ဥရောပရဲ့ အသင်းကြီးတော်တော်များများဟာ ဘင်ဖီကာ တိုက်စစ်မှူး ဒါ၀င်နူနက်ဇ်က်ု ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ဘင်ဖီကာအသင်းကလည်း သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးတစ်ခုရလာရင် ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။ ဘင်ဖီကာ တိုက်စစ်ကစားသမားဟောင်း ဂျောင်အိုဖီးလစ်ကို ၀ယ်ယူဖို့ အက်သလက်တီကို အသင်းပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်၁၁၃သန်းနီးပါး သုံးစွဲနိုင်မှသာ သူတို့ရဲ့တိုက်စစ်မှူးနူးနက်စ်ကို ခေါ်ယူလို့ရမယ်ဆိုတဲ့အကြောင်း ဘင်ဖီကာ ဘော့စ်က သတိပေးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက ဗလာဟိုဗစ်တစ်ယောက်ကြောင်း သတင်းများစွာလှုပ်ခတ်ခဲ့သလို ဒီ ဥရုဂွေးသားကြောင့်လည် နွေရာသီစျေးကွက်က အသက်ဝင်မယ့်သဘောရှိပါတယ်။ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှုးကို ခေါ်ယူဖို့ စိတ်၀င်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အာဆင်နယ်၊ချဲလ်ဆီးနဲ့ မန်ယူတို့ ပါ၀င်နေပါတယ်။အာဆင်နယ်အနေနဲ့ နူနက်ဇ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ အမှန်ပဲ ဖြစ်တာကြောင့် လာမယ့် နွေရာသီမှာ ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမယ့် ပေါင်သန်း၁၀၀ကျော်နဲ့ တိုက်စစ်မှူးသစ်ခေါ်ယူတော့မလားလို့ တွေးစရာပါပဲ။ လက်ရှိအာဆင်နယ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ နီကိုလပ်စ်ပီပီ... Continue Reading →
ပေပေ အထွက်၊ ဘေးလ် အဝင် ဖြစ်လာမလား
အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ စံချိန်တင်အပြောင်းအရွှေ့ရှင် နီကိုလပ်စ်ပေပေကို ပေါင် ၂၅သန်းခန့် ရရင်ကိုပဲ ရောင်းထုတ်တော့မယ်ဆိုတဲ့သတင်းဟာ တမဟုတ်ခြင်း ပျံနှံ့လာခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ အိုဒီဂါ့ဒ်၊ ဘူကာယိုဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီတို့ရဲ့ ခြေစွမ်းပြနေမှုတွေကြောင့်လည်း နီကိုလပ်စ်ပေပေရဲ့ အနာဂါတ်ဟာ မြန်မြန်ပဲ အဆုံးသတ်ဖို့ ဖြစ်လာနေပါပြီ။ ပေပေဟာ ပင်ကိုယ်ပါရမီကောင်းသူဖြစ်ပေမယ့် ခြေစွမ်းမတည်ငြိမ်ခြင်း ၊ သူ့ရဲ့ ကစားဟန်ကြောင့် အသင်းလိုက်ကစားကွက်မှာ များသောအားဖြင့် Delay ဖြစ်ခြင်းတို့ကြောင့် ပထမကစားသမားနေရာကနေ လျောကျခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ ပေပေရဲ့နေရာမှာ ပြန်လည်ခေါ်ယူဖို့ ဒီနှစ်ကုန်ရင် ရီးရဲမက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂါရတ်ဘေးလ်ကို ပြန်လည် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ တော့တင်ဟမ်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အခုချိန်မှာတော့ ရီးရဲမက်ဒရစ်မှာ ပွဲထွက်ကစားခွင့် နည်းပါးလာနေပြီး နောက်ဆုံး လူစားဝင်ကစားခဲ့တဲ့ ဂီတာဖေးနဲ့ ပွဲစဥ်မှာလည်း မက်ဒရစ်ဒစ္စတာတွေက... Continue Reading →
အာဆင်နယ်ပစ်မှတ်အတွက် အစားထိုးလူ ကြိုရှာနေပြီဖြစ်တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ၎င်းတို့ ကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ် နေရာကို ဒီနွေမှာအစားထိုးနိုင်ဖို့ ကစားသမားသစ် စတင် ရှာဖွေနေပြီပဲ ဖြစ်ပါတယ်။ ဗီလာနည်းပြဖြစ်သူ စတီဗင်ဂျာရတ် ကတော့ ဘရိုက်တန်ရဲ့ ဘစ်ဆူမားနဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ကယ်ဗင်ဖီးလစ် တို့ကို ဗီလာပါ့ခ်ဆီ ခေါ်ယူနိုင်ဖို့ မျက်စိကျနေတာပါ။ဂန်းနားတွေဟာ အက်စတွန်ဗီလာရဲ့ ဘရားဇီးလ်သား ကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ် ကို ဇန်နဝါရီမှာကတည်းက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးပြီး ရာသီကုန်ချိန်မှာ ဥရောပဝင်ခွင့်မက်လုံးတွေနဲ့အတူ အဆိုပါဘရာဇီးလ်သားကို အမ်းမရိတ်ထံ အရောက်ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မိုဟာမက်အယ်နန်နီက ဒီနွေမှာ စာချုပ်သက်တမ်းကုန်ဆုံးကာ အလွတ်ထွက်ခွာတော့မှာဖြစ်သလိုကျန်ရှိတဲ့ အထဲက ဂရာနစ်ရှာခါ ကလည်း အသင်းပြောင်းဖို့ သတင်းတွေ အမြဲတစေ ထွက်ပေါ်နေသူဖြစ်ပါတယ်။ ဒါကြောင့်မို့ လစ်လပ်နေရာတွေ ပေါ်ထွက်လာတော့မယ့် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ... Continue Reading →
စပါးအသင်းက အရမ်းကောင်းနေတာမဟုတ်ပါဘူး – နဗီးလ်
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင်နဗီးလ်ကတော့ စပါးအသင်းအနေနဲ့ အခုလို ချန်ပီယံလိဂ်ဝင်ခွင့်မှာ ဦးဆောင်နေတာက အသင်းအနေနဲ့သိပ်ကောင်းလို့ မဟုတ်ပဲ ပြိုင်ဖက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ ခြေချော်နေလို့သာဖြစ်ကြောင်း ပြောဆိုလာပါတယ်။ ဒါ့အပြင် စပါးတိုက်စစ်မှာ ကစားသမားကောင်းတွေပေါများနေတာကလည်း (ကိန်း ၊ ဆွန် ၊ ကူလူဆက်စကီ ) အားသာချက်တစ်ခုဖြစ်ကြောင်းပြောဆိုလာပါတယ်။ “ စပါးအသင်းက သိပ်ပြီးကောင်းတယ်လို့လည်း ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် နဲနဲချင်းတော့တိုးတက်နေတာကတော့အမှန်ပါ။ အာဆင်နယ်အသင်းတောက်လျှောက်ကောင်းနေတာကိုဖယ်လိုက်ရင် သူတို့က အရှိန်အမြန်ဆုံးပါပဲ .. အခု အာဆင်နယ်အသင်းလဲအမှတ်တွေစပြီးဆုံးရှုံးနေပြီ .. ယူနိုက်တက်ကလဲ သိတဲ့အတိုင်းပဲမဟုတ်လား .. ဒီတော့ သူတို့ပိုရှေ့ရောက်လာတာပေါ့ . ကျွန်တော်ကတော့ သူတို့အရမ်းကောင်းနေတယ်လို့ မထင်ပါဘူး .. ပြီးခဲ့တဲ့ရက်အနဲငယ်လောက်ကပဲ ကွန်တီက ပြောခဲ့တာမဟုတ်လား .. သူ လာမယ့်နွေရာသီမှာ အင်အားဖြည့်ဖို့လိုတယ်ဆိုပြီး .. ... Continue Reading →
အမ်းမရိတ်မှာ ချန်ပီယံလိဂ် အိပ်မက်ကို တဖန်ပြန် အသက်သွင်းနိုင်မလား – ပွဲကြိုသုံးသပ်ချက်
