Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (9Apr)

ဆမ်ဘီအစွမ်းပြရမယ့်အချိန်ဖြစ်ကြောင်း အာတီတာပြော

အာဆင်နယ်နည်းပြ အာတီတာက  ဆမ်ဘီလိုကွန်ဂါအနေနဲ့ သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသနိုင်မယ့် အချိန်ဖြစ်ကြောင်း ပြောဆိုလာပါတယ်။

“ ရာသီအစောပိုင်းတုန်းကတော့  သူတော်တော်လေးကစားဖြစ်ခဲ့တယ်ဗျ ..​ဒါပေမယ့် နောက်ပိုင်းမှာတော့ ဥရောပပွဲတွေလဲမရှိတော့ပွဲထွက်ခွင့်သိပ်မရခဲ့ဘူး။  အခုအချိန်ကတော့ သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသဖို့ အခွင့်ကောင်းပါပဲ “ လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာတာဖြစ်ပါတယ်။

၆ ဂိုးရှင် မီဒမ်မာ

အာဆင်နယ်အမျိုးသမီးအသင်းရဲ့တိုက်စစ်မှုး မီဒမ်မာဟာ  ဆိုက်ပ်ရပ်စ်အသင်းကို  ၁၂ –  ၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ  ၆ ဂိုးသွင်းယူ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အဆင့် ၅ ရှိတဲ့ နယ်သာလန်အမျိုးသမီးအသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး အုပ်စုတွင်းမှာ အိုက်စလန်ထက် တစ်ပွဲပိုကစားပြီး  ၂ မှတ်ဖြတ်ထားနိုင်တာဖြစ်ပါတယ်။  နယ်သာလန်နဲ့ အိုက်စလန်တို့ဟာ စက်တင်ဘာလ ၆ ရ​က်မှာ ထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။

စိတ်ကြိုက်သာလုပ်ခွင့်ရရင် လူစာရင်းအတွက် ဦးနှောက်မခြောက်ရအောင် ကစားသမားတွေခေါ်ယူမှာဖြစ်ကြောင်း အာတီတာပြောလာ

ဥရောပအဆင့်မှာဆိုရင် ချန်ပီယံလိဂ်ဖြစ်ဖြစ် ၊ ယူရိုပါလိဂ်ဖြစ်ဖြစ် လူစာရင်းတောင့်တင်းဖို့လိတာကို သူနားလည်ကြောင်း အာတီတာက ပြောဆိုလာပါတယ်။

“  ငွေကြေးသာတတ်နိုင်ရင်တော့ အခုလိုမျိုး လူစာရင်းကို အလှည့်ကျသုံးဖို့အတွက် စိတ်ပူနေစရာမလိုတော့ဘူးပေါ့။ ကျွန်တော့်ကို ဘာဖြစ်ချင်လဲမေးရင်တော့   စိတ်ကြိုက်ကစားသမား ၂၂ ယောက်နဲ့  ဂိုးသမား ၃ ဦးလောက်လိုချင်တယ်လို့ပဲ ဖြေရမှာပဲ “ လို့ ဆိုပါတယ်။  အာဆင်နယ်အသင်းဟာ လက်ရှိရာသီအနေအထားအရ  ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းပေါ်မှာရှိနေပြီး ၊ အဆိုပါရည်မှန်းချက်မပြည့်ခဲ့ရင်တော့ ဥရောပဝင်ခွင့်တစ်ခုခုကတော့ရရှိနိုင်နေတာဖြစ်ပါတယ်။

ပေပေကို ထက်ဝက်အောက်လျှော့စျေးနဲ့အာဆင်နယ်ပြန်ရောင်းလို

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ကစားသမား ပေပေအတွက် ပေါင်သန်း ၃၀ ခန့်အလိုရှိနေကြောင်း အီတလီသတင်းစာ Calciomercato ကဖော်ပြလာပါတယ်။ ပေါင် ၇၂ သန်းနဲ့ခေါ်ယူခဲ့ရတဲ့ပေပေအတွက် တဝက်နီးပါးပြန်ရရင်ပဲ အာဆင်နယ်က ရောင်းချသွားဖို့ရှိနေတာဖြစ်ပါတယ်။ အဆိုပါ အသက် ၂၆ နှစ်သားဟာ  ပင်ကိုယ်ပါရမီကောင်းပေမယ့် ခြေစွမ်းခြေစ မတည်ငြိမ်ခြင်းက  အဓိက ပြသနာဖြစ်ခဲ့ကြောင်း ဘောလုံးကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

ဂွန်ဒိုဂန်ချီးကျူးလာတဲ့ အာဆင်နယ်ပစ်မှတ်

မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်က   အာဆင်နယ်နဲ့ စပါးအသင်းတို့အပြိုင်စိတ်ဝင်စားနေကြတဲ့ ဂါလာတာစာရေးတိုက်စစ်မှုး အက်တာကိုဂလူ ကို ဥရောပအဆင့်မှာ မြင်ချင်ကြောင်း Tivibu Sports နဲ့တွေ့ဆုံရာမှာ ထုတ်ပြောလာခဲ့ပါတယ်။

“  ကျွန်တော်က ဂါလာတာစာရေးပွဲတွေကိုကြည့်ဖြစ်ပါတယ်။ သူက ဥရောပအဆင့်နဲ့ ထိုက်တန်တဲ့သူပါ။  လက်စတာက ဆိုယွန်ချူ တို့လိုပေါ့ဗျာ။  ကျွန်တော်ကတော့ သူ့ကို ဂျာမနီဖက်ကိုအရင်ရွှေ့စေချင်တယ်။ ပြီးရင်တော့ အဂ်လန်ကို လာခဲ့ပေါ့  “ ဆိုပြီးပြောဆိုသွားခဲ့တာပါ။ အဆိုပါတိုက်စစ်မှုးဟာ ယခုရာသီမှာ ၁၀ ဂိုးသွင်းပြီး  ၁၁ ဂိုးဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: