လာကာဇက် ရာသီကုန်မှာ ထွက်ခွာသွားခဲ့ရင် ပြင်သစ်သားကြီးရဲ့ အသင်းခေါင်းဆောင်နေရာ ဆက်ခံသူ ဘယ်သူဖြစ်လာနိုင်မလဲဆိုတာ အရင်က ကျွန်တော်တို့ ငြင်းခုန်ခဲ့ဖူးကြပါတယ်။ အဲ့ဒီအချိန်တုန်းက ရမ်စ်ဒေးလ်၊ တီယာနေး၊ အိုဒီဂတ်၊ ဂါဘရီယယ်တို့ဟာ ဘောလုံးရာသီမှာ အသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ ရေပန်းအစားခဲ့ဆုံးသူတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မမျှော်လင့်ထားတဲ့အရာ ရှိပါတယ်။ အဲ့ဒါကတော့ ဂရင်းနစ် ရှာကာရဲ့ တကျော့ပြန် ကပ္ပတိန်ဖြစ်လာခြင်းကိုပါပဲ။၂၀၁၉မှာ ရှာကာဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ပြန်အရွဲ့တိုက် လှောင်ပြောင်ခဲ့ပြီး သူ့ရဲ့ ကပ္ပတိန်လက်ပတ်ကို မြက်ခင်းပေါ်ပစ်ချ၊အသင်းဂျာစီကို ချွတ်ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။ဒီပြဿနာပြီးတဲ့နောက် ၂၀၂၀မှာ ရှာကာဟာ အသင်းကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အာတီတာဟာ ဆွစ်ဇာလန်သားကြီးကို အသင်းမှာ ဆက်ရှိနေအောင် စည်းရုံးထားနိုင်ခဲ့ပြီး အခုဆို ရှာကာဟာ အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။
ရှာကာရဲ့နောက် အူဘာမီယန်း၊လက်ရှိမှာ လာကာဇက်တို့ဟာ အသင်းခေါင်းဆောင်အဖြစ် တာ၀န်ယူခဲ့ကြပါတယ်။ လက်ရှိမှာ လာကာဇက်ပွဲထွက်ခွင့်မရသလို ဒုတိယ အသင်းခေါင်းဆောင် တီယာနေးကလည်း ဒဏ်ရာရနေတာကြောင့် အာတီတာက အိုဒီဂတ်ကို အသင်းခေါင်းဆောင်အဖြစ် ရာသီကုန်အထိ တာ၀န်ပေးထားဖို့ ရှိနေပါတယ်။

လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ လာကာဟာ အမ်းမရိတ်ကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် အသင်းခေါင်းဆောင် လက်ပတ် ဆက်ခံသူအသစ်ကို အာတီတာဟာ ရွေးချယ်ရဖို့ ရှိနေပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလ်တစ်ခုမှာတော့ ရှာကာက သူဟာ အသင်းခေါင်းဆောင်အဖြစ် တဖန်တာ၀န်ထမ်းဆောင်ရမယ်ဆိုရင်လည်း အသင့်ဖြစ်နေတယ်ဆိုတဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံမှုမှာတော့ ဆွစ်ဇာလန်သားကြီးက
“ဒီအတွက်(ကပ္ပတိန်ရာထူးအတွက်) အသင့်မရှိတော့ဘူးလို့ ဘယ်တုန်းကမှ ကျွန်တော်မပြောခဲ့ပါဘူး။”
“အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ဟာ ကပ္ပတိန်လက်ပတ်မပါလည်း ဖြစ်နိုင်ပါတယ်၊ ကပ္ပတိန်လက်ပတ်မ၀တ်ထားဘဲနဲ့ ကစားသမားတွေနဲ့ ကစားပွဲကို ဦးဆောင်နိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။ဒါပေမယ့် တစ်နေ့မှာ အသင်းက တစ်ယောက်ယောက်ကများ ကျွန်တော့်ကို ကပ္ပတိန်လက်ပတ် မင်းယူမလားလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လက်ခံလိုက်မှာပါ။ဘာလို့လဲဆိုတော့ ဒါကို နောက်တစ်ခေါက်ထပ်လုပ်ကြည့်ဖို့ ကျွန်တော်အသင့်ဖြစ်နေပါပြီ။”
မန်ယူကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် ပရိသတ်တွေနဲ့ အောင်ပွဲခံခဲ့တဲ့ ရှာကာဟာ သူ့နဲ့ပရိသတ်တွေကြားရှိနေတဲ့ ပြဿနာတွေကို ကန့်လန့်ကာချနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ပြီးခဲ့တဲ့ ရာသီတွေမှာ သူအသင်းအတွက် လုပ်ပြခဲ့တာတွေဟာ ပရိသတ်တွေရဲ့ ခွင့်လွှတ်မှုနဲ့ ထိုက်တန်တယ်ဆိုတာထက်တောင် ပိုပါတယ်။
ဒါပေမယ့် လက်ရှိမှာ အိုဒီဂတ်ဟာ အသင်းခေါင်းဆောင်တာ၀န်ကို အကောင်းဆုံး ထမ်းဆောင်နေတာကြောင့် ရှာကာရဲ့ တကျော့ပြန်ကပ္ပတိန်ဘ၀ကို မြင်တွေ့ရနိုင်ချေတော့ နည်းပါတယ်။
Leave a Reply