တိုင်လီမန်းစ် အနှစ်ချုပ်

အာဆင်နယ်ဟာ လက်ရှိအချိန်အထိ တိုင်လီမန်းစ်ကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းဆီ ကမ်းလှမ်းမှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ လက်ရှိနွေအပြောင်းအရွှေ့ကာလ အစောပိုင်းကတည်းက အာဆင်နယ်ဟာ ဘယ်လ်ဂျီယံကွင်းလယ်လူကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အသက်၂၅နှစ်အရွယ်ကစားသမားကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဂန်းနားတွေရဲ့ကမ်းလှမ်းမှုကို စောင့်မျှော်နေခဲ့တာပါ။ လက်စတာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ တိုင်လ်မန်းဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လက်စတာအသင်းရဲ့ ဥက္ကဌ Aiyawatt Srivadhanaprabha ကို မေးမြန်းခဲ့ရာမှာတော့ သူဟာ မီဒီယာတွေကို ခုလိုပဲ ဖြေကြားခဲ့ပါတယ်။ "အခုထိ ဘာကမ်းလှမ်းမှုမှ မရှိသေးပါဘူး။တိုင်လီမန်းစ်ရဲ့  အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာမှ သေသေချာချာ မရှိသေးပါဘူး။"  ဒါပေမယ့် နာမည်ကျော်ဂျာနယ်လစ်တွေကတော့ တိုင်လီမန်းစ်ဟာ  အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်နေတယ်လို့ ယုံကြည်နေကြဆဲပါပဲ။ သတင်းထောက်... Continue Reading →

ရာဖင်ဟာ အကြောင်းရှင်းရှင်းလင်းလင်းပြောပြဖို့  ဒေကို ကို တိုက်ရိုက်မေးခဲ့ပါတယ် – အီဒူး

အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက ဒီနွေမှာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အဆင့်အထိပဲ ရောက်ခဲ့တယ်လို့ ၀န်ခံလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရာဖင်သာကို ဥရောပအသင်းအများအပြားက ဒီနွေမှာ စိတ်၀င်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ နွေအပြောင်းအရွှေ့ကာလအစောပိုင်းမှာ အာဆင်နယ်ဟာ လိဒ်စ်ယူနိုက်တက်ကနေ ရာဖင်ဟာကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ အပြိုင် ချဲလ်ဆီးဟာလည်း ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီး ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို လိဒ်ယူနိုက်တက်က လက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒါပေမယ့် ဘရာဇီးလ်လက်ရွေးစင်ကတော့ ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်တာကြောင့် လန်ဒန်ကလပ်တွေအနေနဲ့ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ မအောင်မြင်ခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ ရာဖင်ဟာကို... Continue Reading →

ဆာလီဘာကို ဘာကာပစ်မှတ်ထားနေတယ်လို့ စပိန်သတင်းထောက်ပြော

ဘာစီလိုနာဟာ သူတို့ရဲ့ပစ်မှတ်ကစားသမား ဂျူးလ်စ်ကွန်ဒီကို ချဲလ်ဆီးနဲ့အပြိုင်ဖြစ်နေတဲ့အတွက်  ကစားသမားအသစ်တွေကို ခေါ်ယူဖို့ ပစ်မှတ်ထာ ကြိုးစားလာတော့မှာ ဖြစ်ပါတယ်။ စပိန်ထိပ်သီးအသင်းရဲ့ ပစ်မှတ်ထဲမှာ အာဆင်နယ်ခံစစ်မှူး ဝီလီယံဆာလီဘာဟာ ပါ၀င်လာခဲ့ပါတယ်။  ၂၀၁၉ခုနစ်မှာ အာဆင်နယ်ကို ပေါင်၂၇သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲသူ ဆလီဘာဟာ ၃နှစ်ဆက်တိုက် အခြားအသင်းတွေဆီ အငှားထွက်ကစားခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာတော့ မာဆေးလ်နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မာဆေးလ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို ပြင်သစ်လီဂူး၀မ်းရဲ့ တစ်နှစ်တာအ‌ကောင်းဆုံး အသင်းမှာလည်း ပါ၀င်ခဲ့ပါတယ်။  ပြင်သစ်လီဂူးကလပ်ဟာ ဆလီဘာကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အာတီတာကတော့ သူ့ရဲ့ ကစားသမားကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။ လက်ရှိမှာတော့ ဆလီဘာဟာ အသင်းနဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေအတွက် အမေရိကန်မှာ ရှိနေပါတယ်။  စပိန်အားကစားဂျာနယ်လစ် ဖြစ်သူ ဂျာရတ် ရိုမဲရိုးရဲ့ အဆိုအရ... Continue Reading →

နောက်ဆုံးရအာဆင်နယ်သတင်းများ (8May)

တိုင်လီမန်းစ်နဲ့ပိုနီးစပ်လာကြောင်း The Sun ရေးသားလာ အာဆင်နယ်အသင်းဟာ  လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ တိုင်လီမန်းစ်ကိုခေါ်ယူဖို့ ပိုမိုနီးစပ်လာကြောင်း The Sun သတင်းစာက ဖော်ပြလာပါတယ်။  ကွင်းလယ်ကစားသမားများစွာနဲ့နာမည်ထွက်နေတဲ့ ဂန်းနားတို့ဟာ တိုင်လီမန်းစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ယခင်ကလဲတွေ့ဆုံဖူးပြီး ၊ အခုချိန်ထိလဲ ကစားသမားကိုပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။  အဆိုပါသတင်းအရ  အာဆင်နယ်ဟာ  ပြောင်းရွှေ့ကြေး သန်း ၄၀ အထိသုံးစွဲဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဂျေးဆူကို တကယ်ခေါ်ချင်ရင်လွယ်တယ် လို့ ဂန္တဝင်သုံးသပ် ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်းကြီး ပက်ဒီကင်နီက  Football Insider နဲ့တွေ့ဆုံရာမှာ  ဂါဘရီယယ်ဂျေးဆူနဲ့ပတ်သတ်ပြီးအခုလိုပဲပြောကြားလာခဲ့ပါတယ်။ “  အာတီတာသာတကယ်ခေါ်ချင်ရင် ဘာပြဿနာမှရှိမနေဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်။  ဂျေးဆူက ပွဲကစားခွင့်သာရရင် ကွင်းထဲမှာ အမြဲတန်းပုံစံကောင်းတွေပြသနိုင်နေသူဖြစ်ပါတယ်။  သူ့ရဲ့အရည်အသွေးကလည်း ပရီးမီးယားလိဂ်မှာ အဆင့်အတန်းမှီတာကြောင့်  တိုက်စစ်မှုးလိုနေတဲ့ အာဆင်နယ်က လိုချင်တယ်ဆိုတာလဲ သဘာဝကျပါတယ် .. ... Continue Reading →

အဆန်စီယိုကို အေစီမီလန်နဲ့အပြိုင်လုဖို့ သေချာသွားပြီဖြစ်တဲ့ အာဆင်နယ်

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၁၈လသာကျန်တော့တဲ့ တိုက်စစ်ကစားသမား အဆန်စီယိုကို အာဆင်နယ်က ခေါ်ယူဖို့ ကြိုစားနေတယ်ဆိုတဲ့ သတင်းကို ကစားသမားဘက်က အတည်ပြုလာခဲ့ပါတယ်။ အာဆင်နယ်အနေဲ့ အသက်၂၆နှစ်အရွယ်ကစားသမားကို အမ်းမရိတ်ဆီအရောက်ခေါ်ဆောင်ဖို့ ပေါင်၂၅သန်းလောက် အသုံးပြုရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။  ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အာဆင်နယ်ဟာ အဆန်စီယိုကို ခေါ်ယူဖို့ ချဉ်းကပ်လာတယ်ဆိုတဲ့ သတင်းကို အတည်ပြုပေးခဲ့ပြီး မြောက်လန်ဒန်အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့အတွက် အီတလီထိပ်သီး အေစီမီယန်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာကိုလည်း အသိပေးလာခဲ့ပါတယ်။  https://videopress.com/v/O049eXvJ?resizeToParent=true&cover=true&autoPlay=true&loop=true&muted=true&persistVolume=false&playsinline=true&preloadContent=metadata&useAverageColor=true “မီလန်ရဲ့စိတ်၀င်စားမှုအတွက် ကျွန်တော်တို့ ဂုဏ်ယူရပါတယ်။ အာဆင်နယ်အပါအ၀င် ပရီးမီးယားလိဂ်အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် မီလန်လည်း ရွေးချယ်စရာ တစ်ခုပါပဲ။ကမ်းလှမ်းမှုတိုင်းကို ကျွန်တော်တို့ သေချယ ဆန်းစစ်နေပါတယ်”  အဆန်စီယိုဟာ လက်ရှိရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ၃၄ပွဲကစားထားပြီး သွင်းဂိုး၁၀ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (9Apr)

