ဘာစီလိုနာဟာ သူတို့ရဲ့ပစ်မှတ်ကစားသမား ဂျူးလ်စ်ကွန်ဒီကို ချဲလ်ဆီးနဲ့အပြိုင်ဖြစ်နေတဲ့အတွက် ကစားသမားအသစ်တွေကို ခေါ်ယူဖို့ ပစ်မှတ်ထာ ကြိုးစားလာတော့မှာ ဖြစ်ပါတယ်။ စပိန်ထိပ်သီးအသင်းရဲ့ ပစ်မှတ်ထဲမှာ အာဆင်နယ်ခံစစ်မှူး ဝီလီယံဆာလီဘာဟာ ပါ၀င်လာခဲ့ပါတယ်။
၂၀၁၉ခုနစ်မှာ အာဆင်နယ်ကို ပေါင်၂၇သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲသူ ဆလီဘာဟာ ၃နှစ်ဆက်တိုက် အခြားအသင်းတွေဆီ အငှားထွက်ကစားခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာတော့ မာဆေးလ်နဲ့အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မာဆေးလ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို ပြင်သစ်လီဂူး၀မ်းရဲ့ တစ်နှစ်တာအကောင်းဆုံး အသင်းမှာလည်း ပါ၀င်ခဲ့ပါတယ်။
ပြင်သစ်လီဂူးကလပ်ဟာ ဆလီဘာကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အာတီတာကတော့ သူ့ရဲ့ ကစားသမားကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။ လက်ရှိမှာတော့ ဆလီဘာဟာ အသင်းနဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေအတွက် အမေရိကန်မှာ ရှိနေပါတယ်။
စပိန်အားကစားဂျာနယ်လစ် ဖြစ်သူ ဂျာရတ် ရိုမဲရိုးရဲ့ အဆိုအရ ဘာစီလိုနာဟာ ဂျူးလ်စ်ကွန်ဒီကို မခေါ်ယူနိုင်ခဲ့ရင် ဆလီဘာကို ခေါ်ယူဖို့အတွက် စိတ်၀င်စားနေတယ်လို့ သိရပါတယ်။
ဆာလီဘာအနေနဲ့ ဘာစီလိုနာရဲ့ စိတ်၀င်စားမှုကို ဘယ်လိုတုံ့ပြန်တိုင်မလဲဆိုတာ မသိပေမယ့် ပြင်သစ်လက်ရွေးစင်ခံစစ်မှူးတစ်ဦးကို ဈေးပေါပေါနဲ့ မရနိုင်တာကို ကတ်တလန်အခြေစိုက်အသင်းအနေနဲ့ သတိပြုရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေး အခက်အခဲတွေရှိနေတဲ့ ဘာစီလိုနာအနေနဲ့ ဆလီဘာခေါ်ယူဖို့အတွက်ဆိုရင် အနည်းဆုံး ပေါင်သန်း၄၀နဲ့အထက် ပေးချေရမှာ ဖြစ်ပါတယ်။

Leave a Reply