ဂွာဒီယိုလာဟာ အာဆင်နယ်ကို ပြိုင်ဘက်အဖြစ် မသတ်မှတ်လို့ ကစားသမားတွေ ရောင်းခဲ့တာ ဆိုတဲ့ ရွိုင်ကိန်း

မန်စီးတီးဟာ အာဆင်နယ်နဲ့ချဲလ်ဆီး အသင်းဆီ သူတို့ရဲ့ ကစားသမားတွေကို ရောင်းချခဲ့တဲ့ အကြောင်းရင်းက ဂွာဒီယိုလာဟာ လန်ဒန်အသင်းနှစ်သင်းကို မန်စီးတီး သို့မဟုတ် လီဗာပူးလ်ကို စိန်ခေါ်လာနိုင်မယ့် အသင်းတွေမဟုတ်ဘူးလို့ သတ်မှတ်တာကြောင့် ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းက ဆိုပါတယ်။ အာဆင်နယ်ဟာ ဒီနွေမှာ မန်စီးတီးကစားသမားတွေ ဖြစ်တဲ့ ဇင်ချန်ကိုနဲ့ဂျေးဆုတို့ကို နှစ်ဦးပေါင်း ပေါင်၇၅သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးဟာ ချဲလ်ဆီးအသင်းဆီ ရာဟင်စတာလင်ကို ပေါင် ၄၇.၅သန်း ၀န်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။ ကလပ်အသင်းကြီးတွေဟာ သူတို့ရဲ့ ကစားသမားတွေကို ရောင်းချတဲ့အခါ အခြားသောလိဂ်ပြိုင်ဘက်အသင်းတွေဆီ မရောင်းချဖို့ အတတ်နိုင်ဆုံး ကြိုးစားလေ့ရှိပါတယ်။ ဒါပေမယ့် မန်စီးတီးက‌တော့ သူတို့ရဲ့ ကစားသမားကောင်းတွေကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ချဲလ်ဆီးတို့ဆီ အလွယ်တကူပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဂျေးဆုဟာ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့အတူ ... Continue Reading →

အာဆင်နယ်က အဆင့်သုံးနေရာကို မှန်းရလိမ့်မယ်လို့ ထင်ပါတယ် – ရေးပါလာ

ရေးပါလာက အာဆင်နယ်ဟာ  ဒီနွေမှာ ကစားသမားအင်အဖြည့်တင်းထားတာကြောင့် လာမယ့်ရာသီမှာ ထိပ်သီးလေးသင်းစာရင်း ၀င်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားဟောင်းကြီးဟာ သူရဲ့ အသင်းဟောင်းက ဒီနွေမှာ ကစားသမားကောင်းတွေ ခေါ်ယူနေတာကို စောင့်ကြည့်နေပြီး လာမယ့် ရာသီအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ဟာလည်း ဒီနွေမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ ရေးပါလာကတော့ ဒီနှစ်သင်းဟာ လာမယ့်ရာသီမှာ အဆင့်တစ်နဲ့ အဆင့်နှစ်နေရာတွေကို ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အာဆင်နယ်တို့ဟာ အဆင့်သုံးနေရာနဲ့ အဆုံးသတ်နိုင်မှာဖြစ်ပြီး ခါးသီးတဲ့ မြို့ခံပြိုင်ဘက်စပါးကတော့ အဆင့်လေးနေရာ ရလိမ့်မယ်လို့ ရေးပါလာက ဆိုပါတယ်။ သူရဲ့ခန့်မှန်းချက်အရ ချဲလ်ဆီး၊မန်ယူတို့ဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်မှာဖြစ်ပြီး ယူရိုပါလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်ရလိမ့်မယ်လို့ ဆိုပါတယ်။ "(လာမယ့် ပရီမီးယားလိဂ် ပြိုင်ပွဲမှာ) မန်ချက်စတာ စီးတီးက အနိုင်ရမယ်လို့... Continue Reading →

အန်ကက်တီးယားဘာလို့ အမ်းမရိတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလဲ

ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်မှာ အသင်းရဲ့ ပရိသတ်တွေက အန်ကက်တီးယားဟာ လာမယ့်နွေမှာ အသင်းကနေ သေချာပေါက်ထွက်ခွာမယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို တောက်လျှောက်ငြင်းပယ်နေခဲ့ပြီး အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  ဒါပေမယ့် နောက်ဆုံးမှာတော့ အန်ကက်တီယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ အာတီတာနဲ့ အီဒူးတို့က နားချနိုင်ခဲ့ပါတယ်။ အန်ကက်တီးယား အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။  ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လာကာဇက်အစား ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ကက်တီးယားဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အန်ကက်တီးယားကို ခေါ်ယူဖို့ အသင်းအများအပြားက ကြိုးစားလာခဲ့ပေမယ့် အာတီတာနဲ့ အီဒူးတို့ဟာ အသင်းရဲ့ ပရော့ဂျက်တွေကို ကစားသမားဆီ... Continue Reading →

ဆာလောင်နေတဲ့ အာဆင်နယ်ကို တဖန်မြင်တွေ့ရမယ်လို့ဆိုလာတဲ့ အိုဒီဂတ်

ပြီးခဲ့တဲ့နွေမှာ ‌အာတီတာဟာ အသင်းရဲ့လူစာရင်းတစ်၀က်လောက်ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အာတီတာရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ အများကြီးတိုးတက်လာခဲ့ပေမယ့် ရာသီကုန်မှာတော့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။  ဒီနွေမှာတော့ အသင်းရဲ့လူစာရင်းကို ဇင်ချန်ကို၊ ဂျေးဆု၊မတ်တာနာ၊ ဗီအဲရာ၊ မာကွင်ဟိုတို့နဲ့ အားဖြည့်ထားခဲ့ပြီး ဆာလီဘာကလည်း အငှားကနေ ပြန်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအသင်းရဲ့လူစာရင်းဟာ မနှစ်ကထက် သာလွန်ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိပါတယ်။  မနှစ်က နွေရာသီမှာ အသင်းကို အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ မာတင်အီုဒီဂတ်ဟာ အချိန်တိုအတွင်းမှာပဲအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပြီး ကပ္ပတိန်ရာထူးကိုပါ တာ၀န်ယူထားပြန်ပါတယ်။ အသင်းရဲ့ရာသီကြို ပြင်ဆင်မှုတွေ ၊ ကစားသမားခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို မေးမြန်းခဲ့ရာမှာတော့ အိုဒီဂတ်က ခုလို ဖြေဆိုခဲ့ပါတယ်။  "အသစ်ခေါ်ယူခဲ့တဲ့ကစားသမားတွေဟာ တကယ်ကို ကောင်းမွန်လွန်းပါတယ်။သူတို့ဟာ အလုပ်ကြိုးစားနေကြပြီး ပင်ကိုယ်အကျင့်စရိုက်ကောင်းသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသင်းဆီ... Continue Reading →

တရားဝင်မကြေငြာရသေးတဲ့​ ကစားသမားသစ်ကို ချီးမွမ်းခန်းဖွင့်လာတဲ့ အာတီတာ

ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းရဲ့  ရာသီကြိုခရီးစဉ်ကို လာရောက်ပူးပေါင်းနေပြီဖြစ်ပေမယ့် အသင်းရဲ့ တရား၀င်မီဒီယာတွေမှာတော့ အာဆင်နယ်ဟာ ဇင်ချန်ကို ကို ခေါ်ယူလိုက်ပြီလို့ ခုထိ ကြေညာထားခြင်းမရှိသေးပါဘူး။  အာတီတာက  ဇင်ချန်ကိုရဲ့ အပြောင်း‌အရွှေ့နဲ့ ပတ်သက်ပြီး အသင်းရဲ့ တရား၀င်၀က်ဘ်ဆိုက်မှာ ပထမဆုံးအနေနဲ့ ပြောပြလာခဲ့ပါတယ်။  "ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ သူအခုဒီကို ရောက်နေပါပြီ။ အားလုံးပြီးသွားဖို့(ခေါ်ယူနိုင်လိုက်ပြီဆိုတာ တရား၀င်ကြေညာဖို့) လုပ်ငန်းစဉ်အနည်းငယ် ကျန်နေပါသေးတယ်။ ဒါပေမယ့် သူ အသင်းမှာ ရှိတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ၀မ်းသာမိပါတယ်"  "ကျွန်တော် သူ့ကို ကောင်းကောင်းသိပါတယ်။သူဟာ ခြွင်းချက်မရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့အ၀တ်လဲခန်းထဲကို ပြိုင်ဆိုင်မှုတစ်ခုယူ‌ဆောင်လာမယ့် တစ်စုံတစ်ယောက်လည်း ဖြစ်ပါတယ်" ဇင်ချန်ကိုဟာ ခံစစ်ဘယ်အစွန်နဲ့ ကွင်းလယ်မှာ ကစားနိုင်စွမ်းရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း အာတီတာက ခုလို ဆိုပါတယ်။  "နှစ်နေရာလုံးပါပဲ၊ နှစ်နေရာလုံးမှာ သူကစားနိုင်ပါတယ်။ သူ့ရဲ့ ကစားသမားဘ၀ အစောပိုင်းမှာ ကျောနံပါတ် ၁၀နေရာ ကစားတာပါ။နောက်ပိုင်းမှာတော့ ကျွန်တော်တို့လိုချင်တဲ့ကစားပုံအရ အများကြီးလုပ်ဆောင်နိုင်စွမ်းရှိတဲ့ ခံစစ်ဘယ်အစွန်နေရာမှာ သူ့ကို ကစားစေခဲ့ပါတယ်။"  "ဒီလိုနေရာစုံကစားနိုင်တာဟာ အသင်းအတွက် အရေးပါတဲ့ အရာဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ  full back မှာပဲ ကစားတဲ့ ကစားသမားတွေ ရှိနေတဲ့အတွက် ဇင်ချန်ကိုရဲ့ ကွင်းလယ်မှာပါ ကစားနိုင်စွမ်းရှိတာဟာ အသင်းအတွက် တကယ်အသုံး၀င်ပါတယ်" "ဒီလို နေရာစုံကစားနိုင်တဲ့ ကစားသမား တွေရှိတဲ့အတွက် ကျွန်တော်တို့ အသင်းရဲ့ တည်ဆောက်ပုံတွေ၊ကစားကွက်တွေလည်း ပြောင်းလဲဖို့လွယ်ကူသလို ကစားသမားတွေကိုလည်း အလှည့်ကျ အသုံးပြုတာမျိုး၊ကစားသမားတစ်ယောက်တည်းကိုပဲ မတူညီတဲ့ နည်းလမ်းနဲ့ ကစားစေတာမျိုးတွေ ပြုလုပ်နိုင်မှာပါ။"  "ကိုယ့်အသင်းရဲ့ ကစားကွက်၊ဗျူဟာတွေကို တစ်ဖက်အသင်း ခန့်မှန်းဖို့ ခက်ခဲအောင်ပြုလုပ်နိုင်တာဟာ တကယ်အရေးကြီးပါတယ်။ဒါကြောင့် ဒီလိုနေရာစုံဆော့နိုင်တဲ့ ကစားသမားတွေကို ကျွန်တော်တို့ ခေါ်ယူခဲ့တာပါ" ယခုရာသီမှာ ဂန်းနားတို့ဟာ ကြိုတင်ခေါ်ယူခဲ့တဲ့  မတ်တာနာ ၊ ထရပ်စ်တီ ( ဘာမင်ဂမ်သို့အငှား) ၊ မာကွင်ဟို့စ် ၊  ဂျေးဆူ ၊ ဗီအဲရာ တို့အပါအဝင်  ဇင်ချန်ကိုဟာလည်းပဲ အရေးပါတဲ့ တစ်နေရာကနေပါဝင်လာဖို့ရှိပါတယ်။ ပရိတ်သတ်တွေကတော့ ကွင်းလယ်ကစားသမားတစ်ယောက်ကို ထပ်ပြီးလိုချင်နေကြပါသေးတယ်။ သတင်းများအရ လိုင်ယွန်ရဲ့ ပါကွေးတားနဲ့  လက်စတာရဲ့ တိုင်လီမန်းစ်တို့က ရေပန်းစားနေကြပါတယ်။  

ဂျေးဆူက အောင်ပွဲတွေနဲ့ အသားကျနေသူပါ – ရေးပါလာ

မန်စီးတီးအသင်းကနေ ဂျေးဆူကို ခေါ်ယူခဲ့တာဟာ အာဆင်နယ်အတွက် လာမယ့်ရာသီ စပါးကို အသာရေစေမယ့် အားသာချက်ဖြစ်လာမယ်လို့ ရေးပါလာက ဆိုပါတယ်။  မြောက်လန်ဒန်အခြေစိုက် အသင်းနှစ်သင်းဟာ ဒီနွေမှာ ကစားသမားအင်အား အပြိုင်အဆိုင် ဖြည့်တင်းနေပါတယ်။ စပါးက ဘစ်ဆူးမား၊ ရစ်ချာလီဆင်၊ ပါရီဆစ်နဲ့ ဂျတ်စပန့်တို့ကို ခေါ်ယူထားပါတယ်။  အာဆင်နယ်ကလည်း ဂျေးဆူ ၊ဗီအဲရာ၊ မာကွင်ဟို၊ မတ်တာနာ စတဲ့ ကစားသမားတွေကို ခေါ်ယူပြီးဖြစ်သလို ဇင်ချန်ကို ကိုလည်း ခေါ်ယူနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အတော်လေး နီးစပ်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ အမှားများခဲ့တာကြောင့် အမှတ်‌ပေးဇယားရဲ့အဆင့်လေးနေရာကို ပြိုင်ဘက် စပါးအသင်း‌ဆီ လက်လွှတ်ခဲ့ရပြီး ယူရိုပါလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။  ရေးပါလာက ဂျေးဆူကို အောင်နိုင်သူတစ်ယောက်လို့ ဆိုပြီး အာဆင်နယ်ဆီကို သူနဲ့အတူ အောင်နိုင်စိတ်ကို ဆောင်ယူလာရမယ်လို့ ဆိုပါတယ်။ ... Continue Reading →

အာတီတာအတွက် ဘန်ဝှိုက်က Tactical Alternative ဖြစ်လာမှာလား

ဒဏ်ရာရ ကစားသမားတွေများပြားလာတာဖြစ်လို့ နည်းဗျူဟာမျိုးစုံပြောင်းပြီးကစားရဖို့စဥ်းစားကြတဲ့အခါ လက်ရှိကစားနိုင်သူတွေထဲမှာ ဘယ်သူက နေရာစုံကစားနိုင်လဲဆိုတဲ့အချက်က အရေးပါလာပြန်ပါတယ်။  ဆာကာဟာ တိုက်စစ်မှာနေရာစုံကစားနိုင်သလို  ဆဲဒရစ်ကလည်း ဘက်ပြောင်းကစားနိုင်ကြောင်းထုတ်ပြောထားပါတယ်။ ဒါပေမယ့်  အားလုံးမျက်စေ့မှောက်နေကြတာက ဘန်ဝှိုက်ဖြစ်ပါတယ်။  ဘန်ဝှိုက်ဟာ နည်းစနစ်အားဖြင့်  ကွင်းလယ်ခံစစ် ၊ ညာအစွန်နဲ့  ဗဟိုနောက်ခံလူတွေအဖြစ်ကစားနိုင်သူဖြစ်ပါတယ်။  ဒီအချက်ဟာ အာတီတာကို အလွန်အထောက်အကူပေးနိုင်မှာဖြစ်သလို ဘန်ဝှိုက်ရဲ့စွမ်းဆောင်ရည်ကိုလည်း မှတ်ကျောက်တင်ရမယ့်ကာလဖြစ်ပါတယ်။  သူ့ရဲ့ နည်းပြဟောင်းကလည်း ဝှိုက်ရဲ့ အဖျက်ကစားဟန်နဲ့ တည်ငြိမ်မှုအတွက်ချီးကျူးဖူးပါတယ်။ ဒါပေမယ့် သူ့မှာ အားသာချက်ချည်းပဲရှိနေတာမဟုတ်ပါဘူး .. သိသာတဲ့အားနည်းချက်လဲရှိပါတယ်။ အမြင်သာဆုံးအချက်ကတော့ Recovery Run တွေဖြစ်ပါတယ်။  အခုထက်ပိုပြီး နဲနဲလောက်အသေးစိတ်လေ့လာရအောင်ပါ။ ဘန်ဝှိုက်ဟာ Proactive Player အမျိုးအစားဖြစ်ပါတယ်။ ဒီအချက်ကို ဂါဘရီယယ်နဲ့ နှိုင်းယှဥ်ရင်ပိုသိသာပါတယ်။ သူဟာ ခွန်အားသုံးပြီးတဖက်ကို ဟန့်တားဖို့ထက်   ၊ တဖက်ကစားသမားရဲ့ လုပ်ဆောင်လာနိုင်ခြေကို ကြိုတင်တွက်ဆကာ... Continue Reading →

အရေးကြီးတာက သူတို့ အစိုးရိမ်မလွန်ဖို့၊ဆောက်တည်ရာမရ ဖြစ်မနေဖို့ပါပဲ – ကာရေဂါ

လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူနဲ့ အားကစားအစီအစဉ်တင်ဆက်သူ ကာရေဂါက အာဆင်နယ်အနေနဲ့ ရာသီကုန်မှာ အဆင့်လေးနေရာ၀င်ဖို့ နေရာကောင်းတစ်ခုမှာ ရှိနေသေးတယ်လို့ ယုံကြည်နေပြီး ခရစ္စတယ်ပဲ့လေ့စ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အပေါ် အာတီတာတို့ အဖွဲ့တွေအနေနဲ့ အကြောက်လွန်စရာ မလိုဘူးလို့ ဆိုပါတယ်။  နယူးကာဆယ်ကို ငါးဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့ တော့တင်ဟမ် ဟော့စပါးက အနိုင်ရပြီး အဆင့်လေးနေရာကို တက်လှမ်းခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး မြို့ခံပြိုင်ဘက်ဆီကနေ ပြန်လုယူဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးက အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့်လေးနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။  ဒီရှုံးပွဲကြောင့် အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေဟာ ပိုမို ခက်ခဲသွားခဲ့ပြီး စပါး၊ချဲလ်ဆီးတို့လို အနီးကပ်ဆုံးပြိုင်ဘက်တွေနဲ့လည်း ထိပ်တိုက်တွေ့ဆုံရဖို့ ရှိနေပါတယ်။  လာမယ့် သီတင်းပတ်တွေဟာ အာတီတာအတွက်တော့ အရမ်းကို ခက်ခဲမယ့် ကာလတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အနေနဲ့... Continue Reading →

ပေပေရဲ့နေရာကိုအစားထိုးဖို့ ဇာဟာကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်တဲ့ ပေါလ်မာဆင်

လာမယ့်နွေရာသီမှာ အာဆင်နယ်အနေနဲ့ ပေပေရဲ့နေရာကိုအစားထိုးဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ ကစားသမားဟောင်း ပေါလ်မာဆင်က အကြံပေးခဲ့ပါတယ်။  လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အာဆင်နယ်ဟာ ဇာဟာ ကို ပေါင်းသန်း၄၀နဲ့ ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်ကို ကမ်းလှမ်းခဲ့ပေမယ့်  ပဲလေ့စ်က ဒီထက်ပိုများပြားတဲ့ ငွေကြေးပမာဏကို အလိုရှိနေခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် အဲ့ဒီအချိန်တုန်းက အသင်းရဲ့ မန်နေဂျာဖြစ်သူ အူနိုင်းအမ်မရီက ဇာဟာအစား ပေပေကို လိုင်လီကနေ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၇၂သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ပေပေဟာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး လက်ရှိရာသီမှာ ပွဲထွက်ခွင့်ပါ ပျောက်ဆုံးနေခဲ့ပါတယ်။  ဒါကြောင့် ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဇာဟာကို ခေါ်ယူဖို့ ပြန်ကြိုးစားသင့်တယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။  “အာတီတာအတွက်... Continue Reading →

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုပါ သက်ရောက်လာနိုင်တဲ့ ပဲလေ့စ်နဲ့ပွဲ

ပွဲစဥ်တိုင်းက ဗိုလ်လုပွဲဖြစ်ကြောင်း  အာတီတာဟာ မကြာခနပြောဆိုခဲ့ပြီးဖြစ်ပါတယ်။  သို့သော်အမှတ်ပေးဇယားကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အခြေအနေကလည်း သပ်သပ်ဖြစ်ပါတယ်။ ဒီအပတ်ပွဲစဥ်တွေကစားအပြီးမှာ  ချန်ပီယံလိဂ်တိုက်ပွဲကို အားပျော့စေတဲ့အချက်ရော ၊ အားကောင်းစေတဲ့အချက်ရောက တူတူဖြစ်လာခဲ့ပါတယ်။ အားကောင်းစေတာကတော့  ချဲလ်ဆီးရဲ့ မထင်မှတ်ထားတဲ့ရှုံးပွဲဖြစ်ပြီး  အားလျော့သွားစေတာကတော့  ယူနိုက်တက်အသင်းရဲ့  သရေပွဲဖြစ်ပါတယ်။ ပွဲစဥ်ကွာဟချက်အချို့ရှိနေပေမယ့် လက်ရှိအမှတ်ပေးဇယားအရ  အဆင့် ၃ က ချဲလ်ဆီးနဲ့ အဆင့် ၇ က မန်ချက်စတာယူနိုက်တက်တို့ဟာ ၈ မှတ်သာကွာဟနေတာတွေ့ရပါတယ်။ တကယ်လို့  လက်စတာနဲ့ပွဲမှာသာယူနိုက်တက်တို့အနိုင်ရခဲ့ရင်   ၆ မှတ်သာကွာဟမှာဖြစ်ပြီး  ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပိုပြီးအကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။ ဒီတစ်ပတ် မှာ စပါးအသင်းအနိုင်ရပြီးတဲ့နောက် ပဲလေ့စ်ကွင်းမှာကစားရမယ့်  ပဲလေ့စ်နဲ့ အာဆင်နယ်တို့ပွဲဟာ အလွန်အရေးပါလာပြီဖြစ်ပါတယ်။ အာဆင်နယ်သာ အနိုင်ရမယ်ဆိုရင် စပါးအသင်းကို ပြန်ပြီးကျော်တက်နိုင်မှာဖြစ်သလို  တတိယနေရာက ချဲလ်ဆီးနဲ့လည်း  ၂ မှတ်သာကွာမယ့် အနေအထားကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ပဲလေ့်စ်သာနိုင်သွားခဲ့ရင်... Continue Reading →

Website Powered by WordPress.com.

Up ↑