ရလဒ်မကောင်းခဲ့ပေမယ့် လေးစားမှုတွေရရှိခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးပွဲ

လက်ရှိချန်ပီယံဖြစ်တဲ့ မိမိတို့အားပေးသော ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ကနေ လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ပွဲကရသစုံလင်လွန်းခဲ့ပါတယ်။ ဂုဏ်ယူစရာ ၊ ပျော်ရွင်စရာအခိုက်အတန့်တွေရော ..  လှောင်ပြုံးပြုံးချင်စရာအခိုက်အတန့်တွေရာအစုံအလင်ပါပဲ။ ဒါပေမယ့်  ကမ္ဘာတစ်လွှားက ဘောလုံးပရိတ်သတ်တွေရဲ့လေးစားမှုကို ရရှိခဲ့သလို ၊  ချဲလ်ဆီးအားပေးသူတွေအတွက်လဲအနိုင်ရလဒ်ပြီးရင် ကျေနပ်စရာအကောင်းဖြစ်မယ်လို့ထင်ပါတယ်။ ပွဲမစခင်မှာ ရီးရဲ ကစားသမား ကတ်ဆီမဲရိုးက ပြောပါတယ်။  အရာအားလုံးပြီးဆုံးသလို ပြောဆိုနေတာကို သူလက်မခံကြောင်း ၊  မက်ဒရစ်တို့ရင်ဆိုင်နေရတာ  လက်ရှိချန်ပီယံဖြစ်ကြောင်း  ... မှတ်ချက်ပြုပြောဆိုရင်း လေးစားမှုကို ပြသခဲ့သလို သူတို့ရဲ့ ပြင်ဆင်မှုကိုလည်း  အသိပေးလာပါတယ်။ တကယ်လည်း ပွဲထဲမှာကစားတဲ့အခါ အလွန်သပ်ရပ်တဲ့ ၊  ရာသီစတုန်းက  မြင်ခဲ့ရတဲ့ အချိတ်အဆက်၊ တိုက်စစ်ဆင်မှု ၊ သေသပ်တဲ့ကန်သွင်းမှုတွေကို  ချဲလ်ဆီးထံကနေ တွေ့ခဲ့ရပါတယ်။ တကယ်ကိုပဲ  ၂ ဂိုးပြတ်ရှုံးထားတဲ့အသင်းဟာ ၀ - ၃ နဲ့ပြန်လည်ဦးဆောင်နိုင်သွားခဲ့တာပါပဲ။... Continue Reading →

ချဲလ်ဆီးအတွက်ရဲဘော်ရဲဖက်ကောင်းများ

ပြီးခဲ့တဲ့အပတ်  ချန်ပီယံလိဂ်ပွဲမတိုင်ခင်တုန်းက ပြင်သစ်မှာသွားကစားခါနီးမှာ ခရီးသွားဖို့အရေး ပြသနာတက်ကြပါသေးတယ်။ ဒီတော့နည်းပြတူချယ်က လိုအပ်ရင် သူကိုယ်တိုင်ကားမောင်းပြီးပို့မယ်ဆိုပြီးပြောပါတယ်။ ဒါ့အပြင် “ ခရီးစရိတ်မရှိရင် ကျွန်တော်စိုက်ပေးလိုက်မယ်ဗျာ “  လို့  ကွင်းလယ်တိုက်စစ်သမား ကိုင်ဟာဗက်စ်ကလည်း ပြောလိုက်ပါတယ်။​ ဒီစကားတွေဟာ စိတ်တိုလာလို့ပြောတာဖြစ်နိုင်သလို  ချဲလ်ဆီးနဲ့အတူဖြတ်သန်းရင်း  နှလုံးသားပါ တသားထဲဖြစ်သွား တာလဲဖြစ်နိုင်ပါတယ်။  တူချယ်ဟာ ရာသီကုန်အထိ အသင်းကိုဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းပြောဆိုပြီး ပရိတ်သတ်တွေကို စိတ်အေးစေခဲ့ပါတယ်။ ထိုအချိန်တုန်းက ချဲလ်ဆီးရဲ့အနေအထားက လက်တွဲဖော်ပါတနာတွေရဲ့ စွန့်ခွာမှုကို ဆက်တိုက်ကြုံနေရချိန်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ Trivago ရဲ့ဆက်လက် လက်တွဲမှုကိုရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်လုပ်ငန်း Raine Group ရဲ့ ဦးဆောင်မှုနဲ့အတူ ပိုင်ရှင်သစ်ကိုအမြန်ဆုံးရှာဖွေနေပြီလို့သိရပါတယ်၊။  ဒီဆောင်းပါးမှာတော့ အသင်းရဲ့အားကိုးရတဲ့ကစားသမား ဟာဗက်ဇ် အကြောင်းပြောကြတာပေါ့။ ကနဦးပေါင် ၆၂ သန်း ၊ အပိုဆုကြေးတွေပါထည့်လိုက်ရင် ပေါင် ၇၂... Continue Reading →

သမိုင်းဝင်တွင်မယ့်အချိန်မှာ ခြသေ့်ပြာတွေဘယ်လိုဖြတ်သန်းသွားကြသလဲ

ချဲလ်ဆီးအသင်းဟာ မရေမတွက်နိုင်တဲ့အခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့နည်းပြကတော့  လက်တွဲမဖြုတ်စတမ်းဖြတ်ကျော်သွားကြမယ့်ပုံမှာရှိပါတယ်။ ဘောလုံးလောကမှာ ပရိတ်သတ်အားလုံးနှစ်သက်ရတဲ့  အဖြစ်အပျက်တွေ၊ အခိုက်အတန့်များစွာရှိပါတယ်။  ဥပမာ အရှုံးကနေပြန်လာတာ ၊ အားကစားစိတ်ဓါတ်ကို ပြသနိုင်တာ ၊  လေးစားဖွယ်ရာအပြုအမူကိုပြုလုပ်တာ စသည်ဖြင့်ပေါ့လေ။  စတီဗင်ဂျာရတ်ရဲ့ သစ္စာရှိမှု ၊ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးမိနစ်အောင်ပွဲ ၊ အာဆင်နယ်အသင်းရဲ့ ရွှေဖလား  ၊ ဘာစီလိုနာရဲ့  အောင်ပွဲ စတာတွေဟာ  ဘောလုံးပရိတ်သတ်မှန်ရင်  မိမိအားပေးသော အသင်းဟုတ်ဟုတ် မဟုတ်ဟုတ် အသိအမှတ်ပြုလေးစားပေးကြတာပဲဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း လုပ်ပွဲအရှုတ်တော်ပုံကြောင့်တန်းဆင်းရတုန်းက  အသင်းမပြောင်းကြပဲ အတူတူ စီးရီးဘီထိလိုက်သွားပြီး ချက်ချင်းတန်းတက်အောင်စွမ်းဆောင်ခဲ့ကြတာကိုလဲမှတ်မိပါလိမ့်မယ်။ ဒါတွေဟာ ဘောလုံးလောကရဲ့ နှစ်သက်ဖွယ်ရာအဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အဖြစ်အပျက်တွေက အပြောင်းအလဲမြန်လွန်းလှပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲဝန်းကျင်တုန်းက  CWC    မှာချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်  ပြိုင်သမျှပွဲတိုင်းအောင်နိုင်သူတွေအဖြစ် ချီးမွမ်းခံခဲ့ရပါတယ်။ ပိုင်ရှင် အေဘရာမိုဘစ်ချ်အတွက်လဲ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။... Continue Reading →

ဟာဗက်ဇ်က ဗန်ဒိုက်ကို ဒုက္ခကောင်းကောင်းပေးသွားပါလိမ့်မယ် – ပေါလ်မာဆင်

ကာရာဘောင်းဖလားဗိုလ်လုပွဲဟာ ချဲလ်ဆီးအတွက်တော့ ရိုမန်အေဘရာမိုဗစ် မရှိတော့တဲ့ ဗိုလ်လုပွဲဖြစ်ခဲ့ပါပြီ။  တူချယ်တစ်ယောက်ကြိုတင်ပူပန်နေခဲ့တဲ့အတိုင်းပဲ  ရိုမန်တစ်ယောက်အသင်းရဲ့ အနာဂတ်ကိုရှေးရှုပြီး ခြေတစ်လှမ်းဆုတ်သွားခဲ့ပါပြီ။  အသင်းသားတွေဘယ်လိုရှိနေကြမလဲ။ အာရုံထွေပြားနေကြတဲ့ ချဲလ်ဆီးအသင်းသားတွေ ဒီဆုဖလားကို ချဲလ်ဆီးတို့အရယူနိုင်ပါ့မလား။ ကြိုတင်သုံးသပ်သူတွေရဲ့ ခန့်မှန်းချက်တွေကလည်း ကိုယ့်ဖက်ကိုယ်ယက်နေကြသလိုပါပဲ။ ဂျိုးလ်ကိုးက ချဲလ်ဆီးနိုင်မယ်လို့ပြောပြီး ၊​ ဟာမန်းကတော့ လီဗာပူးဖလားပါဖြစ်ပါတယ်တဲ့။ ဒါပေမယ့်ကွဲပြားတဲ့အမြင်တစ်ခုကတော့ ချဲလ်ဆီးအတွက်ရှိနေပါတယ်။ အဲ့တာကတော့ ပေါလ်မာဆင်ရဲ့အမြင်ပဲဖြစ်ပါတယ်။ လီဗာပူးရဲ့မာတစ်ကို ဖိအားပေးနိုင်ဖို့အတွက် ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့က အကောင်းဆုံးဖြစ်တယ်လို့  ပေါလ်မာဆင်က Sky Sports ရဲ့ Soccer Saturday အစီအစဥ်မှာပြောသွားခဲ့ပါတယ်။ Sky ရဲ့ ဘောလုံးပွဲကျွမ်းကျင်သူဖြစ်တဲ့ မာဆင်က “  ကျွန်တော်သာဆိုရင် လူကာကူနဲ့ပွဲထွက်မှာမဟုတ်ဘူးဗျ။ ဟာဗက်ဇ်ကတော့ အကြိုက်ဆုံးပါပဲ။ သူ့မှာ ပွဲရဲ့အစိတ်အပိုင်းတစ်ခုခြင်းစီကို ထိန်းချုပ်နိုင်တဲ့အစွမ်းရှိပါတယ်။  ဗန်ဒိုက်ကိုရင်ဆိုင်ဖို့အတွက်  လူကာကူကိုသုံးမယ်ဆိုရင် ဘာမှသိပ်ထူးမှာမဟုတ်ဘူး “ လို့... Continue Reading →

ချဲလ်ဆီးသတင်းမှတ်စု (25Feb)

တမ်မီအေဘရာဟမ်ကို နှစ်အနဲငယ်မှာ  ပြန်တွေ့ရဖွယ်ရှိ ရိုးမားအသင်းမှာကစားနေတဲ့ တိုက်စစ်မှုးတမ်မီ အေဘရာဟမ်ဟာ တစ်ချိန်ချိန်မှာ ချဲလ်ဆီးအသင်းကို ပြန်လာနိုင်ဖွယ်ရှိတယ်လို့  The Sun သတင်းစာကရေးသားလာပါတယ်။  ကစားသမားရဲ့ စာချုပ်အရလဲ ပြန်လည်ခေါ်ယူခွင့်ပါရှိတာကြောင့် ၂၀၂၃ ခုနှစ်ဘောလုံးရာသီရောက်တဲ့အခါ အသင်းအနေနဲ့ပြန်ခေါ်ချင်ရင် ခေါ်လို့ရတဲ့အနေအထားမှာရှိနေပါတယ်။  အေဘရာဟမ်ဟာ ရိုးမားအသင်းမှာအထူးခြေစွမ်းပြသနေပြီး  ၃၃ ပွဲကစား ၁၈ ဂိုးသွင်းပြီး   ၄ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။ မီလီတာအိုအတွက် ချဲလ်ဆီးနဲ့  ရီးရဲ မတ်လမှာဆွေးနွေးမယ် လို့ ဒီမာဇီယိုပြော ချဲလ်ဆီးအသင်းဟာ   ရီးရဲခံစစ်ကစားသမား အီဒါ မီလီတာအို အတွက် မတ်လထဲမှာဆွေးနွေးမှုတွေပြုလုပ်သွားဖွယ်ရှိတယ်လို့  သတင်းထောက် ဒီမာဇီယိုက ပြောဆိုလာပါတယ်။ သူ့ရဲ့အဆိုအရ  အသင်းနှစ်သင်းကြား ဒီဇင်ဘာလကတည်းကဆွေးနွေးနေခဲ့ကြတာဖြစ်ပြီး  တိုးတက်မှုတစ်စုံတရာတော့မရှိခဲ့ဘူးလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်နောက်ခံလူဟာ စပိန်ဘီလူးကြီးအတွက် အဓိက နောက်ခံလူဖြစ်ပြီး ဒီရာသီမှာ ၃၅ပွဲကစားပေးထားသူလဲဖြစ်ပါတယ်။ ငွေကြေးပညာရှင်သုံးသပ်ထားတဲ့ ... Continue Reading →

Website Powered by WordPress.com.

Up ↑