မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားမာရက်ဇ်က မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်လာမယ့်အသင်းတွေကို ရာသီမစသေးခင်မှာပဲ သတိပေးမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။
အသက်၃၁နှစ်အရွယ်အယ်လ်ဂျေးရီးယားသားဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၈ပွဲကစား၊ ၁၁ဂိုးသွင်း၊ငါးကြိမ်ဂိုးဖန်တီးမှုပြုလုပ်ပြီး အသင်းကို နှစ်နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးရာသီ နောက်ဆုံး ငါးရာသီမှာ လေးကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံပစ်မှတ်ထားနေပြီး သုံးနှစ်ဆက်ချန်ပီယံဖြစ်လာဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
မကြာသေးခင်က မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ မာရက်ဇ်ဟာ Daily mailနဲ့ တွေ့ဆုံခဲ့ရမှာတော့
“ကျွန်တော်တို့ တကယ်ပဲ ထပ်ပြီး အနိုင်ရချင်ပါသေးတယ်။ရာသီစတဲ့အခါ ကျွန်တော်တို့ ထပ်ကြိုးစားသွားဦးမှာပါ။ဒါက ကျွန်တော့်တို့အတွက် ကြီးမားတဲ့ motivation ပါပဲ။ ဒီနှစ်ကတော့ လွယ်မှာပဲ ၊အေးဆေးသွားလို့ရမှာပဲ လို့တစ်ခါမှ ကျွန်တော်တို့ တစ်ခါမှ မတွေးဖူးပါဘူးယ။ရာသီအစကတည်းက ရာနှုန်းပြည့် အားစိုက်ထားတာပါ။ ဘာလို့လဲဆိုဆိုတော့ ကျွန်တော်တို့ အနိုင်ရချင်လို့ပါ။ဒီလို စိတ်ဓာတ်တွေနဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ထားကြတာပါ။“
“အက်စတွန်ဗီလာနဲ့ ကန်ခဲ့ရတဲ့ ရာသီနောက်ဆုံးနေ့တုန်းက ကျွန်တော် တွေးနေခဲ့တာပေါ့ –ငါတို့ဒီမှာ ဘာသောက်တလွဲလုပ်နေတာလဲပေါ့၊ အိမ်ကွင်းမှာ ကစားနေပြီး ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တယ်။ တစ်ခါတစ်ရံ ခံစားချက်မကောင်းတဲ့ ကစားပွဲတွေ ရှိတတ်ပါတယ်။ အဲ့ဒီနေ့က ကျွန်တော်မကောင်းခဲ့ပါဘူး။အခြားသူတွေ ၀င်လာပြီး ကျွန်တော်တို့ကို အနိုင်ရအောင်ကူညီပေးခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အသင်းပါပဲ“
နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးရဲ့ အဓိကပြိုင်ဘက်ဖြစ်လာတဲ့ လီဗာပူးလ်ကလည်း ဒီရာသီမှာ ဒါ၀င်နူညက်ဇ်အပါအ၀င် အခြားသောကစားသမားအချို့ကို ခေါ်ယူပြီး အင်အားဖြည့်တင်းထားပါတယ်။ ယာဂင်ကလော့ပ်ဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကိုအရယူဖို့ကြိုးစားလာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ဂျေးဆူကလည်း အသင်းကို များစွာ အကြိုးပြုမယ့်ပုံစံမှာရှိနေပါတယ်။
Leave a Reply