Mirror ကဖော်ပြလာတဲ့ အသင်းကြီးတွေ အလွတ်ခေါ်လို့ရမယ့် ကစားသမား ၅ဦး

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ကစားရတော့မှာ ဖြစ်တာကြောင့် လူအင်အားကို အလုံးအရင်းနဲ့ ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘန်ဝိုက်၊ အော်ဒီဂတ်၊ ရမ်စဒေးတို့ကို သန်းတစ်ရာသုံးပြီး ခေါ်ယူခဲ့သလိုမျိုး လာမယ့်အပြောင်းအရွှေ့မှာလည်း လုပ်ပြဖို့လိုနေပါပြီ။ ထို့အတူ မန်ချက်စတာယူနိုက်တက်ကလည်းပဲ ပြန်လည်တည်ဆောက်ရေးကာလအတွက် ကစားသမားတွေကို အများကြီးခေါ်ယူမယ့်ပုံပါပဲ။ ဘာစီလိုနာအသင်းကလည်း  အပြောင်းအရွှေ့စျေးကွက်မှာ  သေချာပေါက်ပွဲကြမ်းဦးမှာပါ။ ဒါ့ကြောင့်လည်း အဆိုပါအသင်းတွေဟာ ခုကတည်းက ကစားသမားအတော်များများနဲ့ ချိတ်ဆက်နေပြီဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေခဲ့ပါတယ်။

Mirror သတင်းဌာနကတော့  အလွတ်ခေါ်ယူလို့ရတဲ့ ကစားသမား ၅ယောက်စာရင်းကို ခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။

ဆမ်ဂျွန်စတုန်း

ရမ်းစဒေးကို မခေါ်ခင်ကတည်းက အာဆင်နယ်ဟာ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့ စဥ်းစားခဲ့ဖူးပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာတော့ အဆိုပါ အင်္ဂလန်လက်ရွေးစင်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို အာဆင်နယ်အသင်းကလည်း ဘန့်လီနိုထွက်ခွါမှာ ဖြစ်လို့ အစားထိုး ခေါ်ယူနိုင်ချေ ရှိလာပါတယ်။

ပေါ်လိုဒီဘားလား

ဒီဘားလားက အလွတ်နဲ့ ဂျူဗင်တပ်စ်က ထွက်ခွါမှာ ဖြစ်သလို သူ့ကိုခေါ်ယူချင်တဲ့ အသင်းတွေကလည်း တန်းစီလို့နေပါတယ်။ အထူးသဖြင့် အာလင်းဟာလန်းကို လက်လွှတ်ထားရတဲ့ ဒေါ့မွန်က စိတ်ဝင်စားနေပြီး အခြား တိုက်စစ်မှုးလိုအပ်ချက်ရှိနေတဲ့ မန်ယူ၊ လီဗာပူးလ်၊ တို့နဲ့လည်း ယှဥ်လုရမှာ ဖြစ်တာကြောင့် ခက်ခဲနိုင်ပါတယ်။ ပြည်တွင်းပြိုင်ဖက်အင်တာမီလန်ကလည်း သူတို့ရဲ့တိုက်စစ်မှုးလော်တာရိုကို ရောင်းထုတ်ပြီး ဒီဘားလားကို ခေါ်ယူဖို့စီစဥ်နေတယ်လို့ဆိုပါတယ်။

အူစမာဒန်ဘီလီ

ဘာစီလိုနာမှာ ဒန်ဘီလီ စာချုပ်သက်တမ်း ကုန်ဆုံးပါပြီ။ သူ့ကို အမြဲတစေဒါဏ်ရာ ရနေတတ်တဲ့ ကစားသမားဆိုပြီး ဝေဖန်မှုတွေ ရှိပေမယ့် သူ့လိုကစားသမားကို အလွတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးကတော့ တကယ်ကြီး လက်မလွှတ်ချင်စရာပဲ ဖြစ်ပါတယ်။ ကစားသမားဟာ ယခုနှစ်မှာလည်း လိဂ်ပွဲ ၁၆ပွဲလောက် လွဲချော်ခဲ့တာတောင် လာလီဂါရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ၁၃ကြိမ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် အာဆင်နယ်စိတ်ဝင်စားရင် ကြိုးစားလို့ ရနိုင်ပြီး ဝီရှိင်းယား၊ ဒီယာဘီလက်သစ်မဖြစ်ဖို့တော့ မျှော်လင့်ရပါမယ်။  ချဲလ်ဆီးနည်းပြတူချယ်ကလည်း ဒန်ဘီလီကို ကြိုးစားဖွယ်ရှိပါတယ်။

ဘူဘာကာကာမာရာ

မာဆေးလ်ကွင်းလယ်လူ ဘူဘာကာ ကာမာရာလည်း ဒီရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွါတော့ပါမယ်။ ကွင်းလယ်အဖျက်ကစားတဲ့ အဆိုပါကစားသမားကို အာဆင်နယ်က သောမတ်စ်ပါတေး၊ ရှာခါတို့ရှိနေတဲ့ ကွင်းလယ်ဆီ ထပ်ပေါင်းထည့်မလားကတော့ စောင့်ကြည့်ရပါမယ်။ ကစားသမားကို အက်စတွန်ဗီလာကလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။ မန်ယူအသင်းနဲ့လည်း ပြီးခဲ့တဲ့ရာသီတုန်းက နာမည်ထွက်ခဲ့ဖူးပါတယ်။

အိန်ဂျယ်ဒီမာရီယာ

 ပီအက်စ်ဂျီတောင်ပံလူဟာ ဒီနှစ်ကုန်ရင် စာချုပ်ပြည့်ပါပြီ။ အသက်အရွယ်အရ ဘယ်မှာ ဆက်ကစားမလဲ မသိနိုင်သေးပေမယ့် ခြေစွမ်းအရတော့ သူ့စိတ်ကြိုက် ဘယ်ထိန်တန်းအသင်းမှာမဆို ကစားနိုင်နေပါသေးတယ်။

ဒါကတော့ The Mirror ကရွေးထုတ်ထားတဲ့ စာရင်းပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဂါရက်ဘေးလ်၊ ဒီဗော့အိုရီဂီ၊ ပေါလ်ပေါ့ဘာ၊ ဆာဂျီယိုရော်ဘတ်တို၊ အစ္စကို၊ လူကာမိုဒရစ်၊ ဆွာရက်စ် တို့လို ကစားသမားကောင်းတွေ အများကြီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: