နံနက်ခင်းချဲလ်ဆီး သတင်းမှတ်စု (22Feb)

လူကာကူကို လှောင်ပြောင်နေကြတာတွေကို  မနှစ်သက်ဘူးလို့ပြောလာတဲ့တူချယ် နည်းပြတူချယ်က တိုက်စစ်မှုးလူကာကူအနေနဲ့ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပေမယ့်  ပရိတ်သတ်တွေကလှောင်ပြောင်နေဖို့မလိုအပ်ကြောင်းတူချယ်က တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ “ လက်ရှိအခြေအနေက ကျွန်တော်တို့ဖြစ်ချင်နေတာမျိုးမဟုတ်သလို  ရိုမဲလူ  လဲ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ သူ့ကိုရီစရာတွေလုပ် ၊ ဟာသတွေလုပ်နေစရာမလိုပါဘူး။ သူကအားလုံးရဲ့မြင်ကွင်းထဲရောက်နေပါတယ်။ ဒါကအမှန်ပါ။ ကျွန်တော်တို့ကလဲ သူ့ကို ကာကွယ်ပေးရပါလိမ့်မယ် “  ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။ အက်စ်ပီလီကွယ်တာ လိုင်လီနဲ့ပွဲမှာ ပြန်ပါမယ် အက်စ်ပီလီကွယ်တာပြန်ကစားနိုင်မှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းဟာ လိုင်လီနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဥ် လူစာရင်း အတွက် ရုန်းကန်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ တူချယ်ရဲ့ပြောကြားချက်အရ အိုဒွိုင်းနဲ့ မေဆင်မောင့်တို့ဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ရုန်းကန်နေရဆဲဖြစ်ပြီး  နောက်ခံလူဂျိမ်းလဲ ပါဝင်နိုင်မှာမဟုတ်ကြောင်း  အတည်ပြုပေးထားပါတယ်။ ချဲလ်ဆီးမှာကစားခဲ့ရတာက ဘဝရဲ့အတောက်ပဆုံးအခိုက်အတန့်ဖြစ်ကြောင်း  ဂန္တဝင်ကြီးက ထုတ်ပြောလာ ချဲလ်ဆီးအသင်းရဲ့ အထင်ကရ ဂန္တဝင်ကြီးဖြစ်တဲ့  အီတလီတိုက်စစ်မှုးကြီးဇိုလာက  ချဲလ်ဆီးအသင်းမှာကစားခဲ့ရခြင်းက သူ့ရဲ့ဘောလုံးသမားဘဝမှာ အကောင်းဆုံးအချိန်ကာလများဖြစ်တယ်လို့... Continue Reading →

နံနက်ခင်းချဲလ်ဆီး သတင်းမှတ်စု (21Feb)

ဘလွန်းဒီအော ထိပ်ဆုံးအယောက် ၃၀ ထဲမှာ မပါဝင်ရလို့ အံ့သြမိကြောင်းမန်ဒီပြော ဂိုးသမား မန်ဒီဟာ သူ့အနေနဲ့  ဘလွန်းဒီအောရဲ့အကောင်းဆုံးအယောက် ၃၀ ထဲမှာမပါဝင်တာကို အံ့သြမိကြောင်းပြောဆိုလာပါတယ်။ သူက ၄င်းအနေနဲ့အာဖရိကကစားသမားတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံတကာပွဲစဥ်တွေနဲပါးတဲ့အတွက် မပါဝင်တာဖြစ်နိုင်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။ အီတလီဂိုးသမား ဒိုနာရူမာကတော့ နိုင်ငံအသင်းအောင်မြင်မှုနဲ့အတူ  ယခုနှစ်ဘလွန်းဒီအောရဲ့  ထိပ်ဆုံး ၁၀ ဦးစာရင်းမှာပါဝ်ငခဲ့ပါတယ်။ ပေါ့ဘာကို စိတ်ဝင်စားသူတွေထဲ ချဲလ်ဆီးလဲပါဝင်လာ စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဆင်မပြေတဲ့ ကွင်းလယ်လူပေါ့ဘာကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးလဲပါဝင်လာပြီလို့ဆိုပါတယ်။ စာချုပ်သစ်သက်တမ်းတိုးရေး ကျန့်ကြာနေတဲ့ ပေါ့ဘာကို အသင်းများစွာကလဲ ပစ်မှတ်ထားနေကြတယ်လို့သိရပါတယ်။ အဆိုပါပြင်သစ်သားဟာ အသက်အရွယ်အားဖြင့် ကန်တေ ၊ ဂျော်ဂျင်ဟိုတို့နဲ့မတိမ်းမယိမ်းဖြစ်နေတာကြောင့် အရံပစ်မှတ်သာဖြစ်မယ်လို့ယူဆရပါတယ်။ လန်ဒန်အသင်းတွေအပြိုင်လိုက်နေကြတဲ့ ဘော်နာဆိုဆာ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပစ်မှတ်ဖြစ်တဲ့ စတုဂတ်နောက်ခံလူဘော်နာဆိုဆာကို  လန်ဒန်ပြိုင်ဖက်များဖြစ်ကြတဲ့ စပါးနဲ့အာဆင်နယ်တို့ကလဲစိတ်ဝင်စားနေကြတယ်လို့ သတင်းများကဖော်ပြနေကြပါတယ်။ အားကစားသတင်းထောက် ခရစ်ရှန်ဖောခ့်ရဲ့အဆိုအရ... Continue Reading →

နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု ( 20Feb)

အီမာဆင်ကို သဘောကျနေတဲ့ ဆာရီ လာဇီယိုနည်းပြဆာရီရဲ့ နွေရာသီပစ်မှတ်ထဲမှာ  လိုင်ယွန်အသင်းကို အငှားသွားရောက်ကစားနေတဲ့ ချဲလ်ဆီးနောက်ခံလူ  အီမာဆင်လဲပါဝင်နေတယ်လို့ သိရပါတယ်။ အီမာဆင်ဟာ  ဘန်ချေးဝဲလ်ရဲ့ ဒဏ်ရာအခြေအနေကြောင့် ရာသီဝက်မှာအသင်းကိုပြန်လည်ခေါ်ယူဖို့စီစဥ်ခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ဆုံးဖြတ်ချက်ကြောင့်မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။ အီတလီသတင်းစာများကတော့ အဆိုပါကစားသမားကို  ချဲလ်ဆီးထံမှ ခေါ်ယူရေးဟာ ဆာရီအတွက် ခက်ခဲနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ လူကာကူ အကြီးအကျယ်ဝေဖန်ခံနေရ လူကာကူရဲ့ ပဲလေ့စ်နဲ့ပွဲကစွမ်းဆောင်ရည်ကိုအားမရကြတာကြောင့် ပြန်လည်ရောင်းချဖို့ ပရိတ်သတ်တွေဟာ ဆိုရှယ်မီဒီယာမှာရေးသားနေကြကြောင်း Daily Star ကဖော်ပြလာပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဘောလုံးထိချက် ၂ ကြိမ်သာရှိတဲ့အထိ (တစ်ပွဲလုံး ၇ ကြိမ်သာထိနိုင်) လူကာကူရဲ့အခြေအနေကဆိုးရွားခဲ့ပြီး တစ်ပွဲလုံးအနေနဲ့လည်း လိုအပ်ချက်များစွာရှိခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်အချို့ကဆိုရင်  “ လူကာကူကလွဲလို့  အားလုံးအတွက်ကောင်းမွန်တဲ့ရက်သတ္တပတ်ဖြစ်ပါစေ “ ဆိုပြီး လှောင်ပြောင်ကြတဲ့အထိ ကစားသမားနဲ့အားပေးသူများအကြား ဆက်ဆံရေးဆိုးရွားနေခဲ့ပါတယ်။ မီလီတာအိုနဲ့   တာဝန်ရှိသူတွေ  ဆွေးနွေးကြဖို့ရှိ စပိန်ကလာတဲ့သတင်းတွေအရ  ... Continue Reading →

နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (19Feb)

အသင်းရဲ့လူငယ်လေးနဲ့စာချုပ်သက်တမ်းတိုးလိုက်တဲ့ ချဲလ်ဆီး ချဲလ်ဆီးအသင်းဟာ အသက် ၁၉နှစ်အရွယ် လူငယ်ကစားသမားလေး ဘန်အီးလီးရော့ဒ် ကို ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုက်ကနေ တရားဝင်ကြေငြာသွားခဲ့ပါတယ်။ အသက် ၈ နှစ်ကတဲက ချဲလ်ဆီးကိုရောက်ရှိနေတဲ့ကွင်းလယ်ကစားသမားလေးကို မကြာခင်မှာ အသင်းတစ်သင်းထံအငှားချသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ချူမန်နီကို အနီးကပ်စောင်ကြည့်ဖို့ ကင်းထောက်အဖွဲ့ထွက်ခွာ ချဲလ်ဆီးအသင်းဟာ  ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူချင်နေပေမယ့်  မိုနာကိုကစားသမားချူမန်နီ အပေါ်ကို အနဲငယ် အလေးသာနေတယ်လို့ Evening Standard ကဖော်ပြလာပါတယ်။ ရိုက်စ်ကို ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်သလို နောက်ဆုံးရသတင်းများအရ မန်ချက်စတာယူနိုက်တက်ကလဲ ခေါ်ယူဖို့ကြိုးပမ်းဖွယ်ရှိတယ်လို့သိရပါတယ်။  ဒါပေမယ့် ဝက်စ်ဟမ်းနည်းပြမိုရက်စ်ကလည်း ရိုက်စ်အနေနဲ့အသင်းကိုစွန့်ခွာမှမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ပြင်သစ်သားလေးကိုစောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့ကိုစေလွှတ်ထားတယ်လို့လည်းသိရပါတယ်။ ချဲလ်ဆီးဂိုးပြတ်နိုင်မယ်လို့  လော်ရိုးခန့်မှန်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲအတွက် မာ့လော်ရန်ဆင် (လော်ရိုး) ကအခုလိုပဲသုံးသပ်ပြောကြားသွားခဲ့ပါတယ်။ “ ရလဒ်တွေကိုပဲပြောမယ်ဆိုရင်တော့ ပဲလေ့်စ်အသင်းရဲ့အခြေအနေက... Continue Reading →

နံနက်ခင်းချဲလ်ဆီး သတင်းမှတ်စု (18Feb)

လက်မောင်းလှဲရာမှာ အနိုင်ရခဲ့တဲ့ မန်ဒီ ချဲလ်ဆီးအသင်းဖော်နှစ်ဦးဖြစ်ကြတဲ့  ရူဒီဂါနဲ့ မန်ဒီတို့ရဲ့ လက်မောင်းလှဲပြိုင်ပွဲမှာ မန်ဒီက အနိုင်ရရှိသွားခဲ့တယ်လို့သိရပါတယ်။ မန်ဒီက “ သိပ်လွယ်တဲ့ပွဲတစ်ပွဲပါပဲဗျာ .. ဘယ်သူနိုင်လဲတော့မမေးပါနဲ့ .. ကျွန်တော်ပဲ “ လို့ပျော်ပျော်ရွင်ရွင်ပဲပြောသွားခဲ့ပါတယ်။ ရူဒီဂါဟာ စာချုပ်သစ်အတွက်ညှိနှိုင်းလို့မရသေးတာကြောင့်လာမယ့်ရာသီချဲလ်ဆီးမှာဆက်ရှိ ၊ မရှိ မသေချာသေးပါဘူး။ ဂယ်လက်ဂါကို လာမယ့်ရာသီမှာ နေရာပေးဖွယ်ရှိ တူချယ်ဟာ ဂယ်လက်ဂါရဲ့ခြေစွမ်းကိုအလွန်သဘောကျနေပြီးလာမယ့်ရာသီ ချဲလ်ဆီးအသင်းကွင်းလယ်တစ်နေရာ အတွက် ယှဥ်ပြိုင်နိုင်မယ့်သူအဖြစ်ယူဆနေကြောင်း သတင်းများကဖော်ပြနေကြပါတယ်။  အသက် ၂၂ အရွယ်ကစားသမားလေးဟာ  ခရစ္စတယ်ပဲလေ့စ်နဲ့အတူ ခြေစွမ်းပြသလျှက်ရှိပြီး ဒီရာသီမှာ ၇ ဂိုးသွင်း ၃ ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်သူလည်းဖြစ်ပါတယ်။ ကနေဒီကိုစိတ်ဝင်စားနေတဲ့  ဗလင်စီယာ စပိန်သတင်းစာ El Desmarque ရဲ့ဖော်ပြချက်အရ ဗလင်စီယာအသင်းဟာ  ချဲလ်ဆီးတောင်ပံလူကနေဒီကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  ကနေဒီဟာ အခုဆောင်းရာသီအပြောင်းအရွေ့ကာလမှာ စတန်းဖို့ဒ်ဘရစ်ချ်ကိုပြန်လည်ရောက်ရှိလာတဲ့ကစားသမားဖြစ်ပြီး  ဘန်ချေးဝဲလ်ရဲ့... Continue Reading →

Website Powered by WordPress.com.

Up ↑