အဆန်စီယိုကို အေစီမီလန်နဲ့အပြိုင်လုဖို့ သေချာသွားပြီဖြစ်တဲ့ အာဆင်နယ်

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၁၈လသာကျန်တော့တဲ့ တိုက်စစ်ကစားသမား အဆန်စီယိုကို အာဆင်နယ်က ခေါ်ယူဖို့ ကြိုစားနေတယ်ဆိုတဲ့ သတင်းကို ကစားသမားဘက်က အတည်ပြုလာခဲ့ပါတယ်။ အာဆင်နယ်အနေဲ့ အသက်၂၆နှစ်အရွယ်ကစားသမားကို အမ်းမရိတ်ဆီအရောက်ခေါ်ဆောင်ဖို့ ပေါင်၂၅သန်းလောက် အသုံးပြုရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ 

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အာဆင်နယ်ဟာ အဆန်စီယိုကို ခေါ်ယူဖို့ ချဉ်းကပ်လာတယ်ဆိုတဲ့ သတင်းကို အတည်ပြုပေးခဲ့ပြီး မြောက်လန်ဒန်အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့အတွက် အီတလီထိပ်သီး အေစီမီယန်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာကိုလည်း အသိပေးလာခဲ့ပါတယ်။ 

မီလန်ရဲ့စိတ်၀င်စားမှုအတွက် ကျွန်တော်တို့ ဂုဏ်ယူရပါတယ်။ အာဆင်နယ်အပါအ၀င် ပရီးမီးယားလိဂ်အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် မီလန်လည်း ရွေးချယ်စရာ တစ်ခုပါပဲ။ကမ်းလှမ်းမှုတိုင်းကို ကျွန်တော်တို့ သေချယ ဆန်းစစ်နေပါတယ်” 

အဆန်စီယိုဟာ လက်ရှိရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ၃၄ပွဲကစားထားပြီး သွင်းဂိုး၁၀ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမ‌အကျော့ပွဲစဉ်မှာတော့ ချန်လှန်ခံခဲ့ရပြီး အန်ဆယ်လော့တီက သူ့အစား ဗယ်လ်ဗာဒီကို အစားထိုးအသုံးပြုခဲ့ပါတယ်။ ဂီတာဖေးလ်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဆက်လက်ချန်လှပ်ခံခဲ့ရပြီး ရိုဒရီဂိုကိုသာ အသုံးပြုခဲ့ပါတယ်။ 

လာမယ့်နွေမှာ ပေပေက အမ်းမရိတ်ကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် သူ့ရဲ့နေရာအစားထိုးဖို့ အဆန်စီယိုကို ခေါ်ယူလာဖို့ အာဆင်နယ်က ကြိုးစားလာတာ ဖြစ်နိုင်ပါတယ်။အဆန်စီယိုသာ အမ်းမရိတ်ကို ရောက်လာခဲ့ရင် ညာတောင်ပံတိုက်စစ်မှာ ပွဲထွက်ခွင့်ရဖို့ ဆာကာနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: