အငှားထွက်ကစားဖို့ ဘာလို့ဆုံးဖြတ်ခဲ့တာလဲဆိုတာ ပြောပြခဲ့တဲ့ ဖလောရက်စ်

အသက်၁၈နှစ်အရွယ် မာဆယ်လို ဖလောရက်စ်က ဒီ‌နွေမှာ အာဆင်နယ်ကို ခေတ္တစွန့်ခွာပြီး ရီးရဲလ်အိုဗီဒိုအသင်းဆီ အငှားထွက်ကစားတော့မှာ ဖြစ်ပါတယ်။

သူသာ အလားအလာတွေ အများကြီးရှိတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး သိပ်မဝေးတော့တဲ့ အနာဂတ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရဖို့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အရမ်းငယ်ရွယ်သေးတဲ့ အချိန်မှာ အငှားထွက်ကစားတယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ကနေဒီယန်နွယ်ဖွားလူငယ်လေးဟာ သူဘာလုပ်နေတာလဲဆိုတာ ကောင်းကောင်းသိပြီး ဒီလို အရမ်းငယ်ရွယ်သေးတဲ့ အချိန်မှာ  အငှားထွက်ကစားခဲ့တာဟာ အဆင့်ကျော်တက်လိုက်သလိုပဲဆိုတာ ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး ဒီလိုအငှားထွက်ကစားတာဟာ သူ့ရည်မှန်းချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လူငယ်ပြိုင်ပွဲတွေကနေ ကြေးစားလိဂ်တစ်ခုကို ကူးပြောင်းရတာဟာ ဖလောရက်စ်အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။“ဒါဟာ အဆင့်ကျော်တက်လိုက်သလိုပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေက ကြီးပါတယ်။” လို့ မက္ကဆီကိုသားလေးက ပြောပါတယ်။

“‌ ကျွန်တော်ကောင်းကောင်းကစားနိုင်တယ်ဆိုတာ ပြချင်တယ် .. ပြီးတော့ ဘာတွေပဲလာလာ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။အသင်းအတွက် ကျွန်တော့်အတွက် အလုပ်ကြိုးစားသွားမှာပါ၊ဘောလုံးမှာ ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာ ပြသဖို့ အတွက်ပေါ့

“Oviedoက ကျွန်တော့်ကို အလိုရှိတယ်နေတယ်လို့ ပြောခဲ့ပါတယ်။ဒီ့နောက်မှာတော့ ကျွန်‌တော်နဲ့ ကျွန်တော်မိသားစုတို့ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ပါတယ်။

စပိန်မှာ ကစားနေတဲ့ ကျွန်တော့်သူငယ်ချင်းတွေ ရှိပြီး Oviedo မှာ ကျွန်တော်စတင်ကစားတော့မှာကို သူတို့က ၀မ်းသာနေကြပါတယ်။ Primeira နဲ့ Seganda တို့စာ အရမ်းကောင်းတဲ့ လိဂ်‌တွေလို့ သူတို့က ပြောကြပါတယ်။ ကျွန်တော်အနေနဲ့ ဒီမှာ ပျော်ရွှင်သင့်ပြီး ဘာလုပ်ရမလဲမဆိုတာကို ကျွန်‌တော်သိတဲ့အတိုင်းလုပ်ဖို့ (ဘောလုံးကို ကိုယ်သိထားတဲ့အတိုင်း ကစားဖို့) ပြောပါတယ်”

ဖလောရက်စ်ဟာ အသက်၁၈နှစ်အရွယ်နဲ့ စပိန်ဆီဂန်ဒါလိဂ်မှာ အများကြီးလုပ်ပြနိုင်မယ်လို့တော့ မျှော်လင့်လို့မရသေးပါဘူး။ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် သူ့ရဲ့ စွန့်စားခန်းဟာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေရဲ့ အောင်မြင်မှု ခြေလှမ်းအစ တစ်ခုဖြစ်လာမလာဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: