အနိုင်မရတဲ့ပွဲတစ်ပွဲအပြီးမှာ အာဆင်နယ်အဟောင်းကြီး ပြန်လာခဲ့ပြီလားလို့ အားလုံးကမေးခွန်းထုတ်လာပါတယ်။
အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့ တန်လာညမှာ အကြံကုန်ပြီးအရာရာပြိုလဲသွားသယောင်ထင်ရပါတယ်။ ပဲလေ့စ်ကို အဝေးကွင်းမှာ ရှုံးလိုက်တာတစ်ခုထဲက ချန်ပီယံလိဂ်မဝင်တော့ဘူးလို့သုံးသပ်ဖို့လုံလောက်သွားခဲ့ပါပြီလား။ တစ်ရာသီလုံးခြေမှန်ခဲ့ကြတဲ့ ဆာကာ ၊ စမစ်ရိုးနဲ့ အိုဒီဂတ်တို့ဟာ ပဲလေ့စ်နဲ့ပွဲမှာတော့ အဆင်မပြေခဲ့ကြပါဘူး။ အာတီတာကိုယ်တိုင်လဲ မာတင်နယ်လီနဲ့ အန်ကတ်တီယာကို လူစားထည့်လိုက်ပေမယ့် ပွဲအဖြေကိုလှန်ချပေးနိုင်မယ့် အဖြေကိုရှာမတွေ့နိုင်ခဲ့ပါဘူး။
ဒီပွဲဟာ အခုရာသီရဲ့အဆိုးရွားဆုံးပွဲတစ်ပွဲတောင်ဖြစ်နိုင်ပြီး အာဆင်နယ်ဟာ ချန်ပီယံလိဂ်အတွက်ကြိုးစားနေတဲ့အသင်းတစ်သင်းဆိုတာထက် နောဝှစ်နဲ့ပိုတူနေခဲ့ပါတယ်။ ဘာမှစိတ်လှုပ်ရှားစရာမရှိခဲ့ပါဘူး။
ဒါတွေဟာ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ သက်ရောက်မှုတွေဖြစ်နိုင်ပါသလား။
Set Play ကနေ ဂိုးမပေးရဘူးလို့ ကြွေးကျော်နေတုန်းမှာပဲ ပဲလေ့စ်တို့က သွင်းယူပြလိုက်တဲ့အခါ ဂိုးတစ်ဂိုးထက်ပိုတဲ့နာကျင်မှုကို အာဆင်နယ်တို့ခံစားခဲ့ရပုံပါပဲ။ ပြီးတော့ ပရိတ်သတ်တွေကလည်း အာဆင်နယ်အဟောင်းကို ပြန်သတိရသွားစေပါတယ်။ ကျောက်ဆောင်ပါဆိုတဲ့ ဂါဘရီယယ်ဟာလည်း ပုံစံပျက်နေခဲပါတယ်။ ပိုပြီးကံဆိုးစေတာကတော့ လက်ရှိအချိန်မှာ အဓိက ကစားသမားဖြစ်နေတဲ့ ပါတေးတစ်ယောက် ခြေစွမ်းပျောက်နေတာ ၊ ၇၂ မိနစ်မှာ ဒဏ်ရာရသွားခဲ့တာ ၊ ဇာဟာကို ပစ်ဒဏ်ကျူးလွန်မိလို့ ပင်နယ်တီပေးလိုက်ရတာ … စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဒီပုံစံနဲ့တော့ စပါး ၊ ချဲလ်ဆီး ၊ ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ကို ဘယ်လိုနည်းနဲ့နိုင်မလဲတွေးကြည့်ပါတယ်။ လိုကွန်ဂါက ကွင်းလယ်ကို ရာသီကုန်ထိဦးဆောင်သွားမယ်ဆိုတဲ့ အချက်နဲ့ယှဥ်ပြီးတွေးကြည့်ကြပေါ့ဗျာ။ ကျွန်တော် (မူရင်းဆောင်းပါးရှင်) ကတော့ မမြင်မိပါဘူး။
ပွဲကစားချိန်အတွင်းမှာလည် စမစ်ရိုး ၊ အိုဒီဂတ်နဲ့ အန်ကတ်တီယာတို့ဟာ ဂိုးဖြစ်ဖို့အခွင့်အရေးတွေကိုယ်စီရခဲ့ကြပေမယ့် အာဆင်နယ်အသင်းအတွက် သာယာတဲ့နေ့တစ်နေ့မဟုတ်ခဲ့တာကြောင့် ဘာမှဖြစ်မလာခဲ့ပါဘူး၊ တစ်ဖက်မှာတော့ ဗီအဲရာရဲ့ လုပ်ဆောင်မှုတွေက အလုပ်ဖြစ်ခဲ့ပြီး အာဆင်နယ်တို့အသက်မဲ့ခဲ့ရပါတယ်။
အခြေအနေတွေက ဒီမှာတင်မပြီးသေးပါဘူး။
တီယာနေဟာ ရာသီကုန်အထိအနားယူရတော့မှာဖြစ်ပါတယ်။ တိတိကျကျပြောရရင် လာမယ့်နှစ်ရာသီအစရောက်မှသာ ပြန်ကစားနိုင်ဖို့မျှော်လင့်ချက်ရှိပါတယ်။ အာတီတာ ရလိုက်တဲ့လက်ဆောင်တွေပဲဆိုပါတော့။ ဆက်ပြီးမေးရမယ့်မေးခွန်းကတော့ အာဆင်နယ်ပရိတ်သတ်တွေက ရှာခါနဲ့ တာဗာရက်စ်ကို မယုံဘူးလားဆိုတဲ့မေးခွန်းပါပဲ။ ဒီအကြောင်းဆွေးနွေးရမယ်ဆိုရင်တော့ ဇန်နဝါရီမှာတုန်းက လူဖြည့်ကိုမဖြည့်မှရမယ့် အသင်းလူစာရင်းကို မဖြည့်ပဲ ဒီတိုင်းထားခဲ့တာကိုပဲပြန်သွားရမှာပါပဲ။ ပြသနာက သိပြီးသား .. ရှိထားပြီးသားပဲ မဟုတ်လား။

အဖက်ဖက်က အနုတ်လက္ခဏာဆောင်နေတဲ့အခုအခြေအနေကနေ ဘာတွေများမျှော်လင့်လို့ရနိုင်ပါသလဲ။
လက်ရှိအနေအထားအရပြောရင်တော့ ပွဲကျန်တစ်ပွဲကြောင့် ကံကြမ္မာအရမျှော်လင့်လို့ရနေပါသေးတယ်။ အာတီတာပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့တွေ အရမ်းဝမ်းနည်းနေဖို့မလိုသေးပါဘူး။
စိန့်နဲ့ပွဲအပြီးမှာတော့ တိုမီယာစုပြန်လာနိုင်မယ်လို့ မျှော်လင့်နိုင်မယ်ထင်ရတာပါပဲ၊ သူ့ကိုဆုံးရှုံးထားရတာ ဖေဖော်ဝါရီလထဲကမဟုတ်လား။ ဒါ့အပြင်ပါတေးကလဲ ရာသီမကုန်ခင်ပြန်လာနိုင်ဖို့လဲ မျှော်လင့်နိုင်ပါသေးတယ်။ တစ်ခါတစ်လေမှာ နုပျိုလွန်းတဲ့အသင်းအတွက် ပရီးမီးယာလိဂ်ဆိုတာ ဒါပဲ လို့ သင်ကြားပေးဖို့အတွက် ရှုံးပွဲတွေကို လိုအပ်ပါတယ်။ အရာရာအပြောင်းအလဲတွေဖြစ်နေတဲ့ ပရီးမီးယားလိဂ်မှာ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။ ပဲလေ့စ်က ထိပ်ဆုံးအသင်းတွေကိုအနိုင်ယူတာ ဒီတစ်ကြိမ်ထဲမှမဟုတ်ခဲ့တာ။ ဒီတော့ ရှုံးပွဲကို ပြန်လည်ခံစားနေဖို့ထက် ဘရိုက်တန်နဲ့ပွဲမှာ ၃ မှတ်အပြည့်ယူနိုင်ဖို့ကသာ အသက်တမျှအရေးကြီးတဲ့အရာဖြစ်ပါတယ်။
နိုင်ပွဲတွေဆက်နေတုန်းက ပျော်ရွင်နေခဲ့ကြပြီးတဲ့နောက် အာဆင်နယ်အသင်းက ကျွန်တော်တို့ရဲ့အားပေးမှုကိုတဖန်ပြန်လည်လိုအပ်တဲ့အချိန်ရောက်လာပါပြီ။ ဒါမှာသာ မန်ချက်စတာယူနိုက်တက် ၊ စပါးနဲ့ ဝက်စ်ဟမ်းတို့ကို ကျော်တက်ဖို့ အင်အားတရပ်ဖြစ်လာမှာ မဟုတ်လား ..
ဒါဆိုရင် အာဆင်နယ် ပရိတ်သတ်တွေ ဘာဆက်လုပ်ကြမှာလဲ ?
Original Content Here
Leave a Reply