အာဆင်နယ်ပစ်မှတ်အတွက် အစားထိုးလူ ကြိုရှာနေပြီဖြစ်တဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ၎င်းတို့ ကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ် နေရာကို ဒီနွေမှာအစားထိုးနိုင်ဖို့ ကစားသမားသစ် စတင် ရှာဖွေနေပြီပဲ ဖြစ်ပါတယ်။ ဗီလာနည်းပြဖြစ်သူ စတီဗင်ဂျာရတ် ကတော့ ဘရိုက်တန်ရဲ့ ဘစ်ဆူမားနဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ကယ်ဗင်ဖီးလစ် တို့ကို ဗီလာပါ့ခ်ဆီ ခေါ်ယူနိုင်ဖို့ မျက်စိကျနေတာပါ။

ဂန်းနားတွေဟာ အက်စတွန်ဗီလာရဲ့ ဘရားဇီးလ်သား ကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ် ကို ဇန်နဝါရီမှာကတည်းက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးပြီး ရာသီကုန်ချိန်မှာ ဥရောပဝင်ခွင့်မက်လုံးတွေနဲ့အတူ အဆိုပါဘရာဇီးလ်သားကို အမ်းမရိတ်ထံ အရောက်ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။



အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မိုဟာမက်အယ်နန်နီက ဒီနွေမှာ စာချုပ်သက်တမ်းကုန်ဆုံးကာ အလွတ်ထွက်ခွာတော့မှာဖြစ်သလိုကျန်ရှိတဲ့ အထဲက ဂရာနစ်ရှာခါ ကလည်း အသင်းပြောင်းဖို့ သတင်းတွေ အမြဲတစေ ထွက်ပေါ်နေသူဖြစ်ပါတယ်။ ဒါကြောင့်မို့ လစ်လပ်နေရာတွေ ပေါ်ထွက်လာတော့မယ့် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီတွေနဲ့ ကိုက်ညီမယ့်ကွင်းလယ်လူကို အီဒူးတို့ တစ်သိုက်က ရှာဖွေနေတာ ဖြစ်ပါတယ်။

အသက် ၂၃နှစ်အရွယ်သာ ရှိသေးပြီး ဗီလာကွင်းလယ်ကို ဦးဆောင်နေတဲ့ ဒေါက်ကလပ်လူးဝစ်ဇ်ဟာ အနာဂတ်မှာလည်း အခုထက် တိုးတက်လာနိုင်ချေ အများကြီးရှိနေသေးသူ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းလည်း ၁၂လသာ ကျန်ရှိတော့တဲ့သူ ဖြစ်တာကြောင့် အာဆင်နယ်ဖက်က လက်မှတ်တစ်ချက်ရဖို့ မီးစိမ်းပြခေါ်ယူမယ်ဆို ငွေရေးကြေးရေးက အခက်အခဲဖြစ်နေမှာ မဟုတ်ပါဘူး။

အခုလို အဖက်ဖက်ကနေ အာဆင်နယ် အသင်းရဲ့ စိတ်ကြိုက်တွေ့မှုတွေနဲ့ ကိုက်ညီနေတဲ့ ဒေါက်ကလပ်လူးဝစ်ဇ်ကိုတော့ ဂျရတ်တို့ဖက်ကနေ ထိမ်းထားဖို့ထက် စျေးကောင်းကောင်းနဲ့ရောင်းချဖို့ရှိနေပြီး အခုကတည်းက အစားထိုးဖို့ ကြံစည်နေပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: