အသင်းကြီးက ကမ်းလှမ်းလာရင်တော့ ဝုဗ်ကို နီဗက်စ်ခွာမှာဖြစ်တယ်လို့ သတင်းထောက်သုံးသပ် ဖေဖော်ဝါရီလတုန်းက အာဆင်နယ်အသင်းဖက်က ချိတ်ဆက်ခဲ့တယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ ရူဗင်နီဗက်စ်ဟာ အသင်းကြီးတစ်သင်းသင်းရဲ့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ရပ်ကို စောင့်မျှော်နေကြောင်း သတင်းထောက် ဒန်းဂျုံးစ်က Give Me Sport အစီအစဥ်မှတဆင့်ပြန်လည်ပြောကြားလာပါတယ်။ “ ကျွန်တော့်အထင်တော့ သူက တကယ်လေးနက်တဲ့ကမ်းလှမ်းမှုတစ်ရပ်ကိုစောင့်နေတာပါ။ ဝုဗ်ကနေထွက်သွားရဖို့အထိခိုင်မာတဲ့ကမ်းလှမ်းချက်မျိုးပေါ့ဗျာ “ ဆိုပြီးသုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အသင်းကြီးတစ်သင်းဆီက ကောင်းမွန်တဲ့ကမ်းလှမ်းမှုကိုရရှိမှာသာ ဝုဗ်ကိုစွန့်ခွာဖို့ရှိနေတာဖြစ်ပါတယ်။ ရီးရဲက ရုဇ်ကို လုယူနိုင်မယ်လို့ ယုံကြည်နေကြောင်း စပိန်သတင်းစာဖော်ပြ အာဆင်နယ်အသင်းနဲ့ သတင်းကြီးနေတဲ့ နာပိုလီကွင်းလယ်လူ ရုဇ်ကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ်က ကြိုးစားနေပြီး အောင်မြင်နိုင်မယ်လို့လည်း ယုံကြည်နေကြောင်းကို Mundo Deportivo ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားကိုခေါ်ယူရေးမှာ ပြောင်းရွေ့ကြေးအလွန်များပြားခြင်းမရှိပဲ စပိန်မြေကို ပြန်ချင်နေတဲ့ ကစားသမားရဲ့ ဆန္ဒက ပိုအရေးပါနေကြောင်းသိရပါတယ်။ ဘက်တစ်ကစားသမားဟောင်းဖြစ်ခဲ့တဲ့ရုဇ်ဟာ... Continue Reading →
Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (2Apr)
ဆာကာကြောင့် အာဆင်နယ်က သူ့ကိုစိတ်ဝင်စားနေကြောင်း ကြိုသိခဲ့ရတယ်လို့ ရမ်းဒေးလ်ပြောဆိုလာ အာဆင်နယ်အသင်းရဲ့ ဂိုးသမားရမ်းစ်ဒေးလ်က အမ်းမရိတ်ကို မပြောင်းလာခင်တုန်းက ဆာကာရဲ့ ပါဝင်ပတ်သတ်ခဲ့ပုံကို Four Four Two မဂ္ဂဇင်းနဲ့တွေ့ဆုံရာမှာ အခုလိုပဲပြောပြလာခဲ့ပါတယ်။ “ အရိုးသားဆုံးပြောရရင် ဘူကာယို ကအရေးပါခဲ့တယ်ဗျ .. ကျွန်တော် ယူရိုပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းနဲ့ စခန်းဝင်နေတုန်း ကောလာဟာလတွေအတော်ကြားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ဆာကာ ကပဲ သူနဲ့ နည်းပြတို့ (အာတီတာ) က ကျွန်တော့်အကြောင်းပြောဖြစ်တယ်ဆိုတာ ကိုပြောပြခဲ့တာပါ “ ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။ ရမ်းစ်ဒေးလ်ကို မခေါ်ယူခင်တုန်းက အာတီတာအနေနဲ့တိုင်ပင်မှုတွေပြုလုပ်ခဲ့ပုံရပြီး ၊ ဆုံးဖြတ်ချက်ချပြီးနောက်မှာလည်း ဝေဖန်မှုများစွာခံခဲ့ရပါတယ်။ ဆာလီဘာက ပထမနေရာလိုချင်ကြောင်းဖွင့်ပြောလာ အငှားချကစားသမားလေး ဝီလျှံဆာလီဘာက အာဆင်နယ်အသင်းနဲ့သူ့ကြားကအခြေအနေကို ဖွင့်ဟလာခဲ့ပြီး ၊ သူ့အနေနဲ့ ပထမကစားသမားနေရာလိုချင်ကြောင်း ကိုလည်းတစ်ပါထဲပြောဆိုခဲ့ပါတယ်။... Continue Reading →
Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (1Apr)
အာဆင်နယ်တို့ ဂါပိုကို တကယ်လိုက်နေပြီလို့ ရိုမာနိုအတည်ပြုလာ ကိုဒီဂတ်ပိုကို အာဆင်နယ်အသင်းကြိုးစားနေပြီဆိုတာ မှန်ကန်ကြောင်း ဖေဘရီဇီယိုရိုမာနိုက အတည်ပြုသွားခဲ့ပါတယ်။ " ဒါအမှန်ပါပဲ .. ဂါပိုက အာဆင်နယ်လိုက်နေတဲ့ ကစားသမားတစ်ယောက်ပါ " လို့ သူ့ရဲ့ Podcast ကနေဆင့်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မာတင်နယ်လီနဲ့ ပေပေတို့ပဲရှိနေတဲ့ Wide Winger နေရာအတွက် ဂါပိုကို ချဥ်းကပ်နေတာဖြစ်ပါတယ်။ ကစားသမားရဲ့တန်ကြေးကိုတော့ သန်း ၄၀ ခန့်ရှိမယ်လို့ အဂ်လန်မီဒီယာတွေကရေးသားနေကြပါတယ်။ အီဂျစ်လူငယ်တိုက်စစ်မှုးကို အာဆင်နယ်စောင့်ကြည့်နေ စတုဂတ်အသင်းမှာ အငှားကစားပြီးခြေစွမ်းပြနေတဲ့ အီဂျစ်တိုက်စစ်မှုး မာမို့ရှ်ကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ Bild သတင်းစာကဖော်ပြလာပါတယ်။ အဆိုပါ ၂၃ နှစ်သားဟာ မိခင်ကလပ် ဝုဖ်ဘတ်နဲ့ ၂၀၂၃ ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ရှိနေကြောင်းလဲသိရပါတယ်။ မာမို့ရှ်ဟာ အေးဂျင့်ဟောင်း နဲ့လမ်းခွဲပြီး... Continue Reading →
စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ခေါ်ယူနိုင်ချေရှိတဲ့ ချန်ပီယံရှစ်ကြယ်ပွင့်ကစားသမား
ချန်ပီယံရှစ်အသင်းတစ်သင်းဖြစ်တဲ့ မစ်ဒယ်ဘရော့က သူတို့ရဲ့ လူငယ်ကစားသမား ဂျက်စပန့်စ်ကို အာဆင်နယ်အသင်းဆီ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဂန်းနားတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ အသက်၂၁နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မစ်ဒယ်ဘရော့ရဲ့ ချန်ပီယံရှစ်ပြိုင်ဘက်ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်ကို အငှားထွက်ကစားနေခဲ့တာ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသထားခဲ့ပါတယ်။အင်္ဂလန်လူငယ်လက်ရွေးစင်လေးဟာ နော်တင်ဟမ်ဖောရက်စ်အတွက် ၃၃ပွဲကစားထားရမှာ ၃ဂိုးသွင်း၊ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ ရင်ဆိုင်ခဲ့တဲ့ FAဖလား တတိယအကျော့ပွဲစဉ်မှာ စပန့်စ်ဟာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ချီးကျူးမှုတွေရခဲ့ပါတယ်။စပန့်စ်ရဲ့ ခြေစွမ်းပြမှုတွေကြောင့် အာတီတာက အသင်းရဲ့ ညာ တောင်ပံခံစစ်အတွက် တိုမီယာဆုနဲ့ ယှဉ်ပြိုင်ရမယ့် ကစားသမားတစ်ဦးအဖြစ် လာမယ့် နွေရာသီမှာ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါပွဲဟာ သူ့ရဲ့ ကံကြမ္မာကို အပြောင်းအလဲဖြစ်မဖြစ် မပြောနိုင်သေးပေမယ့် ၊ ရေပန်းစားမှုတော့မြင့်တက်လာစေခဲ့ပါတယ်။ အာဆင်နယ်နဲ့... Continue Reading →
Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ (31Mar)
ပဲလေ့စ်ရဲ့ အဓိက တိုက်စစ်သမားတွေ အာဆင်နယ်နဲ့ပွဲ လွဲချော်ဖွယ်ရှိ အာဆင်နယ်အသင်းနဲ့ကစားမယ့် ပဲလေ့်စ်အသင်းရဲ့ လူစာရင်းမှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဇာဟာ နဲ့ အိုလစ်တို့ ပါဝင်နိုင်ခြေမရှိဘူးလို့သိရပါတယ်။ ဇာဟာက ပေါင်ခြံဒဏ်ရာအနေအထားကြောင့် နိုင်ငံအသင်းနဲ့ပွဲစဥ်တွေလွဲချော်ထားသလို အိုလစ်ကလည်း ပြင်သစ် U21 အသင်းရဲ့လူစာရင်းကနေ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နှုတ်ထွက်ထားခဲ့ရတာဖြစ်ပါတယ်။ စာချုပ်ချုပ်ပြီးကာစ ၁၇ နှစ်အရွယ်ကွင်းလယ်လူကို အသင်းကြီးနဲ့တွဲပြီး ချက်ခြင်းခြေစမ်းပွဲကစားစေတဲ့ အာတီတာ အာဆင်နယ်အသင်းနဲ့ လွန်ခဲ့တဲ့ ၄ ရက်ကမှ ပရိုဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ဘရက်ဒလေအီဘရာဟင်ကို နည်းပြအာတီတာက ဘရန်းဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ ထည့်သွင်းအသုံးပြုခဲ့တယ်လို့ သတင်းများကို ကိုးကားပြီး The Boot Room က ရေးသားဖော်ပြလာပါတယ်။ အခြားသော အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ Rocnation Sports ကတော့ ဘရက်ဒလေဟာ အလွန်သန်မာတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ၊ အဖျက်အပို့နှစ်မျိုးစလုံးမှာထူးချွန်သူဖြစ်ကြောင်းချီးမွမ်းရေးသားထားပါတယ်။... Continue Reading →
သတင်းမှားတွေအပေါ် အလွန်၀မ်းနည်းရတယ်လို့ ဆိုလာတဲ့ ဘရာဇီးလ်နည်းပြ
ပြီးခဲ့တဲ့ ရက်တွေက သတင်းအချို့မှာ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးက အာတီတာအသင်းကနေထွက်ခွာသွားရင် အစားထိုးဖို့ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်တီနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းတွေကို သိပ်အယုံအကြည်မရှိခဲ့တာကြောင့် စာရေးသူကတော့ ရေးဖို့ လက်ရှောင်ခဲ့ပါတယ်။ ပရိသတ်အချို့အတွက်တော့ ဒီသတင်းဟာ ဟုတ်နိုးနိုး၊ မှန်နိုးနိုးလားဆိုပြီး ဇဝေဇရာ ဖြစ်စရာပါ။ အီဒူးနဲ့ ဘရာဇီးလ်ဘောလုံးလောကရဲ့ ဆက်နွယ်မှုကလည်း ကြီးမားတာကြောင့် ဒီသတင်းဟာ လုံး၀မဖြစ်နိုင်ဘူးလို့လည်း ငြင်းရခက်နေပြန်ပါတယ်။ တစ်တီဟာ တောင်အမေရိကရဲ့ အကောင်းဆုံးမန်နေဂျာတွေထဲက တစ်ယောက်ဆို မမှားပါဘူး။ အရည်အချင်းပြည့်၀တဲ့ နည်းပြတစ်ယောက်ဆိုတာ ငြင်းစရာမရှိသလို လက်ရှိ သူကိုင်တွယ်နေတဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ တောင်အမေရိကဇုန်ရဲ့ အုပ်စုနံပါတ်တစ်နေရာက ဦးဆောင်နေသလို ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းဆိုလည်း မမှားပါဘူး။ တစ်တီဟာ မန်နေဂျာကောင်း တစ်ယောက်ဖြစ်ပေမယ့် အာတီတာကို အပြည့်အ၀ယုံကြည်ပြီး ထောက်ခံအားပေးနေတဲ့... Continue Reading →
ပရီးမီးယားလိဂ်အသင်းတစ်သင်းနဲ့ သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းကို ကဲဗက်လီဝင်ရဲ့ အေးဂျင့်ငြင်းဆို
အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်လီ၀င်ဟာ အမည်မသိရတဲ့ ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုတွေရသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်၊ အန်ကက်တီးယားတို့ကို လာမယ့် နွေရာသီမှာ ဆုံးရှုံးရဖို့ ရှိနေပြီး တိုက်စစ်မှူးသစ်အဖြစ် ကဲလ်ဘတ်လီ၀င်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အဲဗာတန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး အဲ့ဒီအသင်းကလည်း အာဆင်နယ်ဖြစ်မယ်လို့ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ ဒီသတင်းတွေကို ငြင်းဆန်ခဲ့သူကတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူပဲ ဖြစ်ပါတယ်။ လီ၀င်ဟာ အဲဗာတန်ကို ပရီးမီးယားလိဂ်မှာ ဆက်ထိန်းသိမ်းထားနိုင်ဖို့ပဲ အခုချိန်မှာ အာရုံစိုက်နေတယ်လို့ အေးဂျင့်က ဆိုပါတယ်။ “ဒွန်မနစ်(ကဲဘတ်လီ၀င်း)ဟာ ခုချိန်ထိ ဘယ်အသင်းနဲ့မှ သဘောတူညီမှု... Continue Reading →
Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (29Mar)
U23 မှာခြေစွမ်းပြတဲ့ ၁၇ နှစ်သားလေးကို အာဆင်နယ် စာချုပ် အသက် ၁၇ နှစ်အရွယ်ကစားသမားလေး ဘရက်ဒလေအီဘရာဟမ်ဟာ ဂန်းနားတို့နဲ့ပရိုဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းများကို ကိုးကားပြီး HITC ကဖော်ပြလာပါတယ်။ အဆိုပါအကြောင်းကို ကစားသမားလေးက ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပြီးနောက် ဂျက်ဝီးရှိုင်းယားကလည်း ဝင်ရောက်မှတ်ချက်ပေးသွားခဲ့ပါတယ်။ အီဘရာဟမ်ဟာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဗဟိုနောက်ခံလူအဖြစ်လည်းကစားနိုင်သူဖြစ်ပြီး ၊ U18 အဆင့်ကိုကျော်ကာ U23 အသင်းနဲ့အတူ EPL 2 မှာလည်းစတင်ကစားနေပြီဖြစ်ပါတယ်။ ကိုဒီဂတ်ပိုကို အာဆင်နယ်တို့ ၃၅ သန်းနဲ့ကမ်းလှမ်းဖွယ်ရှိ အာဆင်နယ်အသင်းဟာ ပီအက်စ်ဗီအသင်းရဲ့ ကစားသမားလေး ကိုဒီဂတ်ပိုကိုခေါ်ယူဖို့အတွက် အလေးအနက်ထားကြိုးစားနေပြီဖြစ်ကြောင်း သတင်းများကဖော်ပြနေကြပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရ ဂန်းနားတို့ဟာ စျေးနှုန်းတိတိကျကျနဲ့မကမ်းလှမ်းထားသေးပေမယ့် အာတီတာဟာ ပေါင် ၃၅ သန်းဝန်းကျင်သုံးစွဲဖို့ရှိကြောင်းသိရပါတယ်။ ဂိုးသွင်းအားကောင်းတဲ့တောင်ပံကစားသမားလေးရဲ့ ကစားပုံကို ဆာလာ ၊... Continue Reading →
Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (28Mar)
