ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်အသင်းနဲ့ပွဲမကစားခင် သတင်းစာရှင်းလင်းပွဲမှာ ရက်ဂ်နစ်က ”သူတို့တွေ(အာဆင်နယ်)က မနှစ်က အတွေ့အကြုံတွေအပေါ် အခြေ ခံပြီး လမ်းကြောင်းမှန်ကို သွားနေကြပါတယ်။ အသင်းမှာ ခြေစွမ်းကောင်းတဲ့လူငယ်တွေ ထပ်ပေါင်းတယ်။ ဥပမာ အော်ဒီဂတ်ပေါ့။ ပြီးတော့ သူတို့ရဲ့ ကစားပုံနဲ့ မကိုက်တဲ့သူတွေကို အသင်းကနေ ထုတ်ပစ်ခဲ့တာကလည်း ကောင်းတဲ့အချက်ပါပဲ” ဆိုပြီး အာဆင်နယ်အပေါ် သုံးသပ်ခဲ့ပါတယ်။
မန်ယူနိုက်တက်နဲ့ ပက်သက်ပြီးတော့လည်း ”အဲရစ်တန်ဟက်နဲ့ ကျွန်တော် လူချင်းတွေ့ပြီး စကားမပြောရသေးပါဘူး။ ကျွန်တော့်အကြံဥာဏ်တွေ သူတောင်းလာခဲ့ရင်လည်း ပေးသွားဖို့ အသင့်ပါပဲ။ ဒါပေမယ့်လည်း သူ့မှာ သူ့ကိုယ်ပိုင်အိုင်ဒီယာတွေ ရှိနေမှာပါ‘‘ လို့ ပြောပြခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ နည်းပြအာတေတာကို အချိန်ပေးပြီး အသင်းကို စိတ်ရှည်ရှည်နဲ့ တည်ဆောက်နေတာကို တွေ့ရပါတယ်။ မန်ယူနိုက်တက်ဖန်တွေ ကိုယ်တိုင်က မန်ယူနဲ့ အာဆင်နယ်ကို နှိုင်းယှဥ်တာမျိုး ကြိုက်ကြမှာ မဟုတ်ပေမယ့် အဖြစ်ချင်းကတော့ အရမ်းကို ဆင်တူနေပါတယ်။
နည်းပြတွေကို အချိန်မပေးနိုင်ဘဲ ကစားသမားတွေအတွက်တော့ ငွေတွေသောက်သောက်လဲ သုံးထားတဲ့ မန်ယူဟာ ဒီနှစ်အတွင်း အာဆင်နယ်ထက် ပရီးမီးယားလိဂ် ၃ ပွဲ ပိုရှုံးထားပါတယ်။ အာဆင်နယ်ကို ရှုံးတဲ့ပွဲအပါအဝင်ပေါ့။
အဲရစ်တန်ဟက် ရောက်လာတဲ့အချိန်မှာ မန်ယူကို အာဆင်နယ်လိုမျိုးသာ အသင်းကို အချိန်ပေးပြီး တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ အိပ်ပျော်နေတဲ့ ဘီလူးကြီး ၂သင်းလုံး နိုးထလာနိုင်ပါလိမ့်မယ်လို့ သုံးသပ်သွားချင်ပါတယ်။ တန်ဟက်ကတော့ အသင်းရဲ့ ကစားသမားအားလုံးကို လဲလှယ်သွားဖို့ရှိနေကြောင်း သတင်းများက ဆိုကြပါတယ်။
Leave a Reply