Mirror ကဖော်ပြလာတဲ့ အသင်းကြီးတွေ အလွတ်ခေါ်လို့ရမယ့် ကစားသမား ၅ဦး

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ကစားရတော့မှာ ဖြစ်တာကြောင့် လူအင်အားကို အလုံးအရင်းနဲ့ ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘန်ဝိုက်၊ အော်ဒီဂတ်၊ ရမ်စဒေးတို့ကို သန်းတစ်ရာသုံးပြီး ခေါ်ယူခဲ့သလိုမျိုး လာမယ့်အပြောင်းအရွှေ့မှာလည်း လုပ်ပြဖို့လိုနေပါပြီ။ ထို့အတူ မန်ချက်စတာယူနိုက်တက်ကလည်းပဲ ပြန်လည်တည်ဆောက်ရေးကာလအတွက် ကစားသမားတွေကို အများကြီးခေါ်ယူမယ့်ပုံပါပဲ။ ဘာစီလိုနာအသင်းကလည်း  အပြောင်းအရွှေ့စျေးကွက်မှာ  သေချာပေါက်ပွဲကြမ်းဦးမှာပါ။ ဒါ့ကြောင့်လည်း အဆိုပါအသင်းတွေဟာ ခုကတည်းက ကစားသမားအတော်များများနဲ့ ချိတ်ဆက်နေပြီဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေခဲ့ပါတယ်။ Mirror သတင်းဌာနကတော့  အလွတ်ခေါ်ယူလို့ရတဲ့ ကစားသမား ၅ယောက်စာရင်းကို ခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။ ဆမ်ဂျွန်စတုန်း ရမ်းစဒေးကို မခေါ်ခင်ကတည်းက အာဆင်နယ်ဟာ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့ စဥ်းစားခဲ့ဖူးပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာတော့ အဆိုပါ အင်္ဂလန်လက်ရွေးစင်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို အာဆင်နယ်အသင်းကလည်း... Continue Reading →

လန်ဒန်ဘုရင် ဘယ်သူလဲ

ဒီနှစ်ဘောလုံးရာသီဥရောပဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်လာမယ့်  မြောက်လန်ဒန်ဒါဘီကတော့  ၄၈ နာရီအတွင်းမှာပဲကစားကြတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အလွန်အရေးကြီးသလို  ပြိုင်ဆိုင်မှု ပြင်းထန်အမြဲပြင်းထန်လေ့ရှိတဲ့ အာဆင်နယ်နဲ့တော့တင်ဟမ် ဟော့စပါးတို့ရဲ့   ပွဲစဉ်မတိုင်မီမှာ အာရွန်ရမ်ဒေးလ်ဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ပြောပြလာခဲ့ပါတယ်။    “ဒါက ပျော်စရာကောင်းမှာပါ” လို့ ရမ်ဒေးလ် က Sky Sports (Standard) ကိုပြောခဲ့ပါတယ်။   “ဒီလို ပွဲစဉ်မျိုးကို ကစားသမားတစ်ယောက်က စိတ်၀င်စားမနေဘူး၊စိတ်လှုပ်ရှားမနေဘူးဆိုရင်တော့ ဘောလုံးဟာ သူ့ရဲ့ အသက်မွေး‌၀မ်းကျောင်းအလုပ်မဟုတ်လို့ နေမှာပါ”   “နှစ်တွေအတော်ကြာတဲ့အထိ အသင်းနှစ်သင်းနဲ့ ပရိသတ်တွေကရော တစ်နိုင်ငံလုံးက ဘောလုံးပရိသတ်တွေကပါ ဒီပွဲစဉ်အကြောင်းကို အမှတ်‌နေရကြမှာပါ။”   “အာဆင်နယ်ကစားသမားသစ်၊ အသင်းပရိသတ်အသစ်တစ်ယောက်အနေနဲ့ ကျွန်တော်ပြောနိုင်တာက ဒီနှစ်တွေထဲမှာ ဒီမြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ အသင်းနှစ်သင်းစလုံးအတွက် အကြီးမားဆုံး ယှဉ်ပြိုင်မှုပါပဲ”  ရာသီကုန်ဆုံးဖို့ သုံးပွဲအကျန်မှာ အာဆင်နယ်ဟာ စပါးကို... Continue Reading →

အာဆင်နယ်မှာ ပေပေရဲ့ အနာဂတ်မရှိတော့ဘူးလား 

အာဆင်နယ် တိုက်စစ်မှူးဟောင်းဖြစ်သူ ကီဗင်ကမ်းဘဲလ်က အသင်းမှာ ပွဲထွက်ခွင့်မရခဲ့တာ ခြောက်လကြာပြီဖြစ်တဲ့ နီကိုလပ်စ်ပေပေအတွက် အသင်းမှာ အနာဂတ်မရှိတော့ဘူးလို့ ဆိုလာခဲ့ပါတယ်။  အသက်၂၆ နှစ်အရွယ်ကစားသမားကို လွန်ခဲ့တဲ့သုံးနှစ်က လိုင်လီကနေ ပေါင်သန်း၇၀ကျော်နဲ့‌ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ပေပေကို အသင်းနဲ့ ပရိသတ်တွေက မျှော်လင့်ချက်တကြီး ထားခဲ့ပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။  လက်ရှိရာသီ အာတီတာရဲ့လက်အောက်မှာ ပေပေဟာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၁၇ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်အများစုကိုလည်း လူစား၀င်ကစားသမားအဖြစ်နဲ့သာ ပါ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။  ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ်ဟာ ပေပေအတွက် ဈေးအဆမတန် ပိုပေးခဲ့ရပြီး တကယ်တမ်းမှာတော့ အိုင်ဗရီကို့စ်သားကြီးဟာ အာဆင်နယ်အတွက် ကစားပေးဖို့ စစ်မှန်တဲ့ သဘောထားမရှိဘူးလို့ ဆိုလာခဲ့ပါတယ်။  Football Insider နဲ့တွေ့ဆုံမှုမှာတော့... Continue Reading →

ဂန်းနားတွေရဲ့ တကျော့ပြန် ကပ္ပတိန်ဖြစ်လာဖို့ အသင့်ဖြစ်နေပြီလို့ဆိုတဲ့ ရှာကာ

လာကာဇက် ရာသီကုန်မှာ ထွက်ခွာသွားခဲ့ရင် ပြင်သစ်သားကြီးရဲ့ အသင်းခေါင်းဆောင်နေရာ ဆက်ခံသူ ဘယ်သူဖြစ်လာနိုင်မလဲဆိုတာ အရင်က ကျွန်တော်တို့ ငြင်းခုန်ခဲ့ဖူးကြပါတယ်။ အဲ့ဒီအချိန်တုန်းက ရမ်စ်ဒေးလ်၊ တီယာနေး၊ အိုဒီဂတ်၊ ဂါဘရီယယ်တို့ဟာ ဘောလုံးရာသီမှာ အသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ ရေပန်းအစားခဲ့ဆုံးသူတွေ ဖြစ်ပါတယ်။  ဒါပေမယ့် ကျွန်တော်တို့ မမျှော်လင့်ထားတဲ့အရာ ရှိပါတယ်။ အဲ့ဒါကတော့ ဂရင်းနစ် ရှာကာရဲ့ တကျော့ပြန် ကပ္ပတိန်ဖြစ်လာခြင်းကိုပါပဲ။၂၀၁၉မှာ ရှာကာဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ပြန်အရွဲ့တိုက် လှောင်ပြောင်ခဲ့ပြီး သူ့ရဲ့ ကပ္ပတိန်လက်ပတ်ကို မြက်ခင်းပေါ်ပစ်ချ၊အသင်းဂျာစီကို ချွတ်ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။ဒီပြဿနာပြီးတဲ့နောက် ၂၀၂၀မှာ ရှာကာဟာ အသင်းကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အာတီတာဟာ ဆွစ်ဇာလန်သားကြီးကို အသင်းမှာ ဆက်ရှိနေအောင် စည်းရုံးထားနိုင်ခဲ့ပြီး အခုဆို ရှာကာဟာ အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။  ရှာကာရဲ့နောက် အူဘာမီယန်း၊လက်ရှိမှာ... Continue Reading →

၀က်စ်ဟမ်းအခက် အာဆင်နယ်အချက် ဖြစ်လာမလား

လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ဆယ်နာရီတိတိမှာ ၀က်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်ရဖို့ရှိနေပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်သလို ဥရောပ၀င်ခွင့်တစ်နေရာအတွက် ကြိုးစားနေကြတဲ့ အသင်းတွေလည်း ဖြစ်တာကြောင့် ဒီပွဲစဉ်ဟာ အကြိတ်အနယ်ရှိလာမှာ အသေအချာပါပဲ ။  အာဆင်နယ်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ  ချဲလ်ဆီး၊ မန်ယူတို့ကို နှစ်ပွဲဆက်အနိုင်ယူပြီး အံ့ဩစရာတွေ လုပ်ပြခဲ့ပြီးပါပြီ။ လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပြီး အဆင့်ငါးနေရာကို စပါးကို နှစ်မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ စိတ်ဓာတ်တွေ တက်ကြွနေတဲ့ အမြှောက်တပ်သားတွေဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်တွေကို ချေမှုန်းဖို့အတွက် အကောင်းဆုံး စိတ်ဓာတ်အနေအထားမှာ ရှိနေပါတယ်။ ၀က်စ်ဟမ်းကိုသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ ထိပ်သီး၇သင်းထဲက သုံးသင်းကို သုံးပွဲဆက်အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။  ၀က်စ်ဟမ်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီး ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ... Continue Reading →

အဲရစ်တန်ဟက်ရဲ့လက်အောက်မှာ မန်ယူနိုက်တက်ကို ဘယ်လိုပြန်လည်တည်ဆောက်ရမလဲ

ပြီးခဲ့တဲ့အပတ်တုန်းက  အာဆင်နယ်အသင်းနဲ့ပွဲမကစားခင် သတင်းစာရှင်းလင်းပွဲမှာ ရက်ဂ်နစ်က ''သူတို့တွေ(အာဆင်နယ်)က  မနှစ်က အတွေ့အကြုံတွေအပေါ် အခြေ ခံပြီး လမ်းကြောင်းမှန်ကို သွားနေကြပါတယ်။ အသင်းမှာ ခြေစွမ်းကောင်းတဲ့လူငယ်တွေ ထပ်ပေါင်းတယ်။ ဥပမာ အော်ဒီဂတ်ပေါ့။ ပြီးတော့ သူတို့ရဲ့ ကစားပုံနဲ့ မကိုက်တဲ့သူတွေကို အသင်းကနေ ထုတ်ပစ်ခဲ့တာကလည်း ကောင်းတဲ့အချက်ပါပဲ'' ဆိုပြီး အာဆင်နယ်အပေါ် သုံးသပ်ခဲ့ပါတယ်။ မန်ယူနိုက်တက်နဲ့ ပက်သက်ပြီးတော့လည်း ''အဲရစ်တန်ဟက်နဲ့ ကျွန်တော် လူချင်းတွေ့ပြီး စကားမပြောရသေးပါဘူး။ ကျွန်တော့်အကြံဥာဏ်တွေ သူတောင်းလာခဲ့ရင်လည်း ပေးသွားဖို့ အသင့်ပါပဲ။ ဒါပေမယ့်လည်း သူ့မှာ သူ့ကိုယ်ပိုင်အိုင်ဒီယာတွေ ရှိနေမှာပါ'' လို့ ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ နည်းပြအာတေတာကို အချိန်ပေးပြီး အသင်းကို စိတ်ရှည်ရှည်နဲ့ တည်ဆောက်နေတာကို တွေ့ရပါတယ်။ မန်ယူနိုက်တက်ဖန်တွေ ကိုယ်တိုင်က မန်ယူနဲ့ အာဆင်နယ်ကို နှိုင်းယှဥ်တာမျိုး... Continue Reading →

သရဲနီတွေကို အနိုင်ရခဲ့တဲ့ အမ်းမရိတ်တိုက်ပွဲရဲ့ ဟီးရိုးသို့မဟုတ် ဂရန်းနစ်ရှာကာ  

(၂-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့တဲ့ မန်ချက်စတာသားတွေဟာ ဒုတိယပိုင်းအစကတည်းက အာဆင်နယ်ကို တောက်လျှောက်ကို ဖိအားပေးနေခဲ့ပါတယ်။ ပထမပိုင်းမှာ စီဒရစ်ကို အားမရခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တွေဟာ ဒုတိယပိုင်း အရောက်မှာတော့ အဖွင့်ဂိုးရှင် တာဗာရက်စ်ကို မေတ္တာပို့နေရပါတယ်။ အားလုံးဟာ ရင်တထိတ်ထိတ်နဲ့ ပွဲကို ဆက်စောင့်ကြည့်နေရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲသွားချိန်မှာ ရင်ထဲမှာ အပူလုံးကြီးတစ်ခုကျခဲ့ရပါတယ်။  အဲ့ဒီအချိန်မှာ ကျွန်တော်တွေးနေမိတာကတော့ အာဆင်နယ် နောက်ထပ်သွင်းဂိုးတစ်ဂိုးရဖို့ လိုနေပါပြီ။မဟုတ်ရင်တော့ မလွယ်တော့ပါဘူး။ကျွန်တော်တို့ရဲ့ အနိုင်ရလဒ်ကို စိတ်ချရဖို့ နောက်ထပ်သွင်းဂိုး တစ်ဂိုးနဲ့အတူ မန်ချက်စတာသားတွေရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးဖို့ လိုနေပါပြီ။  ပွဲချိန် ၆၇မိနစ်မှာတော့ ကျွန်တော်တို့ရဲ့ ကဒ်မင်းသားကြီး ရှာကာဟာ အဝါကဒ်ထိခဲ့ပြန်ပါတယ်။ ဘောလုံးဖျက်ထုတ်ပုံ ကြမ်းလို့တော့ မဟုတ်ပါဘူး။ မန်ယူကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးလိုက်ချိန်မှာ ရှာကာက မကျေမနပ်နဲ့ ဘောလုံးကို လေပေါ်... Continue Reading →

စပါး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် တို့အနက် ဘယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရသွားမလဲ

၂၀၁၂ ခုနှစ်တုန်းက အာဆင်နယ်နည်းပြကြီးအာဆင်ဝင်းဂါးဟာ အသင်းရဲ့ ပရိတ်သတ်တွေနဲ့ နှစ်ဥ်အထွေထွေတွေ့ဆုံပွဲမှာ ဆုံကြတဲ့အခိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရတာဟာလည်း ဖလားတစ်လုံးရသလိုပါပဲလို့ ပြောကြားခဲ့ဖူးပါတယ်။ ''ကျွန်တော့်အတွက်တော့ နှစ်တိုင်း ဖလားငါးလုံး ရှိပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FAဖလား၊ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေပါပဲ'' ဆိုပြီး အသင်းရဲ့ရှယ်ယာရှင်တွေကို ပြောကြားခဲ့တာပါ။ အခုအချိန်မှာ မန်စီးတီးနဲ့ လီဗာပူးလ်က ဖလားလုနေရပြီဖြစ်သလို ချယ်ဆီးကလည်း ဘယ်သူဘာဖြစ်ဖြစ် သူကတော့ ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်ဖို့ များသွားပါပြီ။ အဆင့် ၄နေရာကိုတော့ စပါး၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်က အပြိုင်ဖြစ်နေသလို ဖျက်မြင်း ဝက်စ်ဟမ်းကလည်း ကပ်လိုက်လျက် ရှိနေပါတယ်။ အန်တိုနီယိုကွန်တီရဲ့ စပါးအသင်းဟာ ၆ပွဲကစားဖို့ ကျန်သေးပြီး အာဆင်နယ်ရဲ့ အထက်မှာ ရမှတ်တူ၊ ဂိုးကွာခြားချက်အကွာ၊ စုစုပေါင်း ၅၇မှတ် စုဆောင်းထားနိုင်ပါတယ်။ ကွန်တီရဲ့အသင်းက... Continue Reading →

အာတီတာရဲ့ တိုက်စစ်အဖြေမရှာနိုင်ခဲ့မှုကြောင့် Top 4 ဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုလာတဲ့ ဂန္တဝင်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှုးကြီး အီယန်ရိုက် ကတော့ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အူဘာမီယန်းကို ထွက်ခွာခွင့်ပေးပြီး အစားထိုးတိုက်စစ်မှုး ပြန်လည်မခေါ်ယူနိုင်ခဲ့တဲ့ အာတီတာရဲ့အသင်းဟာ ထိပ်သီးလေးသင်းစာရင်းဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဖီအိုရင်တီးနားတိုက်စစ်မှုး (လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှုး) ဒူဆန်ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ ယူဗင်တပ်စ်အသင်းကိုသာ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒါကြောင့်မို့ အသင်းဖော်ဖြစ်သူ ဂျူဗင်တပ်စ်တိုက်စစ်မှုး အဲဗာရိုမိုရာတာကို နောက်ဆုံးအချိန်မှာ ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားဖက်က ငြင်းပယ်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ကစားသမားသစ် စာချုပ်မချုပ်နိုင်ခဲ့ဘဲ လက်ကျန်ရာသီဝက်ကို ပထမရာသီဝက်ထက် ပိုမိုချို့တဲ့စွာ ဖြတ်သန်းနေရပါတယ်။ အီယန်ရိုက်ရဲ့ ချန်ပီယံလိဂ်ဝင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ဝေဖန်ချက်ကို နောက်ထပ် ဂန္တဝင်တစ်ဦးဖြစ်တဲ့ အီမန်နျူရယ်ပီတစ် ကလည်း ထောက်ခံသွားခဲ့ပြီး '' အာဆင်နယ်ကစားသမားတွေက အရည်အသွေးတော့ ရှိကြပါတယ်။ ဒါပေမယ့် မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးလ်တို့နဲ့... Continue Reading →

ဆာကာ ပြောပြလာတဲ့ သူ့ရဲ့အကြိုက်ဆုံးများ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားလေး ဘူကာယိုဆာကာကတော့ သူရင်ဆိုင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုဘက်စကွက်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူ့ကိုလည်း အရှက်တကွဲအကျိုးနည်း ဖြစ်စေခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။ ဘူကာယိုဆာကာနဲ့ ဆာဂျီယိုဘက်စကွက်တို့ဟာ ကလပ်မှာရော နိုင်ငံအသင်းမှာပါ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးကြတာလည်း ဖြစ်ပါတယ်။ ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာအသက်၂၀အရွယ် အာဆင်နယ် ကစားသမားလေးက ''ကျွန်တော်တို့ ၂၀၁၉တုန်းက အာဆင်နယ်နဲ့ ဘာစီလိုနာ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဆုံကြတုန်းကပေါ့။ ကျွန်တော်က သူ့ကို တစ်ဖက်ကို အယောင်ပြပြီး နောက်တစ်ဖက်ကနေ ဝင်လုဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ​ကတော့ သာသာယာယာပဲ အကြိမ်ကြိမ် ရှောင်ရှောင်ထွက်သွားတာပါ။ ကျွန်တော်ပဲ​ အကြိမ်ကြိမ် ကိုးရို့ကားယား ဖြစ်ပြီး ကျန်နေခဲ့ရတာပါ။ တကယ်ကိုကောင်းလွန်းတဲ့သူပါ။ မမေ့နိုင်စရာပါပဲ။'' ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဆာကာဟာ စီနီယာကစားသမားတွေအပေါ် လေးစားမှုအမြဲပြသတတ်သူဖြစ်ပြီး လူချစ်လူခင်လဲများပြားသူဖြစ်ပါတယ်။... Continue Reading →

Website Powered by WordPress.com.

Up ↑