စပိန်လူငယ်ကစားတာကို သွားကြည့်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်အသင်းများ စပိန်သတင်းစာ Super Deporte ရဲ့ဖော်ပြချက်အရ လီဗာပူး ၊ စပါးနဲ့အာဆင်နယ်အသင်းတို့ဟာ ဗလင်စီယာအသင်းရဲ့ နောက်ခံလူ ခရစ်စသီယန် မော်စကေးယားကို အပြိုင်လိုချင်နေကြတယ်လို့ သိရပါတယ်။ အဆိုပါ စပိန် U19 ကစားသမားလေးကို သြစတီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ အထက်ပါအသင်းကြီး ၃ သင်းစလုံးက သွားရောက်ကြည့်ရှုခဲ့တယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ ကစားသမားလေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို ၂၅ သန်းလို့ သိရပါတယ်။ ရှက်ဖို့ဒ်ကို အာဆင်နယ်ရောက်စေချင်သူတွေများနေ TalkSports ရဲ့ဆောင်းပါးရှင် ဂျော့ဖော့ဒ်မန်းကတော့ အာဆင်နယ်အသင်းအတွက်ပိုမိုကောင်းမွန်တဲ့ Line Up အဖြစ် တိုင်လီမန်းစ် ၊ ရက်ရှ်ဖို့ဒ်နဲ့ ကဲဗက်လီဝင်တို့ကို လက်ရှိလူစာရင်းမှာထည့်သွင်းခဲ့ပြီး ခေါ်ယူဖို့အမှန်တကယ်ကြိုးစားနေကြောင်းကိုလည်းသတင်းများကို ကိုးကားရေးသားလာခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ ရက်ရှ်ဖို့ဒ်ကို မာတင်နယ်လီရဲ့ ဘယ်ခြမ်းမှာရှိစေလိုပြီး ၊ ရှာခါနေရာမှာ တိုင်လီမန်းစ်ကို... Continue Reading →
အာဆင်နယ်စောင့်ကြည့်နေတဲ့ ကျောနံပါတ် ၇
အာဆင်နယ်အသင်းနဲ့စပါးအသင်းတို့ဟာ ဂါလာတာစာရေးအသင်းရဲ့ တောင်ပံကစားသမား ကာရင်းအက်တာကိုဂလူကို အပြိုင်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အဆိုပါတိုက်စစ်ကစားသမားဟာ စီနီယာအဆင့်ကိုမရောက်ခင် သက်တမ်းအလိုက်ဂျာစီအစုံနဲ့ တဆင့်ပြီးတဆင့်ပွဲထွက်ခဲ့ဖူးပါတယ်။ ကစားသမားဟာ ဂါလာတာစာရေးအသင်းအတွက် စီနီယာအဆင့်မှာ ၇၃ ပွဲကစားပြီးချိန်မှာ ၁၇ ဂိုးသွင်းပြီး ၁၂ ကြိမ်ဖန်တီးထားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။ ယခုရာသီအတွက်တော့ ၄၄ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ၉ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့စပါးတို့ဟာ ထိပ်ဆုံးလေးသင်းအတွက်အပြိုင်ကျဲနေရင်း အသင်းကိုပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဥ်တွေကိုလဲ တပြိုင်ထဲလုပ်ဆောင်နေကြပါတယ်။ လန်ဒန်ပြိုင်ဖက်တွေဟာ တူရကီသားလေးရဲ့ အရည်အသွေးကိုတော့ သတိပြုမိကြပြီး နွေရာသီမှာ ခေါ်ယူဖို့လဲ အပြိုင်ကြိုးစားမယ့်ပုံရှိပါတယ်။ အာတီတာတို့အဖွဲ့အနေနဲ့ ကတော့ ကစားသမားအရေအတွက်အရပါနဲပါးနေစဥ်မှာ အိုင်ဗရိကို့စ်သားပေပေရဲ့ စွမ်းဆောင်ရည်အားနဲမှုကြောင့် လူငယ် ၃ ဦးဖြစ်တဲ့ မာတင်နယ်လီ ၊ စမစ်ရိုးနဲ့ ဆာကာတို့အပေါ်မှာ အလုံးစုံမှီခိုနေရဖို့ဖြစ်လာပါတယ်။ ဒီတော့ တိုက်စစ်မှာအပြောင်းအလဲတစ်ရပ်ရှိဖို့ဆိုရင်တော့ ကစားသမားသစ်တွေလိုအပ်နေပါပြီ။ Aksam သတင်းဌာနရဲ့အဆိုအရတော့ ... Continue Reading →