ပြီးခဲ့တဲ့နွေမှာ အာတီတာဟာ အသင်းရဲ့လူစာရင်းတစ်၀က်လောက်ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အာတီတာရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ အများကြီးတိုးတက်လာခဲ့ပေမယ့် ရာသီကုန်မှာတော့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။
ဒီနွေမှာတော့ အသင်းရဲ့လူစာရင်းကို ဇင်ချန်ကို၊ ဂျေးဆု၊မတ်တာနာ၊ ဗီအဲရာ၊ မာကွင်ဟိုတို့နဲ့ အားဖြည့်ထားခဲ့ပြီး ဆာလီဘာကလည်း အငှားကနေ ပြန်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအသင်းရဲ့လူစာရင်းဟာ မနှစ်ကထက် သာလွန်ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိပါတယ်။
မနှစ်က နွေရာသီမှာ အသင်းကို အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ မာတင်အီုဒီဂတ်ဟာ အချိန်တိုအတွင်းမှာပဲအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပြီး ကပ္ပတိန်ရာထူးကိုပါ တာ၀န်ယူထားပြန်ပါတယ်။ အသင်းရဲ့ရာသီကြို ပြင်ဆင်မှုတွေ ၊ ကစားသမားခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို မေးမြန်းခဲ့ရာမှာတော့ အိုဒီဂတ်က ခုလို ဖြေဆိုခဲ့ပါတယ်။
“အသစ်ခေါ်ယူခဲ့တဲ့ကစားသမားတွေဟာ တကယ်ကို ကောင်းမွန်လွန်းပါတယ်။သူတို့ဟာ အလုပ်ကြိုးစားနေကြပြီး ပင်ကိုယ်အကျင့်စရိုက်ကောင်းသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသင်းဆီ ကောင်းမွန်တဲအရာတစ်ခုခုကို ယူဆောင်လာမှာပါ“
“ဖေဘီယိုမှာတော့ ဒဏ်ရာပြဿနာရှိနေခဲ့ပါတယ်။ မတ် (တာနာ) နဲ့ ဂတ်ဘီ(ဂျေးဆု)တို့က ခြေစမ်းပွဲတွေမှာ ကောင်းကောင်းကစားပြခဲ့တာကို ကျွန်တော်တို့ မြင်ခဲ့ရပြီးပါပြီ။သူတို့အားလုံးဟာ အသင်းအတွက် ကစားသမားကောင်းတွေလို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ကျွန်တော့်အတွက် ရှေ့တန်းမှာ ဂတ်ဘီနဲ့ နီးနီးကပ်ကပ်ကစားရတာဟာ တကယ်ကို ပျော်ဖို့ ကောင်းမယ်လို့ ထင်ပါတယ်“
“အသင်းမှာရှိနေတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အမြဲတိုးတက်အောင် လုပ်လို့ရပါတယ်။အသစ်ရောက်လာတဲ့ ကစားသမားတွေဟာ အသင်းဆီ ကောင်းမွန်တဲ့အရာတစ်ခုခု ယူဆောင်လာမှာပါ၊စွမ်းအင်တွေ၊ ပင်ကိုယ်အကျင့်စရိုက်ကောင်းတွေပေါ့“
“သူတို့ဟာ ကောင်းမွန်တဲ့ ခံစားချက်တွေကို ယူဆောင်လာပါတယ်။ကွင်းထဲမှာပဲ ဖြစ်ဖြစ် ၊ကွင်းပြင်မှာပဲ ဖြစ်ဖြစ်၊ အသင်းကို push လုပ်ပေးတယ်။ဒါဟာ အသင်းအတွက် အရေးကြီးပါတယ်“
“ပြီးခဲ့တဲ့ရာသီ အဆုံးသတ်မှာ ထိပ်သီးလေးသင်းစာရင်းမ၀င်ခဲတဲ့အတွက် ကျွန်တော်တို့ တကယ်စိတ်ပျက်ခဲ့ရပါတယ်။အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာ ရှိနေခဲ့တာပါ၊ ဒါ့ကြောင့် တကယ်စိတ်ပျက်စရာကောင်းခဲ့ပါတယ်။အခုကတော့ ဆာလောင်နေတဲ့ အာဆင်နယ် တဖန်ပြန်လာတာကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်“
အာဆင်နယ်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲအခြေအနေတွေဟာ ရလဒ်ပိုင်းဆိုင်ရာအရ အားရဖွယ်ကောင်းနေပြီး ၊ ကစားပုံကလဲ ကောင်းမွန်တဲ့အခြေအနေတရပ်ကိုဦးတည်နေတယ်လို့ ယူဆနေကြပါတယ်။နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုဒီဂတ်ဟာလည်း အသင်းရဲ့ အမြဲတန်း ကပ္ပတိန်ဖြစ်လာဖို့ရှိနေပါတယ်။
Leave a Reply