သူ့ရဲ့ ကစားပုံနဲ့ကိုက်ညီတဲ့အသင်းသစ်တစ်သင်းကို ပြောင်းချင်နေတဲ့ လူကာကူ Football Insider ရဲ့ဖော်ပြချက်အရ တိုက်စစ်မှုးလူကာကူဟာ သူ့ရဲ့ကစားဟန်နဲ့ကိုက်ညီတဲ့ အသင်းသစ်တစ်သင်းဆီကိုပြောင်းရွှေ့ကစားလိုနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ပြသနာများစွာကြုံခဲ့ရတဲ့လူကာကူဟာ ရာသီအစတုန်းကရရှိခဲ့တဲ ခြေစွမ်းတွေကို ပြန်လည်မရရှိသေးပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ နည်းပြတူချယ်ကလည်းတိုက်စစ်နေရာမှာ ကိုင်ဟာဗက်ဇ်ကို ပဲ ဆက်တိုက်အသုံးပြုနေခဲ့ပြီးကစားသမားကလည်း နောက်ဆုံး ၈ ပွဲမှာ ၈ ဂိုးထိသွင်းယူထားနိုင်ပါတယ်။ မူဆွန်ဒါကို အီတလီမြေဆီခေါ်ချင်နေတဲ့ မော်ရင်ဟို ရိုးမားနည်းပြမော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းအတွက် လစာမယူပဲကစားပေးချင်တယ်လို့ပြောဆိုခဲ့တဲ့ လူငယ်လေး မူဆွန်ဒါကို အီတလီမြေသို့ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း Goal ကဖော်ပြလာပါတယ်။ အဆိုပါ လူငယ်လေးဟာ ချဲလ်ဆီးနဲ့အတူ ၁၀ နှစ်တာဖြတ်သန်းခဲ့ပြီးဖြစ်ပေမယ့် ပထမကစားသမားဖြစ်မလာခဲ့သလို ဒဏ်ရာလဲဖိစီးခဲ့တာကြောင့် အသင်းဖက်ကစာချုပ်သစ်ဆက်မချုပ်တော့ဖို့ ဆုံးဖြတ်ထားတဲ့ကစားသမားလေးဖြစ်ပါတယ်။ ချူမန်နီကို လီဗာပူးလ်ကလဲ စောင့်ကြည့်လာနေ မိုနာကိုအသင်းရဲ့လူငယ်လေး ချူမန်နီကို စိတ်ဝင်စားနေတဲ့အသင်းထဲမှာ လီဗာပူးလ်လဲ ပါဝင်လာပြီဖြစ်ကြောင်း Foot... Continue Reading →
ချဲလ်ဆီးသတင်းမှတ်စု (14Mar)
လူကာကူအတွက် အင်တာမီလန်အသင်းကို ပေးဖို့အကြွေးကျန်နေသေးတဲ့ အင်တာ The Sun သတင်းစာရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှုးလူကာကူကို အင်တာမီလန်အသင်းကနေ ခေါ်ယူခဲ့ခြင်းအတွက် ကနဦးပေးချေမှုအဖြစ်ပေါင် ၁၉ သန်းသာ ပေးထားခဲ့ပြီး ၊ ပေါင် ၇၁ သန်းပေးချေဖို့ကျန်ရှိနေသေးကြောင်းသိရပါတယ်။ လူကာကူကို ကလပ်စံချိန်တင်ကြေး ပေါင် ၉၇.၅ သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ်ကို ယုံကြည်ကြောင်း ဂျော်ဂျင်ဟိုက အသင်း ဝက်ဘ်ဆိုက်ကနေ ထုတ်ပြောလာ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက ကစားဖော်ကိုင်ဟာဗက်ဇ်ကို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။ “ ကိုင်က တကယ့်အံ့သြစရာအစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်ပါပဲ။ သူကပွဲအဖြေကိုပြောင်းလဲနိုင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ယုံပါတယ်။ သူရဲ့ အလားအလာတွေ အရည်အသွေးတွေက မျက်မြင်ပါပဲ။ သူက အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် “ ... Continue Reading →
ချဲလ်ဆီးသတင်းမှတ်စု (11Mar)
ဂျာစီနဲ့ ကားတစ်စီးရှိနေသရွေ့ အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ တူချယ်ပြော နည်းပြတူချယ်က ချဲလ်ဆီးအသင်းရဲ့ ပိုင်ဆိုင်မှုနဲ့ သုံးစွဲခွင့်များကိုကန့်သတ်လိုက်ခြင်းကြောင့်များစွာ အခက်အခဲဖြစ်ခဲ့ရပေမယ့် သူ့အနေနဲ့ အသင်းရဲ့ကားတစ်စီးရှိနေရင်ပဲ အခြေအနေအရပ်ရပ်ကို ရအောင်ရင်ဆိုင်သွားမှာဖြစ်ကြောင်းပြောဆိုလာပါတယ်။ “ အသင်းက ကစားသမားတွေ ဝတ်ဖို့ ဂျာစီရယ် ၊ စီးဖို့ ဘတ်စ်ကားရယ်ရှိနေသေးသ၍ ကစားရမယ့်ပွဲတွေကို အကောင်းဆုံး ကြိုးစားသွားမယ် “ လို့ပြောဆိုလာတာဖြစ်ပါတယ်။ ဒါ့အပြင်အသင်းသားတွေအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို အာရုံစိုက်ထားကြကြောင်းကိုလဲ ပြောဆိုသွားခဲ့ပါတယ်။ Trivago ခရီးသွားလုပ်ငန်းက ချဲလ်ဆီးကို ဆက်လက်ထောက်ပံ့သွားမယ် Three UK ဖက်က စပွန်ဆာရုပ်သိမ်းသွားပေမယ့် ခရီးသွားလုပ်ငန်းဖြစ်တဲ့ Trivago က ဆက်လက်လက်တွဲသွားမှာဖြစ်ကြောင်းကြေငြာသွားခဲ့ပါတယ်။ ဒါကြောင့် ဆက်လက်ကစားရမယ့်ပွဲတွေမှာ 3 ဆိုတဲ့ လိုဂိုအစား Trivago ရဲ့ စာသားကို ပြောင်းလဲမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဖြစ်ပျက်နေတာတွေကိုနားလည်ထားပေမယ့် ကွင်းတွင်းရလဒ်တွေအတွက် အကောင်းဆုံးကစားပေးမယ်လို့ ... Continue Reading →
ချဲလ်ဆီးသတင်းမှတ်စု (9Mar)
ရူဒီဂါကို နယူးကာဆယ်အသင်းရဲ့ Website ကနေ တရားဝင်ချီးကျူးလာတဲ့ ရှီးရားယား နွေရာသီမှာ နယူးကာဆယ်အသင်းက ရူဒီဂါကိုခေါ်ယူမယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာပဲ ၊ ငှက်ကျားဂန္တဝင်ကြီး ရှီးယားရားကလည်း ချဲလ်ဆီးနောက်ခံလူကို ချီးကျူးပြောဆိုလာပါတယ်။ “ ရူဒီဂါဟာ ဒီရာသီမှာ တောက်လျှောက်ပုံစံကောင်းတွေပြသနေခဲ့တာပါ။သူက ချဲလ်ဆီးအသင်းရဲ့ ရည်မှန်းချက်တွေအတွက်အလွန်အဓိကကျတဲ့သူတစ်ယောက်ဖြစ်ပါတယ် “ လို့မှတ်ချက်ပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ရူဒီဂါအနေနဲ့ လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းနဲ့အတူ ဆက်ရှိဖို့မသေချာတော့ပေမယ့် ပြည်တွင်းပြိုင်ဖက်အသင်းတစ်သင်းကိုတော့ ပြောင်းရွှေ့ဖွယ်မရှိဘူးလို့ ရေးသားနေကြပါတယ်။ မန်ဒီဟာ Clean Sheet ကို အပျော်သဘောနဲ့ရယူနိုင်နေတဲ့ဂိုးသမားဖြစ်ကြောင်း မာတီနက်စ်က ချီးကျူး အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်စ် က ချဲလ်ဆီးရဲ့မန်ဒီကို အကောင်းဆုံးဂိုးသမားဖြစ်ကြောင်းအခုလို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ “ မန်ဒီလား .. သူက Clean Sheet တွေကို အပျော်သဘောနဲ့ယူနေတာဗျ .. သူက အရာအားလုံးကိုအနိုင်ရထားသူပါပဲ။ သိပ်ကောင်းတဲ့ဘောလုံးရာသီတစ်ခုကိုလဲပိုင်ဆိုင်ထားတယ်။ သူ့ရဲ့... Continue Reading →
ချဲလ်ဆီးသတင်းမှတ်စု (6Mar)
VAR ရဲ့ ဆုံးဖြတ်ချက်ကို လှောင်ပြောင်သွားတဲ့ဆေးဗားလ် ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ VAR ရဲ့ အဆုံးအဖြတ်ကြောင့် လူကာကူရဲ့သွင်းဂိုးက ငြင်းပယ်ခံခဲ့ရပေမယ့် ၊ ဝက်စ်ဟမ်းအသင်းဖက်ကို ပုံစံတူသွင်းယူခဲ့တဲ့မာနေးရဲ့ဂိုးကိုတော့ခွင့်ပြုပေးခဲ့တဲ့အပေါ်မှာ သီယာဂိုဆေးဗားလ်က လှောင်ပြောင်သွားခဲ့ပါတယ်။ ဆေးဗားလ်ရဲ့ ဆိုရှယ်မီဒီယာကတဆင့်ဟာသလုပ်မှုကို အားကစား website အများစုကလည်းပြန်လည်ဖော်ပြနေကြပြီး သူ့ရဲ့အမြင်ကို ထောက်ခံကြောင်းရေးသားနေကြပါတယ်။ ဒဏ်ရာကပြန်လာလာချင်းမှာပဲ ထိပ်တန်းခြေစွမ်းနဲ့မှတ်တမ်းတွေကို ရရှိသွားတဲ့ ဂျိမ်းစ် နောက်ခံလူ ရိစ်ဂျိမ်းဟာ ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်း ၊ ဖန်တီးမှုတွေပြုလုပ်နိုင်ရုံမျှမကပဲ ခံစစ်ပိုင်းမှာလည်းမှတ်တမ်းကောင်းများစွာကိုရရှိခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာကနေပြန်လာနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ ၇၈ ကြိမ်ဘောလုံးထိခဲ့ပြီး အမြင့်ဘော ၆ ကြိမ်ရှင်း ၊ အန္တရာယ်ရှိတဲ့ထိုးဖောက်မှုတွေကို ၂ ကြိမ်ရှင်းထုတ်နိုင်ခဲ့သလို ၊ တစ်ဦးခြင်းတွေ့ဆုံမှုတွေမှာလည်း ဖျက်ထုတ်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ တူချယ်ရဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ဖော်ချီးကျူးခဲ့တဲ့ ဂျိုးကိုးလ် တိုက်စစ်မှုးလူကာကူကို ချန်လှပ်ထားခဲ့ပြီး ... Continue Reading →
ခံစားချက်တွေရှုတ်ထွေးနေပုံရတဲ့တူချယ် (Press Con)
လူတန်အသင်းနဲ့ကစားရမယ့်ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တူချယ်ဟာ ကွင်းတွင်းကိစ္စရပ်တွေထက် ကွင်းပြင်ပက စစ်ရေးဆိုင်ရာ နဲ့အသင်းရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာမေးခွန်းတွေကိုပိုပြီးမေးမြန်းခြင်းခံခဲ့ရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးနဲ့မပတ်သတ်တော့ပဲ တာဝန်လွှဲပေးပြီးတဲ့နောက်မှာ ခင်ဗျားရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ဘာအပြောင်းအလဲတွေရှိလာခဲ့သလဲ? “ ဒီဆုံးဖြတ်ချက်က ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းဖြစ်တည်ခဲ့တဲ့ကိစ္စတစ်ခုပါပဲ။ ပထမအသင်းကြီးကို ကိုင်တွယ်နေရတဲ့ နည်းပြတစ်ယောက်အတွက်တော့နေ့စဥ်လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိလှပါဘူး။ ကျွန်တော် ပီတာချက်နဲ့ နေ့စဥ်ဆွေးနွေးတယ်။ လိုအပ်တာတွေအတွက် မာရီနာနဲ့တိုင်ပင်တယ်။ အသင်းအတွက်ပိုကောင်းမယ့်အရာတွေအတွက် လုပ်စရာရှိတာလုပ်နေပါတယ်။ ဒါကြောင့် အထွေအထူးပြောင်းလဲမှုမရှိဘူးလို့ ကျွန်တော်ထင်ပါတယ် “ လက်ရှိကမ္ဘာကြီးမှာဖြစ်နေတဲ့ကိစ္စတွေကို ခင်ဗျားသိမှာပါ။ အသင်းမှာ ရိုမန်ရှိနေခြင်းက ပြသနာတစ်ခုလို့ ခင်ဗျားထင်ပါသလား။ ဒီကိစ္စတစ်ခုလုံးကို ထင်မြင်ချက်ပေးဖို့ကတော့ ကျွန်တော့်အတွက် ကြီးကျယ်လွန်းပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုလည်း ကျွန်တော်မသိထားပါဘူး။ ဒါပေမယ့် ကမ္ဘာကြီးပေါ်မှာ ဘောလုံးထက်အရေးကြီးတာတွေအများကြီးရှိနေတာကတော့ သေချာပါတယ်။ အခုဖြစ်နေတဲ့ စစ်ပွဲလဲ အပါအဝင်ပေါ့ဗျာ။ အေဘရာမိုဗစ်ချ်ရဲ့... Continue Reading →
ချဲလ်ဆီးသတင်းမှတ်စု (1Mar)
ဆေးဗားလ်ရဲ့အစွမ်းကို အံ့သြကြောင်းထပ်မံပြောကြားလာတဲ့ဖာဒီနန် မန်ယူအသင်း ဂန္တဝင် ဖာဒီနန်က အသက် ၃၇ နှစ်အရွယ်နောက်ခံလူ သီယာဂိုဆေးဗားလ်ကို ထပ်ပြီး ထုတ်ဖော်ချီးကျူးလာခဲ့ပါတယ်။ ဆေးဗားလ်ဟာ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ မိနစ် ၁၂၀ လုံးပြေးလွှားကစားသွားခဲ့ပြီး ခြေစွမ်းလဲပြသနိုင်ခဲ့ပါတယ်။ “ အသက် ၃၇ အရွယ်မှာ သူလုပ်ပြနေတာတွေက ရူးလောက်စရာပါပဲဗျာ .. တည်ငြိမ်တယ် သွေးအေးတယ်။ ဖိအားတွေအောက်မှာအကောင်းဆုံးတုန့်ပြန်နိုင်တယ်။ အသင်းဖော်တွေကို ကစားပွဲတစ်လျှောက် အော်ဟစ်ညွန်ကြားနေခဲ့တာကိုတွေ့နေရပါတယ်။ ဆေးဗားလ်က တကယ်အံ့သြစရာပါပဲ “ လို့ပြောဆိုသွားခဲ့တာပါ။ အသင်းနဲ့တူတူရှိကြောင်းထုတ်ပြောလာတဲ့ မန်ဒီ တစ်ပွဲလုံးလက်စွမ်းပြခဲ့ပြီး နောက်ဆုံးမိနစ်မှာ လူစားလဲခံခဲ့ရသလို ၊ လူစားဝင်ဂိုးသမားကလဲ အမှားပြုလုပ်ခဲ့ပေမယ် မန်ဒီက “ အသင်းအနေနဲ့ အတူတူတိုက်ပွဲဝင်ရမှာဖြစ်ပြီး ၊ အားထုတ်မှုအားလုံးအတွက် ဂုဏ်ယူကြောင်း “ ပြောဆိုသွားခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာစာမျက်နှာများမှတဆင့် မန်ဒီက... Continue Reading →
ချဲလ်ဆီးသတင်းမှတ်စု (28Feb)
ခံစစ်မှတ်တမ်းကောင်းနဲ့ ဆေးဗားလ် ဗိုလ်လုပွဲမှာ အသင်းအနေနဲ့ရှုံးနိမ့်ခဲ့ရပေမယ့် ကစားသမားတွေရဲ့ခြေစွမ်းပိုင်းအတွက် ချီးကျူးခံနေရတဲ့ ချဲလ်ဆီးအသင်းအတွက် နောက်ခံလူ ဆေးဗားကလဲ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဂိုးစည်းပေါ်က ဖျက်ထုတ်မှုတွေအပြင် ခြေစွမ်းလဲပြသနိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်ကစားသမားကြီးဟာ ၉၃ကြိမ်ဘောလုံးနဲ့ထိတွေ့ခဲ့ပြီး မြေပြင်နဲ့အမြင့်ဘောတွေကို ၈ ကြိမ်ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ၆၃ မိနစ်မှာ မန်ဒီရဲ့အားနည်းချက်ကနေတဆင့်ရရှိတဲ့ မိုဆာလာရဲ့အပိုင်အခွင့်အရေးကိုလဲ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ကီပါကို သန်း ၅၀ နဲ့ရောင်းချဖို့ပြင်နေတဲ့ ချဲလ်ဆီး Daily Star ရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးဂိုးသမား ကီပါကို ခေါ်ယူဖို့ကြိုးစားနေတယ်လို့ ဖော်ပြလာပါတယ်။ ချဲလ်ဆီးအနေနဲ့လဲ ကစားသမားကို သန်း ၅၀ ခန့်နဲ့ရောင်းချဖို့ပြင်ဆင်နေပြီး ၊ ကီပါကိုယ်တိုင်ကလဲ လက်ရွေးစင်အဆင့်မှာ ပြန်လည်ပါဝင်ခွင့်ရဖို့အတွက် အသင်းပြောင်းရွေ့လိုနေတယ်လို့ သိရပါတယ်။ ကီပါကို အပြစ်တင်စရာမလိုကြောင်း တူချယ်ပြောပြလာ လီဗာပူးအသင်းရဲ့ ပယ်နယ်တီ... Continue Reading →
ချဲလ်ဆီးသတင်းမှတ်စု (24Feb)
ဂါနာဘရီကို ကြိုးစားချင်နေတဲ့ ချဲလ်ဆီး Bild သတင်းဌာနရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား ဂါနာဘရီကို ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာပါတယ်။ ဒီရာသီမှာ ၁၂ ဂိုးသွင်း ၉ ဂိုးဖန်တီးထားတဲ့တောင်ပံကစားသမားဟာ ဘိုင်ယန်နည်းပြ နဂျယ်စ်မန်းရဲ့ အဓိက ကစားသမားတစ်ဦးလဲဖြစ်နေတာကြောင့် ခေါ်ယူဖို့ကတော့ ခက်ခဲမှာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ အသင်းဟောင်း အာဆင်နယ်အပေါ် သံယောဇဥ်ကြီးမှုကလဲ ချဲလ်ဆီးအသင်းအတွက် အခက်အခဲတစ်ခုဖြစ်လာနိုင်ပါတယ်။ ရူဒီဂါအတွက် စိတ်ကြိုက်လစာပေးဖို့ ချဲလ်ဆီးဆုံးဖြတ်ပြီးပြီလို့ Goal သတင်းစာဖော်ပြလာ နောက်ဆုံးမှာတော့ ကာလရှည်ကြာအောင် ဆွေးနွေးနေခဲ့ကြတဲ့ ရူဒီဂါနဲ့စာချုပ်သစ်အတွက် ချဲလ်ဆီးအသင်းဖက်က လစာစိတ်ကြိုက်ပေးဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ Goal ရဲ့သတင်းထောက် Ninsa Kinsella က ဖော်ပြလာပါတယ်။ ကစားသမားဖက်ကလည်းအသင်းမှာပျော်ရွင်နေတာဖြစ်ပေမယ့် လစာညှိမရတာကြောင့် ဆွေးနွေးမှုတွေဟာ ရှေ့မရောက်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားဟာ အသင်းအတွက်အရေးကြီးတဲ့ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။... Continue Reading →
ချဲလ်ဆီး သတင်းမှတ်စု (23Feb)
ကိုဗာဆစ်ကို လူစားလဲခဲ့သင့်ကြောင်း တူချယ်ဝန်ခံ လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းလယ်ကစားသမားကိုဗာဆစ်ကို ဒုတိယပိုင်း ၅၁ မိနစ်မှာ ကြံ့ခိုင်မှုအခြေအနေကြောင့် လိုဖ်တပ်ချိနဲ့လူစားလဲခဲ့ရပြီးနောက် ပွဲအပြီးမှာ တူချယ်က သူ့ရဲ့ဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်းဝန်ခံသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အရေးကြီးပြိုင်ပွဲဖြစ်တဲ့ ကာရာဘောင်းဖလားပွဲမှာ ကိုဗာဆစ် ပြန်လည်ကစားနိုင်ခြင်းရှိမရှိကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကြံခိုင်မှုမပြည့်ဝသေးတဲ့ ဇီယက်ချ်ကိုလည်း ကိုဗာဆစ်ထွက်ခွာပြီး ၉ မိနစ်အကြာမှာ ဆာအူးလ်နဲ့ထပ်မံလူစားလဲခဲ့ရပါသေးတယ်။ ပူလီဆစ်ဟာ ပွဲထွက်ကစားသမားဖြစ်လာဖို့ လိုအပ်ချက် နဲနဲပဲရှိတော့တယ်လို့ အွန်နရီပြော အာဆင်နယ်ဂန္တဝင်တစ်ဦးဖြစ်တဲ့ အွန်နရီက ပူလီဆစ်ကို ကစားသမားကောင်းတစ်ယောက်အဖြစ် ချီးကျူးခဲ့ပြီး ပိုမိုတိုးတက်လာစေဖို့အတွက်လည်းဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ “ ကျွန်တော် အားမရတာတစ်ချက်က ချဲလ်ဆီးမှာ နောက်ချန်တိုက်စစ်မှုးအဖြစ်ကစားနိုင်တဲ့သူ အများကြီးပါပဲ။ ပူလီဆစ်က အရည်အသွေးတွေအများကြီးရှိတယ်။ မေဆင်မောင့် ၊ ဟာဗက်ဇ် နဲ့ ဇီယက်ချ်တို့ထက်တောင်ပိုပြီး ဧရိယာထဲမှာကောင်းအောင်ကစားနိုင်ပါတယ်။ နည်းစနစ်အရပြောမယ်ဆိုရင် သူကသိပ်ကောင်းတယ် ၊... Continue Reading →