အာတီတာတို့ လူစုအနေနဲ့ အခက်ဆုံးစိန်ခေါ်မှုတွေကို ကျော်ဖြတ်ရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒဏ်ရာပြဿနာ၊ ဂိုးပြတ်ရှုံးနိမ့်မှုကိုတွေ ကြုံတွေ့ခဲ့ပြီးတဲ့နောက် အာတီတာတို့ အပေါ် ဖိအားတွေ ပိုများလာခဲ့ပြီး အခုညနေမှာ ယှဉ်ပြိုင်ကစားရမယ့် ဘရိုက်တန်နဲ့ပွဲစဉ်ကို အိမ်ကွင်းပရိသတ်တွေရှေ့မှာ အနိုင်ယူပြီး နောက်လာမယ့် ပွဲစဉ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေ ရှာဖွေရမှာ အမှန်ပါပဲ။ တီယာနေးက ဒဏ်ရာရသွားခဲ့ပြီး တာဗာရက်စ်ရဲ့ အရည်အသွေးကိုလည်း အာတီတာအနေနဲ့ ယုံကြည်မှုနည်းပါးနေခဲ့တာ တွေ့ခဲ့ရပါတယ်။ တိုမီယာဆုကလည်း ဒဏ်ရာက မသက်သာသေးသလို ပါတေးကပါ ထပ်ပြီးဒဏ်ရာရသွားခဲ့တာကြောင့် အာတီတာအနေနဲ့ လက်ကျန်ပွဲစဉ်တွေကို ဘယ်ကစားသမားတွေ၊ ဘယ်လို နည်းစနစ်အပြောင်းအလဲတွေနဲ့ ယှဉ်ပြိုင်ရမလဲဆိုတာ ခေါင်းခဲစရာပါ။ ဘရိုက်တန်နဲ့ ပွဲစဉ်မှာတော့ ချန်ပီယံလိဂ်၀င်ခွင့် ပုစ္ဆာအတွက် အာတီတာထုတ်လာမယ့် အဖြေကို တွေ့မြင်ရဖို့ ရှိနေပါတယ်။ စနေ နေ့မှာ အမြှောက်တပ်သားတွေ ရင်ဆိုင်ရမယ့် ဘရိုက်တန်က... Continue Reading →
နိုင်ပွဲတွေရပ်တံ့သွားပြီးတဲ့နောက်
အနိုင်မရတဲ့ပွဲတစ်ပွဲအပြီးမှာ အာဆင်နယ်အဟောင်းကြီး ပြန်လာခဲ့ပြီလားလို့ အားလုံးကမေးခွန်းထုတ်လာပါတယ်။ အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့ တန်လာညမှာ အကြံကုန်ပြီးအရာရာပြိုလဲသွားသယောင်ထင်ရပါတယ်။ ပဲလေ့စ်ကို အဝေးကွင်းမှာ ရှုံးလိုက်တာတစ်ခုထဲက ချန်ပီယံလိဂ်မဝင်တော့ဘူးလို့သုံးသပ်ဖို့လုံလောက်သွားခဲ့ပါပြီလား။ တစ်ရာသီလုံးခြေမှန်ခဲ့ကြတဲ့ ဆာကာ ၊ စမစ်ရိုးနဲ့ အိုဒီဂတ်တို့ဟာ ပဲလေ့စ်နဲ့ပွဲမှာတော့ အဆင်မပြေခဲ့ကြပါဘူး။ အာတီတာကိုယ်တိုင်လဲ မာတင်နယ်လီနဲ့ အန်ကတ်တီယာကို လူစားထည့်လိုက်ပေမယ့် ပွဲအဖြေကိုလှန်ချပေးနိုင်မယ့် အဖြေကိုရှာမတွေ့နိုင်ခဲ့ပါဘူး။ ဒီပွဲဟာ အခုရာသီရဲ့အဆိုးရွားဆုံးပွဲတစ်ပွဲတောင်ဖြစ်နိုင်ပြီး အာဆင်နယ်ဟာ ချန်ပီယံလိဂ်အတွက်ကြိုးစားနေတဲ့အသင်းတစ်သင်းဆိုတာထက် နောဝှစ်နဲ့ပိုတူနေခဲ့ပါတယ်။ ဘာမှစိတ်လှုပ်ရှားစရာမရှိခဲ့ပါဘူး။ ဒါတွေဟာ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ သက်ရောက်မှုတွေဖြစ်နိုင်ပါသလား။ Set Play ကနေ ဂိုးမပေးရဘူးလို့ ကြွေးကျော်နေတုန်းမှာပဲ ပဲလေ့စ်တို့က သွင်းယူပြလိုက်တဲ့အခါ ဂိုးတစ်ဂိုးထက်ပိုတဲ့နာကျင်မှုကို အာဆင်နယ်တို့ခံစားခဲ့ရပုံပါပဲ။ ပြီးတော့ ပရိတ်သတ်တွေကလည်း အာဆင်နယ်အဟောင်းကို ပြန်သတိရသွားစေပါတယ်။ ကျောက်ဆောင်ပါဆိုတဲ့ ဂါဘရီယယ်ဟာလည်း ပုံစံပျက်နေခဲပါတယ်။ ပိုပြီးကံဆိုးစေတာကတော့ လက်ရှိအချိန်မှာ အဓိက ကစားသမားဖြစ်နေတဲ့ ပါတေးတစ်ယောက်... Continue Reading →
နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့် အာဆင်နယ်နဲ့ယူနိုက်တက်တို့ရဲ့ပွဲကောင်းတစ်ပွဲ
ဧပြီလ ၁၆ရက်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့် အမှတ်တရပွဲကောင်းတစ်ပွဲကို ဒီဆောင်းပါးကနေဆင့် ပြန်လည်ပြောပြချင်ပါတယ်။ ၂၀၀၂- ၂၀၀၃ ခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ဟိုက်ဘူရီမှာ ၂ - ၂ စီသရေကျခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ ပွဲကောင်းများစွာရှိတဲ့အထဲကမှ ဘာကြောင့်အခုပွဲကို အမှတ်တရပြန်ပြောရသလဲဆိုရင်တော့ လက်ရှိအချိန် ၊ အခြေအနေ နဲ့အနဲငယ်ဆင်တူနေတဲ့အခြေအနေအချို့ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ အသင်းတွေရဲ့ရပ်တည်မှုတွေကတော့ ထိုစဥ်ကနဲ့ ကွာခြားနေခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အမှတ်ဖြတ်ပြီးဦးဆောင်နေချိန်ဖြစ်ပြီး ယူနိုက်တက်တို့က နောက်ကနေဆက်တိုက်ဖိအားပေးနေတာဖြစ်ပါတယ်။ ရာသီကုန်မှာလည်း ယူနိုက်တက်တို့ချန်ပီယံဖြစ်ခဲ့ကြပါတယ်။ ခြေစွမ်းနဲ့အနေအထားကွာခြားပေမယ့် လက်ရှိအချိန်မှာ (ဆောင်းပါးရေးနေချိန်) အာဆင်နယ်အသင်းက နှာတဖျားအသာနဲ့ ကိုယ့်ရဲ့ရပ်တည်မှုကို ထိမ်းသိမ်းနေရပါတယ်။ ထိုအချိန်များတုန်းက အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဥ်တွေဆိုရင် တစက္ကန့်တောင် အလွတ်ပေးလို့မရတဲ့ အခိုက်အတန့်တွေများစွာပါဝင်လေ့ရှိတာဖြစ်ပါတယ်။ ယခုပွဲမှာလည်း အလွန်ပြန်ပြောပြစရာအချက်တွေရှိပါတယ်။ ပွဲဆီပြန်သွားကြရအောင်။ နှစ်သင်းစလုံးဟာ ပွဲစကတည်းကလျှင်မြန်စွာပဲ... Continue Reading →
ကြိုမြင်နေရတဲ့ နွေရာသီအငြင်းအခုံများ
တကယ်လို့ ရာသီအစ ၃ ပွဲအပြီးမှာသာ ပရိသတ်တွေကို “ရာသီကုန် အာဆင်နယ်အသင်း ယူရိုပါလိဂ်၀င်ခွင့်ပဲရမယ်ဆို ကျေနပ်မလား” လို့ မေးရင် အလွယ်တကူ ခေါင်းညိမ့်မိကြမှာပါ။ ခုအချိန် ဒီမေးခွန်းကို မေးရင်တော့ “ဒီလောက်နဲ့တော့ မကျေနပ်နိုင်ပါဘူး”လို့ ဖြေကြမှာဖြစ်ပါတယ်။ ဘောလုံးပွဲတစ်ပွဲရလဒ်မကောင်းတဲ့အခါ ၃ - ၄ ရက်လောက်ထိအရှိန်ပါသွားတတ်တာဖြစ်လို့ အာဆင်နယ်ပရိတ်သတ်တွေဟာ ပဲလေ့စ်ရှုံးပွဲကနေ နာလံထူဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမတိုင်မီမှာ ခြင်္သေ့ပြာတွေရဲ့ အဆင့်သုံးနေရာကိုပဲ ဂန်းနားတွေ တက်သိမ်းတော့မလားဆိုပြီး မျှော်လင့်နေရာက သုံးဂိုးပြတ်အရှုံးဆိုတဲ့ ရလဒ်ကို ကြုံလိုက်ရတဲ့အခါ ပရီတ်သတ်တွေဟာ သက်ပြင်းချရုံကလွဲ ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။ အရံအင်အားနဲပါးခြင်း ၊ ငယ်ရွယ်လွန်းလှတဲ့လူစာရင်း၊ အတွေ့အကြုံရှာနေဆဲ လူငယ်မန်နေဂျာ တစ်ယောက်နဲ့ ရုပ်လုံးတစ်ခုပေါ်လာစ အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်ကို စိန်ခေါ်နိုင်မယ့် အနေအထားမှာရှီနေတယ်လို့ ဘယ်သူမှ... Continue Reading →
ဂါဘရီယယ်နဲ့ ပေါင်သန်း၂၀ကျော်တန် စာချုပ်အသစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ သူတို့ရဲ့ ဘရာဇီးနောက်ခံလူကို စာချုပ်အသစ်ချုပ်ဖို့ ပြင်ဆင်နေပြီး စာချုပ်အသစ်မှာ သဘောတူညီချက်အသစ်တွေနဲ့ အခုထက်ပိုကောင်းတဲ့ လစာနှုန်းထားတွေပါ၀င်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်၂၄နှစ်အရွယ်ကစားသမားဟာ လက်ရှိမှာ အသင်းဖော် ဘန်ဝှိုက်နဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြသထားနိုင်နေတာ ဖြစ်ပါတယ်။ ပေးဂိုးမရှိ ပရီးမီးယားပွဲစဉ်၁၃ပွဲအထိ အသင်းနဲ့အတူ ရယူထားနိုင်ပြီး သွင်းဂိုး၃ဂိုးကိုလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂါဘရီယယ်ဟာ ၂၀၂၀မှာ လိုင်လီကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းမှာ အလျင်အမြန်အထိုင်ကျကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်နေဂျာ၊ အသင်းဖော်နဲ့ ပရိသတ်တွေရဲ့ နှစ်သက်မှုကို ရရှိထားပါတယ်။ CBS Sports ရဲ့အဆိုအရ အာဆင်နယ်ဟာ သူတို့ရဲ့ကစားသမားကို အမ်းမရိတ်မှာ နှစ်ရှည်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အလျင်အမြန်တော့ ဖြစ်လာနိုင်ချေ မရှိသေးပါဘူး။ ဘရာဇီးလ်သားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄-၂၅ရာသီမှသာ ကုန်ဆုံးဖို့... Continue Reading →
တန်းဆင်းအသင်းရဲ့ ကစားသမားမှသည် ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ်သို့ ..
ဒန်ဂျူးမားတစ်ယောက် ဗီလာရီးရဲကိုပြောင်းသွားတုန်းက တိတ်တိတ်ဆိတ်ဆိတ်ကလေးပါပဲ။ ပေါင် ၂၅ သန်းဆိုတာ ခုနောက်ပိုင်း ငွေသိပ်မသုံးတဲ့ လာလီဂါမှာတော့ ပြောစရာနဲနဲလေးဖြစ်နေပေမယ့် ပရီးမီးယားလိဂ်ရဲ့ သတင်းတွေသာကြီးစိုးနေချိန်မှာ အဂ်လန်အသင်းငယ်တစ်သင်းကနေ စပိန်အသင်းတစ်သင်းဆီကို ပြောင်းရွေ့တာက လူသိပ်စိတ်မဝင်စားခဲ့ကြ။ သို့သော် ချန်ပီယံလိဂ်မှာ လူကြိုက်များတဲ့အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းရင်းသူ့နာမည်ကို သတိထားမိလာကြပါတယ်။ အခုတော့ မှတ်တမ်းသစ်များစွာကိုရေးထိုးလိုက်တဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရတဲ့ပွဲရဲ့ တစ်လုံးထဲသောသွင်းဂိုးရှင်ဖြစ်လာပါတယ်။ မရှေးမနှောင်းမှာပဲ လီဗာပူးလ်နည်းပြ ကလော့ကသူ့ကိုလိုချင်နေတယ်ဆိုတဲ့သတင်းကလဲ တစ်ပါထဲထွက်ပေါ်လာခဲ့ပါတယ်။ အရာအားလုံးက ခပ်မြန်မြန်ပါပဲ။ အရပ် ၅ပေ ၁၀လက်မရှီပြီး အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဒန်ဂျူးမားဟာ ပရိုဖိုင်းအမြင့်ကစားသမားတော့မဟုတ်ခဲ့ပါ။ ဒါပေမယ့် ဘယ်တောင်ပံကနေ ကျွမ်းကျင်မှုကောင်းကောင်းနဲ့ထိုးဖောက်ကစားမှုတွေကို ဒီရာသီမှာ ဆက်တိုက်မြင်နေရပြီဖြစ်ပါတယ်။ သူဂိုးသွင်းယူထားတဲ့အသင်းတွေထဲမှာလည်း ထိပ်တန်းအသင်းကြီးတွေပါဝင်နေတာဖြစ်လို့ ပိုပြီးတော့နာမည်ထွက်လာတာလဲဖြစ်ပါတယ်။ ဘိုင်ယန်ကိုသွင်းယူတဲ့ဂိုးကလည်းသူ့ရဲ့အကင်းပါးမှုကိုဖော်ပြနေပါတယ်။ လက်ရွေးစင်အသင်းနဲ့လဲ ၆ ပွဲကစား... Continue Reading →