတစ်ပွဲဖြစ်ပြီး  ၊ ပွဲကျန် ၁၄ ပွဲသာကျန်တော့ချိန်မှာ ကောင်းမွန်တဲ့အမှတ်ပေးဇယားရပ်တည်မှုကို ပိုင်ဆိုင်ထားနိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီပွဲရဲ့အကြောင်းကို အပိုင်းတွေခွဲပြီးသုံးသပ်ပေးသွားပါမယ်။ ဝုဗ်အသင်းရဲ့ ကစားပုံ အာဆင်နယ်အသင်းကစားမယ့်ပုံစံကို ဝုဗ်တို့ဟာ  ကြိုတင်တွက်ချက်နိုင်ခဲ့ကြပါတယ်။  သူတို့ရဲ့အားသာချက်နဲ့ Block တွေတည်ဆောက်ပြီး ၊ တန်ပြန်တိုက်စစ် ကစားခဲ့တဲ့  ဝံပုလွေတွေရဲ့ကစားပုံဟာ တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ ကစားကွက်ရဲ့ သဘောသဘာဝ အားနဲချက်ကလွဲရင် အပြစ်ပြောစရာမရှိလောက်အောင်ကို ကောင်းမွန်ခဲ့ပြီး အာဆင်နယ်အသင်းကိုလည်း သူတို့ရည်မှန်းထားတဲ့ပုံစံကိုဝင်အောင် ထည့်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်တို့ တိုက်စစ်ဆင်တိုင်းမှာ  ကစားသမား ၆ ယောက်ကနေ ၈ ယောက်အထိက ပြေးလမ်းကြောင်း ၊ လူပေးရမယ့် ကစားသမားတွေကို ပိတ်ဆို့ထားနိုင်ပြီး  အာဆင်နယ်အသင်းကို ဘောလုံးကိုင်ထားရင်း အကြံအိုက်စေခဲ့ပါတယ်။  တန်ပြန်တိုက်စစ်အတွက်လည်း... Continue Reading →

Website Powered by WordPress.com.

Up ↑