တိုင်လီမန်းစ်နဲ့ပိုနီးစပ်လာကြောင်း The Sun ရေးသားလာ
အာဆင်နယ်အသင်းဟာ လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ တိုင်လီမန်းစ်ကိုခေါ်ယူဖို့ ပိုမိုနီးစပ်လာကြောင်း The Sun သတင်းစာက ဖော်ပြလာပါတယ်။ ကွင်းလယ်ကစားသမားများစွာနဲ့နာမည်ထွက်နေတဲ့ ဂန်းနားတို့ဟာ တိုင်လီမန်းစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ယခင်ကလဲတွေ့ဆုံဖူးပြီး ၊ အခုချိန်ထိလဲ ကစားသမားကိုပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ အဆိုပါသတင်းအရ အာဆင်နယ်ဟာ ပြောင်းရွှေ့ကြေး သန်း ၄၀ အထိသုံးစွဲဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဂျေးဆူကို တကယ်ခေါ်ချင်ရင်လွယ်တယ် လို့ ဂန္တဝင်သုံးသပ်
ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်းကြီး ပက်ဒီကင်နီက Football Insider နဲ့တွေ့ဆုံရာမှာ ဂါဘရီယယ်ဂျေးဆူနဲ့ပတ်သတ်ပြီးအခုလိုပဲပြောကြားလာခဲ့ပါတယ်။
“ အာတီတာသာတကယ်ခေါ်ချင်ရင် ဘာပြဿနာမှရှိမနေဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်။ ဂျေးဆူက ပွဲကစားခွင့်သာရရင် ကွင်းထဲမှာ အမြဲတန်းပုံစံကောင်းတွေပြသနိုင်နေသူဖြစ်ပါတယ်။ သူ့ရဲ့အရည်အသွေးကလည်း ပရီးမီးယားလိဂ်မှာ အဆင့်အတန်းမှီတာကြောင့် တိုက်စစ်မှုးလိုနေတဲ့ အာဆင်နယ်က လိုချင်တယ်ဆိုတာလဲ သဘာဝကျပါတယ် .. ကျွန်တော့်အထင်တော့ သူတို့ခေါ်ချင်ရင် လွယ်ကူပါလိမ့်မယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။
လိဒ်နဲ့ပွဲက လန်ဒန်ဒါဘီထက်အရေးကြီးကြောင်း လော်ရိုးပြောကြားလာ
BBC ရဲ့ ဝါရင့်သုံးသပ်သူ လော်ရိုးကတော့ အာဆင်နယ်အသင်းအတွက် လိဒ်နဲ့ရင်ဆိုင်ရမယ့်ပွဲဟာ ရာသီတစ်ခုလုံးအတွက် သိပ်ကိုကြီးကျယ်တဲ့ပွဲစဥ်ဖြစ်ကြောင်း ပြောပြလာပါတယ်။
“ အာဆင်နယ်ဟာ သူတို့ကံကြမ္မာ သူတို့ဖန်တီးရပါတော့မယ်။ ဒါဘီပွဲစဥ်ကိုထားလိုက်ပါတော့ .. အခုအရေးအကြီးဆုံးက လိဒ်နဲ့ပွဲပဲ .. ဒီပွဲက အခုရာသီရဲ့အကြီးမားဆုံးပွဲဖြစ်လာမှာပါ “ လို့မှတ်ချက်ပေးခဲ့ပြီး ဂန်းနားတို့ဟာ ဝက်စ်ဟမ်းနဲ့ပွဲကလိုပဲ ပုံစံကောင်းဆက်လက်ပြသရင်း ၂-၀ နဲ့အနိုင်ရမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။
တာဗာရက်စ်ကို စပါးအသင်းအသုံးချလာမှာစိုးရိမ်ကြောင်း ရေးပါလာပြောဆို
ဂန္တဝင်ကြီးရေးပါလာက အာဆင်နယ်အသင်းအတွက် နောက်ခံအစွန်လူနေရာကိုစိုးရိမ်ပူပန်မိကြောင်း TalkSport နဲ့တွေ့ဆုံရာမှာအခုလိုပြောပြလာပါတယ်။
“ တီယာနေ သာကစားနိုင်ရင် သိပ်ကိုအဆင်ပြေပါတယ်ဗျာ .. ဒါပေမယ့် သူကလဲ ဒဏ်ရာကြောင့် အသင်းအကျီနဲ့တူတူမတွေ့နိုင်ဘူးဖြစ်နေတယ်။ ခံစစ်ပိုင်းမှာတော့ တာဗာရက်စ်က သိပ်ပြီးကောင်းလှတယ်မဟုတ်ပါဘူး .. ဒါကအရိုးသားဆုံးပြောတာပါ။ သူအခုထက်ပိုပြီးတိုးတက်ရပါဦးမယ်။ နောက်ခံလူ ၃ ယောက်စနစ်မှာ သူကကောင်းပါတယ်။ ဒါပေမယ့် သူက ဘယ်နောက်ခံကစားသမားပါ … ကျွန်တော်ကတော့ စပါးအသင်းက တာဗာရက်စ်ဖက်ကနေပဲ တိုက်စစ်ဆင်သွားကြမှာပါကို ကြိုပြီးတွေးနေမိပါတယ် “ ဆိုပြီး ကြိုတင်စိုးရိမ်နေခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာကို ၂ ပတ်အတွင်းပြောင်းရွှေ့တော့မယ့် မီဒမ်မာ
အာဆင်နယ်အမျိုးသမီးအသင်းရဲ့ အဓိက တိုက်စစ်မှုး ဗီဗီယင်နီ မီဒမ်မာဟာ ဘာစီလိုနာအသင်းကို လာမယ့် ၂ ပတ်အတွင်းပြောင်းရွေ့တော့မှာဖြစ်ကြောင်း သတင်းထောက် Oriol Domenech ကို ကိုးကားပြီး Bleacher Reports က ရေးသားဖော်ပြလာပါတယ်။ အာဆင်နယ်အသင်းနဲ့အတူမှတ်တိုင်များစွာစိုက်ထူထားပြီး ၊ ဂိုးသွင်း စံချိန်များစွာတင်ထားတဲ့ တိုက်စစ်မှုးဟာ ဘာကာတို့ဆီကို အလွတ်နဲ့ထွက်ခွာမှာဖြစ်ကြောင်းလဲ သတင်းများက ဆိုပါတယ်။
Leave a Reply