အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက ဒီနွေမှာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အဆင့်အထိပဲ ရောက်ခဲ့တယ်လို့ ၀န်ခံလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရာဖင်သာကို ဥရောပအသင်းအများအပြားက ဒီနွေမှာ စိတ်၀င်စားနေခဲ့ကြတာ ဖြစ်ပါတယ်။
နွေအပြောင်းအရွှေ့ကာလအစောပိုင်းမှာ အာဆင်နယ်ဟာ လိဒ်စ်ယူနိုက်တက်ကနေ ရာဖင်ဟာကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ အပြိုင် ချဲလ်ဆီးဟာလည်း ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီး ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို လိဒ်ယူနိုက်တက်က လက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
ဒါပေမယ့် ဘရာဇီးလ်လက်ရွေးစင်ကတော့ ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်တာကြောင့် လန်ဒန်ကလပ်တွေအနေနဲ့ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ မအောင်မြင်ခဲ့ရပါတယ်။
အာဆင်နယ်အနေနဲ့ ရာဖင်ဟာကို ခေါ်ယူဖို့ ဘယ်လောက်နီးစပ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး Sky Sports ရဲ့ မေးမြန်းမှုကို အီဒူးက ခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ဒေကို(ရာဖင်ဟာရဲ အေးဂျင့်)နဲ့ ကျွန်တော်တို့ ပြောဆိုဆွေးနွေးမှု အချို့ ရှိခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ဒေကိုက သူရဲ့အေးဂျင့်ဖြစ်ပြီး ကျွန်တော့်မှာ သူနဲ့ နီးစပ်တဲ့ ဆက်ဆံရေးတစ်ခု ရှိပါတယ်။ကျွန်တော်တို့က သူငယ်ချင်းတွေပါ“
“ကျွန်တော်သူ့ကို ဒီလိုပြောခဲ့တာပေါ့–ရာဖင်ဟာရဲ့ အခြေအနေလေး မင်းငါ့ကို ရှင်းပြလို့ရမလား– သူကတော့ ရှင်းရှင်းလင်းလင်းပဲ ကျွန်တော့်ကို ပြောခဲ့ပါတယ် – အီဒူးရေ၊ မင်းနဲ့ ငါ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်ကွာ၊ ဒါပေမယ့် ငါ မင်းကို ညာမှာ မဟုတ်ဘူး။ သူရဲ့ အကြံအစည်က ဘာစီလိုနာကို သွားဖို့ပဲ ၊ဘာလို့လဲဆိုတာ ဒါက သူ့ရဲ့ အိပ်မက်ပဲ။ ငါတို့ဘာစီလိုနာနဲ့ စကားပြောနေခဲ့တာလည်း ကြာပြီ တဲ့“
“ဟုတ်ပြီ၊ ကျေးဇူးအရမ်းတင်တယ်ကွာ၊ တစ်ခုခုဖြစ်ခဲ့ရင်လည်း(ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ ဖြစ်မဖြစ်) ငါ့ကို သိခွင့်ပေးကွာ၊ဘာလို့လဲဆိုတော့ ဒါမှသာ အခြေအနေကို ငါနားလည်ပြီး လှုပ်ရှားနိုင်မှာ ၊ ဘာပြဿမှမရှိခဲ့ရင်လည်း ကိစ္စမရှိပါဘူး။ငါတို့ အရင်လိုပဲ အခင်အမင်မပျက်နေကြတာပေါ့ လို့ ကျွန်တော်ပြောခဲ့ပါတယ်“
ဘာစီလိုနာ ကစားသမားဟောင်းဖြစ်တဲ့ ဒေကိုဟာလည်း ရာဖင်ဟာရဲ့ အိပ်မက်တွေဖြစ်လာဖို့၊ အသင်းဟောင်းလည်း ငွေကြေးအခက်အခဲ အဆင်ပြေစေဖို့ ဘာစီလိုနာဆီကနေ အေးဂျင့်ခ မယူပဲ အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကူညီခဲ့တယ်လို့ သိရပါတယ်။
Leave a Reply