အေးဂျင့်ကို အလုပ်ဖြုတ်ခဲ့တဲ့ အဆန်စီယို

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမား မားကို့စ်အဆန်စီယိုဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖို့အတွက် အေးဂျင့်‌အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။  အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် စပိန်သားဟာ ဘာနေဗျူးကို စွန့်ခွာလိုနေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ သူ့ကို အသင်းမှာ ဆက်ထိန်းသိမ်းထားလိုနေပေမယ့် စာချုပ်သစ်အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရခဲ့ပါဘူး။ 

အဆန်စီယိုဟာ အာဆင်နယ်ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး ဒီနွေမှာလည်း ဂန်းနားတွေဟာ အဆန်စီယိုကို အမ်းမရိတ်ဆီခေါ်ဆောင်ဖို့ ထပ်မံကြိုးစားလာဖွယ်ရှိပါတယ်။ ဒါ့အပြင် အေစီမီလန်အပါအဝင် အခြားသောအသင်းများစွာနဲ့လည်းမကြာခနသတင်းထွက်လေ့ရှိပါတယ်။

Advertisements

The Sun ရဲ့အဆိုအရ အန်ဆယ်လော့တီရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲ့နေတဲ့ အဆန်စီယိုဟာ ဘာနေဗျူးကနေ ထွက်ခွာဖို့ အပူတပြင်းကြိုးစားနေပြီး သူရဲ့အေးဂျင့်အသစ် ပြောင်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသင်းပြောင်းဖို့ သက်သက်မဟုတ်ပဲ အခြားအကြောင်းအရာတွေကြောင့် အေးဂျင့်အပြောင်းအလဲလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ 

အသက်၂၆နှစ်အရွယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့သူ ဖြစ်တာကြောင့် အာဆင်နယ်ကိုသာ ရောက်ရှိလာခဲ့ရင် အသင်းအတွက် အများကြီးအကျိုးပြူနိုင်မယ့် ကစားသမား ဖြစ်လာမှာပါ။ 

ဒါပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်မရထားဘူးဆိုတဲ့ အချက်က အဆန်စီယို ခေါ်ယူဖို့အတွက် အခက်အခဲတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ တဖက်မှာလည်း ဂန်းနားတို့ရဲ့ တက်ရိပ်ပြမှုဟာ ဆွဲဆောင်မှုတစ်ခုဖြစ်နေပြန်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: