စပါးအသင်းက အရမ်းကောင်းနေတာမဟုတ်ပါဘူး – နဗီးလ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင်နဗီးလ်ကတော့  စပါးအသင်းအနေနဲ့ အခုလို ချန်ပီယံလိဂ်ဝင်ခွင့်မှာ ဦးဆောင်နေတာက အသင်းအနေနဲ့သိပ်ကောင်းလို့ မဟုတ်ပဲ  ပြိုင်ဖက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ ခြေချော်နေလို့သာဖြစ်ကြောင်း ပြောဆိုလာပါတယ်။ ဒါ့အပြင်  စပါးတိုက်စစ်မှာ ကစားသမားကောင်းတွေပေါများနေတာကလည်း (ကိန်း ၊ ဆွန် ၊ ကူလူဆက်စကီ ) အားသာချက်တစ်ခုဖြစ်ကြောင်းပြောဆိုလာပါတယ်။

“ စပါးအသင်းက သိပ်ပြီးကောင်းတယ်လို့လည်း ကျွန်တော်မထင်ပါဘူး။  ဒါပေမယ့်  နဲနဲချင်းတော့တိုးတက်နေတာကတော့အမှန်ပါ။ အာဆင်နယ်အသင်းတောက်လျှောက်ကောင်းနေတာကိုဖယ်လိုက်ရင် သူတို့က အရှိန်အမြန်ဆုံးပါပဲ .. အခု အာဆင်နယ်အသင်းလဲအမှတ်တွေစပြီးဆုံးရှုံးနေပြီ .. ယူနိုက်တက်ကလဲ သိတဲ့အတိုင်းပဲမဟုတ်လား ..  ဒီတော့ သူတို့ပိုရှေ့ရောက်လာတာပေါ့ .  ကျွန်တော်ကတော့ သူတို့အရမ်းကောင်းနေတယ်လို့ မထင်ပါဘူး ..

ပြီးခဲ့တဲ့ရက်အနဲငယ်လောက်ကပဲ ကွန်တီက ပြောခဲ့တာမဟုတ်လား  .. သူ လာမယ့်နွေရာသီမှာ အင်အားဖြည့်ဖို့လိုတယ်ဆိုပြီး ..  ခင်ဗျားမမေ့ဘူးဆိုရင်  ဇန်နဝါရီတုန်းက  ကစားသမား ၂ ယောက်သူခေါ်ခဲ့သေးတာပဲ …  ဒါက ဘယ်လောက်တာသွားသလဲဆိုတာ ခင်ဗျားတို့သိပါတယ်။  အဲ့ဒီနောက်မှာလည်း အာဆင်နယ်က အဆင့် ၄ ရမယ်  . ယူနိုက်တက်က ရမယ်ဆိုပြီး ပြောနေကြတုန်းပါပဲ .. ကွန်တီက သန်း ၁၀၀ – ၁၅၀ လောက်လိုနေတာဗျ ..

အာဆင်နယ်နဲ့ပတ်သတ်လို့ကတော့ ဘယ်တုန်းကမှမယုံဘူးလို့  ကျွန်တော် အမြဲပြောခဲ့ပြီးသားပါ .. အကြောင်းပြချက်ကတော့ သူတို့သက်သေပြရဦးမယ်ဗျာ .. အဆင့် ၄ နဲ့ညီမျှတဲ့အရာကို ပြသရမယ်။ ကျွန်တော့်အထင်  စပါးအသင်းဟာ လွန်ခဲ့တဲ့နှစ်အနဲငယ်အတွင်း ချန်ပီံယံလိဂ်နဲ့ညီမျှတဲ့အဆင့်အတန်းကို ပြသထားနိုင်သလို အတွေ့အကြုံလဲရှိပြီးသားပါ။  ခင်ဗျားတို့အနေနဲ့ တော်တင်ဟမ်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ရတော့မယ်လို့ တွေးချင်တွေးနေမှာပါ .. ဒါလဲမမှားပါဘူး။ သူတို့မှာသိပ်ကောင်းတဲ့တိုက်စစ်မှုးတွေရှိနေပါတယ်။ ဒါပေမယ့် ကစားစရာပွဲတွေတော့ အများကြီးကျန်ပါသေးတယ် “  ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ပွဲစဥ်ပြီးဆုံးဖို့ ၇ ပွဲခန့်သာလိုတော့ပေမယ့် ချန်ပီယံဆုအတွက်ရော ၊ ဥရောပဝင်ခွင့်အတွက်ပါ အဖြေမပေါ်သေးပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: