တရားဝင်မကြေငြာရသေးတဲ့​ ကစားသမားသစ်ကို ချီးမွမ်းခန်းဖွင့်လာတဲ့ အာတီတာ

ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းရဲ့  ရာသီကြိုခရီးစဉ်ကို လာရောက်ပူးပေါင်းနေပြီဖြစ်ပေမယ့် အသင်းရဲ့ တရား၀င်မီဒီယာတွေမှာတော့ အာဆင်နယ်ဟာ ဇင်ချန်ကို ကို ခေါ်ယူလိုက်ပြီလို့ ခုထိ ကြေညာထားခြင်းမရှိသေးပါဘူး။ 

အာတီတာက  ဇင်ချန်ကိုရဲ့ အပြောင်း‌အရွှေ့နဲ့ ပတ်သက်ပြီး အသင်းရဲ့ တရား၀င်၀က်ဘ်ဆိုက်မှာ ပထမဆုံးအနေနဲ့ ပြောပြလာခဲ့ပါတယ်။ 

ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ သူအခုဒီကို ရောက်နေပါပြီ။ အားလုံးပြီးသွားဖို့(ခေါ်ယူနိုင်လိုက်ပြီဆိုတာ တရား၀င်ကြေညာဖို့လုပ်ငန်းစဉ်အနည်းငယ် ကျန်နေပါသေးတယ်။ ဒါပေမယ့် သူ အသင်းမှာ ရှိတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ၀မ်းသာမိပါတယ် 

ကျွန်တော် သူ့ကို ကောင်းကောင်းသိပါတယ်။သူဟာ ခြွင်းချက်မရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့အ၀တ်လဲခန်းထဲကို ပြိုင်ဆိုင်မှုတစ်ခုယူ‌ဆောင်လာမယ့် တစ်စုံတစ်ယောက်လည်း ဖြစ်ပါတယ်

Advertisements

ဇင်ချန်ကိုဟာ ခံစစ်ဘယ်အစွန်နဲ့ ကွင်းလယ်မှာ ကစားနိုင်စွမ်းရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း အာတီတာက ခုလို ဆိုပါတယ်။ 

နှစ်နေရာလုံးပါပဲ၊ နှစ်နေရာလုံးမှာ သူကစားနိုင်ပါတယ်။ သူ့ရဲ့ ကစားသမားဘ၀ အစောပိုင်းမှာ ကျောနံပါတ် ၁၀နေရာ ကစားတာပါ။နောက်ပိုင်းမှာတော့ ကျွန်တော်တို့လိုချင်တဲ့ကစားပုံအရ အများကြီးလုပ်ဆောင်နိုင်စွမ်းရှိတဲ့ ခံစစ်ဘယ်အစွန်နေရာမှာ သူ့ကို ကစားစေခဲ့ပါတယ်။ 

ဒီလိုနေရာစုံကစားနိုင်တာဟာ အသင်းအတွက် အရေးပါတဲ့ အရာဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ  full back မှာပဲ ကစားတဲ့ ကစားသမားတွေ ရှိနေတဲ့အတွက် ဇင်ချန်ကိုရဲ့ ကွင်းလယ်မှာပါ ကစားနိုင်စွမ်းရှိတာဟာ အသင်းအတွက် တကယ်အသုံး၀င်ပါတယ်

ဒီလို နေရာစုံကစားနိုင်တဲ့ ကစားသမား တွေရှိတဲ့အတွက် ကျွန်တော်တို့ အသင်းရဲ့ တည်ဆောက်ပုံတွေ၊ကစားကွက်တွေလည်း ပြောင်းလဲဖို့လွယ်ကူသလို ကစားသမားတွေကိုလည်း အလှည့်ကျ အသုံးပြုတာမျိုး၊ကစားသမားတစ်ယောက်တည်းကိုပဲ မတူညီတဲ့ နည်းလမ်းနဲ့ ကစားစေတာမျိုးတွေ ပြုလုပ်နိုင်မှာပါ။ 

ကိုယ့်အသင်းရဲ့ ကစားကွက်၊ဗျူဟာတွေကို တစ်ဖက်အသင်း ခန့်မှန်းဖို့ ခက်ခဲအောင်ပြုလုပ်နိုင်တာဟာ တကယ်အရေးကြီးပါတယ်။ဒါကြောင့် ဒီလိုနေရာစုံဆော့နိုင်တဲ့ ကစားသမားတွေကို ကျွန်တော်တို့ ခေါ်ယူခဲ့တာပါ

ယခုရာသီမှာ ဂန်းနားတို့ဟာ ကြိုတင်ခေါ်ယူခဲ့တဲ့  မတ်တာနာ ၊ ထရပ်စ်တီ ( ဘာမင်ဂမ်သို့အငှား) ၊ မာကွင်ဟို့စ် ၊  ဂျေးဆူ ၊ ဗီအဲရာ တို့အပါအဝင်  ဇင်ချန်ကိုဟာလည်းပဲ အရေးပါတဲ့ တစ်နေရာကနေပါဝင်လာဖို့ရှိပါတယ်။ ပရိတ်သတ်တွေကတော့ ကွင်းလယ်ကစားသမားတစ်ယောက်ကို ထပ်ပြီးလိုချင်နေကြပါသေးတယ်။ သတင်းများအရ လိုင်ယွန်ရဲ့ ပါကွေးတားနဲ့  လက်စတာရဲ့ တိုင်လီမန်းစ်တို့က ရေပန်းစားနေကြပါတယ်။  

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: