ဂွာဒီယိုလာဟာ အာဆင်နယ်ကို ပြိုင်ဘက်အဖြစ် မသတ်မှတ်လို့ ကစားသမားတွေ ရောင်းခဲ့တာ ဆိုတဲ့ ရွိုင်ကိန်း

မန်စီးတီးဟာ အာဆင်နယ်နဲ့ချဲလ်ဆီး အသင်းဆီ သူတို့ရဲ့ ကစားသမားတွေကို ရောင်းချခဲ့တဲ့ အကြောင်းရင်းက ဂွာဒီယိုလာဟာ လန်ဒန်အသင်းနှစ်သင်းကို မန်စီးတီး သို့မဟုတ် လီဗာပူးလ်ကို စိန်ခေါ်လာနိုင်မယ့် အသင်းတွေမဟုတ်ဘူးလို့ သတ်မှတ်တာကြောင့် ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းက ဆိုပါတယ်။ အာဆင်နယ်ဟာ ဒီနွေမှာ မန်စီးတီးကစားသမားတွေ ဖြစ်တဲ့ ဇင်ချန်ကိုနဲ့ဂျေးဆုတို့ကို နှစ်ဦးပေါင်း ပေါင်၇၅သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးဟာ ချဲလ်ဆီးအသင်းဆီ ရာဟင်စတာလင်ကို ပေါင် ၄၇.၅သန်း ၀န်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။ ကလပ်အသင်းကြီးတွေဟာ သူတို့ရဲ့ ကစားသမားတွေကို ရောင်းချတဲ့အခါ အခြားသောလိဂ်ပြိုင်ဘက်အသင်းတွေဆီ မရောင်းချဖို့ အတတ်နိုင်ဆုံး ကြိုးစားလေ့ရှိပါတယ်။ ဒါပေမယ့် မန်စီးတီးက‌တော့ သူတို့ရဲ့ ကစားသမားကောင်းတွေကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ချဲလ်ဆီးတို့ဆီ အလွယ်တကူပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဂျေးဆုဟာ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့အတူ ... Continue Reading →

အာဆင်နယ်က အဆင့်သုံးနေရာကို မှန်းရလိမ့်မယ်လို့ ထင်ပါတယ် – ရေးပါလာ

ရေးပါလာက အာဆင်နယ်ဟာ  ဒီနွေမှာ ကစားသမားအင်အဖြည့်တင်းထားတာကြောင့် လာမယ့်ရာသီမှာ ထိပ်သီးလေးသင်းစာရင်း ၀င်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားဟောင်းကြီးဟာ သူရဲ့ အသင်းဟောင်းက ဒီနွေမှာ ကစားသမားကောင်းတွေ ခေါ်ယူနေတာကို စောင့်ကြည့်နေပြီး လာမယ့် ရာသီအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ဟာလည်း ဒီနွေမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ ရေးပါလာကတော့ ဒီနှစ်သင်းဟာ လာမယ့်ရာသီမှာ အဆင့်တစ်နဲ့ အဆင့်နှစ်နေရာတွေကို ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အာဆင်နယ်တို့ဟာ အဆင့်သုံးနေရာနဲ့ အဆုံးသတ်နိုင်မှာဖြစ်ပြီး ခါးသီးတဲ့ မြို့ခံပြိုင်ဘက်စပါးကတော့ အဆင့်လေးနေရာ ရလိမ့်မယ်လို့ ရေးပါလာက ဆိုပါတယ်။ သူရဲ့ခန့်မှန်းချက်အရ ချဲလ်ဆီး၊မန်ယူတို့ဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်မှာဖြစ်ပြီး ယူရိုပါလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်ရလိမ့်မယ်လို့ ဆိုပါတယ်။ "(လာမယ့် ပရီမီးယားလိဂ် ပြိုင်ပွဲမှာ) မန်ချက်စတာ စီးတီးက အနိုင်ရမယ်လို့... Continue Reading →

“ဗန်ဒိုက်က ရိုးရွိုက်စ်ဆိုရင် ဆလီဘာက ဘန်တလေပေါ့ဗျာ” – ကင်းဘဲလ်

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ကီဗင်ကမ်းဘဲလ်က ဆာလီဘာ ကို ချီးကျူးခဲ့ပြီး လီဗာပူးလ်ခံစစ်မှူး ဗန်ဒိုက်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၉မှာ ဆလီဘာကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဆလီဘာဟာ အာဆင်နယ်အတွက် ပွဲထွက်ခွင့် မရရှိသေးပါဘူး(ခြေစမ်းပွဲမပါ)။ ပြီးခဲ့တဲ့ သုံးနှစ်လုံးမှာ ဆာလီဘာဟာ အငှားထွက်ကစားခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာတော့ မာဆေးလ်အသင်းရဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ပြင်သစ်လီဂူး၀မ်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား စာရင်းထဲမှ ပါ၀င်ခဲ့သလို လိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရတဲ့ ဆာလီဘာကို ဒီနွေမှာတော့ အာဆင်နယ်ဟာ အမ်းမရိတ်ဆီပြန်ခေါ်ခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ပြင်သစ်လက်ရွေးစင်ဟာ ဂါဘရီယယ်၊ ဘန်ဝှိုက်တို့နဲ့ တွဲဖက်ပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် ချီးကျူးမှုတွေ ရရှိထားပါတယ်။ https://videopress.com/v/JSJDCGMS?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fvideos.files.wordpress.com%2FJSJDCGMS%2Fvideo-2_mp4_std.original.jpg&preloadContent=metadata&useAverageColor=true Football Insider နဲ့ တွေ့‌ဆုံမှုမှာတာ့... Continue Reading →

အငှားထွက်ကစားဖို့ ဘာလို့ဆုံးဖြတ်ခဲ့တာလဲဆိုတာ ပြောပြခဲ့တဲ့ ဖလောရက်စ်

အသက်၁၈နှစ်အရွယ် မာဆယ်လို ဖလောရက်စ်က ဒီ‌နွေမှာ အာဆင်နယ်ကို ခေတ္တစွန့်ခွာပြီး ရီးရဲလ်အိုဗီဒိုအသင်းဆီ အငှားထွက်ကစားတော့မှာ ဖြစ်ပါတယ်။ သူသာ အလားအလာတွေ အများကြီးရှိတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး သိပ်မဝေးတော့တဲ့ အနာဂတ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရဖို့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အရမ်းငယ်ရွယ်သေးတဲ့ အချိန်မှာ အငှားထွက်ကစားတယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကနေဒီယန်နွယ်ဖွားလူငယ်လေးဟာ သူဘာလုပ်နေတာလဲဆိုတာ ကောင်းကောင်းသိပြီး ဒီလို အရမ်းငယ်ရွယ်သေးတဲ့ အချိန်မှာ  အငှားထွက်ကစားခဲ့တာဟာ အဆင့်ကျော်တက်လိုက်သလိုပဲဆိုတာ ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး ဒီလိုအငှားထွက်ကစားတာဟာ သူ့ရည်မှန်းချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ https://videopress.com/v/JSJDCGMS?resizeToParent=true&cover=true&autoPlay=true&loop=true&muted=true&persistVolume=false&playsinline=true&posterUrl=https%3A%2F%2Fvideos.files.wordpress.com%2FJSJDCGMS%2Fvideo-2_mp4_std.original.jpg&preloadContent=metadata&useAverageColor=true လူငယ်ပြိုင်ပွဲတွေကနေ ကြေးစားလိဂ်တစ်ခုကို ကူးပြောင်းရတာဟာ ဖလောရက်စ်အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။"ဒါဟာ အဆင့်ကျော်တက်လိုက်သလိုပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့... Continue Reading →

တိုင်လီမန်းစ် အနှစ်ချုပ်

အာဆင်နယ်ဟာ လက်ရှိအချိန်အထိ တိုင်လီမန်းစ်ကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းဆီ ကမ်းလှမ်းမှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ လက်ရှိနွေအပြောင်းအရွှေ့ကာလ အစောပိုင်းကတည်းက အာဆင်နယ်ဟာ ဘယ်လ်ဂျီယံကွင်းလယ်လူကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အသက်၂၅နှစ်အရွယ်ကစားသမားကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဂန်းနားတွေရဲ့ကမ်းလှမ်းမှုကို စောင့်မျှော်နေခဲ့တာပါ။ လက်စတာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ တိုင်လ်မန်းဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လက်စတာအသင်းရဲ့ ဥက္ကဌ Aiyawatt Srivadhanaprabha ကို မေးမြန်းခဲ့ရာမှာတော့ သူဟာ မီဒီယာတွေကို ခုလိုပဲ ဖြေကြားခဲ့ပါတယ်။ "အခုထိ ဘာကမ်းလှမ်းမှုမှ မရှိသေးပါဘူး။တိုင်လီမန်းစ်ရဲ့  အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာမှ သေသေချာချာ မရှိသေးပါဘူး။"  ဒါပေမယ့် နာမည်ကျော်ဂျာနယ်လစ်တွေကတော့ တိုင်လီမန်းစ်ဟာ  အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်နေတယ်လို့ ယုံကြည်နေကြဆဲပါပဲ။ သတင်းထောက်... Continue Reading →

ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ကိတ်တလားရဲ့ အပြောင်းအရွှေ့

အေစီမီလန်တို့ဟာ ဘရုဂျက်က လူငယ်တိုက်စစ်မှူး ချားလ် ဒီ ကိတ်တလားကို ခေါ်ယူဖို့အတွက် ကြိုးစားနေခဲ့တာ ကာလ အနည်းငယ် ကြာလာပြီဖြစ်ပေမဲ့ ရှေ့ဆက်နိုင်ခြင်းမရှိဘဲ တန့်နေတဲ့အခြေအနေနဲ့ ကြုံနေရပါတယ်။ ကစားသမားဖက်က တော့ အခြားအသင်းတွေထက် မီလန်ကို ပိုသဘောကျပေမဲ့ ဘရုဂျက်အသင်းကတော့ ပြောင်းရွှေ့ကြေးမှာ တင်းခံနေတာပါ။ ဒါကြောင့်လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီဖို့ အဆင်ပြေပေမဲ့ ကြာမြင့်နေတာဖြစ်ပါတယ်။ ဒီကစားသမားကို လိဒ်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ လိုလားနေပြီး လိဒ်တို့ ပေးတဲ့ ပြောင်းရွှေ့ကြေးက ဘရုဂျက်လိုချင်တဲ့ စျေးနှုန်းနဲ့လည်း ကိုက်ညီနေတာဖြစ်ပေမဲ့ ကစားသမားကတော့ လိဒ်ထက်စာရင် အေစီမီလန်ကိုပဲ ပြောင်းရွှေ့ချင်နေတာပါ။ ဒါပေမဲ့ မီလန်တို့ကလည်း ဘရုဂျက်လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့ အနည်းငယ်တွေဝေနေတဲ့ အနေအထားမှာရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ မနေ့က ဆွစ်ဇာလန်နိုင်ငံ၊ လူဂါနိုမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ မာလ်ဒီနီ၊... Continue Reading →

ဆာလီဘာကို ဘာကိစ္စကြောင့် ချန်ထားရမှာလဲဗျာ  – မာတီဆက်တာ (TEST)

အာဆင်နယ်ကစားသမားဟောင်းကြီးတဖြစ်လဲ၊  လက်ရှ်အာဆင်နယ်လူငယ်အကယ်ဒမီရဲ့ ဒါရိုက်တာဖြစ်သူ မာတီတာဆက်က အာတီတာအနေနဲ့ ဆာလီဘာကို အခွင့်အရေးပေးသင့်တယ်လို့ ‌တိုက်တွန်းခဲ့ပါတယ်။  လွန်ခဲ့တဲ့ သုံးနှစ်က စိန့်အက်တီယန်ကနေ အာဆင်နယ်ကို ပေါင်၂၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာလီဘာဟာ လက်ရှိအချိန်အထိ အာဆင်နယ်မှာ ပွဲထွက်ခွင့်မရသေးပါဘူး။  ပြီးခဲ့တဲ့ ရာသီမှာ ဆာလီဘာဟာ ပြင်သစ်မြေကို အငှားထွက်ကစားရင်း မာဆေးလ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။ ဆာလီဘာကို မာဆေးလ်က အပြီးခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အာတီတာကတော့ သူရဲ့အနာဂတ်အစီအစဉ်တွေထဲမှာ ပြင်သစ်သားဟာ အရေးပါတဲ့ ကစားသမားဖြစ်တယ်ဆိုပြီး လန်ဒန်ကို ပြန်ခေါ်ခဲ့ပါတယ်။  ဆာလီဘာဟာ အစောပိုင်းမှာတုန်းက မာဆေးလ်မှာ နေရစ်ခဲ့ဖို့  ဆန္ဒရှိခဲ့ပေမယ့် လက်ရှိမှာတော့ အာဆင်နယ်နဲ့အတူ လာမယ့်ရာသီမှာ ကစားဖို့ အသင့်ဖြစ်နေပုံပါပဲ။ ပွဲထွက်ခွင့်‌တစ်နေရာအတွက် ဂါဘရီယယ်၊ ဘန်ဝှိုက်တို့နဲ့  ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ ဆလီဘာဟာ... Continue Reading →

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် စိတ်မအေးနိုင်ဖြစ်နေတဲ့ တူချယ်

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်မြေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ချဲလ်ဆီးဟာ အာဆင်နယ်ကို လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်။ ဒီအရှုံးရလဒ်ကြောင့် စိတ်ပူပန်နေသူက တူချယ်ပဲဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့  လာမယ့်ဘောလုံးရာသီမတိုင်မီမှာ အရည်အသွေးမြင့်ကစားသမားတွေကို  ထပ်မံခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ တူချယ်က ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ ရာသီကြိုပွဲစဉ် ၃ပွဲမှာ ၂ပွဲအထိ ရှုံးနိမ့်ထားခဲ့ရပတယ်။အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းဟာ ယုံကြည်မှု မရှိဖြစ်နေတာကို တွေ့ ခဲ့ရပြီး တူချယ်က လာမယ့်အတွက် အသင့်ဖြစ်နေပြီလို့ အာမ မခံနိုင်သေးကြောင်း ၀န်ခံလာခဲ့ပါတယ်။ "ကျွန်တော်ဘယ်လိုမှ စိတ်မအေးနိုင်ပါဘူး။ကျွန်တော်တို့ ဒီပွဲစဉ်မှာ လုံလုံလောက်လောက် မကောင်းခဲ့ဘူး။ပြိုင်ဘက်ကို ယှဉ်ပြိုင်နိုင်စွမ်းလည်းမရှိခဲ့ဘူး။" "ကျွန်တော်စိတ်ပူနေတာက အသင်းဟာ ရုပ်ပိုင်းဆိုင်ရာအရ‌ကော စိတ်ပိုင်းဆိုင်ရာအရပါ အာဆင်နယ်နဲ့ အဝေးကြီးမှာ ပြတ်ကျန်နေခဲ့တာပါ" "သူတို့(အာဆင်နယ်)ဟာ ရက်သီတင်းပတ်များစွာ ခင်ဗျားတို့ မြင်ခဲ့ရတဲ့ ... Continue Reading →

အန်ကက်တီးယားဘာလို့ အမ်းမရိတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလဲ

ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်မှာ အသင်းရဲ့ ပရိသတ်တွေက အန်ကက်တီးယားဟာ လာမယ့်နွေမှာ အသင်းကနေ သေချာပေါက်ထွက်ခွာမယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို တောက်လျှောက်ငြင်းပယ်နေခဲ့ပြီး အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  ဒါပေမယ့် နောက်ဆုံးမှာတော့ အန်ကက်တီယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ အာတီတာနဲ့ အီဒူးတို့က နားချနိုင်ခဲ့ပါတယ်။ အန်ကက်တီးယား အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။  ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လာကာဇက်အစား ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ကက်တီးယားဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အန်ကက်တီးယားကို ခေါ်ယူဖို့ အသင်းအများအပြားက ကြိုးစားလာခဲ့ပေမယ့် အာတီတာနဲ့ အီဒူးတို့ဟာ အသင်းရဲ့ ပရော့ဂျက်တွေကို ကစားသမားဆီ... Continue Reading →

အာတီတာနဲ့ ပွဲပြီးအင်တာဗျူး

အာဆင်နယ်အသင်းရဲ့ အမေရိကန်ခရီးစဉ်ကတော့ ရာနှုန်းပြည့်‌နိုင်ပွဲတွေနဲ့အတူ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ Florida Cup ရဲ့နောက်ဆုံးပွဲစဉ်မှာ လန်ဒန်ဒါဘီချဲလ်ဆီးကို ၄ဂိုးပြတ်နဲ့ အနိုင်ခဲ့ပါတယ်။  ဒီပွဲစဉ်အပြီးမှာတော့ အာတီတာနဲ့ အာဆင်နယ်မီဒီယာတို့ရဲ့ အင်တာဗျူးကို အသင်းရဲ့ တရား၀င်၀က်ဘ်ဆိုက် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ဒီထဲကနေ အကြောင်းအရာအချို့ကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။  အသင်းရဲ့ ပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှားနေသင့်ပြီလား  "ဒါပေါ့ဗျ၊ ဒါပေမယ့် ဒါက ချစ်ကြည်ရေးပွဲစဉ်တစ်ခုပါ။ ဒီပွဲစဉ်ကနေ အပြုသဘောဆောင်တဲ့အရာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ကစားပုံ၊ စိတ်ဓာတ်ပြင်းပျမျှတွေ၊ငါတို့က ဘယ်လိုအသင်းဆိုတာ ပြသနေတဲ့ပုံစံတွေပေါ့။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒါက ခြေစမ်းပွဲတစ်ခုပါ။ ဘာမှ အများကြီး မှတ်ယူဖို့မရသေးပါဘူး။ကျွန်တော်တို့ ပိုကောင်းအောင် ကြိုးစားရမယ့်အရာတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး အရှိန်အဟုန်တစ်ခုနဲ့ အစပြုတာဟာ၊ ခရီးစဉ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ အဆုံးသတ်တာဟာ၊ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ဒီခရီးစဉ်ဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးခဲ့သူတွေအားလုံး ပျော်ရွှင်ကျေနပ်အောင်... Continue Reading →

Website Powered by WordPress.com.

Up ↑