၂၈ပွဲမှာ ၁၆ဂိုး သွင်းယူထားတဲ့ အသက် ၂၃နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှုး ဗစ်တာအိုဆီမှန် ကို မန်ယူနိုက်တက်က အာဆင်နယ်နဲ့ နယူးကာဆယ်တို့ထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ သရဲနီတွေက နာပိုလီအသင်းတောင်းဆိုတဲ့ စျေးနှုန်းပမာဏကို ပေးချေနိုင်စွမ်းရှိနေတဲ့အပြင် အသင်းရဲ့ပုံရိပ်ကြီးမားမှုကို အသုံးချကာ ကစားသမားကို ဆွဲဆောင်နေတာပါ။
မန်ယူနိုက်တက်ဟာ ဘင်ဖီကာတိုက်စစ်မှုး ဒါဝင်နူနက်ဇ်ကိုလည်း စိတ်ဝင်စားနေပြီး နည်းပြသစ် အဲရစ်တန်ဟက်က တိုက်စစ်မှုးကာဗာနီရဲ့ နေရာမှာ အစားထိုးလိုနေတာပါ။ နည်းပြသစ်လက်ထက်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှုး စီရော်နယ်ဒိုကိုလည်း ကစားပုံမကိုက်ညီမှုတွေ ရှိနေမှာဖြစ်တာကြောင့် လူစာရင်းကနေ ပယ်ထုတ်ဖို့ ကြံရွယ်နေပုံ ရပြီး အာဆင်နယ်နဲ့အပြိုင် တိုက်စစ်မှုးတွေ ရှာဖွေတော့မှာလည်း ဖြစ်ပါတယ်။ တဖက်မှာလည်းပဲ ရိုနယ်ဒိုက အသင်းရဲ့ပြသနာမဟုတ်တာကြောင့် ထုတ်ပစ်ရမှာ သူမဟုတ်ဘူးဆိုတဲ့အငြင်းပွားမှုတွေလဲရှိနေပါတယ်။
အိုဆီမန်နဲ့ပတ်သတ်ပြီး အသင်းဖက်က ပေါင် ၈၄ သန်းသတ်မှတ်အပြီးမှာ အာဆင်နယ်အသင်းနဲ့ကြားထဲက သတင်းတွေပိုကျယ်လာခဲ့ပြီး ယူနိုက်တက်နဲ့ပါအခုလိုသတင်းတွေထွက်လာတာဖြစ်ပါတယ်။ ကစားသမားကတော့ အသင်းပြောင်းရွေ့လိုတယ်လို့ဆိုထားသလို ၊ မဖြစ်မနေလုပ်ဆောင်ရမယ့်ကိစ္စလဲမဟုတ်ဘူးလို့တော့ဆိုပါတယ်။

Leave a Reply