သတင်းတွေအရ တော့တင်ဟမ်ဟော့စပါးဟာ ဘာစီလိုနာ တိုက်စစ်ကစားသမား ဒီပေးကို ခေါ်ယူဖို့ တရား၀င်ကြိုးစားလာပြီလို့ သိရပါတယ်။ ဒီရာသီမှာ စပါးအသင်းခြေလှမ်းသွက်ပုံကတော့ ချီးကျူးစရာပါပဲ။
၂၈နှစ်အရွယ်ကစားသမားဟာ နိုင်ငံအသင်းမှာ ပွဲ၈၀ကစားကာ ၄၂ဂိုးသွင်းယူထားတဲ့ မှတ်တမ်းကောင်း ရရှိထားသူ ဖြစ်ပါတယ်။အန်တိုနီယို ကွန်တီက ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခက်အခဲကို အခွင့်ကောင်းယူပြီး နယ်သာလန်သားကို ပရီးမီးယးလိဂ်ဆီ ခေါ်ယူဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။
ဒီပေးနဲ့ ပရီးမီးယားလိဂ်ဟာ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ PSVကနေ မန်ယူကို ပေါင်သန်း၃၀နဲ့ ပြောင်းရွှေ့လာခဲ့ဖူးတဲ့ ဒီပေးဟာ အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၅၃ပွဲမှာ ၇ဂိုးသွင်း၊ ၆ကြိမ်ဂိုးဖန်တီးမှုသာ ပြုလုပ်နိုင်ခဲ့ပါတယ်။ မန်ယူကနေ လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပြင်သစ်မြေမှာတော့ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာလီဂါဘီလူးတွေက သူ့ကို နျူးကမ့်ဆီ ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဒီနွေမှာ ရာဖင်ဟာကို ခေါ်ယူခဲ့ပြီးဖြစ်သလို လီ၀န်ဒေါစကီးကိုလည်း ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားအချို့ကို ပြန်လည်ရောင်းချဖို့ လိုနေပြီး ဒီပေးက အသင်းရဲ့ အရောင်းစာရင်းထဲမှာ ပါ၀င်လာခဲ့ပါတယ်။
စပါးဟာ ဒီပေးရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာက သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း၂၀အလိုရှိနေပေမယ့် စပါးကတော့ ယူရို၁၇သန်းသာ ပေးချေဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
ဒီပေးဟာ ပြီးခဲ့တဲ့ ရာသီ လာလီဂါဟာ ၂၈ပွဲကစားကာ ၁၂ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘယ်တောင်ပံကနေ ထိုးဖောက်မှုတွေပြုလုပ်ရာမှာတော့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့ပါတယ်။
Leave a Reply