လာမယ့်နွေရာသီမှာ အမ်းမရိတ်ကို ပေပေစွန့်ခွာတော့မလား 

အမ်းမရိတ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်တစ်ခုကို ဖြတ်သန်းပြီးနောက်မှာတော့ နီကိုလပ်စ်ပေပေဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ အရိပ်အမြွက်ပြောလာခဲ့ပါတယ်။  လွန်ခဲ့တဲ့ သုံးနှစ်က လိုင်လီကနေ ပေါင်၇၂သန်းနဲ့ခေါ်ယူခဲ့တဲ့ ပေပေဟာ လက်ရှိရာသီမှာအာဆင်နယ်အတွက် ပရီးမီးယားလ်ဂ် ပွဲစဉ်ငါးပွဲသာ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့်ရခဲ့ပြီး အခြားပွဲစဉ်တွေကိုတော့ လူစား၀င်ကစားသမားအဖြစ်သာ ပါ၀င်ခွင့်ရခဲ့တာ များပါတယ်။  အိုင်ဗရီကို့စ်သား လန်ဒန်ကို ရောက်ခါစမှာ သူ့အပေါ်ကို မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ကြပေမယ့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီး ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ်နဲ့စမစ်ရိုး အစရှိတဲ့ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားတွေလိုမျိုး အားကိုးရတဲ့ ဂန်းနားတစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး။  ပေပေရဲ့အတွေးကတော့ ဘာသာစကားအခက်အခဲဟာ သူ့အတွက် အခက်အခဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာပါပဲ။ အသင်းမှာ ဆက်ရှိနေမှာလားဆိုတဲ့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ချိန်မှာလည်း “စောင့်ကြည့်ကြတာပေါ့”လို့ ဆိုခဲ့ပါတယ်။  “... Continue Reading →

လာမယ့် သီတင်းပတ်မှာ ပဲလေ့စ်ကို အာဆင်နယ်ကျော်ဖြတ်နိုင်ပါ့မလား

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ အပြီးမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ တဖန်ပြန်လည်ရောက်ရှိလာပါပြီ။ လက်ကျန်ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲလို့ ကစားရမယ့် အာဆင်နယ်အတွက်တော့ လာမယ့်သီတင်းပတ်မှာ ဗီအဲရာရဲ့  ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  ဒီပွဲစဉ်ဟာ အာတီတာတို့ လူစုအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဆိုရင် မမှားပါဘူး။ အသင်းဟာ ‌ပုံစံကောင်းတွေ တောက်လျှောက်ပြသထားပေမယ့် ခရစ္စတယ်ပဲလေ့စ်ဆီက ရမှတ်သုံးမှတ်ကို လွယ်လွယ်ကူကူနဲ့ ရယူဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီပွဲစဉ်ဟာ ဂန်းနားတွေအတွက် မရှုံးနိမ့်နိုင်ပေမယ့် အနိုင်ယူဖို့လည်း သေချာပေါက်ခက်ခဲမှာ ဖြစ်ပါတယ်။  အာဆင်နယ်ဂန္တ၀င်ကြီး ဗီအဲရာဟာ ပဲလေ့စ်ကို စတင်ကိုင်တွယ်ခဲ့စဉ်က ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အခက်အခဲတွေ တွေ့ခဲ့ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပုံစံကောင်းတစ်ခုနဲ့ အသင်းကို တည်ဆောက်လာနိုင်ခဲ့ပါတယ်။ နောက်ဆုံးဆယ်ပွဲမှာ ၁ပွဲသာ ရှုံးနိမ့်ထားသလို ၂၀၂၂ခုနစ်အတွင်း ကစားပြီးခဲ့သမျှပွဲစဉ်တွေမှာလည်း ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကိုသာ ရှုံးနိမ့်ခဲ့တာ... Continue Reading →

ချန်ပီယံလိဂ် မဝင်ဘူးလို့နေ့တိုင်းတွေးထားပါ

လီဗားပူးလ်နဲ့ပွဲအပြီးမှာ  ကျွန်တော့်ရဲ့ Facebook ရော Website ရောမှာ Traffic တွေ သိသိသာသာကျသွားပါတယ်။ နည်းစနစ်ဆိုင်ရာချို့ယွင်းချက်များဖြစ်နေမလားဆိုပြီး စစ်ကြည့်ဆေးကြည့်တော့လဲ ဘာမှ ထူးထူးခြားခြားမရှိ။  ဒီတော့ ကိုယ့်ထက်စီနီယာကျတဲ့ တွေကို လှမ်းမေးကြည့်တဲ့အခါ “ ရှုံးတဲ့နေ့ “ ဆိုရင် ဒီလိုပဲဖြစ်ကြောင်းပြောပြပါတယ်။ သူတို့ကတော့ ​ရိုးနေပြီလို့ဆိုပါတယ်။  ဒီနေရာမှာ ကျွန်တော်က ချက်ခြင်းတွေးကြည့်မိပါတယ်။ လီဗာပူးလ်ကို ရှုံးတာ သတင်းမှန်သမျှမဖတ်ချင်တော့ အောင်စိတ်ညစ်စရာလိုလားဆိုတာကိုပဲဖြစ်ပါတယ်။ မှန်းထားတဲ့ရလဒ်မရရင်  နောက်ထပ် ၂ ရက်လောက်အထိ ပရိတ်သတ်တွေ တိတ်ဆိတ်သွားတတ်တာကို နားလည်ထားပေမယ့် အဲ့ဒီတစ်ကြိမ်မှာတော့  အတွေ့အကြုံသစ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့  လီဗာပူးလ်ကို ရှုံးတာ ဘာမှမဖြစ်ဘူး ၊ မကစားခင်ကတဲက ရှုံးမယ်ဆိုပြီးတွက်ထားကြတဲ့ပွဲ  ... အဲ့ဒီလိုတွေပြောကြပြီးတော့မှ ဘာကြောင့် ကျွန်တော်တို့ တိတ်ဆိတ်သွားခဲ့ရပါသလဲ။ ခြေစွမ်းမှန်လာခြင်း ၊ အောင်မြင်နိုင်ခြေမြင့်လာခြင်း... Continue Reading →

တကျော့ပြန်လူကြိုက်များလာတဲ့  အာဝါ နဲ့ အာဆင်နယ်ရဲ့ခေါ်ယူနိုင်ခြေအလားအလာ

နွေရာသီအပြောင်းအရွှေ့က အနည်းငယ်တော့ လိုသေးပေမယ့် ဘယ်ကစားသမားတွေ အသင်းကနေ ထွက်သွားမလဲ၊ ဘယ်ကစားသမားအသစ်တွေကို အသင်းရဲ့ဂျာစီနဲ့ ထပ်မြင်ရမလဲဆိုတဲ့ သတင်းတွေကတော့ ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်နေတာ ဖြစ်ပါတယ်။အခုလည်း အာဆင်နယ်က အူဆန်အာဝါကို ခေါ်မယ်၊ မော်ရင်ဟိုကလည်း ရှာကာကို အီတလီမြေကို ခေါ်ဖို့ ထပ်ကြိုးစားလာမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါပြီ။  ဟူဆန်အာဝါ နဲ့ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်း သတင်းတွေ မကြာခဏထွက်နေကြပါပဲ။ အာဆင်နယ်အနေနဲ့ ကစားသမားကို ခေါ်ယူဖို့ တကယ်စိတ်၀င်စားခဲ့ဖူးပေမယ့် လိုင်ယွန်ဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေဖို့ အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ တကယ်ဖြစ်လာခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ သတင်းများရဲ့ဖော်ပြချက်အရ  အေးဂျင့်ဖြစ်သူရဲ့ ပါဝင်ပတ်သတ်မှုက များလွန်းခဲ့တယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာ ဟူဆန်အာဝါနဲ့ လိုင်ယွန်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၁၈လ ကျန်နေသေးပြီး လိုင်ယွန်အသင်းရဲ့ စာချုပ်အသစ်ကမ်းလှမ်းမှုကို အာဝါက ငြင်းပယ်ထားပါတယ်။ဒါကြောင့်... Continue Reading →

လိဒ်စ်ကွင်းလယ်လူကို ခေါ်ယူဖို့ အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဂန်းနားဂန္တ၀င်

အာဆင်နယ်ကစားသမားဟောင်းကြီးဖြစ်တဲ့ လီဒစ်ဆင်က လိဒ်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ပ်ဟာ အာဆင်နယ်နဲ့ သင့်တော်တဲ့ ကစားသမားဖြစ်တယ်လို့ အကြံပြုလာခဲ့ပါတယ်။  လိဒ်စ်ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ကို တဖန် တန်းတက်လာခဲ့ပြီးတဲ့နောက် ကယ်လ်ဗင်ဖီးလစ်ဟာ လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေကထဲ တစ်ဦးအဖြစ် သူရဲ့နာမည်ကို ရေးထိုးနိုင်ခဲ့ပါတယ်။သူ မပါ၀င်နိုင်တဲ့ ပွဲစဉ်တွေမှာ လိဒ်စ်ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ စိတ်၀င်စားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး မန်ယူမန်နေဂျာ ရက်ဖ်ရင်းနစ်ဟာ ကယ်လ်ဗင်ရဲ့ ခြေစွမ်းကို သဘောကျနှစ်သက်သူ ဖြစ်ပါတယ်။  အင်တာဗျူးလ်တစ်ခုမှာ ရင်းနစ်က အသင်းရဲ့ ကွင်းလယ်ဟာ အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။  လီဒစ်ဆင်က သူဟာ ကယ်လ်ဗင်ဖီးလစ်ရဲ့ ပရိသတ်ဖြစ်ပြီး အာဆင်နယ်အနေနဲ့ လိဒစ်ကွင်းလယ်လူကို ခေါ်ယူဖို့ အပြိုင်ကြိုးစားသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။  “ကျွန်တော် ကယ်လ်ဗင်ဖီးလစ်ကို... Continue Reading →

အာတီတာရဲ့  အသက်ကယ်ဆေးများ

အာတီတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားခြောက်ယောက်အထိ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး လူစာရင်းကို ကျစ်လျစ်အောင်လုပ်ခဲ့ပါတယ်။ လက်ရှိအသင်း လူစာရင်းဟာ များများစားစားမရှိသလို အထိခိုက်လည်းမခံတဲ့ အနေအထားမှာ ရှိတာ အားလုံးအသိပါ။  ဒီလိုမျိုး အသင်းရဲ့လူစာရင်းကနေ ကစားသမားအများအပြားကို လျှော့ချာခဲ့ပြီးတဲ့နောက်မှာတောင် ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေ အသင်းမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့် ဒီကစားသမားတွေဟာ အာတီတာအတွက် နောက်ဆုံးလက်နက်များ ၊ အသက်ကယ်ဆေးများလို့ပြောနိုင်ပါတယ်။ ဒီအယူအဆကို ဗီလာနဲ့ပွဲမှာ လီနိုက သက်သေပြခဲ့ပြီးဖြစ်ပါတယ်၊ လတ်တလောမှာ အာတီတာရဲ့ အာတီတာရဲ့ အဓိက အရံအင်အားအဖြစ်ရပ်တည်နေတဲ့ ကစားသမား (၄)ယောက်ရှိပါတယ်။ ပထမဆုံးတစ်ယောက်ဖြစ်တဲ့ တာဗာရက်စ်နဲ့ အစပြုလိုက်ကြတာပေါ့။  (၁)နျူနို တာဗာရက်စ်  အောက်တိုဘာနဲ့ နို၀င်ဘာကြားကာလတွေမှာ တီယာနေးရဲ့ ခြေစွမ်း မတည်မငြိမ်ဖြစ်နေခဲ့တာကြောင့် အာတီတာက သူ့အစား တာဗာရက်စ်ကို နောက်တန်း ဘယ်အစွန်မှာ... Continue Reading →

ဒီသီတင်းပတ်မှာ အာတီတာဘာတွေကို ပြင်ဆင်ထားဖို့လိုမလဲ

အားလုံးသိတဲ့အတိုင်း ဒီသီတင်းပတ်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရှိတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ တစ်ပတ်တာ ခွဲခွာရမှာ ဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွက် ရွေးချယ်ခံရတဲ့ ကစားသမားတွေက အသင်းကနေ ထွက်ခွာသွားကြပြီး နိုင်ငံအသင်းနဲ့ ပူးပေါင်းနေချိန်မှာ အာတီတာကတော့ လန်ဒန်မှာပဲ ဒဏ်ရာရကစားသမားတွေ၊လက်‌ရွေးစင်အသင်းမှာ မပါ၀င်တဲ့သူတွေနဲ့အတူ ကျန်နေခဲ့မှာပါ။ မန်နေဂျာဟာ လက်ကျန်ပရီးမီးယားလိဂ် ဆယ်ပွဲအတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေနား‌ထားတဲ့ ဒီသီတင်းပတ်တွေမှာ လုပ်စရာတွေအများကြီးရှိမှာပါ။ လတ်တလောမှာ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အရာ (၃)ခုရှိပါတယ်။ အဲ့ဒါတွေကတော့  (၁)တိုမီယာဆုတစ်ယောက် ဒဏ်ရာကနေ အမြန်ဆုံး ပြန်လာနိုင်ဖို့  အသင်းအတွက် အားထားရတဲ့ ညာနောက်ခံလူ ဂျပန်သားကြီးကို မြက်ခင်းစိမ်းတွေပေါ်မှာ မမြင်ရတာ သီတင်းပတ်အချို့ရှိပါပြီ။ သူ့နေရာမှာ စီဒရစ်က အကောင်းဆုံး ၀င်ကစားနိုင်ဖို့ ကြိုးစားနေပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ တိုမီယာဆု ကို အာတီတာ လိုအပ်လာမှာပါ။  ဇန်နဝါရီ... Continue Reading →

စပါးကစားသမားက ချီးကျူးခံရတဲ့ အာဆင်နယ်လူငယ်

စပါးကစားသမားတစ်ယောက်က  အာဆင်နယ်နဲ့ပတ်သတ်နေတဲ့ တစ်ယောက်ယောက်ကို ချိးကျူးတယ်ဆိုတာ  ပရိတ်သတ်တွေကြားဖူးမှာမဟုတ်ပါဘူး။   ဒါပေမယ့် အခုတော့တကယ်ဖြစ်သွားခဲ့ပါတယ်။ နိုင်ငံတကာပွဲစဥ်တွေဟာ မတူတဲ့ခံစားချက်ကိုရရှိစေခဲ့ပြီး ကိုယ့်နိုင်ငံအတွက် ကိုယ်ကစားကြတဲ့အခါ မတူညီတဲ့မှတ်ချက်တွေထွက်လာကြတာမျိုးလို့လဲပြောနိုင်ပါတယ်။ ဟူဂိုလိုးရစ်ဟာ  စပါးအသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော်ကစားထားတဲ့သူဖြစ်ပါတယ်။  နိုင်ငံအသင်းအတွက်လည်း ၁၃၆ ကြိမ်ဦးဆောင်ပေးထားသူတစ်ယောက်ပေါ့။  ဒါပေမယ့် အာဆင်နယ်ရဲ့ လူငယ်လေးဖြစ်တဲ့ ဝီလျံဆာလီဘာရဲ့ ပွဲဦးထွက်ရလဒ်အတွက်တော့  လိုးရစ်ဟာ ချီးကျူးစရာ ကစားလုံးတွေရှိနေတဲ့ပုံပါပဲ။   ပြင်သစ်လက်ရွေးစင်ကြီးက  RMC Sport နဲ့တွေ့ဆုံရာမှာ အခုလိုပြောခဲ့ပါတယ်။ “   မာဆေးလိုအသင်းမျိုးမှာ အသက် ၂၁ နှစ်နဲ့ အခုလိုစွမ်းဆောင်နေတာဟာ သိပ်ကိုအထင်ကြီးစရာကောင်းပါတယ် .. သူဟာသိပ်စိတ်ရှည်တယ်။ ကျွန်တော်တို့ကတော့ သူအဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်။ နောက်ထပ်တစ်ဆင့်မြင့်တဲ့ ကစားသမားဘဝအတွက် သူ့မှာလိုအပ်တာတွေအကုန်ရှိပါတယ် ။  အခွင့်အရေးသာရမယ်ဆိုရင်  မာဆေးအသင်းကြီးရဲ့အိမ်ကွင်းမှာ လက်ရွေးစင်အသင်းကြီးကို ကိုယ်စားပြုနေရတာမျိုးဖြစ်ပြီး  ဘာနဲ့မှမတူတဲ့ခံစားမှုကိုရရှိနိုင်ပါတယ် “  ဆိုပြီးပြောဆိုသွားခဲ့တာပါ။... Continue Reading →

စီနီယာတွေနဲ့ လေ့ကျင့်ခန်းအတူ ဆင်းရတဲ့ ခံစားချက်ကို မျှဝေလာတဲ့ ချာလီပါတီနို

အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ပါတီနိုက Goal.comရဲ့ အစီအစဉ်တင်ဆက်သူ ချားစ်၀တ်စ်နဲ့ တွေ့ဆုံမှုမှာ သူ့ရဲ့ အာဆင်နယ်ကစားသမားဘ၀အတွေ့အကြုံ အချို့ကို ပြောပြလာခဲ့ပါတယ်။ အသက်၁၈နှစ်သာရှိသေးတဲ့ ပါတီနိုဟာ အာဆင်နယ်အကယ်ဒမီကစားသမားတွေထဲမှာ  ထွန်းတောက်လာမယ့် ကြယ်ပွင့်ကစားလေးအဖြစ် ရေပန်းအစားဆုံးသူဆိုလည်း မမှားပါဘူး။  ကွင်းလယ်ကစားသမားလေးဟာ  သူ့ရဲ့ လျင်မြန်မှုနဲ့နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကြောင့် သူ့ထက်စီနီယာကျတဲ့၊ဝါရင့်တဲ့ ကစားသမားတွေနဲ့အတူ မကြာခဏဆိုသလို တွဲဖက်ကစားခွင့်ရနေသူဖြစ်ပါတယ်။ အသက်၁၄နှစ်အရွယ်ကတည်းက အင်္ဂလန် ယူ၁၆အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တဲ့ အာဆင်နယ် ယူ၁၈အသင်းမှာလည်း ပါ၀င်ခွင့်ရခဲ့တာဖြစ်ပါတယ်။  လက်ရှိရာသီမှာတော့ အာဆင်နယ်စီနီယာအသင်းနဲ့အတူ နှစ်ပွဲ ပွဲထွက်ခွင့်ရထားခဲ့ပါတယ်။ အာဆင်နယ်စီနီယာအသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တာကတော့ ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ဖြစ်ပြီး သွင်းဂိုးတစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ထပ် ပွဲထွက်ခွင့်ရခဲ့တာကတော့ နော်တင်ဟန်ဖောရက်စ်က်ု ရှုံးနိမ့်ခဲ့တဲ့ FAဖလား တတိယအကျော့... Continue Reading →

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်

ပြီးခဲ့တဲ့ နှစ်တွေကဆို အာဆင်နယ်အသင်း ထောင့်ကန်ဘောတွေကနေ သွင်းဂိုးတွေ ရယူနိုင်တာဟာ အတော်လေးမြင်ရခဲပါတယ်။ အခြားတစ်ဖက်မှာ‌တော့ ပြိုင်ဘက်ရဲ့ တည်ကန်ဘောတွေကိုသာ ခက်ခက်ခဲခဲနဲ့ ခုခံကာကွယ်ရင်း ဂိုးပေးလိုက်ရတဲ့ အဖြစ်တွေကပဲ အဖြစ်များခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာတော့ ဒါတွေကို အာတီတာတို့ ပြင်ဆင်နိုင်ခဲ့ပါပြီ။ ထောင့်ကန်ဘောတွေကနေ သွင်းဂိုးတွေ မကြာခဏ ရယူထားနိုင်သလို ပြိုင်ဘက်ကိုလည်း ထောင့်ကန်ဘောကနေ ပေးဂိုးတွေ ခွင့်ပြုထားရခြင်း မရှိသေးပါဘူး။ ဒါဟာ အသင်းအတွက် တကယ်ကို ကြီးမားတဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ထောင့်ကန်ဘောဆိုတာက ပြိုင်ဘက်အတွက်ကော ၊ ကိုယ့်အသင်းအတွက်ပါ သွင်းဂိုးရယူဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး ပြိုင်ဘက်အတွက် အခွင့်အရေးတစ်ကြိမ်မှ မပေးပဲ ကိုယ်ပဲ အခွင့်အရေးအရယူနိုင်တာဟာ ပြိုင်ဘက်ကို နှာတစ်ဖျားအသားရစေတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။  ဒီလိုကြီးမားတဲ့ တိုးတက်မှုအတွက် အထူး အသိအမှတ်ပြုရမယ့် သူနှစ်ဦးရှိပါတယ်။ တစ်ဦးကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းရဲ့ ထောင့်ကန်ဘော... Continue Reading →

Website Powered by WordPress.com.

Up ↑