၀က်စ်ဟမ်းအခက် အာဆင်နယ်အချက် ဖြစ်လာမလား

လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ဆယ်နာရီတိတိမှာ ၀က်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်ရဖို့ရှိနေပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်သလို ဥရောပ၀င်ခွင့်တစ်နေရာအတွက် ကြိုးစားနေကြတဲ့ အသင်းတွေလည်း ဖြစ်တာကြောင့် ဒီပွဲစဉ်ဟာ အကြိတ်အနယ်ရှိလာမှာ အသေအချာပါပဲ ။ 

အာဆင်နယ်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ  ချဲလ်ဆီး၊ မန်ယူတို့ကို နှစ်ပွဲဆက်အနိုင်ယူပြီး အံ့ဩစရာတွေ လုပ်ပြခဲ့ပြီးပါပြီ။ လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပြီး အဆင့်ငါးနေရာကို စပါးကို နှစ်မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ စိတ်ဓာတ်တွေ တက်ကြွနေတဲ့ အမြှောက်တပ်သားတွေဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်တွေကို ချေမှုန်းဖို့အတွက် အကောင်းဆုံး စိတ်ဓာတ်အနေအထားမှာ ရှိနေပါတယ်။ ၀က်စ်ဟမ်းကိုသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ ထိပ်သီး၇သင်းထဲက သုံးသင်းကို သုံးပွဲဆက်အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ 

၀က်စ်ဟမ်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီး ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဖရန့်ဖတ်ကို ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲအပြီး ၂ရက်အကြာမှာ အာဆင်နယ်ကို ရင်ဆိုင်ရတာဟာ မိုရက်စ်အတွက် ပျော်စရာ ကောင်းမှာ မဟုတ်တာတော့ အသေအချာပါပဲ။ 

အာဆင်နယ်နဲ့ ပွဲစဉ်အပြီးမှာ ဖရန့်ဖတ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ဒုတိယအကျော့ပွဲစဉ်ဟာ ၀က်စ်ဟမ်းရဲ့ ချန်ပီယံလိဂ်အိပ်မက်အတွက် အသက်တမျှအရေးပါတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒါ့ကြောင့် လန်ဒန်ဒါဘီဟာ မိုရက်စ်တို့ အုပ်စုအတွက် ဦးစားပေးပွဲစဉ်ဖြစ်လာဖို့ မရှိပါဘူး။ ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ပဲ ၀က်စ်ဟမ်းဟာ အာရုံစိုက်လာမှာဖြစ်တာကြောင့် အာဆင်နယ်အတွက် ဒီအချက်ဟာ အားသာချက်တစ်ခုဖြစ်လာမှာပါ။ 

ဒီရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ အာဆင်နယ်ဟာ အမ်းမရိတ်မှာ ၀က်စ်ဟမ်းကို (၂-၀)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ကြိမ်စလုံးမှာ အာဆင်နယ်က အနိုင်ရထားခဲ့တာကြောင့် အာတီတာအတွက်တော့ ဒေးဗစ်မိုရက်စ်ဟာ ယှဉ်ပြိုင်ရခက်တဲ့သူ မဟုတ်ဘူးလို့ ဆိုရနိုင်ပါတယ်။ 

ဒီပွဲစဉ်ဟာ သေချာပေါက်အနိုင်ရမယ့်ပွဲစဉ်လို့တော့ ကျွန်တော်မဆိုချင်ပါဘူး။ အာတီတာ ပြောသလိုပဲ ဘောလုံးဆိုတာ ဘာမဆိုဖြစ်နိုင်ပါတယ်၊ ရာနှုန်းပြည့်သေချာတဲ့အရာဆိုတာ ဘောလုံးမှာ မရှိပါဘူး။ မြက်ခင်းစိမ်းပေါ်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ဆက်စောင့်ကြည့်ရမှာပါ။ 

ဒါပေမယ့် လတ်တလော အခြေအနေအရတော့ ၀က်စ်ဟမ်းအခက် အာဆင်နယ်အချက်ပါပဲ။ စပါးသာ လက်စတာနဲ့ ပွဲစဉ်မှာ ထပ်ခြေချော်ခဲ့ရင် ဒီသီတင်းပတ်မှာ ချိုမြိန်စရာတွေကို ကျွန်တော်တို့ ဆက်ခံစားနိုင်ဦးမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: