ဘာစီလိုနာ ဘာဖြစ်သွားတာလဲ (ဆောင်းပါး)

(မိုးညီထက်နိုင်) ဘာစီလိုနာဆိုတာ လာလီဂါ ၂၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၅ ကြိမ်တောင် ဆွတ်ခူးထားတဲ့ ဥရောပရဲ့ အကြီးဆုံး ဘောလုံး အသင်းတွေထဲက တစ်သင်းပါ။ အောင်မြင်မှုတွေ အများအပြားရရှိထားသလို တမူထူးခြားတဲ့ ကစားဟန်နဲ့ ကမ္ဘာ့ဘောလုံး လောကကို ဆန်းသစ်ပေးခဲ့တဲ့ အသင်းဆိုလည်း မမှားပါဘူး။ သူတို့ရဲ့ တီကီတာကာဟာ ပြီးခဲ့ တဲ့ ဆယ်စုနှစ်အတွင်းမှာ လူပြောအများဆုံး စကားလုံးတစ်လုံးဖြစ်ခဲ့ပြီး လူသူလေးစား ကြောက်ရွံ့ခံခဲ့ရတဲ့အ အသင်းလည်းဖြစ်သလို တခြားကမ္ဘာကလာတဲ့အသင်းတစ်သင်းရယ်လို့လည်း နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး ပြဿနာတွေထဲ တဖြည်းဖြည်း နစ်လာခဲ့တယ်။ အသင်းရဲ့ စီမံ ခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးပြဿနာတွေဟာ အသင်းရဲ့ တိုးတက်မှုကို ဆွဲချနေခဲ့ပြီး အဲဒီလိုနဲ့ ဒီအသင်းဟာ တဖြည်း ဖြည်း... Continue Reading →

ချားလ် ဒီ ကိတ်တလားဆိုတာ ဘယ်သူလဲ (ဆောင်းပါး)

(ဆောင်းပါးရှင် - မိုးညီထက်နိုင်) မီလန်တို့ ခေါ်ယူချင်နေတဲ့ ဘရုဂျက်က တိုက်စစ်မှူး ချားလ် ဒီ ကိတ်တလား ဆိုတဲ့ လူငယ်ကစားသမားလေးကို အားလုံး အနည်းနဲ့ အများတော့ ရင်းနှီးကြလောက်ပြီထင်ပါတယ်။ ဒီကစားသမားလေးကို မီလန် နဲ့ လိဒ်ယူနိုက်တက်တို့ အပြိုင် ကြိုးစားနေကြပါတယ်။ ဘာကြောင့်များ ဒီ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ လူငယ်လေးကို မီလန်လို အသင်းက အစ အပြိုင်ခေါ်နေကြတာလဲ။ သူက ဘာတွေလုပ်နိုင်သလဲ။ ဒါလေးကို ဒီနေ့ ပြောကြည့်မှာဖြစ်ပါတယ်။အရင်ဆုံး သူ့အကြောင်း အကျဉ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ သူက ဘယ်လ်ဂျီယံ၊ ဘရုဂျက်မြို့မှာပဲ မွေးပါတယ်။ အသက်က အခုအချိန်မှာ ၂၁ နှစ်ပါ။ ဘရုဂျက်အကယ်ဒမီကနေပဲ ထွက်တဲ့ လူငယ်လေးဖြစ်ပါတယ်။ စီနီယာကစားသမားဘ၀ကို ၂၀၁၉ မှာ စတင်ခဲ့ပါတယ်။... Continue Reading →

ဘာကာထက် မီလန်ကို ပိုပူးပေါင်းချင်နေတဲ့ ချူကွယ်မီကာ

အေစီမီလန်အသင်းက စိတ်ဝင်စားနေတဲ့ ဗီလာကွင်းလယ်က လူငယ်ကစားသမား ကာနေး ချူကွယ်မီကာဟာ သူ့ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာကိုကျော်လွန်ပြီး အေစီမီလန်နဲ့ ပို ပူးပေါင်းချင်နေတယ်လို့ Gazzetta dello Sport မှာဖော်ပြလာပါတယ်။ မီလန်တို့ကလည်း ဒီကစားသမားလေးကို သဘောကျနေပေမဲ့ ဘာစီလိုနာကပါ စိတ်ဝင်စားနေလို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခေါ်ယူရမယ်လို့ ယူဆထားတာပါ။ အေစီမီလန်ဟာ အသင်းရဲ့ကွင်းလယ်အင်အားလျော့နည်းသွားမှုကို လိုင်လီက ရီနာတို ဆန်းချက်ဇ်ကို ခေါ်ယူပြီး ဖြည့်တင်းဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒီကစားသမားအတွက် လိုင်လီနဲ့သာ သဘောတူညီမှုရခဲ့သော်လည်း ကစားသမားရဲ့ အေးဂျင့်က လစာ အများအပြားတောင်းဆိုနေမှုကြောင့် အဆင်မပြေဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဆန်းချက်စ်ဟာ အခုဆိုရင် ပီအက်ဂျီအသင်းနဲ့နီး စပ်သွားပြီလည်း ဖြစ်ပါတယ်။ ချူကွယ်မီကာကတော့ အသက် ၁၈ နှစ်သာရှိသေးပြီး ဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာတာ မကြာသေးပေမဲ့ ခြေစွမ်းကောင်းမွန်တာကြောင့် ဥရောပအသင်းကြီးတွေကပါ စောင့်ကြည့်တာခံနေရတဲ့... Continue Reading →

ကစားသမား အချို့အတွက် စပါး နဲ့ မီလန် ဆွေးနွေးနေ

အေစီမီလန်ဟာ စပါးဆီကနေ ကစားသမား အချို့ကို စိတ်ဝင်စားနေတဲ့အတွက် ဆွေးနွေးမှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ မူလအားဖြင့်တော့ နောက်ခံလူ တန်ဂန်းဂါအတွက် အဓိကထား တွေ့ဆုံတာဖြစ်ပေမဲ့ နောက်ပိုင်းမှာ စပါးရဲ့အစီအစဉ်မှာ မပါဝင်တော့တဲ့ ကစားသမားအချို့ကိုပါ အေစီမီလန်တို့က စိတ်ဝင်စားလာနေတာဖြစ်တယ်လို့ သတင်း တွေက ဆိုပါတယ်။ မီလန်တာဝန်ရှိသူတွေဟာ စပါးဒါရိုက်တာ ဖေဘီယို ပါရာတီချီနဲ့ ပြီးခဲတဲ့ အပတ်က အီတလီမှာ တွေ့ဆုံခဲ့ပြီး တန်ဂန်းဂါကိစ္စအပြင် နောက်ခံလူ ဆာဂျီယို ရီဂူလင်၊ ကွင်းလယ်လူ အန်ဒွမ်ဘီလီ နဲ့ ပီပီ မာတာ ဆား တို့အတွက်ပါ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မီလန်ဟာ ကစားသမားအများအပြား ဆုံးရှုံးထားရတာဖြစ်လို့ ကစားသမားတွေကို ရှာဖွေမှု ပိုမို ပြုလုပ်နေရတာ ဖြစ်ပါတယ်။ PianetaMilan ရဲ့အဆိုအရတော့ အဲဒီဆွေးနွေးမှုထဲမှာ ဗီလာရီးရဲလ်ကနေ... Continue Reading →

အချက်တစ်ခုကြောင့် ကြန့်ကြာလာနိုင်တဲ့ တန်ဂန်းဂါကို ခေါ်ယူမှု

အေစီမီလန်တို့ဟာ စပါးရဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ တန်ဂန်းဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ကာ အသင်းနှစ်သင်းအကြားမှာလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ စပါးအသင်းဖက်က တောင်းဆိုလာတဲ့ အချက်တစ်ချက်ကြောင့် ဒီအပြောင်းအရွှေ့ ကိစ္စဟာ ထင်ထားတာထက် ကြန့်ကြာလာနိုင်ကာ ဆွေးနွေးရမှုတွေ ပိုများလာ နိုင်တယ်လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ စပါးတို့ဟာ တန်ဂန်းဂါကို မီလန်ထံ အငှားချဖို့ သဘောတူပြီး အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းရေးကိုလည်း သဘောတူကြပါတယ်။ သတင်းတွေအရ အမျိုးမျိုး ကွဲပြားနေပေမဲ့ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၆ သန်းကနေ ပေါင် ၂၂ သန်းအကြားမှာ စပါးတို့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စာချုပ်မှာ စပါးတို့ဖက်က ထည့်သွင်းလိုတဲ့ အချက်တစ်ချက်ကို မီလန်တို့က ပြန်လည်စဉ်းစားနေပါတယ်။ အဲဒါကတော့... Continue Reading →

Website Powered by WordPress.com.

Up ↑