ဆမ်ဘီအစွမ်းပြရမယ့်အချိန်ဖြစ်ကြောင်း အာတီတာပြော အာဆင်နယ်နည်းပြ အာတီတာက  ဆမ်ဘီလိုကွန်ဂါအနေနဲ့ သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသနိုင်မယ့် အချိန်ဖြစ်ကြောင်း ပြောဆိုလာပါတယ်။ “ ရာသီအစောပိုင်းတုန်းကတော့  သူတော်တော်လေးကစားဖြစ်ခဲ့တယ်ဗျ ..​ဒါပေမယ့် နောက်ပိုင်းမှာတော့ ဥရောပပွဲတွေလဲမရှိတော့ပွဲထွက်ခွင့်သိပ်မရခဲ့ဘူး။  အခုအချိန်ကတော့ သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသဖို့ အခွင့်ကောင်းပါပဲ “ လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာတာဖြစ်ပါတယ်။ ၆ ဂိုးရှင် မီဒမ်မာ အာဆင်နယ်အမျိုးသမီးအသင်းရဲ့တိုက်စစ်မှုး မီဒမ်မာဟာ  ဆိုက်ပ်ရပ်စ်အသင်းကို  ၁၂ -  ၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ  ၆ ဂိုးသွင်းယူ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အဆင့် ၅ ရှိတဲ့ နယ်သာလန်အမျိုးသမီးအသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး အုပ်စုတွင်းမှာ အိုက်စလန်ထက် တစ်ပွဲပိုကစားပြီး  ၂ မှတ်ဖြတ်ထားနိုင်တာဖြစ်ပါတယ်။  နယ်သာလန်နဲ့ အိုက်စလန်တို့ဟာ စက်တင်ဘာလ ၆ ရ​က်မှာ... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (8Apr)

အပြန်အလှန်အားပေးခဲ့ကြတဲ့  အာဆင်နယ်လူငယ်များ ဝေဖန်မှုတွေများစွာကိုရရှိနေသလို ကာယကံရှင် ကိုယ်တိုင်လဲ စိတ်ဓါတ်ကျဆင်းနေတာကို သိသိသာသာမြင်နေရတဲ့  နောက်ခံအစွန်လူ တာဗာရက်စ်ကို အခြားလူငယ်ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါက “ မင်းဘာလဲဆိုတာ ပြလိုက်စမ်းပါ “ ဆိုပြီး Comment ရေးသားကာ အားပေးလာခဲ့ပါတယ်။ တာဗာရက်စ်ဟာ သူ့အခြေအနေကျဆင်းနေကြောင်း လူသိရှင်ကြားဖွင့်ဟအပြီးမှာ ဆမ်ဘီကလည်း အခုလိုမျိုးအားပေးမှုကို ပြသပေးခဲ့တာဖြစ်ပါတယ်။ ဒီဘားလားကို အာဆင်နယ်ဆက်သွယ်ထားကြောင်း The Mirror ရေးသား အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ တူရင်မြေကို စွန့်ခွာတော့မယ့်  ဒီဘားလားကို ဆက်သွယ်မှုပြုလုပ်ထားခဲ့ပြီဖြစ်ကြောင်း The Mirror သတင်းစာက  အခြားသတင်းများကို ကိုးကားကာရေးသားလာပါတယ်။  အဆိုပါဆောင်းပါးအရ  အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ဟာ အာဂျင်တိုင်းသားအတွက်ပြိုင်ဆိုင်ရဖွယ်ရှိကြောင်းသိရပါတယ်။ ရိုက်စ်ကို ချီးကျူးရင်း အာဆင်နယ်မှာ မြင်ချင်ကြောင်း  ဝီးရှိုင်းယားပြောကြား ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားက  ဒီကလန်ရိုက်စ်ကို ချီးကျူးပြောကြားလိုက်ပြီး   အာဆင်နယ်အသင်းကို... Continue Reading →

Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (7Apr)

တီယာနေရဲ့ ဒဏ်ရာအခြေအနေက တော်တော်ဆိုးရွားကြောင်း ချားလ်ဝက်စ်ပြော အာဆင်နယ်နောက်ခံအစွန်လူ တီယာနေရဲ့ ဒဏ်ရာအနေအထားဟာ ဘယ်အချိန်ပြန်ကောင်းမယ်ဆိုတာ မသိရသေးတဲ့အပြင်  လာမယ့်ရာသီအကြို ခြေစမ်းပွဲကာလရောက်မှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့   နာမည်ကျော်သတင်းထောက် ချားလ်ဝက်စ်က ပြောဆိုလာပါတယ်။  “  ကျွန်တော် အာဆင်နယ်အသင်းနဲ့ နီးစပ်သူအတော်များများနဲ့စကားပြောထားပါတယ် .. သူတို့ကတော့  ဂျူလိုင်လလောက်မှာ တီယာနေတစ်ယောက် အလုံးစုံပြန်ကောင်းလာဖို့ပဲ ရည်မှန်းထားကြတယ်လို့ပြောပါတယ် ..  ဒီတော့ ဇွန်လမှာကစားဖို့ရှိတဲ့ နိုင်ငံတကာပွဲစဥ်ကိုလဲ သူလွဲချော်ဖို့ရှိပါတယ် “  လို့ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ တာဗာရက်စ်ကို စိတ်ပူနေတဲ့ ဂန္တဝင် အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကီဗင်ကင်းဘဲလ်က နောက်ခံအစွန်လူ တာဗာရက်စ်အနေနဲ့ ဖိအားတွေအလွန်များပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေလည်း ကျဆင်းနေတာကြောင်း  အသင်းနဲ့ အနာဂတ်ကုန်သွားမယ့်အဖြစ်မျိုးကို စိုးရိမ်ကြောင်းထုတ်ပြောလာပါတယ်။ “ သူက တော်တော်လေးကို ယုံကြည်ချက်ပျောက်ဆုံးနေပါတယ် ..  ကျွန်တော်ကတော့ သူ့ကို ပြန်တည်ဆောက်ဖို့ ကြိုးစားပေးချင်ပါတယ်... Continue Reading →

Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (6Apr)

မက်ဆီမန်ကို ခေါ်ယူချင်ရင် အာတီတာမှာ အခွင့်အရေးရှိနေ နယူးကာဆယ်အသင်းဟာ သူတို့ရဲ့ ကစားသမား စိန့်မက်ဆီမန်ကို သန်း ၅၀ ခန့်ရရှိပါကရောင်းချနိုင်တယ်လို့  Daily Mail က ဖော်ပြလာပြီးတဲ့နောက်  ၊  အာတီတာအနေနဲ့ လီနိုကို အသုံးချပြီးခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း Football London ကဖော်ပြလာပါတယ်။  နယူးကာဆယ်ဟာ အာဆင်နယ်ကို ထွက်ခွာဖို့သေချာသလောက်ရှိနေပြီဖြစ်တဲ့  လီနိုကို   လိုချင်နေတာဖြစ်လို့   ဒီနှစ်သင်းကြား  Business Deal တစ်ခုဖြစ်ပေါ်လာပါက   တောင်ပံကစားသမားကိုလည်း  အမ်းမရိတ်ဆီကို ခေါ်ယူဖို့အခွင့်အလမ်းရှိနေတာဖြစ်ပါတယ်။ အေဘရာဟမ်ကို အာဆင်နယ်ခေါ်ယူသင့်ကြောင်း ဆောင်းပါးရှင် ​ရေးသား လက်ရှိရိုးမားအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကစားသမား တမ်မီအေဘရာဟမ် က သူဟာ လန်ဒန်သားဖြစ်ကြောင်း ၊ တချိန်မှ အဂ်လန်ပြန်လာနိုင်ကြောင်းပြောဆိုအပြီးမှာ   Express UK ရဲ့ဆောင်းပါးရှင်  Sam Smith က ... Continue Reading →

“နောက်ထက်ဒီလိုမျိုး မဖြစ်ခံလို့မရတော့ပါဘူး” – အိုဒီဂတ်

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ပွဲအပြီးအင်တာဗျူးမှာတော့ အိုဒီဂတ်က ဒီရှုံးနိမ့်မှုဟာ အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ထိခိုက်မှုမရှိအောင်ပြုလုပ်ဖို့ အသင်းအနေနဲ့ လိုအပ်နေပြီလို့ဆိုပါတယ်။ ရှုံးနိမ့်ခဲ့တာကြောင့် အားလုံးအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် တဖန်ပြန်စုစည်းပြီး တိုက်ပွဲ၀င်ရမှာ ဖြစ်တယ်လို့ အိုဒီဂတ်က ဆိုပါတယ်။  လက်ကျန် ပွဲစဥ်ဆယ်ပွဲမှာလည်း အသင်းဟာ ရှုံးနိမ့်မှုကနေ အကောင်းဆုံးပြန်လာနိုင်ပြီး ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း အိုဒီဂတ်က ဆိုပါတယ်။  “ ဒီရှုံးနိမ့်မှုက ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ် အိမ်မက်ကို မထိခိုက်ဘူးဆိုတာ သေချာအောင်လုပ်ရမှာပါ။ ဒါက ပွဲစဉ်တစ်ပွဲတည်းသာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပွဲစဉ်တွေမှာ အနိုင်ရပြီး ကျွန်တော်တို့ ရှိရမယ့် အဆင့်မှာ ရပ်တည်နေနိုင်အောင် ကြိုးစားရမှာပါ။ ဆိုးရွားတဲ့ ပွဲစဉ်တစ်ပွဲဆိုတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ပွဲတည်းပဲ ဖြစ်လို့ရမှာပါ။ နောက်ပွဲစဉ်တွေမှာ... Continue Reading →

Website Powered by WordPress.com.

Up ↑