တိုင်လီမန်းစ် အနှစ်ချုပ်

အာဆင်နယ်ဟာ လက်ရှိအချိန်အထိ တိုင်လီမန်းစ်ကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းဆီ ကမ်းလှမ်းမှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

လက်ရှိနွေအပြောင်းအရွှေ့ကာလ အစောပိုင်းကတည်းက အာဆင်နယ်ဟာ ဘယ်လ်ဂျီယံကွင်းလယ်လူကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အသက်၂၅နှစ်အရွယ်ကစားသမားကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဂန်းနားတွေရဲ့ကမ်းလှမ်းမှုကို စောင့်မျှော်နေခဲ့တာပါ။

လက်စတာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ တိုင်လ်မန်းဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လက်စတာအသင်းရဲ့ ဥက္ကဌ Aiyawatt Srivadhanaprabha ကို မေးမြန်းခဲ့ရာမှာတော့ သူဟာ မီဒီယာတွေကို ခုလိုပဲ ဖြေကြားခဲ့ပါတယ်။

အခုထိ ဘာကမ်းလှမ်းမှုမှ မရှိသေးပါဘူး။တိုင်လီမန်းစ်ရဲ့  အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာမှ သေသေချာချာ မရှိသေးပါဘူး။ 

ဒါပေမယ့် နာမည်ကျော်ဂျာနယ်လစ်တွေကတော့ တိုင်လီမန်းစ်ဟာ  အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်နေတယ်လို့ ယုံကြည်နေကြဆဲပါပဲ။ သတင်းထောက် ဒင်းဂျုန်းစ်က “  ကျွန်တော်က တိုင်လီမန်းစ်က အာဆင်နယ်ရဲ့ ပစ်မှတ်လို့ တောက်လျောက်ပြောခဲ့ပါတယ်။  အခုလဲပဲ အာဆင်နယ်တို့ရဲ့ ပစ်မှတ်အဖြစ်ရှိနေဆဲပါ “  The Done Deal Show ကနေတဆင့် သူသိထားတာကို ဖွင့်ဟလာခဲ့ပါတယ်။

အပြောင်းအရွှေ့ စပါယ်ရှယ်လစ် ရိုမန်နိုကတော့ အာဆင်နယ်အသင်းရဲ့ တိုင်လ်မန်းအပေါ် ကြိုးစားနေမှုနဲ့ ပတ်သက်ပြီး ခုလို ပြောပြလာခဲ့ပါတယ်။

သူတို့ (အာဆင်နယ်ဟာ) မတူညီတဲ့ နယ်ပယ်တွေမှာ အာရုံစိုက်နေကြတယ်။ ဇင်ချန်ကို ကိုခေါ်ယူဖို့အတွက် သူတို့ အလုပ်လုပ်နေခဲ့ပြီး ခေါ်ယူနိုင်ခဲ့ပါပြီ။တိုင်လီမန်းအတွက် ကစားသမားနဲ့ နီးစပ်တဲ့ သူတွေနဲ့ အာဆင်နယ်ဟာ ဆက်သွယ်နေဆဲပါပဲ။ဒါပေမယ့် လက်စတာအသင်းကိုတော့ တရား၀င် ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။

ဒီတော့ အခြေအနေက ရှင်းပါတယ်။သူတို့ တိုင်လ်မန်းကို စိတ်၀င်စားနေတယ်၊ ဒါပေမယ့် မကမ်းလှမ်းရသေးပါဘူး။

တိုင်လီမန်းကဘက်က ကြည့်ရင်တော့ အာဆင်နယ်ဟာ သူ့ကို တရား၀င်မကမ်းလှမ်းရသေးတာကြောင့် အခြားအသင်းတွေက  သူ့ကိုခေါ်ယူဖို့ စိတ်၀င်စားလာနိုင်ပါတယ်။ ဒီတော့ အခြေအနေကတော့ တိုင်လီမန်းစ်ဘက်က ကမ်းလှမ်းမှုတွေအတွက် တံခါးဖွင့်ထားပါတယ်။ သူက စာချုပ်သက်တမ်းတစ်နှစ်ပဲ ကျန်တော့တာပါ

လောလောဆည်တော့ သူဟာ လက်စတာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိသေးပါဘူး။စက်တင်ဘာလလောက်ကျရင်တော့ အခြေအနေအပြောင်းအလဲတစ်ခုရှိလာမလား ကျွန်တော်တို့ တွေ့ရမှာပါ။လောလောဆည်တော့ သူဟာ အပြောင်းအရွှေ့ဈေးကွက်အပေါ် အာရုံစိုက်နေဆဲပါပဲ။သူ အသင်းပြောင်းချင်နေပါတယ်။

ကစားသမားဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို စောင့်နေတယ်ဆိုတာကို ရိုမန်နိုက ထပ်မံအတည်ပြုပေးခဲ့ပါတယ်။လာမယ့် သီတင်းပတ်တွေမှာတော့ အာဆင်နယ်ဟာ တိုင်လ်မန်းကို တကယ်ပဲ ကမ်းလှမ်းတော့မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: