ပေပေ အထွက်၊ ဘေးလ် အဝင် ဖြစ်လာမလား

အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ စံချိန်တင်အပြောင်းအရွှေ့ရှင် နီကိုလပ်စ်ပေပေကို ပေါင် ၂၅သန်းခန့် ရရင်ကိုပဲ ရောင်းထုတ်တော့မယ်ဆိုတဲ့သတင်းဟာ တမဟုတ်ခြင်း ပျံနှံ့လာခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ အိုဒီဂါ့ဒ်၊ ဘူကာယိုဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီတို့ရဲ့ ခြေစွမ်းပြနေမှုတွေကြောင့်လည်း နီကိုလပ်စ်ပေပေရဲ့ အနာဂါတ်ဟာ မြန်မြန်ပဲ အဆုံးသတ်ဖို့ ဖြစ်လာနေပါပြီ။

ပေပေဟာ ပင်ကိုယ်ပါရမီကောင်းသူဖြစ်ပေမယ့် ခြေစွမ်းမတည်ငြိမ်ခြင်း ၊ သူ့ရဲ့ ကစားဟန်ကြောင့် အသင်းလိုက်ကစားကွက်မှာ များသောအားဖြင့် Delay ဖြစ်ခြင်းတို့ကြောင့် ပထမကစားသမားနေရာကနေ လျောကျခဲ့ခြင်းဖြစ်ပါတယ်။

နည်းပြ အာတီတာဟာ ပေပေရဲ့နေရာမှာ ပြန်လည်ခေါ်ယူဖို့ ဒီနှစ်ကုန်ရင် ရီးရဲမက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂါရတ်ဘေးလ်ကို ပြန်လည် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ တော့တင်ဟမ်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အခုချိန်မှာတော့ ရီးရဲမက်ဒရစ်မှာ ပွဲထွက်ကစားခွင့် နည်းပါးလာနေပြီး နောက်ဆုံး လူစားဝင်ကစားခဲ့တဲ့ ဂီတာဖေးနဲ့ ပွဲစဥ်မှာလည်း မက်ဒရစ်ဒစ္စတာတွေက ပွဲကစားချိန်အတွင်း လှောင်ပြောင်ခဲ့ကြတာကြောင့် ဘာနေဗျူးမှာ ဆက်ရှိမနေတော့မယ့် ကစားသမားတစ်ဦးဆိုတာ သေချာနေပါပြီ။ အသက် ၃၂နှစ်အရွယ် ဂါရတ်ဘေးလ်ဟာ ကြယ်စင်စုတွေဆီက ထွက်ခွာဖြစ်ခဲ့ရင် ဝေးလ်စ်ကို ပြန်ပြီး ကာဒစ်ဖ်အတွက် ကစားပေးဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ အခြားအသင်းများနည်းတူ အဆိုပါ တော့တင်ဟမ်ကစားသမားဟောင်းကို ပစ်မှတ်ထားနေတာဖြစ်ပြီး ကစားသမားဖက်ကလည်း ကလပ်ရာသီ ကုန်ချိန်မှာ ဝေးလ်စ်အသင်းနဲ့အတူ Play-off Final ကစားဖို့ ရှိနေသေးတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ရွေးချယ်မှုအတွက် အဆောတလျင် ဆုံးဖြတ်ချက် ချမှတ်သွားမှာ မဟုတ်သေးကြောင်း သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: