အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားလေး ဘူကာယိုဆာကာကတော့ သူရင်ဆိုင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုဘက်စကွက်က အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူ့ကိုလည်း အရှက်တကွဲအကျိုးနည်း ဖြစ်စေခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။
ဘူကာယိုဆာကာနဲ့ ဆာဂျီယိုဘက်စကွက်တို့ဟာ ကလပ်မှာရော နိုင်ငံအသင်းမှာပါ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးကြတာလည်း ဖြစ်ပါတယ်။ ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာအသက်၂၀အရွယ် အာဆင်နယ် ကစားသမားလေးက ”ကျွန်တော်တို့ ၂၀၁၉တုန်းက အာဆင်နယ်နဲ့ ဘာစီလိုနာ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဆုံကြတုန်းကပေါ့။ ကျွန်တော်က သူ့ကို တစ်ဖက်ကို အယောင်ပြပြီး နောက်တစ်ဖက်ကနေ ဝင်လုဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူကတော့ သာသာယာယာပဲ အကြိမ်ကြိမ် ရှောင်ရှောင်ထွက်သွားတာပါ။ ကျွန်တော်ပဲ အကြိမ်ကြိမ် ကိုးရို့ကားယား ဖြစ်ပြီး ကျန်နေခဲ့ရတာပါ။ တကယ်ကိုကောင်းလွန်းတဲ့သူပါ။ မမေ့နိုင်စရာပါပဲ။” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဆာကာဟာ စီနီယာကစားသမားတွေအပေါ် လေးစားမှုအမြဲပြသတတ်သူဖြစ်ပြီး လူချစ်လူခင်လဲများပြားသူဖြစ်ပါတယ်။ သူ့အနေနဲ့ ကမ္ဘာကျော် လီယိုနယ်မက်ဆီရဲ့ ဂိုးတွေလိုမျိုး တဖက်နောက်ခံလူတွေကို ကျော်ဖြတ်ကာ သွင်းယူချင်တဲ့ ဆန္ဒရှိကြောင်းကိုလဲ ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။
ဆာကာဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အာဆင်နယ်အသင်းကနေ စာချုပ်သက်တမ်းတိုးနိုင်ဖို့ အပြင်းအထန် ကြိုးစားနေရသူလည်းဖြစ်ပါတယ်။ ဆာကာနဲ့မကြာခနသတင်းထွက်တာကတော့ လီဗာပူးအသင်းဖြစ်ပြီး ၊ အသင်းနည်းပြ ကလော့ပ်ကလည်း ဆာကာဟာ အလွန်ထူးချွန်တဲ့ကစားသမားဖြစ်ကြောင်းမကြာခန ထုတ်ဖော်ချီးကျူးဖူးတာလဲဖြစ်ပါတယ်။

Leave a Reply